*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 15 July 2013

ဘာကြောင့်ဘဲ ဖြစ်ဖြစ် သတိထားနိုင်ကြ၇င် အကောင်းဆုံးပါ....



နိုင်ငံကျော်တေးသံရှင် ဆိုတေး အမြန်လမ်းပေါ် ကားအက်ဆီးဒင့် ဖြစ်တဲ့သတင်းနှင့်အတူ ယခုတလော ခပ်စိပ်စိပ် ဖြစ်လာတဲ့ အက်ဆီးဒင့်တွေကြောင့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးရဲ့ အရည်အသွေးကို လူအများက မေးခွန်းထုတ်စရာ ဖြစ်လို့လာပါတယ်။


မည်သို့ဆိုစေ? လမ်းဟောင်းက သွားမလား? ဒီအမြန်လမ်းပေါ်က သွားမလား ? ဆိုရင်တော့ (၁၀၀)မှာ (၉၉)ယောက်က ဒီအမြန်လမ်းပေါ်က သွားဘို့ဘဲ ရွေးချယ်ကြမှာပါဘဲ။ ထိုသို့ရွေးချယ်သူများအတွက် ယာဉ်မောင်းစဉ် သတိထားသင့်သော အချက်(အချို့) ကို ဝေမျှလိုပါသည်။

(၁) လမ်းသည် အဆင့်မီ အမြန်လမ်းတစ်ခု၏ အကျယ်အ၀န်း မရှိကြောင်း သိရှိပြီးဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ကားကျော်တက်စဉ် အထူးသတိထားရန် လိုပါသည်။ မြန်နှုန်းမြင့် မောင်းနှင်နေစဉ်တွင် ကားကျော်ပါက မြို့တွင်းလမ်းများကဲ့သို့ စတီယာရင် ချိုးကွေ့၍ ကျော်တက်လို့ မရပါ။ တစ်ဖြည်းဖြည်းချင်း တိမ်းကာကျော်ရခြင်းဖြစ်သည်။
ထို့ကြောင့် မိမိမှ ကျော်တက်လိုလျှင်-

(a)ကျော်တက်မည့် ယာဉ်ကြောကို ကြို၍ နေရာယူပါ။

(b) မိမိရှေ့မှကားသည် မိမိကျော်တက်လိုသည့်အကြောင်း သိရှိပါစေ။

(c) အကွေ့တွင် မကျော်တက်ပါနှင့်။

(d) ယာဉ်ကြီးများအား ကျော်တက်စဉ် စတီယာရင်အား မြဲမြံစွာ ကိုင်တွယ်ထားပါ။ ကားကြိးများမှ ဖြစ်ပေါ်လာသော လေအားကြောင့် သင်၏ယာဉ် ယိမ်းခါသွားနိုင်ပါသည်။

နောက်ကားမှ ကျော်တက်စေရန်

(a) လမ်းကြောသည် အကွေ့အကောက် မရှိသော လမ်းဖြစ်ရပါမည်။

(b) ယာဘက်သို့ တတ်နိုင်သလောက် ကပ်ထားပေးပါ။

(c) ကျော်တက်ရန် မီးဖြင့် အချက်ပြပါ။

(d) မိမိအားကျော်တက်ခွင့်သာစေရန် နှင့် မြန်မြန်ကျော်နိုင်စေရန် မိမိ၏ ယာဉ်သွားနှုန်းအားလျော့ချပေးပါ။

(၂) ယခုလို မိုးတွင်းအခါ နှင့် ညအချိန်များတွင် မောင်းနှင်သည့်အခါ

(a) မိမိကားရှေ့တွင် မိမိထက် မီးကောင်း၍ မိမိယာဉ်သွားနှုန်းနှင့် မတိမ်းမယိမ်းရှိသော ယာဉ်တစ်စီးအား ရှေ့ပြေးတင်ထားပါ။ ၄င်း၏ မီးနှင့် မိမိယာဉ်၏မီး ပေါင်းသော် မြင်နိုင်စွမ်းသော အကွာအဝေးသည် (၂)ဆ ဖြစ်လာပါသည်။

(b) အရမ်းလည်း မကပ်ပါစေနှင့်။ ၄င်းအက်ဆီးဒင့်ဖြစ်လျှင် ကိုယ်ရှောင်တိမ်း (သို့) ရပ်တန့်ရန် လုံလောက်သော အကွာအဝေး အထိ ခွာထားပါ။

(c) ရေအိုင် (သို့) အခြားအဟန့်အတားများကို မိမိ မဖြတ်သန်းခင် ၄င်းဖြတ်သန်းသည်ကို လေ့လာ၍ ကြိုတင်ကာကွယ်နိုင်ပါသည်။ ဥပမာ- ကားလမ်းယာဘက်ခြမ်းတွင် အိုင်နေသော ရေအိုင်အား ၄င်းဖြတ်သန်းသွားပါက မိမိက ၀ဲဘက် ယာဉ်ကြောသို့ ပြောင်းလဲ မောင်းနှင်ကာ ရှောင်ရှားနိုင်ပါသည်။

(၃) တံတားများကို ဖြတ်သန်းတိုင်း အရှိန်လျှော့၍ ဖြတ်သန်းပါ။ တံတားနှင့် လမ်း အဆက်တွင် မညီညာမှုကြောင့် ယာဉ်တည်ငြိမ်မှု ထိခိုက်နိုင်ပါသည်။

(၄) လမ်းအကွေ့တိုင်းတွင် အရှိန်လျှော့ကာ ဖြတ်သန်းပါ။ အချို့နေရာများတွင် လမ်းသားသည် ကွေ့မည့်ဘက်သို့ တိမ်းစောင်းပေးရမည့်အစား ဆန့်ကျင်ဘက်သို့ တိမ်းစောင်းနေသော နေရာများ ရှိပါသည်။ လမ်းအကွေ့တွင် ယာဘက် လမ်းပုခုံးပေါ်သို့ မနင်းမိပါစေနှင့်။ ကွန်ကရိ ပုခုံးသားပေါ်တွင် ချိုင့်ခွက် ရှိနေပါက အဆိုပါချိုင့်ထဲကျပြီး အက်ဆီးဒင့် ဖြစ်နိုင်ပါသည်။

(၅) ညအချိန်များတွင် မီးကို တသမတ်တည်း အသုံးမပြုပါနှင့်။ မီးချလိုက်၊ မိးကြီးထိုးလိုက် လှုပ်ရှားပေးခြင်းဖြင့် အမြင်အာရုံကို ဖြတ်လတ်နေစေပါသည်။ တသမတ်တည်း အချိန်ကြာမြင့်စွာ ထိုးထားသည့်အခါ လမ်းပျောက်သွားတတ်ပါသည်။

(၆) လမ်းဘေးဝဲယာအား အမြဲ လေ့လာပါ။ လမ်းလယ်ကျွန်းပေါ်တွင် လွှတ်ကျောင်းထားသော နွားသည် အချိန်မရွေး လမ်းပေါ်ဆင်းလာနိုင်ပါသည်။ ကျောင်းဆင်းပြန်လာသော ကလေးများသည်လည်း လေတိုးမှုကြောင့် လမ်းပေါ် လည်ကာ အချိန်မရွေး ရောက်လာနိုင်ပါသည်။

စဉ်းစား၍ ရသလောက်ပါ။ အခြားအချက်များစဉ်းစားမိပါက အောက်က ကွန်မန့်ဘောက် တွင် အကြံပြုပေးစေလိုပါသည်။

Ref: News of Myanmar
မြ၀တီ သတင်း မှ ကူးယူ ဖေါ်ပြသည်.........

No comments:

Post a Comment