*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday, 1 September 2014

သင်းချိုင်းစောင့် နှင့် အင်တာဗျူးး


 ****** သင်းချိုင်းစောင့် နှင့် အင်တာဗျူး********

သုသာန်တာဝန်ခံ အဖြစ် ၁၉ နှစ်ကြာ တာဝန်ထမ်းဆောင်လာခဲ့သည့်သက်တမ်းတစ်လျှောက်တွင် ၀ိညာဉ်လောကနှင့် ပတ်သက်၍၀င်ရောက်ပူးကပ်ခြင်း 

ဖြစ်ရပ်တစ်ခုကိုသာရှေ့မှောက်မှာကြုံတွေ့
ခဲ့ရသည်ဟု ဦးလှကြည်ကပြောပါသည်။

ယမကာသမားတစ်ဦး၏အလောင်းကို မြေချရန်လာရောက်ကြသည့်လူအုပ်စုအတွင်းမှ အမျိုးသ
မီးတစ်ဦးကို ထိုယမကာသမား၏ ၀ိညာဉ်က ၀င်ရောက်ပူးကပ်ခြင်းဖြစ်ပြီး မျက်နှာ အမူအရာနှင့်
အသံပါ ပြောင်းလဲသွားကာ အရက်တိုက်ရန် တောင်းဆိုခြင်း ဖြစ်သည်ဟုဆိုသည်။

“အလောင်းတောင် ကားပေါ်ကမချရသေးဘူး။ ၀င်ပူးတာ။ အရက်တိုက်ပါဆိုတဲ့အသံက သေသွားတဲ့လူရဲ့အသံနဲ့။ ပါးစပ်ထဲကိုအရက်ထည့်ပေးလိုက်မှ ထွက်
သွားတယ်”ဟု ဦးလှကြည်ကရှင်းပြသည်။ သို့သော် ထိုဖြစ်ရပ်ကသူနှင့် ခပ်လှမ်းလှမ်းတွင် ဖြစ်ပွား
ခဲ့ခြင်းဖြစ်ပြီး သူရောက်ရှိသွားသောအခါ ပူးကပ်ခြင်းမရှိတော့ပေ။

ဦးလှကြည်က ပဲခူးမြို့မှ ဖားကန်သုသာန်တွင် တာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ယခင်
က စည်ပင်၊ သန့်ရှင်းရေးဌာနတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး တာဝန်အရ သုသာန်သို့ ပြောင်းရွှေ့လာ
ရခြင်းပင် ဦးလှကြည်နှင့်အတူ ဇနီးသည်ကလည်း အလောင်းထည့်သည့်ပျဉ်ခေါင်းများပြုလုပ်ကာ
ရောင်းချသည့်အလုပ်ဖြင့် စားသောက်ကြရသည်။

သုသာန်မြေအတွင်းမှ အိမ်လေးတစ်လုံးတွင် နေထိုင်ကြသော်လည်း သူတို့မိသားစုမှာကြောက်ရွံ့
ခြင်းမရှိ။ နာနာဘာဝဖြစ်ရပ်များကို ယုံကြည်သော်လည်း တစ်ကြိမ်တစ်ခါမှ ကိုယ်တိုင်ကြုံတွေ့ဖူး
ခြင်းမရှိသဖြင့် ထူးခြားစွာကြောက်လန့် ခြင်းမဖြစ်ကြောင်း သူတို့ကဆိုကြသည်။

“ဒီကို စရောက်ကတည်းက သုသာန်ထဲမှာ ပြောထားတယ်။ အသင်တို့ကိုမနှောင့်ယှက်ပါဘူး။ ကျွန်ုပ်ကိုလည်း မနှောင့်ယှက်ပါနဲ့။ တာဝန်အရ လာရတာပါဆိုပြီး ဗုဒ္ဓဘာသာရဲ့ 

စာပေတွေအရ၊ ကျွန်တော့်ဖြတ်သန်းမှုတွေအရ မယုံလို့မရပါဘူး။ အရင်ကဆို ဒီသုသာန်က ကြမ်းတယ်လို့နာမည်
ကြီးတယ်။ အခုနောက်ပိုင်း စည်ပင်ကကိုင်တော့ နိုင်ငံတော် အာဏာနဲ့ ကိုင်ထားတာပေါ့” ဟု ဦး
လှကြည်က သူနေထိုင်ရပုံကို ရှင်းပြသည်။

မြန်မာ့ရှေးရိုးစွဲအယူအဆအရ သချုင်းဆိုလျှင် မဖဲဝါပိုင်ဆိုင်သည်ဟု အယူအစွဲရှိပြီး ပိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်များ၊ အပင်စောင့်နတ်များ၊ နာနာဘာဝဇာတ်လမ်းများက သုသာန်တိုင်းတွင် 

ရှိနေခဲ့သည်။
သုသာန်တာဝန်ခံများကတော့ ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်းတို့နှင့်သာ ပြေလည်အောင် နေထိုင်
ကြသည်ဟု ဆိုကြပါသည်။

“ဒီသုသာန်ထဲက ညောင်ကြတ်ပင်ကြီးဆိုရင် ဘုန်းကြီး ဖြတ်လျှောက်ရင်တောင် ခဲနဲ့ပေါက်တာ။ တစ်ခါတုန်းက ကောင်မလေးတစ်ယောက် ဗီဒီယိုကြည့်ပြီးအပြန် 

အပင်အောက်အပေါ့သွားမိတာ
ပြန်ထလို့ကိုမရတော့ဘူး။ လက်ဖက်နဲ့ကွမ်းနဲ့ တောင်းပန်ခဲ့ရတယ်။

သရဲမရှိဘူးလို့ ပြောလို့မရပါဘူး။ မြင်တော့မမြင်ရဘူး။ ဒါပေမဲ့ တိုက်ဆိုင်မှုတွေ များလာတော့ မ
ယုံလို့မရဘူးဖြစ်နေတယ်”ဟု ပဲခူးမြို့၊ ဖောင်တော်ဦးသုသာန်မှ အသက် ၅၈ နှစ်အရွယ်တာဝန်ခံ ဦးအုန်းလှိုင် ကဆိုသည်။

ဦးအုန်းလှိုင်ထံတွင် ကျင်းတူးခြင်း၊ အခေါင်းစပ်ခြင်းတို့ကို လုပ်ကိုင်နေသည့် ၂၃ နှစ်အရွယ် လူ
ငယ်တစ်ဦးကတော့ “သရဲ ဆိုတာ မမြင်ဖူးတော့ ယုံချင်စိတ်လည်းမရှိဘူး” ဟု ပြောလာသည်။

သန်လျင်၊ ပျဉ်ထောင်ကျောင်းသုသာန်မှ ကျင်းတူးသမား တစ်ဦးကလည်း “အယုံအကြည်မရှိဘူး
လည်း မဟုတ်ဘူး။ ခြောက်တာတွေတော့ ရှိတယ်။ ကိုယ်တိုင်တော့မကြုံဖူးဘူး” ဟု ပြောသည်။

သုသာန်အပြောင်းအရွှေ့များတွင် ၀ိညာဉ်များကို ကားဖြင့်သယ်ဆောင်ခြင်း၊ ကားနောက်တွင် မ
မြင်ရသည့် အလေးချိန်များ ပြည့်နေသည့်အတွက် ကားထွက်မရခြင်း၊ အစိုးရအာဏာဖြင့် အမိန့်
ပေးရခြင်းစသည့် ဖြစ်ရပ်များကတော့ နယ်များမှာသာမက မြို့ကြီးများမှာပင် နာမည်ကျော်ကြား
နေဆဲဖြစ်သည်။

ခြောက်လှန့်ပူးကပ်ခြင်း၊ ထန်းသီးခန့်ကြီးသည့်မျက်လုံးနှင့် ထန်းပင်ခန့်ရှည်သည့်အရပ်ကြီးနှင့်သ
ရဲ၊ ကိုယ်ထင်ပြသည့် ဒေါ်ကုလားမသရဲ၊ လမ်းတွင် ဆိုင်ကယ်ပေါ်တက်လိုက်လာသည့် ဆံနီမသ
ရဲ အုတ်ခုံမှာ ထိုင်နေသည့်သရဲမကြီးနှစ်ဦးစသည့် ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းများက သုသာန်
တွေမှာ နာမည်ကြီးစမြဲဖြစ်သည်။

ထိုသို့ နာနာဘာဝ ခြောက်လှန့်ခြင်းများကို ပြောပြသူတို့ကလည်း ကိုယ်တိုင်ကြုံတွေ့ခြင်း မဟုတ်
ဘဲ တစ်ဆင့်စကားဖြင့် ပြန်ပြောသည်က များကြလေသည်။

သုသာန်တွင် နေ့ရောညပါ နေထိုင်လုပ်ကိုင်နေကြသူများကတော့ သရဲတစ္ဆေခြောက်လှန့် ခြင်းကို တစ်ကြိမ်တစ်ခါမှ မကြုံ တွေ့ခဲ့ကြရကြောင်း တညီတညွတ်တည်း ပြောကြပါသည်။

“ကိုယ့်ကိုအရိပ်အယောင်ပြ ခြောက်လှန့်ဖို့နေနေသာသာ သူတောင်မှပဲ နာရီဝက်လောက်မှာ ပြာ
ဘ၀ ရောက်သွားတာ။ ဒီလိုအယူတွေက မရှိတာကောင်းပါတယ်”ဟု ရန်ကုန်မြို့ ရေဝေးသုသာန်
မှ မီးသင်္ဂြိုဟ်ပေးနေသည့် စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။ ၅၁ နှစ်အရွယ် ဦးလှကြည်က
လည်း “နောက်ဆုံးတော့ စိတ်ပါပဲ” ဟု ဆိုပါသည်။

သုသာန်တာဝန်ခံများသည် သုဘရာဇာ ၀တ္ထုများနှင့် ဗီဒီယိုဇာတ်လမ်းများထဲမှ အရက်သေစာ
သောက်စားခြင်း၊ ရုပ်ရည်ကြမ်းတမ်းခြင်းစသည့် ပုံရိပ်များ မဟုတ်ကြပါ။ ယနေ့ခေတ် သုသာန်
တာဝန်ခံများသည်အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်ရုံသာမက သူတို့၏လက်အောက်
မှ ကျင်းတူးသူ၊ အခေါင်းစပ်သူတို့ကိုလည်း သောက်စားမူးယစ်ခြင်း တားမြစ်ထားကြသည်။

“လူတွေက ကိုယ့်အပူနဲ့ ကိုယ်လာကြတာ ကိုယ်ကမူးယစ်နေပြီး အမှားလုပ်မိရင် သူတို့တွေပိုပြီး
စိတ်မကောင်း ဖြစ်ရမှာပေါ့”ဟု သန်လျင်မြို့နယ် ပျဉ်ထောင်ကျောင်းသုသာန်မှ ကျင်းတူးသမား ကိုသန့်စင်က ပြောသည်။

သုသာန်တွင် ကျင်းတူးသည့်သူကို ရှာဖွေရသည်ကလည်း အလုပ်တစ်ခုဖြစ်သည်။ သုဘရာဇာဆိုသည့်စကားနှင့် သိက္ခာကျသည်ဟု သတ်မှတ်ထားသည့် ပတ်ဝန်းကျင်တို့ကြောင့်
မြေကျင်းတူးသည့် အလုပ်ကို လုပ်ကိုင်မည့်သူ ရှားပါးခြင်းဖြစ်သည်။

သုသာန်တာဝန်ခံများသည် အလောင်းမြှုပ်နှံခြင်းကိစ္စရပ်များကို ကူညီရုံသာမက အခေါင်းစပ်ခြင်း၊ မှတ်တိုင်ပြုလုပ်ခြင်း၊ အုတ်ဂူဆောက်ပေးခြင်းတို့ကိုပါ ဆောင်ရွက်ကြသည်ကို 

တွေ့ရသည်။

အလောင်းမြှုပ်နှံရန်ကျင်းတစ်ကျင်းတူးလျှင် ကျင်းတူးသမားကိုငွေလေးထောင်ခန့်ပေးရသည်။ သစ်သားအခေါင်းတစ်လုံးရောင်းချရပါက အမြတ်ငွေနှစ်ထောင်ကျပ်ခန့် ကျန်ကြသည်။
တာဝန်ခံတစ်ဦး၏ လစာမှာ ခုနစ်သောင်းကျပ်ခန့်သာ ဖြစ်သည်။

ထိုဝင်ငွေများနှင့်ပင် သုသာန်အတွင်း နေထိုင်ကြသည့် မိသားစု၏ စားဝတ်နေရေးကို ဖြေရှင်းကြ
ရသည်။ ဖားကန်သုသာန်မှ ဦးလှကြည်၏ သမီးနှစ်ဦးမှာ ဘွဲ့ရပညာတတ်များဖြစ်ပြီး တစ်ဦးက ပရဟိတလုပ်ငန်းများတွင် ကွန်ပျူတာဆရာမအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ဖောင်တော်ဦး သုသာန်မှ ဦးအုန်းလှိုင်၏သားသမီးများနှင့် မြေးမြစ်များကတော့ သူ၏လုပ်ငန်းကို ၀င်ရောက်ကူညီလုပ်ကိုင်နေကြသည်ကို တွေ့ရသည်။ နိမ့်ကျသည့် အလုပ်ဟု 

ပတ်ဝန်းကျင်က
သတ်မှတ်ထားကြသော်လည်း သူတို့ဝမ်းမနည်းပါ။ သမ္မာအာဇီဝ အလုပ်ဖြစ်၍ မြတ်သည်ဟုသာ ခံယူထားကြသည်ကို တွေ့ရသည်။ သုသာန်တာဝန်ခံ 

မိသားစုကိုအနီးအနားရပ်ကွက်များကခွဲခြား
ဆက်ဆံမှုများ အနည်းငယ်ရှိနေဆဲဖြစ်သည်။ လူတွေသေရင် ကြိုက်မှာပေါ့ဟူသည့် အပြောအဆို
များကို အတော်အားတင်းခံစားခဲ့ရသည်ဟု ဦးလှကြည်ကဆိုပါသည်။

“ကြေးစည်သံကြားမှ ထမင်းစားရတဲ့ လူတွေလို့ အပြောခံရတယ်။ မနာပါဘူး။ သမ္မာအာဇီဝ လုပ်
တာပဲလေ” ဟု ကျင်းတူးသမား ကိုသန့်စင်က ပြောသည်။

ဖောင်တော်ဦးသုသာန်တာဝန်ခံ ဦးအုန်းလှိုင်ကတော့ မိသားစုကို အောက်ပါအတိုင်းမှာကြားထား
ခဲ့သည်။

“အရင်တုန်းက ဒုက္ခရောက်ခဲ့ကြတယ်။ အခု ဒီအလုပ်က အဆင်ပြေတယ်။ သားသမီးတွေ ပညာ
သင်တာ ဒီအလုပ်ပဲ။ ကိုယ့်ကျေးဇူးရှင်အလုပ်ကို ဘယ်တော့မှ စိတ်မပျက်နဲ့။ အလုပ်ကို မစော်
ကားနဲ့လို့မှာထားတယ်” ဟူ၍ဖြစ်သည်။

မန္တလေးမြို့၊ ဗြဟ္မစိုရ် နာရေးကူညီမှု အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းမြင့်က“စဏ္ဍာလတို့၊ သုဘရာ
ဇာတို့ဆိုတာ လူမှုဝန်းကျင်က အနိမ့်ဆုံးအလုပ်လို့ သတ်မှတ်ထားတာ။ ဒီအလုပ်ကို ဦးကျော်သူတို့
လို အောင်မြင်ကျော်ကြားတဲ့သူတွေတောင် ရှေ့ဆောင်လမ်းပြလုပ်ပေးနေတာဆိုတော့တချို့တွေ
ရဲ့ ကျဉ်းမြောင်းတဲ့ အယူသီးမှုတွေကို ဖယ်ထုတ်စေချင်ပါတယ်” ဟု မှတ်ချက်ပေးသည်။

ယခင်ခေတ်များက သုသာန်တွင်ကျင်းတူးပေးခြင်း မြေမြှုပ်ပေးခြင်းတို့ကို လုပ်ဆောင်သည့် သုဘ
ရာဇာများရှိခဲ့ကြသည်။ ယခုခေတ်တွင် သုသာန်များကို စည်ပင်သာယာရေးကော်မတီက တာဝန်
ယူပြီး တာဝန်ခံများ ခန့်အပ်ထားကြပြီဖြစ်သည်။ နာရေးကူညီမှုအသင်းများ ပေါ်ပေါက်လာသည့်
အခါ နယ်မှ သုသာန်တာဝန်ခံအချို့အတွက် အနည်းငယ် အခက်အခဲကြုံကြရသည်ဟု ဆိုသည်။

နာရေးကူညီမှု အသင်းများက အလောင်းကိုပို့ဆောင်ပေးရုံသာမကဘဲ အခေါင်းများကိုပါ လှူဒါန်း
လာကြသောကြောင့် ဦးလှကြည်တို့ သုသာန်အတွင်းမှ အခေါင်းလွတ်အချို့ ဖုန်တက်လာခဲ့သည်။ သုသာန်မြေအနီးထိ ရောက်ရှိတိုးချဲ့လာကြသည့် လူနေရပ်ကွက်များကြောင့် 

ညှော်နံ့ထွက်သည့် မီးသင်္ဂြိုဟ်ခြင်းကိုလည်း ရပ်ဆိုင်းထားကြခဲ့ရသည်။

တစ်ခါတစ်ရံ ပိုင်ရှင်မဲ့အလောင်းများကိုလည်း သက်ဆိုင်ရာ ရဲစခန်း၊ နာရေး ကူညီမှုအသင်းများ
နှင့် ပူးပေါင်း၍ မြေမြှုပ်ပေးကြရသည်။ ငွေမတတ်နိုင်၍ ဖျာလိပ်နှင့်ထမ်းလာသည့် အလောင်းအ
ချို့ကိုလည်း မေတ္တာဖြင့်ကူညီပေးကြရသည်။ မြေမြှုပ်ပြီး သုံးလခန့်အကြာမှ ရာဇ၀တ်မှုပေါ်၍ အ
လာင်းပြန်ဖော်ရသည့် ဖြစ်ရပ်များကို ကြုံတွေ့ရသည့်အပြင် တရားရုံးတွင် သက်သေလိုက်ပေးရ
ခြင်းမျိုးလည်းရှိသည်။

ညဘက်တွင် သုသာန်အတွင်း ဓူတင်ဆောင်၊ တရားကျင့်ကြံတော်မူကြသည့် သံဃာတော်များကို
လည်း စောင့်ရှောက်ပေးခြင်း၊ ၀တ်ကြီးဝတ်ငယ် ပြုစုပေးခြင်းတို့ကို ဆောင်ရွက်ပေးကြရသည်။

ထိုကြားထဲသုသာန်အပြောင်းအရွှေ့ရှိသည်ဟူသည့် ကောလာဟလများက ပြန့်တတ်သည့်အတွက် ဦးလှကြည်ကတော့ သုသာန်အတွင်းမှာပင်“အပြောင်းအရွှေ့မရှိပါ”ဟူ၍ 

စာရေးထားသည်ကို တွေ့
ရသည်။ အယူသီးနေဆဲဖြစ်သည့် အနီးအနားရပ်ကွက်များနှင့်လည်း သူတို့ကအဆင်ပြေအောင်နေ
ထိုင်ကြရသည်။

“အရင်ကဆို အသုဘအိမ် ဘယ်နားလဲမေးရင် မကြိုက်ကြဘူး အသုဘလာပို့တဲ့ကားက ကိုယ့်အိမ်
ရှေ့မှာ ခေါင်းပြန်လှည့်ရင် လက်မခံကြဘူး။ အလောင်းတွေကတော့ ဒုက္ခရောက်လာတဲ့ လူဆိုရင် ကူညီပေးရတာပဲ သာရေးဆိုတာက ပိုက်ဆံရှိလို့လုပ်တာ နာရေးက တားလို့မရဘူး 

တချို့ထောင်
ထဲမှာ သေတဲ့အလောင်းတွေဆို ပိုင်ရှင်မဲ့တွေပဲ ကိုယ်ကပဲတရားနာတာ ထမင်းထုပ်ထည့်ပေးတာ အကုန်လုပ်ပေးရတယ်” ဟု ဖောင်တော်ဦးသုသာန်မှ ဦးအုန်းလှိုင်က ရှင်းပြသည်။

သို့သော်လည်း တိုးတက်လာသောခေတ်အရ မြန်မာလူမျိုးတို့သည်လည်းအယူသီးမှုများပျောက်
ကွယ်ကုန်ကြပါပြီ။ သုသာန်မြေအနီးတွင် ပတ်ပတ်လည်တည်ဆောက်ထားထည့် အိမ်များရှိလာ
သည်။ ရပ်ကွက်တစ်ခုနှင့် တစ်ခုအကူးကို သုသာန်အလယ်တည့်တည့်မှ လမ်းဖောက်သွားလာ
နေကြခြင်းများလည်း ရှိလာသည်။ နိမ့်ကျခြင်း၊ မြင့်မြတ်ခြင်းများလည်း အရာမ၀င်တော့။ သုသာန်မြေများသည် ညသန်းခေါင်တွင် ခွေးအူသံတညံညံဖြင့် ကြောက်စရာမဟုတ်တော့။

“ခွေးတွေကတော့ မိတ်လိုက်တဲ့ရာသီဆို တစ်ကောင်အူရင် ဆက်တိုက်အူကြတော့တာပဲ” ဟု ဦးအုန်းလှိုင်က သုသာန်အတွင်းရှိ ခွေးများကို မေးငေါ့ပြောရင်း သဘောတကျ 

ရယ်နေသည်။

ရှေးမြန်မာခေတ်များတွင် အခေါင်းစပ်ခြင်း၊ အလှဆင်ယင်ခြင်း၊ အလောင်းထမ်းခြင်း၊ တွင်းတူးခြင်း
မြေမြှုပ်မီးရှို့၍ အရိုးကောက်ခြင်းစသည့် စဏ္ဍာလငါးမျိုးရှိသည်ဟု ကျမ်းများတွင် ဖော်ပြထားသည်။
ထိုအလုပ်ကို လုပ်ကိုင်သူတို့ကိုလည်း သုဘရာဇာဟူ၍ အမည်တွင် သတ်မှတ်ထားခဲ့ကြသည်။ ယခုအခါမှာတော့ သုသာန်တာဝန်ခံတို့သာရှိပါတော့သည်။

သန်လျင်မြို့၊ ပျဉ်ထောင်ကျောင်းသုသာန် တာဝန်ခံဦးစံရှားကတော့ “နိမ့်ကျတဲ့အလုပ်ကို မြင့်
မြတ်တဲ့ပုဂ္ဂိုလ်တို့က လုပ်ဆောင်ကြတယ်။ အဘကတော့ ဒီအလုပ်ကို မြတ်တဲ့အလုပ်လို့ ယူဆ
တယ်” ဟု သူ၏ ခံယူချက်ကိုပြောပါသည်။

သုသာန်စောင့် မဖဲဝါပိုင်ဆိုင်သည့် သင်္ချိုင်းမြေ တစ်ခုအတွင်းမှ ပေါက်တူး ပေါက်သံ တဒုတ်ဒုတ် ထွက်ပေါ်လာသည်။ နေ့လယ်ခင်း လေပြည်ညင်းကြောင့် လွင့်ပါနေသည့် 

ရွက်ခြောက်တို့အသံ တရှဲရှဲက မြေကျင်းပေါက်သံနှင့်အတူရောထွေးနေသည် မကြာမီမှာ ကြေးစည်သံတဒူဒူဖြင့်အသု
ဘ သံဝေဂသံကို ကြားရမည်။ ငိုကြွေးသံများလည်း ပျံ့လွင့်လာလိမ့်မည်။

၂၀၁၃၊ မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် မြှုပ်နှံမည့် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အသုဘ
အတွက် ဖားကန်သုသာန် တာဝန်ခံ ဦးလှကြည်၏ ဇနီးဖြစ်သူကသစ်သားမှတ်တိုင်ပေါ်တွင်အမည်
နှင့် အသက်ကို ဆေးဖြင့် ရေးထိုးနေသည်။

ဦးလှကြည်ကတော့ သူ့ဆီရောက်လာသည့်ရုပ်အလောင်းအတွက် သံဃာပင့်၍သရဏဂုံတင်နိုင်ရန်
အလို့ငှာ အနီးအနား ဘုန်းကြီးကျောင်းတစ်ကျောင်းဆီသို့ ခပ်အေးအေးပင် ဆေးပေါ့လိပ်ဖွာလျက် လှမ်းထွက်သွားလေသည်။

Credit to-Orginal Writer
Post by:မောင်မိုးတိမ်

သုသာန် တာဝန်ခံ အဖြစ် ၁၉ နှစ်ကြာ တာဝန် ထမ်းဆောင် လာခဲ့သည့် သက်တမ်း တစ်လျှောက်တွင် ၀ိညာဉ်လောကနှင့် ပတ်သက်၍ ၀င်ရောက် ပူးကပ်ခြင်းဖြစ်ရပ် တစ်ခု ကိုသာရှေ့မှောက် မှာကြုံတွေ့
ခဲ့ရသည် ဟု ဦးလှကြည် ကပြောပါသည်။


ယမကာ သမားတစ်ဦး၏ အလောင်း ကို မြေချရန် လာရောက်ကြသည့် လူအုပ်စု အတွင်းမှ အမျိုးသမီး တစ်ဦးကို ထို ယမကာသမား ၏ ၀ိညာဉ် က ၀င်ရောက် ပူးကပ်ခြင်းဖြစ်ပြီး မျက်နှာ အမူအရာနှင့်
အသံပါ ပြောင်းလဲ သွားကာ အရက် တိုက်ရန် တောင်းဆိုခြင်း ဖြစ်သည်ဟုဆိုသည်။


“အလောင်းတောင် ကားပေါ်က မချရသေးဘူး။ ၀င်ပူးတာ။ အရက်တိုက်ပါ ဆိုတဲ့အသံ က သေသွား တဲ့ လူရဲ့ အသံနဲ့။ ပါးစပ်ထဲကို အရက်ထည့်ပေးလိုက် မှ ထွက် သွားတယ်” ဟု ဦးလှကြည် ကရှင်းပြ သည်။ 


သို့သော် ထိုဖြစ်ရပ်က သူနှင့် ခပ်လှမ်းလှမ်း တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး သူရောက်ရှိ သွားသောအခါ ပူးကပ်ခြင်း မရှိတော့ပေ။

ဦးလှကြည် က ပဲခူးမြို့ မှ ဖားကန် သုသာန် တွင် တာဝန်ခံ အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ယခင်
က စည်ပင်၊ သန့်ရှင်းရေးဌာန တွင် အလုပ် လုပ်ကိုင် ခဲ့ပြီး တာဝန် အရ သုသာန် သို့ ပြောင်းရွှေ့လာ
ရခြင်း ပင် ဦးလှကြည်နှင့် အတူ ဇနီးသည် ကလည်း အလောင်း ထည့်သည့် ပျဉ်ခေါင်း များပြုလုပ်ကာရောင်း ချသည့် အလုပ်ဖြင့် စားသောက်ကြရသည်။


သုသာန်မြေ အတွင်းမှ အိမ်လေး တစ်လုံးတွင် နေထိုင်ကြသော် လည်း သူတို့ မိသားစု မှာကြောက်ရွံ့ခြင်း မရှိ။ နာနာဘာဝဖြစ်ရပ် များကို ယုံကြည်သော် လည်း တစ်ကြိမ် တစ်ခါမှ ကိုယ်တိုင်ကြုံတွေ့ ဖူးခြင်းမရှိ သဖြင့် ထူးခြား စွာကြောက်လန့် ခြင်း မဖြစ်ကြောင်း သူတို့က ဆိုကြသည်။

“ဒီကို စရောက် ကတည်းက သုသာန် ထဲမှာ ပြောထားတယ်။ အသင် တို့ကို မနှောင့်ယှက်ပါဘူး။ ကျွန်ုပ်ကို လည်း မနှောင့်ယှက် ပါနဲ့။ တာဝန် အရ လာရတာပါ ဆိုပြီး ဗုဒ္ဓဘာသာ ရဲ့ စာပေတွေ အရ၊ ကျွန်တော့်ဖြတ် သန်း မှုတွေ အရ မယုံလို့ မရပါဘူး။ 

အရင်က ဆို ဒီ သုသာန်က ကြမ်းတယ် လို့နာမည် ကြီးတယ်။ အခုနောက်ပိုင်း စည်ပင် ကကိုင်တော့ နိုင်ငံတော် အာဏာ နဲ့ ကိုင်ထား တာပေါ့” ဟု ဦး လှကြည်က သူနေထိုင်ရပုံကို ရှင်းပြသည်။

မြန်မာ့ရှေးရိုးစွဲ အယူအဆ အရ သချိုင်း ဆိုလျှင် မဖဲဝါ ပိုင်ဆိုင်သည် ဟု အယူ အစွဲ ရှိပြီး ပိုင်ရာ ဆိုင်ရာ ပုဂ္ဂိုလ် များ၊ အပင်စောင့် နတ်များ၊ နာနာဘာဝ ဇာတ်လမ်းများ က သုသာန် တိုင်းတွင် ရှိနေခဲ့သည်။
သုသာန် တာဝန်ခံ များ ကတော့ ဘုရား ရှိခိုးခြင်း၊ မေတ္တာပို့ခြင်း တို့နှင့်သာ ပြေလည်အောင် နေထိုင်
ကြသည် ဟု ဆိုကြပါသည်။


“ဒီ သုသာန် ထဲက ညောင်ကြတ်ပင်ကြီး ဆိုရင် ဘုန်းကြီး ဖြတ်လျှောက် ရင်တောင် ခဲ နဲ့ပေါက်တာ။ တစ်ခါတုန်းက ကောင်မလေး တစ်ယောက် ဗီဒီယို ကြည့်ပြီးအပြန် အပင်အောက် အပေါ့ သွားမိတာပြန်ထ လို့ကို မရတော့ဘူး။ လက်ဖက်နဲ့ ကွမ်းနဲ့ တောင်းပန် ခဲ့ရတယ်။

သရဲ မရှိဘူးလို့ ပြောလို့ မရပါဘူး။ မြင်တော့ မမြင်ရဘူး။ ဒါပေမဲ့ တိုက်ဆိုင် မှုတွေ များ လာတော့ မ
ယုံလို့ မရဘူးဖြစ်နေ တယ်”ဟု ပဲခူးမြို့၊ ဖောင်တော်ဦး သုသာန် မှ အသက် ၅၈ နှစ် အရွယ် တာဝန်ခံ ဦးအုန်းလှိုင် က ဆိုသည်။


ဦးအုန်းလှိုင် ထံတွင် ကျင်းတူးခြင်း၊ အခေါင်း စပ်ခြင်း တို့ကို လုပ်ကိုင်နေ သည့် ၂၃ နှစ် အရွယ် လူ
ငယ် တစ်ဦး ကတော့ “သရဲ ဆိုတာ မမြင်ဖူးတော့ ယုံချင်စိတ်လည်း မရှိဘူး” ဟု ပြောလာသည်။


သန်လျင်၊ ပျဉ်ထောင်ကျောင်း သုသာန် မှ ကျင်းတူး သမား တစ်ဦး ကလည်း “အယုံ အကြည်မရှိဘူး
လည်း မဟုတ်ဘူး။ ခြောက်တာတွေတော့ ရှိတယ်။ ကိုယ်တိုင်တော့ မကြုံဖူးဘူး” ဟု ပြောသည်။


သုသာန် အပြောင်းအရွှေ့ များတွင် ၀ိညာဉ် များကို ကားဖြင့် သယ်ဆောင်ခြင်း၊ ကားနောက် တွင် မြင်ရ သည့် အလေးချိန် များ ပြည့်နေသည့် အတွက် ကားထွက် မရခြင်း၊ အစိုးရ အာဏာဖြင့် အမိန့် ပေးရခြင်း စသည့် ဖြစ်ရပ်များ ကတော့ နယ်များမှာ သာမက မြို့ကြီးများ မှာပင် နာမည်ကျော်ကြားနေဆဲဖြစ်သည်။

ခြောက်လှန့် ပူးကပ်ခြင်း၊ ထန်းသီး ခန့်ကြီးသည့် မျက်လုံးနှင့် ထန်းပင်ခန့် ရှည်သည့် အရပ်ကြီးနှင့်သ ရဲ ၊ ကိုယ်ထင်ပြသည့် ဒေါ်ကုလားမ သရဲ၊ လမ်းတွင် ဆိုင်ကယ်ပေါ် တက်လိုက် လာသည့် ဆံနီမ သရဲ အုတ်ခုံ မှာ ထိုင်နေသည့် သရဲမကြီးနှစ်ဦး စသည့် ဖြစ်ရပ် ဆန်းကြယ် ဇာတ်လမ်းများ က သဿု     နု တွေ မှာ နာ မည်ကြီး စမြဲဖြစ်သည်။

ထိုသို့ နာနာဘာဝ ခြောက်လှန့်ခြင်း များကို ပြောပြ သူတို့ ကလည်း ကိုယ်တိုင်ကြုံတွေ့ခြင်း မဟုတ်
ဘဲ တစ်ဆင့် စကားဖြင့် ပြန်ပြော သည်က များကြလေသည်။


သုသာန် တွင် နေ့ရော ညပါ နေထိုင် လုပ်ကိုင်နေကြသူများ ကတော့ သရဲ တစ္ဆေခြောက်လှန့် ခြင်းကို တစ်ကြိမ် တစ်ခါမှ မကြုံ တွေ့ ခဲ့ကြရကြောင်း တညီ တညွတ်တည်း ပြောကြပါသည်။

“ကိုယ့်ကို အရိပ် အယောင်ပြ ခြောက်လှန့် ဖို့နေနေသာသာ သူတောင်မှ ပဲ နာရီဝက်လောက် မှာ ပြာ
ဘ၀ ရောက် သွားတာ။ ဒီလို အယူတွေက မရှိ တာကောင်းပါတယ်”ဟု ရန်ကုန်မြို့ ရေဝေး သုသာန်
မှ မီး သင်္ဂြိုဟ်ပေးနေ သည့် စည်ပင် ၀န်ထမ်းတစ်ဦးက ပြောသည်။ ၅၁ နှ စ်အရွယ် ဦးလှကြည် က
လည်း “နောက်ဆုံးတော့ စိတ် ပါပဲ” ဟု ဆိုပါသည်။


သုသာန် တာဝန်ခံ များသည် သုဘရာဇာ ၀တ္ထု များနှင့် ဗီဒီယို ဇာတ်လမ်းများ ထဲမှ အရက်သေစာသောက် စားခြင်း၊ ရုပ်ရည်ကြမ်းတမ်းခြင်း စသည့် ပုံရိပ် များ မဟုတ်ကြပါ။ ယနေ့ခေတ် သုသာန် တာဝန် ခံများသည် အရက်သေစာသောက်စားမှု ကို ရှောင်ကြဉ်ရုံ သာမက သူတို့၏ လက်အောက် မှ ကျင်းတူး သူ၊ အခေါင်း စပ်သူ တို့ ကိုလည်း သောက်စား မူးယစ်ခြင်း တားမြစ် ထားကြသည်။

“လူတွေက ကိုယ့် အပူနဲ့ ကိုယ် လာကြတာ ကိုယ်က မူးယစ်နေပြီး အမှား လုပ်မိရင် သူတို့တွေ ပိုပြီး
စိတ် မကောင်း ဖြစ်ရမှာပေါ့”ဟု သန်လျင် မြို့နယ် ပျဉ်ထောင်ကျောင်း သုသာန် မှ ကျင်းတူး သမား ကိုသန့်စင် က ပြောသည်။


သုသာန် တွင် ကျင်းတူးသည့် သူကို ရှာဖွေရသည် ကလည်း အလုပ် တစ်ခုဖြစ်သည်။ သုဘရာဇာ ဆိုသည့် စကားနှင့် သိက္ခာ ကျသည်ဟု သတ်မှတ် ထားသည့် ပတ်ဝန်းကျင် တို့ကြောင့် ကျင်းတူး သည့် အလုပ်ကို လုပ်ကိုင်မည့် သူ ရှားပါးခြင်းဖြစ်သည်။

သုသာန် တာဝန်ခံ များသည် အလောင်းမြှုပ်နှံခြင်း ကိစ္စရပ် များကို ကူညီရုံ သာမက အခေါင်းစပ်ခြင်း၊ မှတ်တိုင်ပြု လုပ်ခြင်း၊ အုတ်ဂူဆောက်ပေးခြင်း တို့ကိုပါ ဆောင်ရွက်ကြ သည်ကို တွေ့ရသည်။
အလောင်းမြှုပ်နှံရန် ကျင်း တစ်ကျင်း တူးလျှင် ကျင်းတူး သမားကိုငွေလေးထောင် ခန့်ပေးရသည်။ 

သစ်သား အခေါင်းတစ်လုံးရောင်းချ ရပါက အမြတ်ငွေနှစ်ထောင်ကျပ် ခန့် ကျန်ကြသည်။
တာဝန်ခံ တစ်ဦး ၏ လစာ မှာ ခုနစ်သောင်းကျပ်ခန့် သာ ဖြစ်သည်။


ထို ၀င်ငွေများနှင့် ပင် သုသာန် အတွင်း နေထိုင်ကြသည့် မိသားစု ၏ စားဝတ်နေရေး ကို ဖြေရှင်းကြ
ရသည်။ ဖားကန် သုသာန် မှ ဦးလှကြည် ၏ သမီးနှစ်ဦး မှာ ဘွဲ့ရ ပညာတတ် များဖြစ်ပြီး တစ်ဦးက ပရဟိတ လုပ်ငန်းများ တွင် ကွန်ပျူတာ ဆရာမ အဖြစ် ဆောင်ရွက်လျက်ရှိသည်။ 


 ဖောင်တော်ဦး သုသာန် မှ ဦးအုန်းလှိုင် ၏ သားသမီးများနှင့် မြေးမြစ် များကတော့ သူ၏ လုပ်ငန်းကို ၀င်ရောက် ကူညီ လုပ်ကိုင်နေကြသည် ကို တွေ့ရသည်။ နိမ့်ကျ သည့် အလုပ်ဟု ပတ်ဝန်းကျင် က
သတ်မှတ် ထားကြသော် လည်း သူတို့ ၀မ်းမနည်းပါ။ သမ္မာအာဇီဝ အလုပ်ဖြစ်၍ မြတ်သည် ဟုသာ ခံယူ ထားကြသည်ကို တွေ့ရသည်။ 


သုသာန် တာဝန်ခံ မိသားစုကို အနီးအနား ရပ်ကွက်များက ခွဲခြား ဆက်ဆံမှု များ အနည်းငယ် ရှိနေ ဆဲဖြစ် သည်။ လူတွေသေရင် ကြိုက် မှာပေါ့ ဟူသည့် အပြောအဆို များကို အတော် အားတင်း ခံစားခဲ့ရသည် ဟု ဦးလှကြည် က ဆိုပါသည်။

“ကြေးစည်သံ ကြားမှ ထမင်း စားရတဲ့ လူတွေ လို့ အပြောခံရတယ်။ မနာပါဘူး။ သမ္မာအာဇီဝ လုပ်
တာပဲလေ” ဟု ကျင်းတူး သမား ကိုသန့်စင် က ပြောသည်။  ဖောင်တော်ဦး သုသာန် တာဝန်ခံ ဦးအုန်းလှိုင် ကတော့ မိသားစု ကို အောက်ပါ အတိုင်း မှာကြားထား ခဲ့သည်။


“အရင် တုန်းက ဒုက္ခရောက်ခဲ့ ကြတယ်။ အခု ဒီ အလုပ်က အဆင်ပြေတယ်။ သားသမီးတွေ ပညာ
သင် တာ ဒီ အလုပ်ပဲ။ ကိုယ့်ကျေးဇူးရှင် အလုပ်ကို ဘယ်တော့ မှ စိတ်မပျက် နဲ့။ အလုပ်ကို မစော်
ကားနဲ့ လို့မှာထားတယ်” ဟူ၍ဖြစ်သည်။


မန္တလေးမြို့၊ ဗြဟ္မစိုရ် နာရေးကူညီမှု အသင်း မှ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းမြင့် က“စဏ္ဍာလ တို့၊ သုဘရာ
ဇာ တို့ ဆိုတာ လူမှု ၀န်းကျင် က အနိမ့်ဆုံး အလုပ်လို့ သတ်မှတ် ထားတာ။ ဒီ အလုပ်ကို ဦးကျော်သူတို့
လို အောင်မြင်ကျော်ကြား တဲ့သူတွေတောင် ရှေ့ဆောင်လမ်းပြ လုပ်ပေးနေတာ ဆိုတော့တချို့တွေ
ရဲ့ ကျဉ်းမြောင်း တဲ့ အယူသီး မှုတွေ ကို ဖယ်ထုတ်စေချင်ပါတယ်” ဟု မှတ်ချက်ပေးသည်။


ယခင်ခေတ်များ က သုသာန်တွင် ကျင်းတူးပေးခြင်း မြေမြှုပ်ပေးခြင်း တို့ကို လုပ်ဆောင် သည့် သုဘ
ရာဇာ များ ရှိခဲ့ကြသည်။ ယခုခေတ် တွင် သုသာန် များ ကို စည်ပင် သာယာရေးကော်မတီ က တာဝန်
ယူပြီး တာဝန်ခံ များ ခန့်အပ် ထားကြပြီဖြစ်သည်။ 


နာရေး ကူညီမှု အသင်းများ ပေါ်ပေါက် လာသည့် အခါ နယ်မှ သုသာန် တာဝန်ခံ အချို့အတွက် အနည်းငယ် အခက် အခဲကြုံကြရသည် ဟု ဆိုသည်။ နာရေး ကူညီမှု အသင်းများ က အလောင်းကို ပို့ဆောင်ပေးရုံ သာ မကဘဲ အခေါင်း များ ကိုပါ လှူဒါန်း လာကြသောကြောင့် ဦးလှကြည် တို့ သုသာန် အတွင်းမှ အခေါင်း လွတ် အချို့ ဖုန်တက် လာခဲ့သည်။ 

သုသာန်မြေ အနီး ထိ ရောက်ရှိ တိုးချဲ့ လာကြသည့် လူနေ ရပ်ကွက် များကြောင့် ညှော်နံ့ထွက် သည့် မီးသင်္ဂြိုဟ်ခြင်း ကိုလည်း ရပ်ဆိုင်း ထားကြခဲ့ရသည်။

တစ်ခါ တစ်ရံ ပိုင်ရှင်မဲ့ အလောင်း များကိုလည်း သက်ဆိုင်ရာ ရဲစခန်း၊ နာရေး ကူညီမှု အသင်းများနှင့် ပူးပေါင်း ၍ မြေမြှုပ်ပေးကြ ရသည်။ ငွေ မတတ်နိုင် ၍ ဖျာလိပ်နှင့် ထမ်းလာသည့် အလောင်းအ ချို့ ကို လည်း မေတ္တာဖြင့် ကူညီပေးကြရသည်။

 မြေမြှုပ်ပြီး သုံးလခန့် အကြာ မှ ရာဇ၀တ်မှုပေါ် ၍ အ လောင်းပြန်ဖော်ရ သည့် ဖြစ်ရပ်များကို ကြုံတွေ့ ရသည့် အပြင် တရားရုံး တွင် သက်သေ လိုက်ပေးရ ခြင်းမျိုးလည်းရှိသည်။

ညဘက်တွင် သုသာန် အတွင်း ဓူတင်ဆောင်၊ တရား ကျင့်ကြံတော် မူကြသည့် သံဃာတော် များကို
လည်း စောင့်ရှောက်ပေးခြင်း၊ ၀တ်ကြီး ၀တ်ငယ် ပြုစုပေးခြင်း တို့ကို ဆောင်ရွက်ပေးကြ ရသည်။


ထိုကြားထဲ သုသာန် အပြောင်းအရွှေ့ ရှိသည် ဟူသည့် ကောလာ ဟလများ က ပြန့်တတ်သည့် အတွက် ဦးလှကြည် ကတော့ သုသာန် အတွင်းမှာ ပင်“အပြောင်းအရွှေ့ မရှိပါ”ဟူ၍ စာရေးထားသည် ကို တွေ့
ရသည်။ အယူသီးနေဆဲဖြစ်သည့် အနီးအနား ရပ်ကွက်များနှင့် လည်း သူတို့က အဆင်ပြေအောင်နေ
ထိုင်ကြရသည်။


“အရင်က ဆို အသုဘ အိမ် ဘယ်နား လဲမေးရင် မကြိုက်ကြ ဘူး အသုဘ လာပို့တဲ့ ကားက ကိုယ့်အိမ်
ရှေ့မှာ ခေါင်းပြန် လှည့်ရင် လက်မခံကြဘူး။ အလောင်းတွေ ကတော့ ဒုက္ခရောက် လာတဲ့ လူဆိုရင် ကူညီပေး ရတာပဲ သာရေး ဆိုတာက ပိုက်ဆံ ရှိလို့လုပ်တာ နာရေးက တားလို့ မရဘူး ။ 


တချို့ထောင် ထဲမှာ သေတဲ့ အလောင်းတွေဆို  ပိုင်ရှင်မဲ့တွေ ပဲ ကိုယ်ကပဲ တရားနာ တာ ထမင်းထုပ် ထည့်ပေးတာ အကုန် လုပ်ပေးရတယ်” ဟု ဖောင်တော်ဦး သုသာန် မှ ဦးအုန်းလှိုင် က ရှင်းပြသည်။
သို့သော်လည်း တိုးတက် လာသောခေတ် အရ မြန်မာလူမျိုး တို့သည်လည်း အယူသီးမှု များပျောက်
ကွယ် ကုန်ကြပါပြီ။ 


သုသာန်မြေ အနီးတွင် ပတ်ပတ် လည် တည်ဆောက်ထား ထည့် အိမ်များ ရှိလာ သည်။ ရပ်ကွက် တစ်ခုနှင့် တစ်ခု အကူးကို သုသာန် အလယ် တည့်တည့် မှ လမ်းဖောက် သွားလာ နေကြခြင်းများလည်း ရှိလာသည်။ 

နိမ့်ကျခြင်း၊ မြင့်မြတ်ခြင်း များလည်း အရာ မ၀င်တော့။ သုသာန်မြေ များသည် ညသန်းခေါင် တွင် ခွေးအူသံ တညံညံဖြင့် ကြောက်စရာ မဟုတ်တော့။
“ခွေးတွေ ကတော့ မိတ်လိုက်တဲ့ ရာသီဆို တစ်ကောင် အူရင် ဆက်တိုက် အူကြတော့တာပဲ” ဟု ဦးအုန်းလှိုင် က သုသာန် အတွင်း ရှိ ခွေးများ ကို မေးငေါ့ပြောရင်း သဘော တကျ ရယ်နေသည်။

ရှေးမြန်မာခေတ် များတွင် အခေါင်း စပ်ခြင်း၊ အလှ ဆင်ယင်ခြင်း၊ အလောင်း ထမ်းခြင်း၊ တွင်း တူးခြင်းမြေမြှုပ် မီးရှို့ ၍ အရိုးကောက်ခြင်း စသည့် စဏ္ဍာလ ငါးမျိုး ရှိသည်ဟု ကျမ်းများ တွင် ဖော်ပြ ထားသည်။
 

ထို အလုပ်ကို လုပ်ကိုင် သူတို့ ကိုလည်း သုဘရာဇာ ဟူ၍ အမည် တွင် သတ်မှတ် ထားခဲ့ကြသည်။ ယခု  အခါမှာတော့ သုသာန် တာဝန်ခံ တို့သာရှိ ပါတော့သည်။

သန်လျင်မြို့၊ ပျဉ်ထောင်ကျောင်း သုသာန် တာဝန်ခံ ဦးစံရှား ကတော့ “နိမ့်ကျတဲ့ အလုပ်ကို မြင့် မြတ်တဲ့ ပုဂ္ဂိုလ်တို့ က လုပ်ဆောင်ကြတယ်။ အဘ ကတော့ ဒီ အလုပ်ကို မြတ်တဲ့ အလုပ်လို့ ယူဆ တယ်” ဟု သူ ၏ ခံယူချက် ကိုပြောပါသည်။

သုသာန်စောင့် မဖဲဝါ ပိုင်ဆိုင်သည့် သင်္ချိုင်းမြေ တစ်ခု အတွင်းမှ ပေါက်တူး ပေါက်သံ တဒုတ်ဒုတ် ထွက်ပေါ် လာသည်။ နေ့လယ်ခင်း လေပြည်ညင်းကြောင့် လွင့်ပါနေသည့် ရွက်ခြောက်တို့ အသံ တရှဲရှဲ က မြေ ကျင်းပေါက် သံနှင့် အတူရောထွေးနေ သည် မကြာမီ မှာ ကြေးစည်သံ တဒူဒူဖြင့် အသု ဘ သံဝေဂသံ ကို ကြားရမည်။ ငိုကြွေးသံများ လည်း ပျံ့လွင့်လာလိမ့်မည်။

၂၀၁၃၊ မတ်လ ၉ ရက်နေ့ ညနေပိုင်း တွင် မြှုပ်နှံ မည့် ၂၉ နှစ် အရွယ် အမျိုးသမီး တစ်ဦး၏ အသုဘ
အတွက် ဖားကန် သုသာန် တာဝန်ခံ ဦးလှကြည် ၏ ဇနီးဖြစ်သူ က သစ်သား မှတ်တိုင်ပေါ်တွင် အမည်နှင့် အသက် ကို ဆေးဖြင့် ရေးထိုးနေသည်။


ဦးလှကြည် ကတော့ သူ့ဆီရောက်လာသည့် ရုပ်အလောင်း အတွက် သံဃာပင့်၍ သရဏဂုံ တင်နိုင်ရန်
အလို့ ငှာ အနီးအနား ဘုန်းကြီးကျောင်း တစ်ကျောင်းဆီ  သို့ ခပ်အေးအေးပင် ဆေးပေါ့လိပ် ဖွာလျက် လှမ်းထွက် သွားလေသည်။


Credit to-Orginal Writer
Post by:မောင်မိုးတိမ်

  



From... သရဲ သဘက် ဘီလူး အစရှိသော ပေတ မှတ်တမ်းများ.

No comments:

Post a Comment