
ဂျပန်နိုင်ငံ Kagawa olive Guyners (IL) မှာ ကစားနေတဲ့ မြန်မာ့ပထမဦးဆုံး ဘေ့စ်ဘောသမား ကိုဇော်ဇော်ဦး
မိခင်နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံ မှာ ဘေ့(စ်)ဘော အားကစား သမား အယောက် ၅၀ ခန့် သာ ရှိနေသေးလို့ မြန်မာနိုင်ငံ မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ချင် တဲ့ ကိုဇော်ဇော်ဦး ရဲ့ ပြင်းပြတဲ့ ဆန္ဒကို ဂျပန် မိခင်အသင်းက ဆောင်ရွက်ပေးတာပါလို့ ပြောပါတယ်။
အလှူငွေ ကို အနည်းဆုံး ဂျပန်ယန်း ၃ ထောင်သတ်မှတ်ထားပြီး အောက်တိုဘာ လ ၁၉ ရက်နေ့ အထိ ကောက်ခံမှာပါ။ ရည်မှန်းငွေ မြန်မာငွေ သိန်း ၁၅၀ နီးပါး ဖြစ်ပါတယ်။
ကာဂါဝ အိုလိဘိ ဂိုင်းနာစ် အသင်း ဟာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ Shikoku Island League plus မှာ ၂၀၀၅ ခုနှစ် က စတင်လို့  ၈ နှစ်အတွင်း ၅ ကြိမ် ချန်ပီယံဆု ရရှိ ထားတာပါ။
ကိုဇော်ဇော်ဦး ဟာ ရန်ကုန်မှာ မွေးဖွားပြီး အသက် ၅ နှစ်သား အရွယ်မှာ ဖခင် ဆုံးပါးခဲ့လို့ ဆင်းရဲ ကျပ်တည်း စွာ ကြီးပြင်း ခဲ့ရပါတယ်။
အန်ဂျီအို အနေနဲ့ မြန်မာကလေးတွေကို စုစည်းပြီး လေ့ကျင့်ပေးနေသူ ဂျပန် လူမျိုး ကုလ အရာရှိဟောင်း အီဝဆခီ တိုရုစံ နဲ့ အသက် ၁၁ နှစ် မှာ တွေ့ဆုံ ကာ ဘေ့စ်ဘော ပညာကို စတင် လေ့ကျင့် ကစားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဂျပန်မှာ ကစားဖို့ ရွေးချယ်ခေါ်ယူ ခဲ့တာပါ။
DVB
From...Myanmar Latest News
No comments:
Post a Comment