*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 12 June 2013

မလေးရှားရောက် မြန်မာများအတွက် အကူအညီပေးမည့် ဧရာဝတီဖောင်ဒေးရှင်း


မလေးရှားရောက် မြန်မာများအတွက် အကူအညီပေးမည့် ဧရာဝတီဖောင်ဒေးရှင်း လာမည်



မင်္ဂလာပါ
ကျွန်တော်တို့ လက်ရှိ မလေးရှားမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးအတွက် မြန်မာနိုင်ငံမှ အထူးအကူအညီပေးမည့်အဖွဲ့   အဖြစ် ဧရာဝတီဖောင်းဒေးရှင်း Organization မနက်ဖြန်လာရောက်မည့်အကြောင်း မြန်မာနိုင်ငံသားအားလုံးသိရှိရန် အသိပေးအကြောင်း  ကြားရပါတယ်ခင်ဗျာ ။
 

အားလုံးသိရှိထားတဲ့အတိုင်း လက်ရှိ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားများ ၊ ကန့်ထဲရှိ မြန်မာနိုင်ငံသားများ နှင့် လက်ရှိဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရတဲ့ မြန်မာနိုင်ငံသားများကို မည်သည့် လူမျိုး မည်သည့်ဘာသာဖြစ်စေ ကူညီသွားမည့်အကြောင်းကို မြန်မာနိုင်ငံမှ လာရောက်မည့် အဖွဲ့မှ ယနေ့ ဖုန်းဖြင့် ပြောကြားသွားပါတယ် ။
ထို့အပြင် မလေးရှားရှိ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲရှိသူများအားလုံးကို တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ထိရောက်စွာ ကူညီသွားမည့်အကြောင်းကို အဆိုပါ ဧရာဝတီဖောင်ဒေးရှင်းမှ ကတိပေးပြေားကြားသွားတာကိုလဲ သိရပါတယ်ခင်ဗျာ ။
ထို့အတွက် ကပုန်းနာရေးကူညီမှုအသင်းမှ လက်ရှိ ဆောင်ရွက်နေသော လူမှုကူညီရေးလုပ်ငန်းများ အတွက် နှင့် ဆေးရုံတက်ရောက်ကုသနေသော တိုက်ခိုက်ခံ ဒဏ်ရာရ မြန်မာနိုင်ငံသားများအတွက် လိုအပ်သောအကူညီများပေးရန် ကမ္ဘောဇ ဘဏ်မှ အလှူငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ နှင့် မက်မြန်မာလီမီတက်မှ အလှူငွေ အမေရိကန်ဒေါ်လာ ၂၀၀၀၀ အပြင် အမေရိကန်ဒေါ်လာ ၂ သိန်းတန်ဖိုးရှိ မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ် အစောင် ၁၀၀၀ (ပထမအဆင့်) အပြင် အမှန်တကယ် လိုအပ်နေသော သူများကို ထိရောက်စွာကူညီသွားမည်ဖြစ်ကြောင်း သိရပါတယ် ။
မြန်မာနိုင်ငံသားများအတွက် MAI လေကြာင်းမှ အထူးအစီအစဉ်များဖြင့် အကန့်အသတ်မရှိ ပြေးဆွဲသွားမည့်အကြောင်းကိုလည်းမြန်မာနိုင်ငံသားများသိရှိအောင်ဖော်ပြပေးလိုက်ရပါတယ် ။
ဆက်လက်ပြီး ယနေ့အထိ တိုက်ခိုက်ခံရသူများ စာရင်းမှာအောက်ပါအတိုင်းဖြစ်သည် ။
၁။ မင်းဇော် Passport မရှိ ၃၀-၀၅-၂၀၁၃ မှာသေဆုံး (NSK ဆလာရန်း)
၂။ ဝင်းခိုင် Passport မရှိ ၃၁-၀၅-၂၀၁၃ မှာသေဆုံး (ဆလာရန်း)
၃။ ကိုဝင်းလှိုင် Passport ရှိ ၀၂-၀၆-၂၀၁၃ မှာသေဆုံး (ဆလာရန်း လူနေအိမ်ခန်း)
၎။ အမည်မသိပုဆိုးဝတ်ဆင်ထားသူ ၀၇-၀၆-၂၀၁၃ သေဆုံး (ကလန်း Utama)
၅။ မောင်ပန်းလှိုင် ၈.၆.၂၀၁၃ (ကွန်တန်း)
၅။ စောဘာဗလူးဂေ Passport ရှိ ၀၈-၀၆-၂၀၁၃ မှာသေဆုံး (ဆလာရန်းဆေးရုံ)
လက်ရှိဆေးရုံများ၌ ဆေးကုသမှုခံယူနေသူများစာရင်း
၁။ အောင်မျိုးဦး (ခ) မျိုးသူ (Selayang Hospital)
၂။ ထွန်းမော်သိန်း            (Selayang Hospital)
၃။ ရခိုင်အမျိုးသားတစ်ဦး   (Chow Kit Hospital)
၎။ စောအရှီး                  (Sungai BulohHospital )
လက်ရှိကျနော် သိရသလောက်ပါ အခြားမြို့ နယ်များရှိဆေးရုံများတွင်လည်းရှိနိုင်ပါသည်။
Nilai မှ မြန်မာများအတွက် အမြဲကူညီနေသော ဦးအောင် နှင့် ကွာလာလမ်ပူမှ မြန်မာများစုပေါင်းကာအောက်ပါအတိုင်း ကူညီဆောင်ရွက်ခဲ့ကြသည်ကိုလည်း ရေးသားပေးပါတယ် ။
......................................................................
ထိုအတိုက်ခိုက်ခံ မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်နိုင်ရန်အတွက်( ၃.၆.၂၀၁၃) ရက်နေ့တွင်  မတည်ထည့်လှူ   သော  မလေးရင်းဂစ်၁၀၀၀ အား ကပုန်းဘုန်တော်ကြီးကျောင်းမှ ဆရာတော် Dr Asin Indakaအား အပ်နှံကာ အလှူငွေ စတင်ကောက်ခံခဲ့ကြပါသည်။

(၉.၆.၂၀၁၃)ရက်နေ့ထိ ကောက်ခံရရှိပြီးငွေ မလေးရင်းဂစ် ၉၆၀၂ အားလက်ခံရရှိပြီးဖြစ်ပါသည်၊ရက်များမကြာမှီ
တွင် ဆရာတော် ခရီးထွက်ရန်အစီအစဉ်ရှိပါသဖြင့်ကျွန်တော်တို့အားပြန်လည်အပ်နှံခဲ့ရာ ၄င်းငွေဖြင့်ဆေးကုသမူ့ခံယူနေသူများအား      လှူဒါန်းနိုင်ရန်နှင့် ဆေးကုသမူ့ စရိပ်တို့အားပေးချေရန် ဆာလာရန်းဆေးရုံနှင့်ဆွန်ဂိုင်းဘလို့ ဆေးရုံသို့သွားရောက်ခဲ့ကြပါသည်။

ကျွန်တော်တို့ ဆေးရုံ သို့ရောက်ရှိသွားချိန်တွင် ဆာလာရန်းဆေးရုံတွင်အတွင်းလူနာအဖြစ်ဆေးကုသမူ့ခံယူနေသူ ကိုထွန်းမော်သိမ်း နှင့်ကိုအောင်မျိုးဦး တို့နှစ်ဦးကိုသာ တွေ့ရှိ၍ အားပေးစကားပြောကြားကာကျွန်တော်တို့ထံတွင် စေတနာရှင်မြန်မာနိုင်ငံသားညီကိုမောင်နှမများမှလှူဒါန်းထားသောအလှူငွေများအဆင်သင့်ရှိနေပြီဖြစ်ကြောင်း၊အားမငယ်ကြစေလိုကြောင်းများပြောကြား၍ ဆေးရုံတွင်နေစဉ်အတွင်းကျွန်တော်တို့အားဆက်ရန်ဖုန်းနံပါတ်များပေး၍ကိုထွန်းမော်သိမ်း၏ဖုန်းန့ပါတ်အားလည်းတောင်းယူခဲ့ကြပါသည်၊

၎င်းတို့၏လက်အတွင်းသို့ အလှူငွေပေးအပ်ခဲ့ရန် အတွက် ၄င်းတို့၏ကျန်းမာရေးအခြေအနေနှင့် မလျှော်ညီသေးသည့်အတွက်မပေး       အပ်နိုင်ခဲ့ကြပါ။ထိုမှတဆင့် တာဝန်ကျ ဆရာဝန်အားတွေဆုံ၍ ထိုလူနာ၂ဦးအတွက် ကျွန်တော်တို့မှ ဆေးရုံတက်ရောက်
ကုသခနှင့် စရံ ငွေ ပေးချေရန်ကျန်ရှိနေလျှင်ပေးချေ လိုပါကြောင်း ပြောဆိုမေးမြန်းရာတွင် ထိုဆရာဝန်မှ စရံငွေပေးချေရန်မလိုကြောင်းနှင့်
လောလောဆယ်မည်သည့် ငွေကြေးမှပေးချေရန်မလိုပဲ ဆေးရုံဆင်းသည့်အခါမှသာလျှင်ကုသစရိပ်ကျသင့်ငွေကိုသိရှိနိုင်မည်ဖြစ်ပြီး        ပေးချေရမည်ဖြစ်ကြောင်းရှင်းလင်းပြောဆိုသည့်အတွက် လူနာများဆေးရုံဆင်းချိန်တွင်ကျွန်တော်တို့အားဆက်သွယ်ပေးပါရန်မှာကြား၍ကျွန်တော်၏ဖုန်းနံပါတ်နှင့်ပါတ်စပို့နံပါတ်၊အမည်အပြည့် အစုံတို့ အားပေးခဲ့ကြပါသည်။

ကျွန်တော်တို့ FB ပေါ်တွင်ဖတ်ရှုမိခဲ့ကြသော စရံငွေ မပေးချေ နိုင်၍လူနာတချို့အား ကုသမူ့မပြုသေးပဲ ဆိုင်ငံ့ထားပါသဖြင့်
အရေးတကြီးအလှူ ငွေလိုအပ်နေပါသည်ဆိုသော အလှူခံအချို့၏ သတင်းများမှာမှန်သည်ဟုမယူဆနိုင်မှန်း
သိခဲံ့ကြရပါသည်။

ကျွန်တော်တို့အဖွဲ့ ဆာလာရန်းဆေးရုံမှတဆင့် ဆွန်ဂိုင်းဘလို့ ဆေးရုံသို့ သွားရောက်ရာတွင်
ကိုစောအရှီး ဆိုသူ အရေးပေါ်လူနာတဦး အားတွေ့ရှိခဲ့သော်လည်း သတိလည်ခြင်းမရှိသေးသည့်အတွက်
အားပေးစကားပြောဆိုနိုင်ခဲ့ခြင်းမရှိခဲ့ပါ၊သို့သော်တာဝန်ကျ နပ်စ်မနှင့်တွေ့ဆုံ၍ အကျိုးအကြောင်း ပြောပြရာ ပထမဝင်ရောက်ခဲ့သည့်        ဆေးရုံမှဆရာဝန်ကဲ့သို့ပင် ရှင်းလင်းပြောပြသဖြင့် ကျွန်တော်၏အမည် ၊ပါတ်စပို့နံပါတ်နှင့်ဖုန်းနံပါတ်တို့အားဆက်သွယ်နိုင်ရန်ပေးထားခဲ့ကြပါသည်။

ထိုမှတဆင့် ကွာလာလန်ပူဆေးရုံကြီးတွင် တက်ရောက်ကုသလျှက်ရှိသောရခိုင်အမျိုးသား လူနာအားသွားရောက်ကြည့်ရှုအားပေးရန်နီးစပ်ရာမိတ်ဆွေများအားဆက်သွယ်မေးမြန်းကြည့်ကြရာ...ထိုနေ့တွင်ပင် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ကြားသိရပါသည်။

ထို့အပြင် ကျွန်တော်တို့ ဦးသီဟမောင်မောင်ထံမှ သတင်းထပ်မံသိရသည်မှာ ကလန်းဆေးရုံတွင်တိုက်ခိုက်ခံရသူ
၆ဦးခန့်တက်ရောက်ကုသနေသည်ဟုဖြစ်ပါသည်၊



ထိုညပိုင်း တွင်ပင်ကွာလာလန်ပူမြို့တွင်းရှိဂန္တဝင်စားသောက်ဆိုင်၌ ကျွန်တော်တို့ အဖွဲ့ပြန်လည်တွေ့ဆုံ၍ အများသဘောတူညီမူ့ဖြင့်
ကောက်ခံရရှိငွေ ရင်းဂစ် ၉၆၀၂ အားဦးသီဟ မောင်မောင်ထံ သိမ်းဆည်းအပ်နှံ ခဲ့ကြပါသည်။

အလှူငွေကောက်ခံခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည် ။

(၁) ဦးမျိုးညွန့်...............၀၁၆ ၉၉၈၀၆၀၁.........................................(Save The Aged)
(၂)ဦးသီဟမောင်မောင်..၀၁၂ ၃၈၈၈၄၈၀.................(.MMSL INDUSTRIES SDN_BHD)
(၃)ဦးညီညီ...................၀၁၇၃၅၅၈၇၁၀...............................(ခေါင်းလောင်သံ ဂျာနယ်)
(၄)ဦးဝင်းမြင့်.......................................................................................(သားဝတုတ်)
(၅)ဦးမျိုးညွန့်.........၀၁၀၈၃၆၁၂၆၈....(ပညာအိမ် ကွန်ပျူတာသင်တန်းနှင့်ဆားဗစ်စင်တာ)

(၆)ကိုမျိုး ……….၀၁၂၄၄၆၈၈၄၂ (ဧဒင်ဥယျာဉ်)
(၇)ဦးဘိုဘိုအောင်.........၀၁၄၃၄၂၆၅၁၇........................................................(ရာဝမ်း)
(၈)ဦးအောင်သန်းညွန့်....၀၁၉၆၄၉၁၄၇၃..........................(AMAN NILAI ENTERPRISE)
ဖြစ်ကြပါသည်။

ဆက်လက်ပြီး ကျွန်တောတို့သိရှိရသလောက် နှင့်ဆောင်ရွက်နိုင်သလောက်ကို အမှန်အတိုင်းအသိပေးဖော်ပြသွားပါမည် ။

No comments:

Post a Comment