Miss Asia Pacific World အလှမယ် ပြိုင်ပွဲ ကျင်းပခြင်း သည် ယခုအခါ
လေးနှစ်မြောက် ရှိခဲ့ပြီဖြစ်ပြီး အဆိုပါပြိုင်ပွဲ တွင် ဆုချိတ်နိုင်ရန် အတွက်
လိင်ကိစ္စဖြင့် အလဲ အလှယ်လုပ်ရန် တာဝန်ရှိသူများ က တောင်းဆို မှုများ
ရှိခဲ့ကြောင်း ပါဝင်ယှဉ်ပြိုင် သူ မိန်းကလေးအချို့ ၏ စွပ်စွဲ မှုများ ရှိခဲ့သည်
ဟု The Kore Times သတင်းစာ တွင် ဖော်ပြထားသည်။
Miss Asia Pacific World ပွဲ စီစဉ်သူများက သရဖူပြန်လည် သိမ်းဆည်းရေး အတွက် မေမြတ်နိုး ကို တောင်းပန်မည် မဟုတ်ဘဲ သရဖူ ခိုးယူ မှုဖြင့် ရဲကို တိုင်ကြားသွားမည် ဟု စက်တင်ဘာ ၃ ရက် ညနေပိုင်း က ပြောကြားထားသည်။
သရဖူပြန်ရရေး အတွက်လည်း တရားစွဲဆို မှုများ လုပ်ဆောင်သွားမည် ဟု ပွဲစီစဉ် သူများက ပြောကြား သည်။
အလှမယ်ပြိုင်ပွဲ စီစဉ် ကျင်းပသူ ယောင်ချို က “ကျွန်တော့် ရဲ့ ရှေ့နေနဲ့ တိုင်ပင်ပြီး ဒီနေ့ ပဲ ရဲစခန်းမှာ တိုင်မှာပါ” ဟု ပြောကြားသည်။
မေမြတ်နိုး က မိမိ ၏ ရင်သား ခွဲစိတ်ပြုပြင်ခဲ့ခြင်း မရှိဟု စက်တင်ဘာ ၂ ရက် က ပြုလုပ် ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့မှုနှင့် ပတ်သက်၍ ယောင်ချို က ထိုကဲ့သို့ လုပ်ဆောင်ခဲ့ မှုနှင့်ပတ်သက်၍ မိမိတို့ တွင် ဓာတ်ပုံ အထောက်အထားများ ရှိကြောင်း The Kore Times သတင်းစာ သို့ ပြောကြားသည်။
“သူက အကုန် လိမ်နေတယ်။ သူ ရင်သား ခွဲစိတ်ပြုပြင်တဲ့ ကုန်ကျ စရိတ်ကို ကျွန်တော် တို့ ပေးခဲ့ရပါတယ်။ ကျွန်တော်တို့ သူ့ကို ဓာတ်ပုံ အထောက် အထားတွေ ပေးခဲ့ပေမယ့် ဓာတ်ပုံ ထဲကသူက သူမဟုတ်ဘူး လို့ ငြင်းနေပါတယ်” ဟု ယောင်ချို က ဆက်လက်ပြောကြားသည်။
မေမြတ်နိုးနှင့် ၎င်း ၏ မိခင်တို့ သဘောတူညီချက် အရ မေမြတ်နိုး အား ဘူဆန်မြို့ ရှိ ဆေးရုံတစ်ရုံ သို့ ရင်သား ခွဲစိတ်ပြုပြင်ရန် ပို့ခဲ့သော် လည်း သူမအနေ ဖြင့် ယင်းသို့ မလုပ်ဆောင် ခဲ့ကြောင်း ငြင်း ဆိုခြင်းဖြစ်သည်ဟု ယောင်ချိုက ပြောကြားသည်။
The Korea Times
Mizzima
From...Search Myanmar
No comments:
Post a Comment