*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 19 September 2013

သမီး ရေချိုးတာကို ဖုန်းနဲ့ ဗီဒီယို ခိုးရိုက်တဲ့ ပထွေး



စင်္ကာပူနိုင်ငံတွင် အသက်(၁၁)နှစ်အရွယ် မယားပါသမီး ရေချိုးနေတာကို လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင် ခိုးရိုက်ကူး ထားခဲ့ကာ ထိုဖုန်းမှတဆင့် thumbdrive ထဲကို အသက်(၃၄)နှစ်အရွယ် ပထွေးတော်စပ်သူ ထိုအမျိုးသားက download လုပ်ခဲ့ပါတယ်။

တနေ့တွင် ၎င်း၏ဇနီးဖြစ်သူ (မိန်းကလေး၏မိခင်)က အကြောင်းကြောင်းဖြင့် ထို thumbdrive ကို ဖွင့်ကြည့် မိရာမှ ထိုထဲမှာရှိနေသည့် သမီးဖြစ်သူ၏ ရေချိုးခန်း မှတ်တမ်းကို တအံ့တသြ မြင်လိုက်ရ သည့် အတွက် တတ်သိနားလည်သူနှင့် တိုင်ပင်ဆွေးနွေးပြီး ထိုသူ၏ အကြံပေးချက်အတိုင်း ယင်း အဖြစ်ကို ရဲတိုင် ခဲ့တာဖြစ်ကြောင်း သိရသည်။

၂၀၁၀ ခုနှစ် အောက်တိုဘာ လက ကျူးလွန် ခဲ့သော ထိုပြစ်မှု အတွက် ပထွေးဖြစ်သူ အား ထောင် သုံးလ ကျခံ စေ ရန် တရားရုံး က ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်း သိရသည်။
 
  နိုင်ငံတကာသတင်း    9/12/2013 06:29:00 PM
From : .... New Myanmar News       Today  Myanmar မှမျှဝေဖေါ်ပြသည်

No comments:

Post a Comment