*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday, 17 July 2013

ဝါဆိုသင်္ကန်း လှု၇ခြင်းအကျိုး



ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး

၁ - အသက်ရှည်ခြင်း၊
၂ - အဆင်းလှခြင်း၊
၃ - ချမ်းသာကြီးခြင်း၊
၎ - ခွန်အားဗလနှင့် ပြည့်စုံခြင်း၊
၅- ဈာန် မဂ် ဖိုလ်တရားများကို ရနိုင်ခြင်း၊
၆- ပစ္စုပ္ပန်သံသရာတို့၌အကျိုးများခြင်းကြောင့်ကထိန်သင်္ကန်း နှင့်အတူတကွ အခြံအရံဖြစ်ကုန်သော ဆွမ်းခဲဖွယ် ဘောဇဉ် ချိုချဉ်သြဇာ အရ သာ တို့ကို ဆက်ကပ်လှူဒါန်းရခြင်း၊
၇ - သီလဆောက်တည်ရခြင်း၊
၈ - တရားနာရခြင်း
၉ - အလှူခံပုဂ္ဂိုလ်၊ အလှူဝတ္ထုနှင့် ပတ်သက်၍ သမထ ဝိပဿနာ ပွားများရခြင်း။


'' အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .

'' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''

'' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -

'' ရွှေသို့အဆင်း၊ မြူကြေးကင်း၍

ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊

မကသိန်းဖိုး၊ ပုဆိုးရလေ၊

ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊

ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''

ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။

ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်Óဏ် ဖိုလ်Óဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။
--------------------
ဇောတိက

အင်းလေးမီဒီယာ

                                             နောက်ဆုံး၇ သတင်းများ မှ ကူးယူဖေါ်ပြသည်..........

No comments:

Post a Comment