*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 4 September 2014

သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်

min4

လက်တလော အင်မတန် နာမည်ကြီးနေတဲ့ ဟောလိဝုဒ် က Naked pic သတင်း ကတော့ သိကြမှာပါ။ Hunger Game က မင်းသမီးချော Jennifer Lawrence နဲ့ အတူ အခြားသော မင်သမီး နဲ့ မော်ဒယ်ပေါင်း မြောက်များ စွာရဲ့ ကိုယ်လုံးတီး ဓာတ်ပုံ များ၊ ဗီဒီယိုများ အွန်လိုင်း မှာ အင်မတန် ပြန့်နှံ့သွားပါတယ်။

ဥပဒေ နဲ့ အရေးယူမှုဆိုတာ နောက်မှ လာတာပါ။ Digital Platform ပေါ် ရောက်သွားပြီ ဖြစ်တဲ့ ပုံနဲ့ မှတ်တမ်းများကို ပြန်ဖြတ် ဖို့ ဆိုတာ မလွယ်တော့ပါဘူး။

တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်း တာနဲ့ တင် အဖက်ဆယ် မရအောင် ဇာတ်လမ်း က ပြီးနေပါပြီ။ အင်တာနက် နဲ့ အိုင်တီ ပစ္စည်း အသုံးပြုမှု တိုးတက် လာတဲ့ မြန်မာပြည်မှာလည်း ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီတော့ မဖြစ်အောင် ဘယ်လို တားဆီးရမယ်ဆိုတာပဲ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။



မှတ်တမ်း ပစ္စည်းလုံခြုံရေးနဲ့ ပက်သက်လို

ကိုယ်ကတော့ ဘာရယ်လို့ မဟုတ် သူများ ပြရန် မသင့်တော်တဲ့ အချက်အလက်တွေ ရှိနေပြီ။ (ကိုယ်လုံးတီး ပုံများကိုသာ ဆိုလိုခြင်း မဟုတ်ပါ)။ အဲ့ဒီ မှတ်တမ်းတွေကို သိမ်းဆည်းမယ် ဆိုရင် လုံခြုံရေး က အရေးအကြီးဆုံး ဖြစ်ပါတယ်။

ဒီဂျစ်တယ် ပစ္စည်းများ ဖြစ်တဲ့ ဖုန်း၊ ကွန်ပြူတာ၊ Hard Disk တို့မှာ သိမ်းထားဖြစ်တယ် ဆိုရင် ယင်း ပစ္စည်းတွေမှာ Password တွေခံရမယ် ဆိုတာလည်း သိကြမှာပါ။ ဒါတင် မကသေး။ Digital Device မှာ သိမ်းလိုက်တဲ့ ပစ္စည်းများက Delete လုပ်လိုက်လဲ ယခုခေတ် Software ပေါင်းစုံနဲ့ ပြန်လည် Retrieve လုပ်လို့ ရပါတယ်။

လက်ရှိ မြန်မာပြည်မှာ ဆိုရင် မိုဘိုင်းဖုန်း ပြင်ဆိုင် အချို့ဟာ Data recovery software အချို့နဲ့ မိန်းကလေးများ အသုံးပြုတဲ့ ဖုန်း အပျက်များ ထဲက ဓာတ်ပုံများ၊ ဗီဒီယိုများကို ပြန်ယူတယ်လို့ ကြားဖူးတယ်။ (သေချာ မသိပါ)။

နိုင်ငံတကာ မှာတော့ Amazon တို့လို အွန်လိုင်း ဈေးကွက်မှာ တင်ရောင်းတဲ့ ဖုန်းတွေကို ဟက်ကာ များကို ပြန်ဝယ်ပြီး မှတ်တမ်းတွေ ပြန်ယူခြင်း ဖြစ်ပါတယ်။ ဒီတော့ အတတ်နိုင်ဆုံး အချက်အလက် မှတ်တမ်း များ ကို Digital format နဲ့ မသိမ်းနိုင်ရင် အကောင်းဆုံး ဖြစ်ပြီး သိမ်းလိုက်ပြီ ဆိုရင်လည်း ယင်းပစ္စည်းကို ကိုင်တွယ်မယ့် လူတွေကို သေချာ စိစစ်ဖို့ လိုအပ် ပါမယ်။


အွန်လိုင်းပေါ်မှာ သိမ်းခြင်းနဲ့ ပက်သက်လို

အခု ဖြစ်သွားတဲ့ ကိစ္စက Apple ရဲ့ iCloud မှာ အားနည်းချက် ရှိလို့ ဖြစ်ပါတယ်။ iCloud မှာ အားနည်းချက် မရှိပါဘူး။ Find my iPhone လို့ခေါ်တဲ့ ဖုန်း ပြန်ရှာတဲ့ App မှာ အားနည်းချက် တစ်ခုရှိပြီး ယင်းကနေ iCloud ကို လွယ်တကူ ဝင်ရောက်နိုင်ခြင်း ဖြစ်ပါတယ်။

ဟက်ကာတို့ လက်ထဲမှာ မင်းသမီးပေါင်း ၁၀၀ ကျော်ရဲ့ ပုံနဲ့ ဗီဒီယို များ ရှိသတဲ့။ ဒီခေတ်ကြီးထဲမှာ ဘယ် Online Storage မှ စိတ်မချရ ပါဘူး။ Online Storage ကတော့ စိတ်ချ ရတယ်လို့ ထားလိုက်ပါတော့။ အသုံးပြုသူက နမော်နမဲ့ နိုင်မှုကြောင့်လည်း အလွယ်တကူ ပါသွားနိုင်ပါတယ်။

တစ်ခါက သူငယ်ချင်း တစ်ယောက်ရဲ့ အကောင့် Password ကို သူ့အမည် အတိုင်း ရိုက်ထည့်လို့ ပွင့်သွား တာမျိုးတောင် ကြုံဖူးပါတယ်။ Security question မှာ မွေးရပ် ဇာတိ၊ မိဘ အမည်တို့ ထည့်တာလောက်ပဲ ထားတတ်ကြတော့ Gmail အကောင့်ပါသွားသူ သူငယ်ချင်းများ လည်း မနည်းပါဘူး။

Online ပေါ်မှာ သိမ်းဆည်းမှု က System က perfect ဖြစ်နေရင်တောင် အသုံးပြု သူရဲ့ မပြည့်ဝတဲ့ ဗဟုသုတကြောင့် ပါတတ်ပါသေးတယ်။ အချို့ဆို Gmail နဲ့ Facebook တို့ကို နမော်နမဲ့ နိုင်စွာပဲ အင်တာနက်ဆိုင်မှာ ထားခဲ့တာတွေ အများကြီးပါ။

မှတ်တမ်းတင်ခြင်း နဲ့ ပက်သက်လို

အချို့က မင်္ဂလာဆောင် မှတ်တမ်း ကို ပြန်ကြည့်ချင်တယ်။ အချို့က မင်္ဂလာဆောင် အခမ်းအနား မှတ်တမ်း တင် မက သူများ ပြန်ပြရန် မသင့်တဲ့ အမှတ်တရတွေပါ ရိုက်ကြ ပါတယ်။ ကောင်းမှု တစ်ခုပြု လုပ်ပြီး အမြဲ အမှတ် ရနေဖို့ မှတ်တမ်းတင်တာ မဟုတ် ဒီ ကာမ အာရုံတွေကို မှတ်တမ်းတင်ပြီး ပြန်ကြည့် တာ ကတော့ တဏှာရဲ့ စွဲဆောင်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

ဒီတော့ မှတ်တမ်း မှတ်ရာတွေ တင်တဲ့အခါ ငါ ဟာ ကောင်းရာ ကောင်းကြောင်း အတွက် မှတ်တမ်း တင် တာလား၊ မကောင်း ရာ မကောင်းကြောင်း အတွက် မှတ်တမ်း တင်တာလား ဆိုတာ စဉ်းစားစရာပါ။ မင်္ဂလာ အခမ်းအနား နဲ့ အလှူအခမ်း အနား မှတ်တမ်းများက ကြည်နူးစရာပါ။

အဲ့ဒီထက် ပိုတဲ့ မှတ်တမ်းများ ကတော့ မိမိရဲ့ စိတ်ဆန္ဒပေါ်မှာ သာ မူတည်ပါတော့တယ်။ တစ်ဦး တစ်ယောက်ချင်း ရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ကို စာရေးသူ မထိခိုက်လိုပါ။ မိမိကိုယ်တိုင် သာ စဉ်းစား ဆင်ခြင် စေရန်သာ ဖြစ်ပါတယ်။ Take your own risk ဟု ဆိုသည့် အတိုင်းပင် ဖြစ်သည်။

မှတ်တမ်းတင်သူသာ မရှိလျှင်

မှတ်တမ်းတွေ ထွက်ကျကုန်တယ် ဆိုတာ မှတ်တမ်း တင်တဲ့သူရှိလို့ လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိ သာ မှတ်တမ်း တင် မထားရင် ဒါတွေ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ အချို့က ကိုယ်တိုင် မှတ်တမ်း မတင်ပေမယ့် နမော်နမဲ့ နိုင်မှုကြောင့် မှတ်တမ်း အတင်ခံရတာမျိုးတွေလည်း ရှိပါတယ်။

နည်းပညာ ခေတ်ကြီး ထဲမှာ World Wide အင်တာနက် အသုံးပြုသူရဲ တစ်ဝက် တိတိဟာ သားကောင်များ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆိုရင် သားကောင်က ၉၀ ရာခိုင်နှုန်းကျော် ရှိပါလိမ့်မယ်။

ဒါကြောင့်မို့ Digital device နဲ့ Software များကို သူများသုံး လို့ လိုက်သုံးတာလောက်၊ လှလို့ လိုက်သုံး တာလောက် မဟုတ်ပဲ လုံခြုံရေး အတွက် သေချာ လေ့လာပြီးမှ၊ေ သချာ သုံးတတ်မှပဲ အသုံးပြုတာ အကောင်းဆုံး ဖြစ်ပါတယ်။


အောင်ခမ်း (ရိုးရာလေး)
From...Search Myanmar
 

No comments:

Post a Comment