*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***
Showing posts with label သုတ.၇သ.ဗဟုသုတ များ စုစည်းမှု. Show all posts
Showing posts with label သုတ.၇သ.ဗဟုသုတ များ စုစည်းမှု. Show all posts

Saturday, 20 September 2014

ကိုယ်ဝန်ဆောင် မိခင်များ သိကောင်းစရာ

Happy Mom Pregnancy Pillow's photo.
ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်တဲ့ ဗဟုသုတ များကို ဖတ်ရတာ လွယ်ကူစေရန် အတွက် တစ်စု တစ်စည်း ထဲပြန်လည်ဖော...်ပြလိုက်ပါတယ်။

(HAPPY MOM ကိုယ်ဝန်ဆောင်ခေါင်းအုံးများ အား အဆင့်မြှင့်တင် ထုတ်လုပ် ထားပြီး ၀ယ်ယူ လိုပါက 01-683372 /
09-73235636 တွင်ဆက်သွယ်ဝယ်ယူနိုင်ပါသည်။)


( ၁ ) ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုပုံစံ အိပ်ရ မှာလည်း?
( ၂ ) ကိုယ်ဝန်ဆောင် မိခင်များ သိထား သင့်သော အခြေခံ ဆောင်ရန် ရှောင်ရန် အချက် အလက်များ.....
( ၃ ) လုပ်သင့် သလား၊ မလုပ်သင့် ဘူးလား? ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ ။
( ၄ ) ကြောင်များမှ အဓိကဖြစ်ပွားသောToxoplasmosis ရောဂါ အကြောင်း သိကောင်းစရာ။
( ၅ ) ကိုယ်ဝန်ဆောင်ချိန် ကာလ အပိုင်းအခြား အလိုက် စားသုံးသင့်သည့် အကောင်းဆုံး အစား အစာများ
( ၆ ) ကိုယ်ဝန်ဆောင် မိခင်များ ညအချိန်တွင်ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေမည့် နည်းလမ်း ကောင်းများ
( ၇ ) ကလေး မီးဖွားဖို့ ဆေးရုံကို ဘာတွေယူဆောင်သွားဖို့လိုအပ်သလဲ။
( ၈ ) ကိုယ်ချစ်တဲ့သူကိုယ်ဝန်ဆောင်ရင် ကိုယ်ဘာ လုပ်ပေးရမှာလဲ။

( ၉ ) ကိုယ်ဝန်ရစေဖို့ အကူအညီဖြစ်စေမည့် နည်းလမ်းကောင်းများ။
( ၁၀ )မိခင်ကော ကလေးပါ ကျန်းမာဖို့ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကြစို့ ။
( ၁၁ ) ကိုယ်ဝန်ဆောင်များ ကျန်းမာစေရေး နည်းလမ်းကောင်းများ ။

 

Friday, 19 September 2014

မွေးကင်းစ ကလေးငယ် ကို ကြောင် တစ်ကောင်က ဆွဲလာ မှ ရပ်ကွက်နေပြည်သူများ သိရှိ


 

ရန်ကုန်၊ မဇ္ဈိမ။              ။ မွေးကင်းစ ကလေးငယ် တစ်ဦး တိုက်နောက်ဖေး လမ်းကြား အတွင်း စွန့်ပစ် ခံထားရသည် ကို ကြောင်တစ်ကောင် က ဆွဲလာသည့် အခါမှ ရပ်ကွက်နေပြည်သူများ သိရှိခဲ့ ရသည့် ဖြစ် စဉ်တစ်ခု စက်တင်ဘာ ၁၈ ရက်၊ မွန်းလွဲ တစ်နာရီဝန်းကျင်က တာမွေမြို့နယ် အတွင်း ဖြစ်ပွားခဲ့သည်။

“ကလေးက မွေးကင်းစ ပဲရှိသေးတာ။ ညကတောင် မဟုတ်ဘူး။ အခု မနက်မှ ပစ်ချ ထားတဲ့ပုံစံ။ ကလေး ကတော့ သေနေပြီ။ ဒါပေမယ့် ကလေးက အလတ်ကြီး ရှိသေးတယ်။ မပုပ်သေးဘူး” ဟု မေတ္တာညွှန့် ရပ်ကွက်၊ ကမ္မဋ္ဌာန်းလမ်း အတွင်း ထမင်းဆိုင် ဖွင့်ထားသည့် မျက်မြင် တွေ့ရှိသူ ဒေါ်ဥမ္မာကပြောသည်။


Thursday, 18 September 2014

အနက်ရောင် မိုးမျှော်ဖား

10500331_756930244350230_6794911833200536596_n

တောင်အာဖရိက တိုက်က နိုင်ငံ များမှာသာ မြင်တွေ့ရလေ့ ရှိတဲ့ ဖား တစ်မျိုး ဖြစ်ပြီး သူ့ရဲ့ အင်္ဂလိပ် အမည် ကတော့ Black rain frog ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ သလိုပဲ အသွင် အပြင် အားဖြင့် အခြား သာမန် ဖားများနဲ့ မတူပဲ မဲနက် လို့ လုံးနေ ပါတယ်။
သူတို့ကိုလည်း သာမန် အခြေအနေမှာ မြင်တွေ့ ရခဲ ပါတယ်။

မြေအောက်၊ တွင်းအောက် မှာ အနေများပြီး အပြင် ထွက်ရင်တောင် သစ်ပင် သစ်ရွက် ဖုံးအုပ် နေတဲ့ ကြားတွေထဲ မှာပဲ သွားလာ ပါတယ်။

Tuesday, 16 September 2014

လှအိုးကွဲ

ပြောရ ဦးမယ်ဗျာ ကျွန်တော်တို့ရွာက ကောင်မလေး တစ်ယောက်အကြောင်းပေါ့၊ အတင်းပြော တာတော့ မဟုတ်ရ ပါဗျာ။ စပ်မိစပ်ရာ ပြောတဲ့ သဘောပါ။
အဲဒီ ကောင်မလေး နံမည် က လှအုန်းမယ် တဲ့ ကျွန်တော်တို့ရွာမှာ တော့ သိပ်ချောတဲ့ ကောင်မလေးပေါ့ဗျာ..  ကွမ်းတောင်ကိုင်လေး ဆိုပါတော့။ ရွာက ကာလသားတွေ များ သည်းသည်းကို လှုပ်လို့။ အဲဒီ ထဲမှာ ကျွန်တော်လည်း ပါသလား ဆိုတော့ ဟဲဟဲ ဒါတော့ လှတပတ ကောင်မလေး ဘဲဗျာ မကြိုက်ဘဲ နေမလား ပါတာပေါ့ဗျ.. ဘယ်နေလိမ့်မတုန်း။
 
အဲဒီ လှအုန်းမယ်လေး က ဘယ်သူနဲ့တူသလဲဆိုတော့ ကျွန်တော်တို့ရွာ က ဗွီဒီယိုရုံမှာ ခနခန ပြတတ် တဲ့ ဟို ဗီဒီယို သမီးလေ.. ဘယ်သူပါလိမ့်.. နံမည်က ခပ်မေ့မေ့။ လှအုန်းမယ် ရဲ့ ရုပ်ရည် က အဲဒီ ရုပ်ရှင် မင်းသမီးလေးနဲ့ တူသဗျ။
 

ကုန်းနေ၊ ရေနေ ဒိုင်နိုဆော ရှာဖွေတွေ့ရှိ



ရှာဖွေ တွေ့ရှိထားတဲ့ ရာနဲ့ချီ ဒိုင်နိုဆော အမျိုးအစားတွေထဲမှာ ရေထဲနေထိုင် ကျက်စားတဲ့ ဒိုင်နိုဆော ဆိုတာ တစ်ကောင် မှ မရှိခဲ့ဖူး ပါ။ ဒါပေမဲ့ အခုတော့ နိုင်ငံတကာ သိပ္ပံပညာရှင်များ အဖွဲ့တစ်ဖွဲ့ က Spinosaurus aegyptiacus လို့ ခေါ်တဲ့ တိရိစ္ဆာန် မျိုးစိတ်တစ်ခု မှာ ပထမဆုံး ရေနေ ဒိုင်နိုဆော အမှန် တကယ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မိကျောင်းလို နှံတံငယ်လေး တစ်ခု ရှိနေပြီး ဦးခေါင်း အလယ်မှာ နှာခေါင်းငယ်လေးတွေ ရှိနေတာကြောင့် ရေတွင်ခေါင်းတစ်ပိုင်း နှစ်လျက် အလွယ်တကူ အသက်ရူနိုင်တယ် လို့ National Geographic Society မှ ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ရေးသားဖော်ပြထားပါတယ်။

Sunday, 14 September 2014

နေ မျက်နှာပြင် ပေါက်ကွဲမှုကြောင့် ရက်ပိုင်းများ အတွင်း ကမ္ဘာမြေ ကိုနေမုန်တိုင်း ရိုက်ခတ် လာမည်



နယူးယောက်၊ စက်တင်ဘာ-၁၂
နေမျက်နှာပြင်ပေါ် ၌ ဖြစ်ပေါ်နေသော ပေါက်ကွဲ မှုကြီးနှစ်ရပ်ကြောင့် အင်အား အသင့်အတင့် ရှိသည့် သို့မဟုတ် အင်အားပြင်းထန်ဖွယ် ရှိသည့် ဘူမိ သံလိုက် မုန်တိုင်း တစ်ခု လာမည့် ရက်များ အတွင်း ကမ္ဘာဂြိုဟ် ကို ရိုက်ခတ်လာမည် ဖြစ်ရာ ရေဒီယိုနှင့် ဂြိုဟ်တု ဆက်သွယ်ရေး လိုင်းများ ပြတ်တောက် သွားနိုင်ကြောင်း စက်တင်ဘာ ၁၁ ရက် သတင်းများ ၌ ဖော်ပြထားသည်။

နေ မျက်နှာပြင်ပေါက်ကွဲမှု များကြောင့် ပေါ်ထွက်လာမည့် ဘူမိ သံလိုက် စက်ကွင်း မုန်တိုင်း သည် ပြင်း အား အဆင့် ဂျီ-၂ သို့မဟုတ် ဂျီ-၃ အထိ ရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသား သမုဒ္ဒရာနှင့် လေထုလွှာ စီမံ ခန့်ခွဲရေး အေဂျင်စီ အာကာသ ရာသီဥတု ခန့်မှန်းရေးဌာနက ပြောကြားသည်။

Saturday, 13 September 2014

အဖိုးပြောသော ဆုံးမစကား





အဖိုးပြောသော ဆုံးမစကား
++++++++++++++++++
ခြံကြီးတစ်ခုထဲမှာ မြေးဖိုးလေးယောက်နေထိုင်ကြသိတဲ့။ တစ်နေ့ မှာ အဖိုးလုပ်တဲ့သူက
မြေးလေး သုံးယောက်ကို ပန်းခင်းတွေ တစ်ယောက် တစ်ခင်းကျ စိုက်ပျိုးခိုင်းပါတယ်။

မြေးလုပ်တဲ့ သူတွေကလည်း အဖိုးက ဘာလို့  ငါတို့ သုံးယောက်ကို ပန်းခင်းပျိုးခိုင်းတာ
ပါလိမ့်လို့ နားမလည်နိုင်ပဲ တစ်ယောက်တစ်ပေါက် ဝေဖန်ကြလေရဲ့။

ဒီလိုနဲ့ ကလေး သုံးယောက်ဟာ ပန်းခင်းလေးတွေကို အကောင်းဆုံးလုပ်ကြတာပေါ့ ။
အဖိုးဆီက ချီးကျူးစကားလေးကို ကြားချင်တဲ့ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်
လုပ်ကြပါတော့တယ်။

အချိန်တွေ တဖြည်းဖြည်း ကုန်လာတဲ့ အခါမှာ အဖိုးအိုက သူ့ မြေးတွေရဲ့ ပန်းခင်းတွေကို
လိုက်ကြည့်တာပေါ့။ ပန်းခန်းသုံးခင်းထဲမှာ မြေးအငယ်ဆုံးလေး လုပ်ထားတဲ့ ပန်းခင်းလေး
ဟာ အလှဆုံးဖြစ်တာ တွေ့ ရပါတယ်။

အငယ်ဆုံးမြေးလေး ပန်းခင်းဟာ အကြီးတွေရဲ့ ပန်းခင်းထက် ပိုပြီးလည်း စနစ်တကျစိုက်
ထားတယ်၊ ပိုပြီး ပန်းမျိုးစုံတယ်၊ အပွင့်တွေလည်း ငွားငွားစွင့်စွင့်နဲ့ ရှင်သန် ပွင့်ဖူးနေတာကို
တွေ့ ရပါတယ်။

အကြီးလေးနဲ့ အလတ်ကလေးရဲ့ ပန်းခြံတွေကတော့ ပန်းတွေက မညီမညာနဲ့ ပွင့်ပြီး၊ စနစ်
မကျပဲ ဟိုနားတစ်အုံ၊ ဒီနား တစ်အုံနဲ့ ဖြစ်နေတာပေါ့။

ဒီပန်းခင်း သုံးခင်းကို ကြည့်ပြီး အဖိုးအိုက မြေးသုံးယောက်ကို ဆုံးမစကား၊ မှတ်သားစရာ
စကားလေးတွေ ဆိုပါတယ်။

"ငါ့မြေးတို့ မင်းတို့ ကို ပေးထားတဲ့ အချိန်ကလည်း တူညီတယ်၊ အခွင့်ရေးလည်း အတူတူ
ပေးထားပါတယ်။ ဒါပေမယ့် မြေးငယ်လေးရဲ့ ပန်းခင်းက အကြီးနှစ်ယောက်ရဲ့ ပန်းခင်းထက်
အစစ၊ အရာရာမှာ သာနေတယ်။ အကြောင်းရင်းက ပန်းတစ်ခင်းကို စိုက်ပျိုးတဲ့အခါမှာ ပျိုး
စေ့ချ၊ ရေလောင်းပေးယုံနဲ့ မပြီးဘူးကွဲ့ ။ အမြဲတမ်းပေါင်းသင် ပေးရတယ်၊ ပိုးမွှားလေးတွေ
လည်း ဖယ်ရှားပေးရတယ်။ ဒါ့အပြင် အပင်တိုင်း ပွင့်နိုင်ဖို့ အတွက် စနစ်တကျနဲ့ အကွာအဝေး
ညီညီ စိုက်ပျိုးရတယ်။ ဒီတော့မှာ လှပပြီး ကျက်သရေရှိတဲ့ ပန်းခင်းဖြစ်လာမှာပေါ့ "

"ဘ၀မှာလည်း ဒီလိုပါပဲ၊ ကိုယ့်ကို ပျိုးထောင်တဲ့အချိန်မှာ ဒီပန်းခင်းတွေရဲ့ နမူနာကို ယူပြီး
ငါ့မြေးတို့  နေထိုင်ကြပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်း စိတ်ဓာတ်ကို မြှင့်တင်နိုင်အောင် ကြိုးစား
ကြပါ။ ဘာပဲလုပ်လုပ် စနစ်တကျ လုပ်ဆောင်ကြပါ။ မိမိရဲ့ စိတ်ကို သန့် ရှင်းအောင် တရား
ဓမ္မဆိုတဲ့ ရေအေးလေးတွေနဲ့ ပုံမှန် လောင်းချိုးကြပါ။ ဒါမှာ ကောင်းမွန်တဲ့ ဘ၀ကို ပြည့်ပြည့်
၀၀ မင်းတို့ ပိုင်ဆိုင်လာမှာပေါ့။ အဖိုးလည်း မင်းတို့ သုံးယောက်ကိုပန်းခင်းအတိုင်းပဲ မွေးမြူ
လာတာပါပဲ "

အဖိုးရဲ့ စကားအဆုံးမှာတော့ မြေးသုံးယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
ပြီး။ ခေါင်းလေးတွေ ငိုက်လိုက်ကြပါတော့တယ်။ သူတို့ ကိုယ်တိုင် စိုက်ပျိုးတဲ့ ပန်းခင်းတွေဟာ
လည်း သူတို့ ရဲ့ ဘ၀တွေအဖြစ် ပြောင်းလဲနိုင်တယ်ဆိုတာ သူတို့ နားလည်သွားကြပါတယ်။
အဖိုးရဲ့ မှတ်သားစရာ စကားတွေဟာ သူတို့ ဘ၀ရဲ့ ခွန်အားတွေ၊နည်းလမ်းကောင်းတွေဆို
သိရှိသွားကြပါတော့တယ်။

True Man

 ခြံကြီး တစ်ခုထဲမှာ မြေးအဖိုးလေးယောက်နေထိုင် ကြသတဲ့။ တစ်နေ့ မှာ အဖိုး လုပ်တဲ့ သူက မြေးလေး သုံးယောက် ကို ပန်းခင်းတွေ တစ်ယောက် တစ်ခင်း ကျ စိုက်ပျိုး ခိုင်းပါတယ်။

 မြေးလုပ်တဲ့ သူတွေ ကလည်း အဖိုးက ဘာလို့  ငါတို့ သုံးယောက်ကို ပန်းခင်း ပျိုးခိုင်းတာ ပါလိမ့် လို့ နားမလည် နိုင်ပဲ တစ်ယောက် တစ်ပေါက် ဝေဖန်ကြလေရဲ့။

ဒီလိုနဲ့ ကလေး သုံးယောက်ဟာ ပန်းခင်းလေးတွေ ကို အကောင်းဆုံး လုပ်ကြတာပေါ့ ။
အဖိုး ဆီက ချီးကျူးး စကားလေးကို ကြားချင် လို့ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်
လုပ်ကြပါတော့တယ်။



Wednesday, 10 September 2014

လှပသော ခြေထောက်ပိုင်ရှင်များ ဖြစ်လိုသူတွေ အတွက် အကောင်းဆုံး လေ့ကျင့်ခန်း

YoYarLay's photo.

ခြေထောက်တွေ အရမ်းကြီးနေလို့ သေးသွယ်လို သူများ အတွက် အကောင်းမွန် ဆုံးသော လေ့ကျင့် ခန်း တစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ဟာ အလုပ်က အပြန် အချိန် အနည်းငယ် ပေး၍ နေ့စဉ်လုပ်ဆောင်ခြင်း အားဖြင့် သိသိ သာသာ သေးသွယ် လှပမှာ ဖြစ်ပါတယ်။

ခြေထောက်တင် မဟုတ်ပါဘူး ခန္ဓာကိုယ် အတွက်ပါ ကောင်းမွန်စေသော လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပုံစံ ၇ ခု ပါဝင်ပြီး တစ်ခုစီကို စက္ကန့် ၆၀ သာ လုပ်ပေးပါ။

လိုဏ်ခေါင်းအောက်က ငါး အလှမွေးကန်

YoYarLay's photo.
 
တရုတ်နိုင်ငံ မှာ တည်ရှိတာ ဖြစ်ပါတယ်။ ၎င်း ငါးအလှ မွေးကန် ဟာ ငါးနှင့် အခြားရေသတ္တဝါ များကို လှောင်၍ ဖန်ဖြင့် ပြုလုပ်ထားသော ကန် ဖြစ်ပါတယ်။

လှိုဏ်ခေါင်း သဘောမျိုး ပြုလုပ် ထားတာ ဖြစ်ပြီး ထိုလှိုဏ်ခေါင်း အတွင်းထဲ တွင် စားသောက် ဆိုင် ကိုလည်း ထားရှိပေးထား တာ ဖြစ်ပါတယ်။

ထိုနေရာ တွင် ပွဲများပြုလုပ်နိုင်ပြီး ရေအောက် ဖျော်ဖြေမူ အစီ အစဉ် များလည်း ရှိပါတယ်။

Saturday, 6 September 2014

မြန်မာ တွင် ဘေ့စ်ဘော အားကစား ကျယ်ပြန့်အောင် လုပ်မည့် ဂျပန်ကလပ်အသင်းက မြန်မာပြည်သား

ဂျပန် နိုင်ငံ ကာဂါဝ အိုလိ ဂိုင်းနာစ် အသင်း (Kagawa olive Guyners (IL) မှာ ကစားနေ တဲ့ အသက် ၂၄ နှစ် အရွယ် မြန်မာ့ ပထမဦးဆုံး ဘေ့စ်ဘော သမား ကိုဇော်ဇော်ဦး က မိခင် အသင်း အကူအညီနဲ့ စက်တင်ဘာ ၅ ရက်နေ့ က စတင်ကာ အင်တာနက်ကနေ အလှူငွေ စတင်ကောက်ခံနေ ပါတယ်။

ဂျပန်နိုင်ငံ Kagawa olive Guyners (IL) မှာ ကစားနေတဲ့ မြန်မာ့ပထမဦးဆုံး ဘေ့စ်ဘောသမား ကိုဇော်ဇော်ဦး

ဂျပန်နိုင်ငံ Kagawa olive Guyners (IL) မှာ ကစားနေတဲ့ မြန်မာ့ပထမဦးဆုံး ဘေ့စ်ဘောသမား ကိုဇော်ဇော်ဦး
 
မိခင်နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံ မှာ ဘေ့(စ်)ဘော အားကစား သမား အယောက် ၅၀ ခန့် သာ ရှိနေသေးလို့ မြန်မာနိုင်ငံ မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ချင် တဲ့ ကိုဇော်ဇော်ဦး ရဲ့ ပြင်းပြတဲ့ ဆန္ဒကို ဂျပန် မိခင်အသင်းက ဆောင်ရွက်ပေးတာပါလို့ ပြောပါတယ်။

အလှူငွေ ကို အနည်းဆုံး ဂျပန်ယန်း ၃ ထောင်သတ်မှတ်ထားပြီး အောက်တိုဘာ လ ၁၉ ရက်နေ့ အထိ ကောက်ခံမှာပါ။ ရည်မှန်းငွေ မြန်မာငွေ သိန်း ၁၅၀ နီးပါး ဖြစ်ပါတယ်။

Monday, 1 September 2014

ဓမ္မစေတီခေါင်းလောင်း အစစ် ပဲခူး မှာတွေ့ပြီ

ဓမ္မစေတီခေါင်းလောင်းအစစ် ပဲခူးမှာတွေ့ပြီ
==== === ==== ===
ယနေ့ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ဒေါပုံမြစ်သုံးခွဆိုင်တွင် သြဂုတ်လ (၉)ရက်နေ့မှစ၍ ဆယ်ယူနေကြသည့် ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းပြောပါဆိုလျှင် ထိုနေရာတွင် ဓမ္မစေတီခေါင်းလောင်းရှိ၊ မရှိတော့မပြောနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ သမိုင်းပညာရှင် သမိုင်း သုတေသီ တယောက်မဟုတ်၍ ဖြစ်ပါသည်။

လက်တွေ့ကျကျ မွန်ဘုရင် ဓမ္မစေတီမင်းကြီး သွန်းလောင်းတော်မူခဲ့သည့် ဓမ္မစေတီခေါင်းလောင်းစစ်စစ်ကိုပြပါဆိုလျှင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် အင်္ဂါထောင့်(အရှေ့ထောင့်)ရှိ ခေါင်းလောင်းကြီးကိုပဲ ညွှန်ပြလိုပါသည်။ ထိုခေါင်းလောင်းကြီးသည် သက္ကရာဇ် ၈၃၃-ခုနှစ်တွင် ဓမ္မစေတီမင်း ဟံသာဝတီထီးနန်းကို စိုးစံပြီးနောက် သွန်းလောင်းခဲ့ကြောင်း ပဲခူးရွှေမော်ဓောသမိုင်းစာမျက်နှာများ၌ ဖော်ပြထားပါသည်။ ရွှေသာလျောင်းသမိုင်းစာအုပ်တွင် ရွှေမော်ဓောရင်ပြင်ရှိ ခေါင်းလောင်းကြီး၏ ကြေးပိဿာချိန်မှာ (၇၀၀၀)ရှိကြောင်းနှင့် ယခုဆယ်ယူနေသည့် ခေါင်းလောင်းကြီး၏ ပိဿာချိန်မှာ(၁၀၀၀၀) သာရှိကြောင်း ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။

ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းကိုပြောလျှင် ဓမ္မစေတီမင်း ဖြစ်ပေါ်လာပုံကိုလည်း သိဖို့လိုမည်ဟု ထင်ပါသည်။

ဓမ္မစေတီမင်းသည် ထိုခေတ် ဟံသာဝတီ နေပြည်တော်(ယခုပဲခူး မြို့)တွင် မွန်တိုင်းရင်းသား အဖ ဦးဗောဓိကနှင့် အမိ ရှင်မိထပ်တို့မှ သက္ကရာဇ် (၇၇၁) တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။ ငယ်မည် မင်းထန် ဖြစ်သည်။ အရွယ်ရောက်သော် သာသနာ့ဘောင်ဝင်၍ ရှင်ဓမ္မဓရဘွဲ့တော်ဖြင့် အင်းဝနေပြည်တော်သို့ စာသင်သွားသည်၊ သူနှင့်အတူ ပဲခူးပုဂံတောင်သား ရှင်ဓမ္မဉာဏလည်း အတူပါသွားသည်။

ထိုအချိန်တွင် နောင် ဟံသာဝတီဘုရင်မကြီးဖြစ်လာမည့် ဗညားထောဘွဲ့ခံ(မွန်လူမျိုးများက ရှင်စောပုကို စောပို့မယ်ဟု ခေါ်ကြသည်) ရှင်စောပုသည် အင်းဝဘုရင်၏ မိဘုရားအဖြစ် အင်းဝနေပြည်တော်သို့ ရောက်ရှိနေချိန်ဖြစ်သည်။ အင်းဝတွင် လုံးဝမပျော်ပိုက်သဖြင့် ဟံသာ ၀တီ(ပဲခူး)သား ရဟန်းနှစ်ပါးဖြစ်သည့် ရှင်ဓမ္မဓရနှင့် ရှင်ဓမ္မဉာဏတို့၏ အကူအညီဖြင့် ရှင်စောပုအား ဟံသာဝတီ(ပဲခူး)သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုအချိန်ကာလတွင် ရှင်စောပု၏အသက်သည် (၅၃)နှစ်ထဲရောက်ပြီဖြစ် သည်။ ရှင်စောပုကို ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်မင်းနှင့် မိဖုရား သုဒ္ဓမာယာတို့မှ သက္ကရာဇ် (၇၅၇)ခုနှစ်၊ တပေါင်းလဆန်း (၁၂)၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။ အသက် (၁၅)နှစ်အရွယ်တွင် ရာဇာဓိရာဇ်မင်း ၏တူတော် သမိန်စည်သူနှင့် လက်ဆက်ခဲ့သည်။ ၎င်းနှင့်သမီး သမိန်တကာတော်နှင့် နှဲတကာသင် သမီးနှစ်ဦး ဗညာဗရူခေါ် သမိန်ဗရူးသား တယောက်ဖွားမြင်သည်။ အသက် (၂၅)နှစ်တွင် သမိန်စည်သူ ကွယ်လွန်ပြီး အင်းဝဘုရင် ဆင်ဖြူရှင်၏မိဖုရားအဖြစ် အင်းဝသို့ပါသွားခြင်းဖြစ်သည်။

သို့ဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြန်ရောက်ပြီး ၈၁၄ ခုနှစ် သက်တော် (၅၃)နှစ်တွင် ဧကရီဘွဲ့ထူးခံ၍ ရှင်စောပုဘုရင်မကြီးဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဘုရင်မကြီးဖြစ်ပြီးနောက် မိမိအား အင်းဝမှကယ်တင်ခဲ့သော ရဟန်းနှစ်ပါး အနက် ရှင်ဓမ္မဓရအား လူဝတ်လဲစေကာ သမီးတော်နှဲတကာသင်နှင့် လက်ထပ်ပေးကာ ဓမ်္မစေတီဘွဲ့ထူးခံ၍ အိမ်ရှေ့ဥပရာဇာအပ်နှင်းလေ သည်။

ရှင်စောပုသည် သက္ကရာဇ် ၈၁၄ မှစတင်နန်းစံခဲ့ပြီး ၈၃၃ ခုနှစ်တွင် သမက်တော် ဓမ္မစေတီမင်းအား နန်းအပ်၍ ရန်ကုန်သို့ကြွ၍ နန်းစံလေသည်။

ဓမ္မစေတီမင်းသည် ရာမာဓိပတိဘွဲ့ခံ၍ ဟံသာဝတီပဲခူးကို အုပ်ချုပ်တော်မူသည်။

ဓမ္မစေတီဟူသည်မှာ (ဓမ္မ)ပိဋကသုံးပုံတရားအဆီအနှစ်တို့ကို သိသောကြောင့် (စေတီ)သည် လူတို့၏ ပူဇော်ရာဖြစ်၍ ဓမ္မစေတီဟုခေါ်သည်။ အဓိပ်္ပါယ်ကား ကျွန်ုပ်သည် ဘုရားရှင်ဟောကြားအပ်သော ဓမ္မပိဋက သုံးပုံ၏ တရားအဆီအနှစ်တို့ကို သိသူဖြစ်သည်။ ထို့ကြောင့် လူတို့ထက် မြတ်ကာ လူတို့၏ပူဇော်ခြင်းငှာ ထိုက်သည်။ ထို့ကြောင့် ဓမ္မစေတီဟုခေါ် ဆိုခြင်းဖြစ်သည်။

ရာမာဓိပတိဆိုသည်ကာ ကုသိမတိုင်း= ပုသိမ်+ ဥက္ကလာပတိုင်း ဟံသာဝတီ မုတ္တမတိုင်းစသည့် မွန်တိုင်းသုံးရပ်ကို တရားနှင့်အညီ အုပ်ချုပ်သောကြောင့် ရာမာဓိပတိ၊ တနည်းအားဖြင့် မွန်တိုင်းအားလုံးကို မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်သော မွန်ဘုရင်တပါးဖြစ်၍ ရာမာဓိပတိခေါ်ဆိုကြောင်း ကလျာဏီကျောက်စာအခြေပြုရေးသားသည့် ကလျာဏီသိမ်တော်ကြီးသမိုင်းတွင် ဖော်ပြထားပါသည်။

ဓမ္မစေတီမင်းသည် ဗုဒ္ဓစာပေပိဋကအရာတွင် သူမတူအောင် ကျွမ်း ကျင်တတ်မြောက်သလို အင်းအိုင်ဂါထာမန္တရားအတတ်တွေလည်း အထူး ကျွမ်းကျင်သည့် ဘုရင်တပါးဖြစ်သည်။

ယခု ရွှေမော်ဓောရင်ပြင်တော်ရှိ ခေါင်းလောင်းကြီး၏အတွင်းပိုင်းတွင် အင်းကွက်များကိုတွေ့ရသလို အပြင်ဘက်၌လည်း မွန်-မြန်မာပါဠိ စာများအပြင် ခေါင်းလောင်းအထက်ပိုင်းတွင် အင်းကွက်များကို တွေ့ရသည်။ ၎င်းခေါင်းလောင်းကြီး၏မျက်နှာဝအကျယ်သည် ၅ ပေ ၁ လက်မ ခန့်ရှိပြီး ခေါင်းလောင်းနှုတ်ခမ်းမှ အပေါ်ဆုံးချိတ်ကွင်းအထိ ၆ ပေခန့် မြင့်သည်ကို တွေ့ရှိရသည်။ ဓမ္မစေတီမင်းသည် လူတို့၏ပူဇော်ရာဆိုတာ မှန်ပေလိမ့်မည်။ အချို့သော ဘုရားဖူးလာသူများသည် ခေါင်းလောင်းကြီးအား ပူဇော်ကန်တော့ကြသည်ကိုလည်း တွေ့ရသည်။

သက္ကရာဇ် ၈၃၃ ခုနှစ်မှ သက္ကရာဇ် ၈၅၄ ခုနှစ်ထိ (၂၁)နှစ်တိုင် နန်းစံခဲ့သော ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းသည် သူနန်းတက်သည့် အချိန်မှစ၍ ခေါင်းလောင်းများစွာ သွန်းလောင်းခြင်း၊ ကျိုက်ပွန်ဘုရား၊ ရွှေဂူကြီး၊ ရွှေဂူလေးဘုရား၊ ကလျာဏီသိမ်တော်ကြီးနှင့် အခြားသိမ်များ စွာတို့ကို ဆောက်လုပ်၍ ဟံသာဝတီ၌သာ များစွာစိုးစံသည်ကိုတွေ့ရှိရ သည်။ ခေါင်းလောင်းကြီးသည် ဓမ္မစေတီနန်းတက်ပြီး သွန်းလောင်း၍ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လှူဒါန်းခဲ့သော ဓမ္မစေတီခေါင်း လောင်းအစစ်အမှန် ဖြစ်ပါသည်။

သို့ပါ၍ ရွှေတိဂုံစေတီတော်မှ ငဇင်ကာသယ်သွားသည့် ကြေးပိဿာချိန် တသိန်းရှစ်သောင်းရှိသော ခေါင်းလောင်းကြီးရှိ၏ မရှိ၏၊ ရေထဲကျ၏ မကျ၏၊ ပိဿာချိန်မှန်၏ မမှန်၏တော့ သိလည်းမသိ၍ ဝေလည်းမဝေဖန် လိုပါ။ ဝေဖန်ရန်အတွက်လည်း ဉာဏ်မရှိပါကြောင်း ရိုးသားစွာဝန်ခံပါသည်။
ယခု စာရေးသူတွေ့ရှိရသည့် ပဲခူးရွှေမော်ဓောမှ ခေါင်းလောင်းကြီး သည်ဓမ္မစေတီခေါင်းလောင်း အစစ်အမှန်ဖြစ်ကြောင်း မျက်မြင်ထင်ရှား တွေ့ရှိရ၍ ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဖြစ်ကြောင်း တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

မိုးမြင့်လွင်

MyanmarDaily.net shared News Watch(စောင့်ကြည့်သတင်းဂျာနယ်)'s photo.
August 29 at 11:24pm ·   မှကူးယူဖေါ်ပြသည် ။


ကျွန်ုပ် ဤ Post ကို တင်ပြ၇ခြင်းသည် ဟံသာဝတီ ထီးနန်းကို စိုးစံခဲ့ဖူးသည့် မွန်ဘု၇င်မကြီး ၇ှင်စောပုနှင့် ဓမ္မစေတီ မင်းကြီးတို့ ၏ သမိုင်းကြောင်း တစ်စိတ် တစ်ဒေသ တို့ကိုသာ လေ့လာဖတ်၇ှု သူတို့အား သိ၇ှိစေလိုခြင်း ဖြစ်သည် ။ 

မြန်မာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာ စတင်ေ၇ာက်၇ှိချိန်မှ စတင်၍ အုပ်ချုပ် စိုးစံခဲ့သော မြန်မာ ဗုဒ္ဓဘာသာ မင်းအဆက်ဆက် တို့သည် ဘု၇ားဆင်းတုတော်များ ၊ စေတီ ပုထိုးတော် များ ၊ ခေါင်းလောင်းတော်ပေါင်း မြောက် မြားစွာ တို့ကို အခြေအနေ အချိန်အခါ နေ၇ာဒေသ တို့နှင့် လျှော်ညီစွာ ထုဆစ် သွန်းလောင်း တည်ထား ခဲ့ကြသည့် သမိုင်း အထောက် အထား များစွာ တည်၇ှိနေ ခဲ့ ကြောင်း လေ့ လာနေသူအပေါင်း သိ၇ှိခဲ့ပြီး ဖြစ်ပါလိမ့်မည် ။

ဓမ္မစေတီ မင်းကြီးသည်လည်း ထိုကဲ့သို့ပင် ခေါင်းလောင်းတော်ပေါင်း မည်မျှ သွန်းလောင်းခဲ့ကြောင်း တိတိကျကျ  သိ၇ှိနိုင်၇န်မှာလည်း လွယ်ကူသည့် အ၇ာ မဖြစ်နိုင်ချေ ။

မည်သို့ပင်ဆိုကြစေ ၇ှာဖွေနေသမျှ ၊  တွေ့၇ှိထားသမျှ  ၊ အထောက်အထား အချက်အလက် အမွေအနှစ် အားလုံးတို့သည် မြန်မာနိုင်ငံတော်ကြီး၏ တန်ဘိုးဖြတ်မ၇နိုင်သည့် သမိုင်းကြောင်း အမွေအနှစ်များ ဖြစ်ကြောင်းကိုတော့ မည်သူမျှ ငြင်းလို့ မ၇နိုင်သည်ကတော့ သေချာပါသည် ။

ထို့ကြောင့်  MyanmarDaily.net shared News Watch (စောင့်ကြည့် သတင်းဂျာနယ်)'s photo.
August 29 at 11:24pm · မှ  
မိုးမြင့်လွင်  ကူးယူဖေါ်ပြသည့်  ဓမ္မစေတီခေါင်းလောင်း အစစ် ပဲခူး မှာတွေ့ပြီ  Post ကို ဆက်လက် ဖတ်၇ှုပေးကြပါ၇န်.....
 
                                                                                   { ၇င်ခွင်လမ်း }



ကမ္ဘာ့ ထိပ်သီး Programmer ၁၀ ယောက်

Top 10 Programmer 

Dennis MacAlistair Ritchie (C)
Bjarne Stroustrup (C++)
James Arthur Gosling (Java)
Linus Benedict Torvalds (Linux)
Anders Hejlsberg (C#)
Sir Timothy John Tim Berners-Lee (WWW)
Brain Wilson Kernighan (Unix)
Kenneth Thompson (Go Programming Language)
Guido van Rossum (Python, Google, Dropbox)
Donald Kuth (TeX)



Thursday, 21 August 2014

ချစ်သူ ကို ရိုမတ်တစ် ဆန်ဆန် ကြိုချင်ပေမယ့် တစ်ခန်းလုံး မီးလောင်သွား သတဲ့

ချစ်သူကို ရိုမတ်တစ်ဆန်ဆန် ကြိုချင်ပေမယ့် တစ်ခန်းလုံး မီးလောင်သွားသတဲ့ 

ကနေဒါနိုင်ငံက Chatham-Kent မြို့ငယ်လေးမှာ ဖြစ်ပါတယ်။ တစ်လကြာ ခရီးသွားပြီးမှ Jana လို့အမည်ရတဲ့ ချစ်သူမလေးဟာ သူမရဲ့ အိမ်ကို ပြန်ရောက်မှာပါ။ ဒီတော့ ဒါကို romantic ဆန်ဆန် ကြိုဆိုချင်တဲ့ ချစ်သူ ဖြစ်သူက သူမရဲ့ အခန်းကို သေချာ ပြင်ဆင်ပါတော့တယ်။

အရုပ်ကလေး ဝယ်ထားထားတယ်။ ဝိုင်ပုလင်း၊ ပန်းစီးနဲ့ ကြမ်းပြင်မှာ ဆီးမီးခွက်များနဲ့ စိတ်ကြိုက်ဖန်တီးပါတော့တယ်။ ဆီမီးနဲ့ အသဲပုံ ပုံစံ အပြင် သူမ ချစ်သူ အမည် Jana ကိုပါ ရေးထိုးထားပါတယ်။ ပြင်ဆင်မှုအပြီးမှာပဲ ဆီမီးခွက် မှောက်လို့ မီးလောင်မှု စတင်ပါတော့တယ်။ အခန်းက အပိုင် မဟုတ်ပဲ ငှားရမ်းထားခြင်း ဖြစ်ပး သူမတို့ နောက်ထပ် အခန်း တစ်ခုကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ လောင်ကျွမ်းသွားတဲ့ အခန်းအတွက်လည်း လျော်ကြေးပေးရအုံးမှာ ဖြစ်ပါတယ်။ ကံကောင်းတာ ကတော့ သူရဲ့ ချစ်သူ Jana စိတ်မဆိုးခဲ့ ပါဘူး။ 

တစ်ခန်းလုံး ရစရာမရှိအောင် အားလုံး လောင်ကျွမ်းသွားပါတယ်။ အခန်းတွင်း ဖယောင်းတိုင်နဲ့ ဆီမီး အသုံးပြုမှုများက မီးလောင်မှုကို လွယ်တကူ ဖြစ်စေကြောင်း သတိပြုစေခဲ့ ပါတယ်။ 
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

.


ကနေဒါနိုင်ငံ က Chatham-Kent မြို့ငယ်လေး မှာ ဖြစ်ပါတယ် ။ တစ်လကြာ ခရီးသွားပြီး မှ Jana လို့ အမည် ရတဲ့ ချစ်သူ မလေးဟာ သူမ ရဲ့ အိမ်ကို ပြန်ရောက် မှာပါ။ ဒီတော့ ဒါကို romantic ဆန်ဆန် ကြိုဆို ချင်တဲ့ ချစ်သူ ဖြစ်သူ က သူမရဲ့ အခန်း ကို သေချာ ပြင်ဆင်ပါတော့တယ်။

အရုပ် ကလေး ဝယ်ထားတယ်။ ဝိုင် ပုလင်း၊ ပန်းစီး နဲ့ ကြမ်းပြင် မှာ ဆီးမီးခွက် များနဲ့ စိတ်ကြိုက် ဖန်တီး ပါတော့တယ်။ ဆီမီး နဲ့ အသဲပုံ ပုံစံ အပြင် သူမ ချစ်သူ အမည် Jana ကိုပါ ရေးထိုးထား ပါတယ်။

 ပြင်ဆင်မှု အပြီး မှာပဲ ဆီမီးခွက် မှောက် လို့ မီးလောင်မှု စတင် ပါတော့တယ်။ အခန်း က အပိုင် မဟုတ်ပဲ ငှားရမ်း ထားခြင်း ဖြစ်ပြီး သူမတို့ နောက်ထပ် အခန်း တစ်ခုကို ရှာဖွေရတော့ မှာ ဖြစ်ပါတယ်။

SoyAi ပဲနို့ ရဲ့ မြန်မာပြည် ဆင်းရဲနွမ်းပါး ကလေးငယ် တို့အတွက် လူမှုရေး လှုပ်ရှားမှု

SoyAi ပဲနို့ရဲ့ မြန်မာပြည် ဆင်းရဲနွမ်းပါး ကလေးငယ်တို့အတွက် လူမှုရေးလှုပ်ရှားမှု 

မိဘမ့ ကလေးငယ်နဲ့ ဆင်းရဲသားများကို ကူညီပံ့ပိုးဖို့ ရည်ရွယ်ပြီး တည်ထောင်တဲ့ SoyAi ပဲနို့ နှင့်ပဲပိစပ် လုပ်ငန်းနဲ့ စွန့်ဦးတီထွင်သူ Eileen Lui အကြောင်းကို ရိုးရာလေးမှာ ဖော်ပြခဲ့ဖူးပါတယ်။ http://goo.gl/c4GtSB

စေတနာ မှန်ရင် ကံအကျိုးပေးသန်တယ်ဆိုတာ တကယ်အမှန်ပါပဲ။ ပြီးခဲ့တဲ့ စနေနေ့က SoyAi ဟာ #WeWantABetterTomorrow နဲ့ #IWantABetterTomorrow ဆိုတဲ့ Online Hash Tag Campaign ကို စတင်ဖို့ မိတ်ဆက်ခဲ့ ပါတယ်။ ယင်း Hash Tag များဖြင့် ရေးတင်ထားတဲ့ Facebook က Status နဲ့ ဓာတ်ပုံများက မြန်မာပြည်ရှိ ဆင်းရဲ နွမ်းပါး ကလေးငယ်များကို ကူညီ၊ အားပေးနေမှုကို သက်ရောက်စေရန်ဖြစ်ကြောင်း ဆိုပါတယ်။ ယင်းအတွက် မြန်မာပြည်က နာမည်ကျော် ပြည်သူချစ် အနုပညာရှင်များစွာလည်း ပါဝင်ပြီး ကူညီပေးလျက် ရှိပါတယ်။ဒ့ါအပြင် သူမတို့ လုပ်ငန်းအတွက် အခြားသော စီးပွားရေး လုပ်ငန်းကြီး အချို့ကလည်း ကူညီပေးမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။  မြန်မာနိုင်ငံသား မဟုတ်ပေမယ့် မလေးရှားကနေ မြန်မာပြည်ကို လာရောက်ပြီး လူငယ်တွေ မိဘမဲ့ ကလေးတွေ ဘယ်သူ့ကိုမှ မမှီခိုမမှီကပ်ပဲ ကိုယ့်ခြေကိုယ့်လက်နဲ့ ကြိုးစားရပ်တည် ရုန်းကန်နိုင်အောင် ဦးဆောင်လမ်းပြနေခြင်း ဖြစ်ပါတယ်။ မြန်မာတစ်ပြည်လုံးရှိ ကလေးငယ်များ၊ ဆင်းရဲနွမ်းပါးသူများ၊ မိဘမဲ့များ အားလုံးကို ရရှိတဲ့ ငွေကြေး များကို လှူဒါန်းထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ 

သူမတို့ဟာ အရွယ်ရောက်ပြီး လူငယ်တွေနဲ့ လက်တွဲလို့ SoyAi အမည်ရ ပဲနို့ကို ဖြန့်ချိ ရေင်းချ နေပါတယ်။ ပဲနို့ရရှိနိုင်မယ့် ဆိုင်နေရာ နဲ့ အသေးစိတ် အချက်အလက် တို့ကို www.facebook.com/cotyouthcentre မှာ ဝင်လေ့လာနိုင်ပါတယ်။ မိမိတို့အမည်ရေထိုးထားတဲ့ ပဲနို့ဗူးများကို ဝယ်ယူလို့ Campaign အတွက် မိမိတို့ ပုံတင်ခြင်း Hash tag ရေးသားခြင်းဖြင့် ပါဝင်ကူညီ နိုင်ကြောင်း သိရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

.

မိဘမဲ့ ကလေးငယ် နဲ့ ဆင်းရဲသား များကို ကူညီ ပံ့ပိုးဖို့ ရည်ရွယ်ပြီး တည်ထောင် တဲ့ SoyAi ပဲနို့ နှင့် ပဲပိစပ် လုပ်ငန်း နဲ့ စွန့်ဦး တီထွင်သူ Eileen Lui အကြောင်း ကို ရိုးရာလေးမှာ ဖော်ပြခဲ့ဖူး ပါတယ်။ http://goo.gl/c4GtSB
ေ
စေတနာ မှန်ရင် ကံ အကျိုးပေး သန်တယ်ဆိုတာ တကယ် အမှန် ပါပဲ။ ပြီးခဲ့တဲ့ စနေနေ့ က SoyAi ဟာ ‪#‎WeWantABetterTomorrow‬ နဲ့ ‪#‎IWantABetterTomorrow‬ ဆို တဲ့ Online Hash Tag Campaign ကို စတင် ဖို့ မိတ်ဆက်ခဲ့ ပါတယ်။ 

 ယင်း Hash Tag များဖြင့် ရေးတင် ထားတဲ့ Facebook က Status နဲ့ ဓာတ်ပုံ များက မြန်မာပြည်ရှိ ဆင်းရဲ နွမ်းပါး ကလေးငယ် များကို ကူညီ၊ အားပေးနေမှု ကို သက်ရောက်စေ ရန်ဖြစ်ကြောင်း ဆိုပါတယ်။ 

ငါးမန်း ကြောင့်လည်း အင်တာနက်လိုင်း ကျတတ်သည်

ငါးမန်းကြောင့်လည်း အင်တာနက်လိုင်း ကျတတ်သည် 

ဗြိတိန်နိုင်ငံရဲ့ ပင်လယ်ရေပိုင်နက်မှာ တွေ့ရှိခဲ့တဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ ငါးမန်းဖြူမျိုး မှ တစ်ကောင်ဟာ ပင်လယ်ရေအောက် အင်တာနက် ဖိုက်ဘာ ကေဘယ်ကို ကိုက်ဖြတ်နေခြင်း ဖြစ်ပြီး ငါးမန်းဟာလည်း အင်တာနက် လိုင်း ပျက်ရတဲ့ တရားခံများထဲမှာ တစ်မျိုး အဖြစ် ပါဝင်လာခြင်း ဖြစ်ပါတယ်။ 

Google ရဲ့ ရေအောက်  အင်တာနက် ဆက်သွယ်ရေး ကြိုးကို ကိုက်ဖြတ်ခြင်း ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်တုန်းကလည်း ယင်းကဲ့သို့ အလားတူ ဖြစ်ရပ်ကြုံတွေ့ခဲ့ဖူးပြီး အင်တာနက်လိုင်း ပြတ်ခဲ့ကြ ပါတယ်။ အဲ့တုန်းက ငါးမန်းကို ကိုက်ဖြတ်ခြင်း ဖြစ်ကြောင်း ပြောဆိုပေမယ့် ဒါကို လက်မခံတဲ့ သူများလည်း ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယခုတော့ ရေအောက် ကင်မရာများ ထားရှိပြီ ဖြစ်တာကြောင့် ငါးမန်းက ကိုက်ဖြတ်တယ် ဆိုတာကို ဗီဒီယို မှတ်တမ်းနဲ့ လွယ်တကူ သိရှိနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ 

ရေအောက် ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းများနဲ့ ကမ္ဘာတစ်ဝန်း အင်တာနက် ရရှိဖို့ ပြုလုပ်ကြခြင်း ဖြစ်ပြီး  ဒီအတွက် ကုန်ကျစရိတ်လည်း မနည်း ပါဘူး။ အသားလို အနံ့လည်းမရတဲ့ ကြိုးကို ကိုက်ဖြတ်ပြီး လူတွကို ဒုက္ခပေးရလောက်အောင် ငါးမန်းတို့ ဥာဏ်ပြေးနေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ ပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
.


ဗြိတိန်နိုင်ငံ ရဲ့ ပင်လယ်ရေပိုင်နက် မှာ တွေ့ရှိ ခဲ့တဲ့ မှတ်တမ်း တစ်ခု ဖြစ်ပါတယ်။ ငါးမန်းဖြူ  မျိုး မှ တစ်ကောင် ဟာ ပင်လယ်ရေအောက် အင်တာနက် ဖိုက်ဘာ ကေဘယ် ကို ကိုက်ဖြတ်နေခြင်း ဖြစ်ပြီး ငါးမန်း ဟာလည်း အင်တာနက် လိုင်း ပျက် ရတဲ့ တရားခံများ ထဲမှာ တစ်မျိုး အဖြစ် ပါဝင် လာခြင်း ဖြစ် ပါတယ်။ 

Google ရဲ့ ရေအောက် အင်တာနက် ဆက်သွယ်ရေး ကြိုး ကို ကိုက်ဖြတ်ခြင်း ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ် တုန်း ကလည်း ယင်း ကဲ့သို့ အလားတူ ဖြစ်ရပ်ကြုံတွေ့ခဲ့ ဖူးပြီး အင်တာနက် လိုင်း ပြတ်ခဲ့ကြ ပါတယ်။ အဲ့ဒီ တုန်းက ငါးမန်းကို ကိုက်ဖြတ်ခြင်း ဖြစ်ကြောင်း ပြောဆိုပေမယ့် ဒါကို လက်မခံ တဲ့ သူများလည်း ရှိ ခဲ့ခြင်း ဖြစ် ပါတယ်။ 

တိုက်တန်းနစ် သင်္ဘော နစ်မြုပ် ရခြင်း

YoYarLay's photo.

(၁၉၁၂)ခုနှစ် ဧပြီ (၁၅) ရက် က နှစ်မြုပ် ခဲ့တဲ့ တိုက်တန်းနစ် သင်္ဘော ဟာ (၁၉၉၇)ခုနှစ် မှာတော့ ကနေဒါနိုင်ငံ သား ဒါရိုက်တာ ဂျိမ်းကင်မရွန် ရိုက်ကူး တဲ့ တိုက်တန်းနစ် သင်္ဘော ဇာတ်လမ်းနဲ့ အတူ တစ်ကျော့ပြန် ရေပန်းစား ခဲ့ပါတယ်။ 

လူ ၁၅၁၇ ဦး သေဆုံး ခဲ့ရတဲ့ တိုက်တန်းနစ် သင်္ဘောနစ်မြုပ်မှု ဟာ အသေ အပျောက် အများဆုံး သင်္ဘောနစ်မြုပ် မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ (၁၀၂)နှစ် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တိုက်တန်းနစ် သင်္ဘော နစ်မြုပ်မှု အကြောင်း အဖြေရှာကြရာ မှာ ကပ္ပတိန် အီး၊ ဂျေ၊ စမစ် နဲ့ သင်္ဘောသားတွေ အမှားကြောင့် လို့ ဆိုသူက ဆို၊ အတ္တလန်တိတ် သမုဒ္ဒရာ မှာ အခါ မတော်ပေါ် လာတဲ့ ရေခဲတုံးကြီးကြောင့်လို့ ပြောသူ ကပြော
အမျိုး မျိုး အဖုံဖုံ စုံခဲ့ကြပါတယ်။


မကောင်းတဲ့ အတိတ်နမိတ်ဖြစ်စေတယ် လို့ဆိုကာ သားဖြစ်သူကို မီးရှို့


လူ့ သဘာဝ အရ တစ်ခါတစ်ရံ မှာ အယူအဆ လွဲမှားမှု အစွဲတွေ ရှိတတ်ကြပါတယ်။ ကိုယ် ယုံကြည် ကိုးကွယ် တဲ့ ဘာသာတရား ၊ အယူအဆတွေ ကို တရားလွန်ဖြစ် လာတဲ့ အထိ ဆိုရင်တော့ ကိုယ် တိုင်ကော ၊ ကိုယ့် ပတ်ဝန်းကျင် ကိုကော ထိခိုက်လာစေနိုင်ပါတယ်။ 

တ ကယ်ဆို ရင် တရားနည်းလမ်း ကျကျတွေးမယ် ဆိုရင် ကိုယ်လုပ်ရင် ကိုယ်ခံ ရမယ်၊ အ ကြောင်းရှိလို့ အကျိုးဖြစ်တယ် လို့ပါပဲ။

နိုင်ဂျီးရီးယား က မိဘနှစ်ဦး က သူတို့ရဲ့ အသက် ၁၁ နှစ် အရွယ်သားဖြစ်သူကို မကောင်း တဲ့ ပယောဂ သယ်ဆောင် လာသူ၊ စွမ်းအားရှင် လို့ယူဆပြီး မီးထဲမှာ အချိန်ကြာကြာ မီး တောက် ထဲမှာ ထိုင်နေခိုင်း ခဲ့တဲ့ အတွက် အာဏာပိုင်တို့ က လူသတ်မှု ကျူးး လွန်ရန် ကြံစည်မှုဖြင့် ဖမ်းဆီး စစ်ဆေး အရေးယူ ထားကြောင်း သိရ ပါတယ်။


Sunday, 17 August 2014

၁၂ နှစ် အရွယ် သား နဲ့ လိင်ဆက်ဆံသူ မိခင် ထောင်ကျ

 
 
သူမ ရဲ့ အဖေါ်က အင်တာနက် ကင်မရာပေါ် ကနေ ညွှန်ကြားကြည့်ရှုနေချိန် မှာ ၁၂ နှစ် အရွယ် သားနဲ့ လိင်ဆက်ဆံ ခဲ့တဲ့ မိခင် တစ်ဦးထောင်ဒဏ် ကျခံ ခဲ့ရပါတယ်။

သူမရဲ့ သားကို အိပ်ရာ ထဲ လိင်ပိုင်း ဆိုင်ရာ အလွဲ သုံးမှုပြုလုပ်နေချိန် မှာ သူမ က နားကြပ် ကို တပ်ဆင် ထားပြီး သူမ ရဲ့ချစ်သူ က အင်တာနက် နဲ့ နိုင်ငံရပ်ခြား အဝေးတစ်နေရာ ကနေ ကြည့်ရှုနေတာဖြစ်ပါတယ်။

သူ့ကို မိခင်ဖြစ်သူ က လိင် သင်ခန်းစာပေးနေချိန် မှာ သူ့အမေ ကို ဘယ်လို လုပ်ရမလဲညွှန်ကြားနေ တဲ့ အသံ ကို ကြားခဲ့ ရတဲ့အကြောင်း အဲဒီ့ကောင်လေးက ရဲကိုပြောပြပါတယ်။

Saturday, 16 August 2014

ဓမ္မစေတီခေါင်းလောင်းကြီး (သို့) အဖိုး မဖြတ်နိုင်သော ဆုံးရှုံးနေသော အမွေ


ဓမ္မစေတီခေါင်း လောင်းကြီးမှာ ကမ္ဘာပေါ် တွင် အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး ဖြစ်ပြီး ၁၄ ရာစု တွင် မွန်ဘုရင် ဓမ္မစေတီမင်း မှ ရွှေတိဂုံ ဘုရားသို့ သွန်းလုပ် လှူဒါန်း ခဲ့သည်။ 


၁၆ ရာစု တွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာ မှ ခေါင်းလောင်းကြီး ကို ရွှေတိဂုံ ဘုရား ကုန်းတော်ပေါ် မှ အဓမ္မ ယူငင် သွားပြီးနောက် ဖောင်ဖြင့် သယ်ယူ ရန် ကြိုးစား စဉ် ရန်ကုန်မြို့နှင့် သံလျှင်မြို့ အကြား မြစ်သုံးခု ဆုံရာ နေရာ တွင် နစ်မြုပ် သွားခဲ့သည်။ 

၎င်းခေါင်းလောင်းတော်ကြီး မှာ ယခု ထက်တိုင် မြစ်အောက် တွင် နစ်မြုပ်နေဆဲ ဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်း မှုများ မှာ အောင်မြင်ခြင်း မရှိသေးပေ။


ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတိ္တ ရုပ်ရှင် ကို ကြိုဆိုပါသည်



 
မြန်မာပြည်သူပြည်သား အားလုံး က စိတ်ဝင် တစားဖြစ်နေသော ဗိုလ်ချုပ် အောင်ဆန်း အတ္တူပ္ပတိ္တ ရုပ်ရှင် ဇာတ်ကား ကြီးကို  ရိုက်ကူးတော့မည် ဆိုသော သတင်း ကို ကြားသိရသော အခါ ၀မ်းသာကြည်နူး ရပါ သည်။
 
 ဟောလီဝုဒ် ၌ ရုပ်ရှင် အကယ်ဒမီ ဆုများ ရရှိခဲ့သော အိနိ္ဒယခေါင်းဆောင် မျိုးချစ် ပုဂ်္ဂိုလ်ကြီး “မဟတ္တမ ဂနီ်္ဓ ရုပ်ရှင် ကားကြီးထွက်ပေါ် လာခဲ့စဉ် ကလည်းကောင်း၊ အိနိ္ဒယနိုင်ငံ မှ ရိုက်ကူးသော “ ချန်ဒရာဘို့” ရုပ်ရှင် ကားကြီး ထွက်ပေါ်လာစဉ် ကလည်း ကောင်း၊ ကျူးဘားတော်လှန်ရေး သမား ကြီး“ချီဗွေဗားရား”ရုပ်ရှင် ကားကြီး ကို ကြည့်ခဲ့ ရစဉ် ကလည်းကောင်း အံ့သြခြင်း များစွာဖြစ်ခဲ့ ရသည်။