*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 21 September 2014

သုဿ န်စောင့် မဖဲဝါ သို့မဟုတ် အိမ်ေ၇ှ့ အေ၇ာက် အခေါင်း ပို့ပေးသူ


Photo: သုဿန်စောင့်မဖဲဝါ သို့မဟုတ်
အိမ်ရှေ့အရောက်အခေါင်းပို့ပေးသူ

ပဲခူးရိုးမ၏အနောက်ခြမ်းမိုးညိုမြို့နယ်အတွင်းမှရွာကလေးတစ်ရွာ။ချောင်း၏တစ်ဆစ်ချိုးတွင်မေးတင်တည်ရှိနေသောဒီရွာလေးသည်နေဝင်သည်နှင့်ငြိမ်သက်တိတ်ဆိတ်သွားတတ်စမြဲ။

နွားလှည်းသံ၊လှေချည်သံ၊နှုတ်ဆက်သံများဆူပြီးမကြာတိတ်ဆိတ်သွားတတ်သည်မှာနေ့စဉ်ပင်။

ရွာရဲ့အနောက်တောင်စွန်းစွန်းမှာရှိတဲ့ထန်းရည်ဆိုင်လေးဟာချက်အရက်ကလေး၊အမြည်းအဖြစ်မြစ်ငါး၊ငှက်ကြော်စသည်တို့ကိုပါတွဲဖက်ရောင်းချ၍အမြဲစည်ကားလေ့ရှိပါတယ်။

ဒီဆိုင်ကလေးမှာနေ့တိုင်းလိုလိုနေ့လယ်ခင်းကစပြီးဆိုင်ပိတ်ချိန်အထိချက်အရက်သောက်ပြီးအားရကျေနပ်ပြီဆိုမှထပြန်တတ်သူတစ်ဦးရှိပြီးထိုသူကိုဆိုင်ရှင်ကိုစံပမငြိုငြင်ရဲပေ။

သူ့နာမည်ကကိုစိန်။ဒီပတ်ဝန်းကျင်တဝိုက်မှာတော့ကိုစိန့်ကိုရွာလူမိုက်၊လူပေလူရွတ်အဖြစ်သတ်မှတ်ထားကြပြီးထိုလူမိုက်ဆိုတဲ့ဂုဏ်ကိုအရောင်တင်ပေးထားတာကလည်းရှိသေးတယ်။

ကိုစိန်ကသူကြီးသားလေ။သူကြီးသားမှဒီဒိုင်နယ်(ကျေးရွာအုပ်စု)သူကြီးရဲ့သားဗျား။

ကိုစိန့်အိမ်ကရွာလယ်ပိုင်းမှာဆိုတော့ထန်းရည်ဆိုင်နဲ့အလှမ်းဝေးတယ်ဆိုပါတော့။ကိုစိန်ကတော့ဖြတ်လမ်းအဖြစ်ရွာသင်္ချိုင်းကုန်းကနေဖြတ်ပြီးပြန်လေ့ရှိတယ်။

ရွာကလူတွေကမသွားရဲမလာရဲတဲ့ဒီနေရာမှာကိုစိန်ကတော့သူ့အဖေသူကြီးမသိအောင်နွားကောင်ရေများစွာခိုး၍ပေါ်ခဲ့ဖူးသဖြင့်သူ့အတွက်လာဘ်ကောင်းတဲ့နေရာဆိုရမလိုပင်။

ဒီညနေမှာတော့ဆိုင်ရှင်ကိုစံပတစ်ယောက်သူကြီးသားကိုစိန်ထိုင်နေသောဝိုင်းဘက်ခြေဦးမျှပင်မလှည့်ရဲချေ။

ညနေကချောင်းစပ်မှာကိုင်းထောင်ရင်းဖြစ်တာတွေကို,ကိုစိန်တော်တော်ဒေါသထွက်နေပြီးအရက်သာဖိမှာနေတာကိုးဗျ။

ကိုစိန်အရက်သောက်ရင်းဖြစ်တာတွေကိုပြန်ပြောပြတော့အဖြစ်ကဒီလိုဗျ။

ကိုစိန်တော်တော်စိတ်တိုနေပြီ။ဒီလောက်ငါးပေါတဲ့လုပ်တိုင်းကုန်း(သုဿာန်)ချောင်းဆွယ်မှာကိုင်းထောင်နေတာကြာလှပြီ။အခုထိတစ်ကောင်မှမမိသေးလို့ဖြစ်တယ်။

အိမ်ကပါလာတဲ့အရက်တစ်လုံးပင်ကုန်လုလုဖြစ်နေပြီဆိုတော့စိတ်ကပိုတိုလာတယ်။

အရက်ကလည်းမူး၊စိတ်ကလည်းတိုနေတော့ကိုစိန်တစ်ယောက်ပါးစပ်ထဲတွေ့သမျှအယုတ္တ၊အနတ္တတွေဆဲဆိုနေတာပေါ့ဗျာ။''ဘယ်မအေ@#၊ဘယ်နှမ%၊ဘယ်ဖေ#မ၊

ဘယ်#ာသည်မကငါထောင်ထားတဲ့ငါးတွေနှိုက်စားနေတာလဲ''။ကိုစိန့်ဆဲသံကချောင်းစွယ်တကြောကြားနေရတယ်။

ကိုစိန်အပေါ့သွားမလို့မတ်တပ်ရပ်လိုက်စဉ်သူ့ရှေ့ကကိုင်းတံပြင်းထန်စွာလှုပ်သွားသဖြင့်ပျော်သွားတယ်။ငါးမိပြီလေ။ရေတွေတောင်လှိုင်းထမှတော့ငါးကြီးပေါ့။

အပျော်စိတ်နဲ့ရေစပ်ထဲခုန်ဆင်းပြီးကိုင်းတံကိုဆွဲတင်ပါတော့တယ်။ကိုစိန်ကဆွဲလိုက်၊ငါးကရုန်းလိုက်နဲ့ပေါ့ဗျာ။

အတော်ကြာတော့ကိုစိန်အားစိုက်ဆွဲထည့်လိုက်တော့ကိုင်းတံမှာမိနေတဲ့ငါးကရေပေါ်တဖြည်းဖြည်းပေါ်လာတယ်။ကိုစိန်မျက်မှောင်ကြုံ့သွားတယ်။''ဘာငါးကြီးတုန်းဟ။မဲမဲလုံးလုံးကြီး။

လိပ်များလားဟ''ဟုနှုတ်ကရေရွတ်ရင်းဆွဲတင်လိုက်ရာကုန်းပေါ်ပါလာပါတယ်။

အားနဲ့ဆွဲတင်လိုက်တာကြောင့်ဖင်ထိုင်ရက်လဲကျသွားရင်းကိုစိန်ကိုင်းတံမှာမိနေတဲ့ငါးကိုသေသေချာချာကြည့်လိုက်မိတယ်။

သောက်ကျိုးနည်း။''ဟင်။အောင်မလေးဗျ''ကိုစိန်အော်ရင်းကိုင်းတံကိုလွှတ်ချလိုက်တယ်။လွှတ်ချမှာပေါ့။သူ့ကိုင်းတံမှာမိနေတာငါးလည်းမဟုတ်၊လိပ်လည်းမဟုတ်ချေ။

ခေါင်းပြတ်ကြီးဖြစ်နေတာကိုး။

ကိုစိန်တစ်ယောင်ကြောင်ပြီးခေါင်းပြတ်ကြီးကြည့်နေစဉ်ခေါင်းပြတ်ကြီး၏ပါးစပ်ပွင့်လာပြီးသွားဝါကြင်ကြင်များကြားမှလျှာကတစ်တောင်လောက်ထွက်ကျလာတယ်။

မျက်လုံးများကပြူးနေပြီးကို့စိန့်ကိုလှန်ပြီးကြည့်လိုက်တဲ့အခါကိုစိန်ကရေထဲပစ်ချလိုက်တော့တယ်။ကြောက်လွန်းလို့ကိုစိန့်တကိုယ်လုံးတုန်လာပြီ။မဖြစ်တော့ဘူး၊ဒါသူရဲခြောက်တာဘဲ။

တော်ပြီ။ကိုစံပဆိုင်မှာအရက်သွားသောက်တာဘဲကောင်းတယ်လို့စိတ်ထဲမှာတွေးရင်းချောင်းစွယ်ကနေကိုစိန်ထွက်လာလိုက်တော့တယ်။

ကိုစံပဆိုင်မှာရေချိန်ကိုက်သွားတော့ဒီညနေလည်းခါတိုင်းလိုကိုစိန်တစ်ယောက်ရွာသင်္ချိုင်းကိုဖြတ်ပြီးအိမ်ပြန်လာတုန်းလေတစ်ချက်ဝေါကနဲတိုက်ခတ်သွားသည်။''ဟိုက်။

ဒီနေ့တယ်အေးပါလားဟ''စိတ်ထဲမှာရေရွတ်မိပြီးကြက်သီးများဖြန်းကနဲထလာသည်။ထတာမှတစ်ကိုယ်လုံးတဆတ်ဆတ်တုန်သွားအောင်ထသွားခြင်းမျိုးပေ။

ကိုစိန်ကပတ်ဝန်းကျင်ကိုရီဝေဝေမျက်လုံးများနဲ့ဝေ့ဝဲကြည့်ရာမြင်မြင်သမျှသည်နက်မှောင်သောအဆင်းဖြင့်သာငြိမိသက်နေတော့လမ်းဆက်လျှောက်သွားသည်။

ရုတ်တရတ်ကိုစိန့်ရင်ထဲဖြန်းကနဲဖြစ်သွားပြီးအကြောတွေပါဆိုင်းသွားသလိုခံစားလိုက်ရပါတယ်။''တောက်။ဘာလဲကွာ။ကြက်ကြော်နဲ့စားထားတဲ့အရက်လေးတောင်အမူးပြေသွားတယ်။

လှလိုက်တာဘယ်ရွာသူတုန်းဟ။တို့ရွာသူတော့မဖြစ်နိုင်ဘူး''ဟုပါးစပ်ကပင်ပြောမိတယ်။ပြောမိမှာပေါ့။

သင်္ချိုင်းအထွက်ရွာအဝင်လမ်းမှာအဝါရောင်ဝမ်းဆက်နဲ့မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတာကိုး။

အမှောင်ကတဖြည်းဖြည်းရင့်လာပြီ။

နေ့အလင်းရဲ့လက်ကျန်အလင်းမှိနိမှိန်လေးအောက်မှာကိုစိန်ကသူတွေ့လိုက်ရတဲ့အဝါရောင်မိန်းမနောက်ကိုရမ္မက်တန်ခိုးနဲ့အနားကပ်ဖို့ကြိုးစားလိုက်ပါတယ်။

အဝါရောင်မိန်းမကလည်းနောက်ကိုတစ်ချက်လှည့်ကြည့်ပြီးခြေလှမ်းခပ်သွက်သွက်နဲ့မပြေးရုံတမယ်ထွက်သွားတယ်။သူဦးတည်နေတာကရွာဘက်ကိုမဟုတ်၊

ရွာအပြင်လယ်ကွက်တွေကိုသွားတဲ့လမ်းအတိုင်းပေါ့ဗျာ။

ကိုစိန်ကတော့အရက်တန်ခိုး၊တဏှာတန်ခိုး၊သူကြီးသားဆိုတဲ့အရှိန်၊လူမိုက်ဆိုတဲ့ဂုဏ်နဲ့ငါလုပ်ရင်ဘာမဆိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့အဲဒီမိန်းမနောက်ကိုအပြေးတပိုင်းလိုက်တော့တာဗျို့။

သင်္ချိုင်းအကျော်ညောင်ကြပ်ပင်အောက်နားရောက်တော့ကိုစိန်အဝါရောင်မိန်းမကိုမီလုမီခင်ဖြစ်သွားပြီးနောက်ကနေလက်ကိုလှမ်းဆွဲလိုက်ပါတယ်။

ကိုစိန်လှမ်းဆွဲလိုက်ပေမယ့်မမီဘဲလေကိုသာဖမ်းမိသွားလို့စိတ်တိုသွားဟန်တူပါတယ်။''နင်တော့လား။မိလို့ကတော့ကွာ''လို့နှုတ်ကနေတောင်ကြိမ်းဝါးလိုက်သေးတယ်။

ကိုစိန်ကြိမ်းဝါးအပြီးအဝါရောင်မိန်းမကခြေလှမိးကိုတုန့်ကနဲရပ်လိုက်တယ်။ကိုစိန်အားရဝမ်းသာဖြစ်ပြီးနောက်တစ်ခါလက်ကိုလှမ်းဆွဲလိုက်တယ်။

ကိုစိန်ရင်ထဲထိတ်ကနဲလန့်သွားတယ်။ဒီတစ်ခါသူလှမ်းဆွဲတာအဝါရောင်မိန်းမရဲ့လက်ကိုဆွဲမိပါရဲ့။ရေခဲတမျှအေးစက်တဲ့အထိအတွေ့ကြောင့်လန့်သွာူတာပါ။

အဝါရောင်မိန်းမကလှည့်ကြည့်တယ်။

လှပသောမျက်နှာ၊ဝိုင်းစက်တဲ့မျက်ဝန်း၊ထူထူထဲထဲနဲ့နီနေတဲ့နှုတ်ခမ်း။အဲဒါတွေမြင်ရတော့ကိုစိန်တစ်ယောက်တံတွေးတောင်ဂလုကနဲ့မြိုချလိုက်မိတယ်။

ရေခဲတမျှအေးစက်နေတဲ့အထိအတွေ့ကြောင့်ထိတ်လန့်နေပေမယ့်လှပလွန်းတဲ့မျက်နှာကြောင့်ကိုစိန်ဆွဲထားတဲ့လက်ကိုမလွှတ်စတမ်းဆွဲထားလိုက်တယ်။

အဝါရောင်မိန်းမကရှေ့ကိုချာကနဲပြန်လှည့်ပြီးလယ်တောသွားတဲ့လမ်းအတိုင်းဆက်သွားတယ်။ကိုစိန်ကလည်းကြောင်ပြီးငေးကြည့်နေမိတယ်။

သူ့လက်ထဲကအဝါရောင်မိန်းမရဲ့လက်ကိုပိုပြီးတင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ဒါပေမယ့်အဝါရောင်မိန်းမကသူနဲ့၁၀ပေခန့်အကွာရောက်နေချေပြီ။''ဘုရား။

ဘုရား''တစ်သက်နဲ့တစ်ကိုယ်မတဖူးသောဘုရားတမိသွားတယ်။

ကိုစိန်သူ့လက်ကိုသူသေချာကြည့်လိုက်တယ်။သူ့လက်ထဲမှာဟိုအဝါရောင်မိန်းမရဲ့လက်တစ်ဖက်ကရှိနေဆဲ။

ပုံစံကသားရေကြိုများလို,လိုသလောက်ဆွဲဆန့်ထားသလိုမျိုးဖြစ်နေတာကိုးဗျ။

အံ့သြထိတ်လန့်တဲ့စိတ်ကအရက်နဲ့ရမ္မက်တန်ခိုးကြောင့်ဆူပွက်နေသောသွေးများကိုအေးခဲသွားစေပြီးဒူးနှစ်ဖက်ကညွှတ်ကွေးပြီးလဲကျသွားတယ်။

ဒူထောက်ကျသွားမှ''ဟင်''ပါးစပ်ကနေယောင်ပြီးကိုစိန်ရေရွတ်မိသွားတယ်။

အဝါရောင်မိန်းမရဲ့ခြေဖမိုးနဲ့ခြေချောင်းတွေကခန္ဓာကိုယ်ရဲ့အနောက်ဘက်မှာရောက်နေပြီးခြေဖနောင့်ကအရှေ့ဘက်မှာရောက်နေတယ်။

ဒါဆိုခြေထောက်ပြောင်းပြန်ကြီးနဲ့လမ်းလျှောက်လာတာပေါ့လို့တွေးမိသွားတာကိုး။

အဝါရောင်မိန်းမကကိုစိန်ရှိရာသို့လှည့်ကြည့်လိုက်တယ်။

အစောကဝိုင်းစက်လှပလိုက်တာလို့ကိုစိန်ထင်ထားတဲ့မျက်လုံးတွေဟာမီးကျီခဲလိုနီရဲနေပြီးပါးစပ်ကနေ''ဟင်း..ဟင်း..ဟင်း..ဟီး..ဟီး..ဟီး..''လို့ရယ်သံပြုလိုက်တော့ကိုစိန်လည်းလက်ထဲ

မှာမလွှတ်စတမ်းဆုပ်ကိုင်ထားတဲ့အဝါရောင်မိန်းမရဲ့လက်ကိုယောင်ယမ်းပြီးငုံ့ကြည့်မိတယ်။''အားးးး''ကိုစိန်တစ်ယောက်ငယ်သံပါအောင်အော်ဟစ်ပြီးသူကိုင်ထားတဲ့လက်တစ်ဖက်ကိုလွှ

တ်ချလိုက်တယ်။ဟုတ်တယ်ဗျ၊သူကိုင်ထားတာလက်မဟုတ်ဘဲအူတွေဖြစ်နေတာကိုး။

အဲဒီနေ့ညကကိုစိန်အိမ်ကိုဘယ်လိုပြန်ရောက်လာတယ်ဆိုတာမမှတ်မိတော့ချေ။

ဘာဆိုဘာမှအသိစိတ်မရှိဘဲအိမ်ပြန်ရောက်လာ၍အိမ်သားတွေကြောက်လန့်တကြားဖြစ်ကုန်ကြတာပေါ့။ရွာထဲကပယောဂကုဆရာဦးတေကိုအပြေးအလွားသွားပင့်ကြရတယ်။

ဦးတေရောက်လာပြီးဆေးများတိုက်ပေးကာမှကိုစိန်သက်သာသွားတော့တယ်။

ဦးတေကကိုစိန့်အဖေသူကြီးဦးသိုးနဲ့ငယ်သူငယ်ချင်းဆိုတော့ဦးသိုးကိုအသာလက်တို့ခေါ်ပြီးလူရှင်းရာရောက်မှ''ငသိုး။

မင်းသားဘာဖြစ်လာတယ်ထင်တုန်း''ဟုမေးလိုက်ရာ''မသိဘူးလေငတေ။

ဘာဖြစ်လာတာတုန်း''လို့ပြန်မေးလိုက်သဖြင့်ဦးတေမှ''မင်းသားမောင်စိန်သုဿာန်စောင့်မဖဲဝါနဲ့တွေ့လာတာမောင်၊

မင်းသားကသူ့နယ်ထဲမှာအပြောအဆိုမှားပြီးသူ့ကိုပါစော်ကားလိုက်တယ်တဲ့ကွာ''လို့ပြောလိုက်တယ်။ဦးသိုးမှ''ဟာ။ဒါဆိုဘယ့်နှယ့်လုပ်ကြမတုန်း၊

ကယ်ပါဦးငတေရယ်''ဟုပြောသဖြင့်ဦးတေမှ''ငါတတ်နိုင်သလောက်တော့လုပ်ပေးခဲ့မယ်။

ဒါပေမယ့်မနက်ဖြန်ကျရင်တော့မင်းစိန်ကန့်လန့်ကဆရာဦးတောကိုသာရအောင်ပင့်ပြီးကုပေတော့။ငါဒီလောက်ဘဲစွမ်း 

တယ်ကွာ''ဟုပြန်ပြောလိုက်ရာဦးသိုးမှမျက်နှာပျက်ပြီးခေါင်းငြိမ့်ပြလိုက်ပါတယ်။

ဆရာဦးတေမှဆေးတိုက်သွားလို့မောင်စိန်တစ်ယောက်နှစ်ခြိုက်စွာအိပ်မောကျသွားမှသူကြီးဦးသိုးလည်းအိပ်ရာဝင်တော့တယ်။

ညသန်းခေါင်ယံကျော်ချိန်မှာတော့ရွာအပြင်ကတောကျီးကန်းများတအာအာအော်ရင်းလန့်ပြိုလာတယ်။

ရှေ့ဆင့်နောက်ဆင့်ဆိုသလိုဘဲရွာထဲကခွေးတွေကလည်းအူသံရှည်များနဲ့အူကြပါတော့တယ်။

ခွေးအူသံရှည်ကြောင့်ကိုစိန့်ကိုလူမမာစောင့်ပေးနေတဲ့ညီဖြစ်သူမောင်ပိန်လန့်နိုးလာတယ်။

စိတ်ထဲကရွာကိုသူခိုးဓါးမြကပ်သည်အထင်နဲ့တံခါးကိုအသာလေးဟပြီးချောင်းကြည့်လိုက်ပါတယ်။

သူတို့အိမ်ရှေ့ရွာလယ်လမ်းဟာလရောင်အောက်မှာထင်းနေပါတယ်။မောင်ပိန်ဟိုဟိုသည်သည်လျှောက်ကြည့်ရင်းမျက်လုံးကသူတို့ခြံစည်းရိုးထောင့်မှာအင်္ကျိအဝါရောင်၊

ထမီအဝါရောင်မိန်းမသဏ္ဍာန်အရိပ်ကိုတွေ့လိုက်ရတာကြောင့်သေသေချာချာစောင့်ကြည့်လိုက်တယ်။အရိပ်ရှင်ကခေါင်းပေါ်မှာဖျာလိပ်ကြီးနဲ့ပါလား။ကိုပိန်လန့်သွားတယ်။

သေသေချာချာထပ်ကြည့်တော့မှအရိပ်ရှင်ခေါင်းပေါ်ကဟာကဖျာလိပ်မဟုတ်ဘဲလူသေထည့်တဲ့ခေါင်းတလားဖြစ်မှန်းသတိထားမိရာမှကိုပိန်ကြောက်သွားတယ်။

အရိပ်ရှင်ဟာကိုပိန်တို့အိမ်ရှေ့ရောက်တော့။ခေါင်းပေါ်ကထမ်းထားတဲ့ခေါင်းတလားကြီးကိုသူတို့အိမ်ရှေ့ကတလင်းပေါ်မှာဒုန်းကနဲပစ်ချပြီးပြန်လှည့်ထွက်သွားပါတယ်။

မနက်မိုးလင်းတော့သူကြီးဦးသိုးတစ်ယောက်ဒေါသတော်တော်ထွက်သွားတယ်။''ဘယ်ကောင်တွေတုန်းကွ၊ကျက်သရေကိုယုတ်တယ်''လို့ပြောဆိုနေပါတယ်။

ပြီးတော့အခေါင်းမှာမီးသွေးနဲ့ရေးထားတာက''မောင်စိန်။အသက်(၂၆)နှစ်။''ဆိုတော့သူကြီးဦးသိုးဒေါသကထွက်ပြီပေါ့။

ဦးသိုးဘာမှထပ်မပြောတော့ဘဲအိမ်အပေါ်ထပ်မှာအိပ်နေတဲ့သားကြီးဖြစ်သူမောင်စိန့်အခြေအနေကိုကြည့်ဖို့တက်ခာပါတယ်။ကိုစိန်ကတော့ခပ်စန့်စန့်နဲ့အိပ်ပျော်နေတာပေါ့။

ကိုပိန်တက်လာပြီးအကိုဖြစ်သူကိုဆေးတိုက်ဖို့နှိုးပါတော့တယ်။

ဒါပေမယ့်ကိုစိန်တစ်ယောက်မနိုးတော့ချေ။တစ်ကိုယ်လုံးတောင့်တင်းနေပြီးသေဆုံးသွားခဲ့လေပြီတကား။

ကျေးဇူးတင်လျှက်
ဝင်းမျိုးခိုင်
Credit to-မမြင်တွေ့နိုင်သောပရလောက
Post by:မောင်မိုးတိမ်

ပဲခူးရိုးမ ၏ အနောက်ခြမ်း မိုးညိုမြို့နယ် အတွင်းမှ ရွာကလေး တစ်ရွာ။

ချာင်း ၏ တစ်ဆစ်ချိုး တွင်မေးတင် တည်ရှိနေသော ဒီ ၇ွာလေး သည်နေဝင် သည်နှင့်ငြိမ်သက် တိတ်ဆိတ်သွားတတ်စမြဲ။ နွားလှည်းသံ ၊လှေချည်သံ၊နှုတ်ဆက် သံများ ဆူပြီး မကြာ တိတ်ဆိတ် သွားတတ်သည် မှာနေ့စဉ်ပင်။

ရွာရဲ့အနောက်တောင် စွန်းစွန်း မှာ ရှိတဲ့ ထန်းရည်ဆိုင်လေးဟာ ချက် အရက်ကလေး၊ အမြည်း အဖြစ်မြစ် ငါး၊ ငှက်ကြော် စသည်တို့ ကိုပါ တွဲဖက်ရောင်းချ၍ အမြဲ စည်ကားလေ့ ရှိပါတယ်။

ဒီ ဆိုင်ကလေး မှာနေ့တိုင်း လိုလိုနေ့လယ် ခင်းက စပြီးဆိုင်ပိတ်ချိန် အထိချက် အရက်သောက်ပြီး အားရကျေ နပ်ပြီ ဆိုမှ ထပြန်တတ်သူ တစ်ဦး ရှိပြီး ထိုသူကို ဆိုင်ရှင် ကိုစံပ မငြို ငြင် ရဲပေ။



သူ့ နာမည် က ကိုစိန်။ ဒီ ပတ်ဝန်းကျင် တဝိုက် မှာတော့ ကိုစိန့် ကို ရွာ လူမိုက်၊ လူပေ လူရွတ် အဖြစ် သတ်မှတ် ထားကြပြီး ထို လူမိုက် ဆိုတဲ့ ဂုဏ်ကို အရောင် တင်ပေးထားတာ ကလည်း ရှိသေးတယ်။

ကိုစိန်က သူကြီး သားလေ ။ သူကြီး သားမှ ဒီ ဒိုင်နယ်(ကျေးရွာ အုပ်စု)သူကြီး ရဲ့သားဗျာ။

ကိုစိန့် အိမ်က ရွာလယ်ပိုင်းမှာ ဆိုတော့ ထန်းရည်ဆိုင် နဲ့ အလှမ်းဝေးတယ် ဆိုပါတော့။ ကိုစိန် ကတော့ဖြတ် လမ်း အဖြစ် ရွာသင်္ချိုင်းကုန်း ကနေဖြတ်ပြီးပြန်လေ့ ရှိတယ်။

ရွာက လူတွေက မသွားရဲ မလာရဲ တဲ့ ဒီနေရာမှာ ကိုစိန် ကတော့ သူ့အဖေ သူကြီး မသိအောင်နွားကောင်ရေ များစွာ ခိုး၍ပေါ်ခဲ့ဖူး သဖြင့် သူ့အတွက် လာဘ်ကောင်း တဲ့နေရာ ဆိုရမလိုပင်။

ဒီညနေ မှာတော့ ဆိုင်ရှင် ကိုစံပ တစ်ယောက် သူကြီးသား ကိုစိန် ထိုင်နေသော ဝိုင်း ဘက်ခြေဦး မျှပင် မလှည့် ရဲချေ။

ညနေ ကချောင်းစပ်မှာ ကိုင်းထောင် ရင်းဖြစ်တာတွေ ကို, ကိုစိန်တော်တော်ဒေါသ ထွက်နေပြီး အရက်သာ ဖိမှာနေတာကိုးဗျ။ ကိုစိန် အရက်သောက်ရင်းဖြစ်တာတွေ ကိုပြန်ပြောပြတော့  ။

ကိုစိန်တော်တော် စိတ်တိုနေပြီ။ ဒီလောက် ငါးပေါတဲ့ လုပ်တိုင်းကုန်း ( သုဿ     န် )ချောင်းဆွယ် မှာ ကိုင်းထောင်နေ တာကြာလှပြီ။ အခုထိ တစ်ကောင်မှ မမိသေးလို့ဖြစ်တယ်။ အိမ်က ပါလာတဲ့ အရက် တစ်လုံးပင် ကုန်လုလုဖြစ်နေပြီ ဆိုတော့စိတ်က ပိုတိုလာတယ်။

အရက် ကလည်းမူး၊ စိတ်ကလည်း တိုနေတော့ ကိုစိန် တစ်ယောက် ပါးစပ်ထဲတွေ့သမျှ အယုတ္တ၊ အနတ္တတွေ ဆဲဆိုနေတာပေါ့ဗျာ။  ''ဘယ်မအေ@#၊  ဘယ်နှမ%၊  ဘယ်ဖေ#မ၊ ဘယ်#ာသည်မ က ငါထောင်ထားတဲ့ ငါးတွေနှိုက်စားနေတာလဲ''။ ကိုစိန့် ဆဲသံကချောင်းစွယ် တကြောကြားနေရတယ်။

ကိုစိန် အပေါ့သွားမလို့ မတ်တပ် ရပ်လိုက်စဉ် သူ့ရှေ့က ကိုင်းတံပြင်းထန်စွာ လှုပ်သွား သဖြင့်ပျော် သွား တယ်။ ငါးမိပြီလေ ။ရေတွေတောင် လှိုင်းထ မှတော့ ငါးကြီးပေါ့။ အပျော်စိတ် နဲ့ရေစပ်ထဲ ခုန်ဆင်းပြီး ကိုင်း တံကို ဆွဲတင် ပါတော့တယ်။ ကိုစိန်က ဆွဲလိုက်၊ငါးက ရုန်းလိုက်နဲ့ပေါ့ဗျာ။

အတော်ကြာတော့ ကိုစိန် အားစိုက် ဆွဲထည့် လိုက်တော့ ကိုင်းတံ မှာမိနေတဲ့ ငါးကရေပေါ် တဖြည်းဖြည်းပေါ်လာတယ်။ ကိုစိန် မျက်မှောင်ကြုံ့ သွားတယ်။''ဘာငါးကြီး တုန်းဟ။မဲမဲ လုံးလုံးကြီး။ လိပ်များလား ဟ'' ဟုနှုတ်ကရေရွတ်ရင်း ဆွဲတင်လိုက်ရာ ကုန်းပေါ် ပါလာပါတယ်။

အားနဲ့ ဆွဲတင် လိုက်တာကြောင့် ဖင်ထိုင်ရက် လဲကျသွားရင်း ကိုစိန် ကိုင်းတံမှာ မိနေတဲ့ ငါးကိုသေသေ ချာချာကြည့် လိုက်မိတယ်။ သောက် ကျိုးနည်း။''ဟင် ။အောင်မလေးဗျ'' ကိုစိန်အော်ရင်း ကိုင်းတံကို လွှတ်ချ လိုက်တယ်။ လွှတ်ချမှာပေါ့။ သူ့ကိုင်းတံမှာ မိနေတာ ငါးလည်းမဟုတ်၊ လိပ်လည်း မဟုတ်ချေ ။ခေါင်းပြတ်ကြီးဖြစ်နေ တာကိုး။

ကိုစိန် တစ်ယောက်ေ ကြာင်ပြီးခေါင်းပြတ်ကြီး ကြည့်နေ စဉ်ခေါင်းပြတ်ကြီး၏ ပါးစပ် ပွင့်လာပြီး သွား ဝါကြင်ကြင် များကြားမှ လျှာက တစ်တောင်လောက် ထွက်ကျလာတယ်။ မျက်လုံးများ ကပြူးနေပြီး ကို့စိန့်ကို လှန်ပြီးကြည့် လိုက်တဲ့ အခါ ကိုစိန်ကရေထဲ ပစ်ချလိုက်တော့ တယ် ။ကြောက်လွန်းလို့ ကိုစိန့် တကိုယ်လုံး တုန်လာပြီ။ မဖြစ်တော့ဘူး၊ ဒါ သူရဲခြောက် တာဘဲ။ တော်ပြီ။


ကိုစံပ ဆိုင်မှာ အရက်သွားသောက် တာဘဲကောင်းတယ် လို့ စိတ်ထဲ မှာတွေးရင်းချောင်းစွယ် ကနေ ကိုစိန် ထွက်လာ လိုက်တော့တယ်။ ကိုစံပ ဆိုင်မှာရေချိန် ကိုက်သွားတော့ ဒီညနေလည်း ခါတိုင်းလို ကိုစိန် တစ်ယောက် ရွာသင်္ချိုင်း ကိုဖြတ်ပြီး အိမ်ပြန် လာတုန်းလေတစ်ချက်ဝေါကနဲ တိုက်ခတ်သွားသည်။''ဟိုက်။

ဒီနေ့တယ်အေးပါလား ဟ''စိတ်ထဲ မှာရေရွတ် မိပြီးကြက်သီးများဖြန်း ကနဲ ထလာသည်။ ထတာမှ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားအောင် ထသွားခြင်း မျိုးပေ။

ကိုစိန်က ပတ်ဝန်းကျင်ကို ရီဝေဝေ မျက်လုံး များနဲ့ဝေ့ ဝဲကြည့် ရာမြင်မြင် သမျှသည် နက်မှောင်သော အဆင်းဖြင့် သာငြိမ် သက်နေတော့ လမ်းဆက်လျှောက်သွားသည်။

ရုတ်တရက် ကိုစိန့် ရင်ထဲဖြန်း ကနဲဖြစ်သွားပြီး အကြောတွေပါ ဆိုင်းသွား သလို ခံစားလိုက် ရပါတယ်။ ''တောက်။ ဘာလဲကွာ။ ကြက်ကြော်နဲ့ စားထားတဲ့ အရက်လေးတောင် အမူးပြေသွားတယ်။

လှလိုက်တာ ဘယ်ရွာသူ တုန်းဟ။ တို့ရွာသူတော့ မဖြစ်နိုင်ဘူး''ဟု ပါးစပ် ကပင်ပြောမိတယ်။ပြောမိမှာပေါ့။ သင်္ချိုင်း အထွက် ရွာအဝင်လမ်းမှာ အဝါရောင် ဝမ်းဆက်နဲ့ မိန်းမ တစ်ယောက် ကိုတွေ့လိုက်ရတာကိုး။ အမှောင်က တဖြည်းဖြည်း ရင့်လာပြီ  ။ 


 နေ့ အလင်းရဲ့ လက်ကျန် အလင်း မှိန်မှိန်လေးအောက်မှာ ကိုစိန်က သူတွေ့လိုက်ရတဲ့ အဝါရောင် မိန်းမနောက် ကို ရမ္မက် တန်ခိုးနဲ့ အနားကပ်ဖို့ ကြိုးစားလိုက်ပါတယ်။

အဝါရောင် မိန်းမ ကလည်းနောက်ကို တစ်ချက် လှည့်ကြည့်ပြီးခြေလှမ်း ခပ်သွက်သွက်နဲ့ မပြေးရုံ တမယ် ထွက်သွားတယ်။ သူဦးတည်နေတာက ရွာဘက်ကို မဟုတ်၊ ရွာအပြင် လယ်ကွက်တွေကို သွားတဲ့ လမ်း အတိုင်းပေါ့ဗျာ။

ကိုစိန် ကတော့ အရက်တန်ခိုး၊ တဏှာတန်ခိုး၊ သူကြီးသား ဆိုတဲ့အရှိန်၊ လူမိုက် ဆိုတဲ့ ဂုဏ်နဲ့ ငါလုပ်ရင် ဘာမဆိုဖြစ်ရမယ် ဆိုတဲ့ စိတ်နဲ့ အဲဒီ မိန်းမနောက်ကို အပြေး တပိုင်းလိုက်တော့ တာဗျို့။ သင်္ချိုင်း အကျော်ညောင်ကြပ် ပင်အောက်နားရောက်တော့ ကိုစိန် အဝါရောင် မိန်းမ ကို မီလု မီခင်ဖြစ် သွားပြီးနောက် ကနေ လက်ကိုလှမ်းဆွဲ လိုက်ပါတယ်။

ကိုစိန် လှမ်းဆွဲလိုက်ပေမယ့် မမီ ဘဲလေကိုသာ ဖမ်းမိသွားလို့ စိတ်တို သွားဟန် တူပါတယ်။''နင်တော့လား။ မိလို့ ကတော့ကွာ''လို့ နှုတ်ကနေတောင်ကြိမ်းဝါး လိုက်သေးတယ်။

ကိုစိန် ကြိမ်းဝါးအပြီး အဝါရောင် မိန်းမ ကခြေလှမ်း ကို တုန့်ကနဲ ရပ်လိုက်တယ်။ ကိုစိန် အားရ ဝမ်းသာဖြစ်ပြီးနောက် တစ်ခါ လက်ကို လှမ်းဆွဲလိုက်တယ်။

ကိုစိန် ရင်ထဲ ထိတ်ကနဲ လန့်သွားတယ်။ ဒီတစ်ခါ သူလှမ်းဆွဲတာ အဝါရောင် မိန်းမရဲ့ လက်ကို ဆွဲမိ ပါရဲ့ ။ရေခဲ တမျှအေးစက်တဲ့ အထိ အတွေ့ကြောင့် လန့်သွား တာပါ။ အဝါရောင် မိန်းမက လှည့်ကြည့်တယ်။

လှပသော မျက်နှာ၊ ဝိုင်းစက်တဲ့ မျက်ဝန်း၊ ထူထူ ထဲထဲနဲ့ နီနေတဲ့နှု တ်ခမ်း။ အဲဒါတွေမြင် ရတော့ ကိုစိန် တစ်ယောက် တံတွေးတောင် ဂလု ကနဲ မြိုချ လိုက်မိတယ် ။ရေခဲ တမျှအေးစက်နေတဲ့ အထိ အတွေ့ကြောင့် ထိတ်လန့်နေပေမယ့် လှပလွန်းတဲ့ မျက်နှာကြောင့် ကိုစိန် ဆွဲထားတဲ့ လက်ကို မလွှတ် စတမ်း ဆွဲထားလိုက်တယ်။

အဝါရောင် မိန်းမ ကရှေ့ကို ချာကနဲပြန် လှည့်ပြီး လယ်တောသွားတဲ့ လမ်း အတိုင်း ဆက်သွားတယ်။ ကိုစိန် ကလည်းကြောင်ပြီးငေးကြည့်နေ မိတယ်။ သူ့လက်ထဲက အဝါရောင် မိန်းမရဲ့ လက်ကို ပိုပြီး တင်းတင်း ဆုပ်ကိုင် ထားလိုက်တယ်။ ဒါပေမယ့် အဝါရောင် မိန်းမက သူနဲ့ ၁၀ပေခန့် အကွာရောက်နေချေပြီ  ။''ဘုရား။ ဘုရား''တစ်သက်နဲ့ တစ်ကိုယ် မတ ဖူးသော ဘုရား တမိသွားတယ်။

ကိုစိန် သူ့လက်ကို သူသေချာကြည့်လိုက်တယ်။ သူ့လက်ထဲမှာ ဟို အဝါရောင် မိန်းမရဲ့ လက်တစ်ဖက် ကရှိနေဆဲ။ ပုံစံက သားရေကြိုး များလို, လိုသလောက် ဆွဲဆန့် ထားသလိုမျိုးဖြစ်နေတာ ကိုးဗျ။

အံ့သြ ထိတ်လန့်တဲ့ စိတ်က အရက်နဲ့ ရမ္မက် တန်ခိုးကြောင့် ဆူပွက်နေသောသွေးများ ကိုအေးခဲ သွားစေပြီး ဒူးနှစ်ဖက်က ညွှတ်ကွေးပြီး လဲကျသွားတယ်။ ဒူထောက် ကျသွားမှ ''ဟင်''ပါးစပ် ကနေယောင်ပြီး ကိုစိန်ရေ ရွတ် မိသွားတယ်။

အဝါရောင် မိန်းမ ရဲ့ခြေဖမိုး နဲ့ခြေချောင်းတွေက ခန္ဓာကိုယ် ရဲ့ အနောက်ဘက် မှာရောက်နေပြီးခြေ ဖနောင့် က အရှေ့ဘက် မှာရောက်နေတယ်။ ဒါဆိုခြေထောက်ပြောင်းပြန်ကြီး နဲ့ လမ်းလျှောက် လာတာပေါ့ လို့တွေးမိ သွားတာကိုး။

အဝါရောင် မိန်းမ က ကိုစိန် ရှိရာသို့ လှည့်ကြည့် လိုက်တယ်။ စောစောက ဝိုင်းစက် လှပလိုက်တာ လို့ ကိုစိန် ထင်ထားတဲ့ မျက်လုံးတွေဟာ မီးကျီခဲလို နီရဲနေပြီး ပါးစပ် ကနေ''ဟင်း..ဟင်း.. ဟင်း..ဟီး.. ဟီး.. ဟီး..''လို့ ရယ်သံပြုလိုက်တော့ ကိုစိန်လည်း လက်ထဲ မှာ မလွှတ် စတမ်း ဆုပ်ကိုင်ထားတဲ့ အဝါရောင် မိန်းမ ရဲ့လက်ကိုယောင် ယမ်းပြီး ငုံ့ကြည့် မိတယ်။ 


''အားးးး''ကိုစိန် တစ်ယောက် ငယ်သံ ပါအောင်အော်ဟစ်ပြီး သူကိုင်ထားတဲ့ လက်တစ်ဖက် ကိုလွှတ် ချ လိုက်တယ်။ ဟုတ်တယ်ဗျ၊ သူကိုင်ထားတာ လက်မဟုတ်ဘဲ အူတွေဖြစ်နေတာကိုး။

အဲဒီနေ့ ညက ကိုစိန် အိမ်ကိုဘယ်လိုပြန်ရောက်လာတယ် ဆိုတာ မမှတ်မိတော့ချေ။ ဘာဆို ဘာမှ အသိ စိတ် မရှိဘဲ အိမ်ပြန်ရောက် လာ၍ အိမ်သားတွေကြောက်လန့် တကြားဖြစ် ကုန်ကြ တာပေါ့။ ရွာထဲက ပယောဂ ကု ဆရာဦးတေ ကို အပြေးအလွား သွားပင့်ကြရတယ်။

ဦးတေရောက် လာပြီးဆေးများ တိုက်ပေး ကာမှ ကိုစိန် သက်သာသွားတော့တယ်။ ဦးတေက ကိုစိန့် အဖေ သူကြီး ဦးသိုး နဲ့ ငယ်သူငယ်ချင်း ဆိုတော့ ဦးသိုး ကို အသာလက်တို့ခေါ်ပြီး လူရှင်းရာရောက် မှ''ငသိုး။ မင်းသား ဘာဖြစ်လာတယ် ထင်တုန်း''ဟုမေးလိုက် ရာ''မသိဘူးလေ ငတေ။

ဘာဖြစ် လာတာတုန်း'' လို့ပြန်မေးလိုက် သဖြင့်ဦးတေမှ ''မင်းသားမောင်စိန်  သုဿ     န်စောင့် မဖဲဝါ နဲ့တွေ့ လာတာမောင်၊ မင်းသားက သူ့နယ်ထဲမှာ အပြောအဆို မှားပြီး သူ့ကို ပါစော်ကား လိုက်တယ် တဲ့ကွာ''လို့ပြောလိုက် တယ်။ ဦးသိုး မှ''ဟာ။ ဒါဆို ဘယ့်နှယ့် လုပ်ကြမတုန်း၊

ကယ်ပါဦး ငတေရယ်''ဟုပြော သဖြင့်ဦးတေ မှ''ငါတတ်နိုင် သလောက်တော့ လုပ်ပေးခဲ့မယ်။ ဒါပေမယ့် မနက်ဖြန် ကျရင်တော့ မင်း စိန် ကန့်လန့် က ဆရာဦးတောကို သာ ရအောင် ပင့်ပြီး ကုပေတော့။ ငါ ဒီလောက် ဘဲစွမ်း တယ်ကွာ'' ဟုပြန်ပြောလိုက်ရာ ဦးသိုး မှမျက်နှာ ပျက်ပြီးခေါင်းငြိမ့်ပြလိုက် ပါတယ်။

ဆရာ ဦးတေ မှဆေးတိုက် သွားလို့မောင်စိန် တစ်ယောက်နှ စ်ခြိုက်စွာ အိပ်မောကျသွားမှ သူကြီး ဦးသိုးလည်း အိပ်ရာ ဝင်တော့တယ်။ ညသန်းခေါင်ယံကျော် ချိန်မှာတော့ ရွာအပြင် ကတောကျီးကန်း များ တအာအာအော်ရင်း လန့်ပြိုလာတယ်။


 ရှေ့ဆင့်နောက်ဆင့် ဆိုသလိုဘဲ ရွာထဲ ကခွေးတွေ ကလည်း အူသံ ရှည်များနဲ့ အူကြပါတော့တယ် ။ခွေးအူသံ ရှည်ကြောင့် ကိုစိန့် ကို လူမမာစောင့်ပေးနေတဲ့ ညီဖြစ်သူမောင်ပိန် လန့်နိုးလာတယ်။

စိတ်ထဲက ရွာကို သူခိုး ဓါးမြ ကပ်သည် အထင်နဲ့ တံခါးကို အသာလေး ဟပြီးချောင်းကြည့် လိုက်ပါတယ်။ သူတို့ အိမ်ရှေ့ ရွာလယ် လမ်းဟာ လရောင်အောက်မှာ ထင်းနေပါတယ် ။မောင်ပိန် ဟိုဟို သည် သည်လျှောက် ကြည့် ရင်းမျက်လုံးက သူတို့ခြံစည်းရိုးထောင့်မှာ အင်္ကျိအဝါရောင်၊ ထမီ အဝါရောင် မိန်းမ သဏ္ဍာန် အရိပ်ကိုတွေ့လိုက် ရတာကြောင့်သေသေ ချာချာစောင့်ကြည့် လိုက်တယ်။ အရိပ်ရှင် ကခေါင်းပေါ်မှာ ဖျာလိပ်ကြီးနဲ့ ပါလား။ ကိုပိန် လန့်သွားတယ်။

သေသေချာချာ ထပ်ကြည့်တော့မှ အရိပ်ရှင်ခေါင်းပေါ်က ဟာက ဖျာလိပ် မဟုတ်ဘဲ လူသေထည့် တဲ့ခေါင်း တလားဖြစ်မှန်း သတိထားမိရာမှ ကိုပိန်ကြောက်သွားတယ်။

အရိပ်ရှင်ဟာ ကိုပိန်တို့ အိမ်ရှေ့ရောက်တော့ ။ခေါင်းပေါ်က ထမ်းထား တဲ့ခေါင်း တလားကြီးကို သူတို့ အိမ်ရှေ့က တလင်းပေါ်မှာ ဒုန်းကနဲ ပစ်ချပြီးပြန်လှည့်ထွက် သွားပါတယ်။ မနက် မိုးလင်းတော့ သူကြီး ဦးသိုး တစ်ယောက်ဒေါသတော်တော် ထွက်သွားတယ်။ ''ဘယ်ကောင်တွေ တုန်းကွ၊ ကျက်သရေကို ယုတ်တယ်'' လို့ပြောဆိုနေ ပါတယ်။

ပြီးတော့ အခေါင်းမှာ မီးသွေးနဲ့ရေးထားတာ က''မောင်စိန် ။အသက်(၂၆)နှစ်။ ''ဆိုတော့ သူကြီး ဦးသိုးဒေါသ က ထွက်ပြီပေါ့။ ဦးသိုး ဘာမှ ထပ်မပြောတော့ဘဲ အိမ် အပေါ်ထပ်မှာ အိပ်နေတဲ့ သားကြီးဖြစ်သူမောင်စိန့် အခြေအနေ ကိုကြည့်ဖို့ တက်လာပါတယ်။ ကိုစိန် ကတော့ ခပ်စန့်စန့်နဲ့ အိပ်ပျော်နေ တာပေါ့။

ကိုပိန် တက်လာပြီး အကိုဖြစ်သူ ကိုဆေးတိုက်ဖို့ နှိုးပါတော့တယ်။ ဒါပေမယ့် ကိုစိန် တစ်ယောက် မနိုးတော့ချေ။ တစ်ကိုယ်လုံးတောင့်တင်းနေပြီးသေဆုံး သွားခဲ့လေပြီ တကား။

ေေ

 ကျေးဇူးတင်လျှက်
ဝင်းမျိုးခိုင်

Credit to-မမြင်တွေ့နိုင်သောပရလောက
Post by:မောင်မိုးတိမ်


 

No comments:

Post a Comment