*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 16 November 2013

" နှိုင်းနှိုင်း ချိန်ချိန် သုခမိန်"


" နှိုင်းနှိုင်းချိန်ချိန်သုခမိန်"
Friday, November 15, 2013

သုံးဆယ်ခုနှစ်မင်းဆိုတဲ့ နတ်တွေကို သေချာကြည့်ဦး ကောင်းကောင်းသေတဲ့နတ် သိပ်မရှိဘူး။ လည်မျိုဒုတ်တို အနှပ်ခံရလို့ သေတဲ့အကောင် မီးဖုတ်ခံရလို့ သေတဲ့အကောင် စဉ်းစားကြည့်ပေါ့။ နတ်ပဲဖြစ်မလား သရဲပဲ ဖြစ်မလား အဲဒါ စဉ်းစားဖို့ ပြောတာပါ။

သူတို့ သေချင်တာနဲ့ သေပေါ့ဗျာ။ ဒါကို ကိုးကွယ်မဲ့ အစား ``ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ´´ လို့ ဆိုတာက အကောင်းဆုံးပဲ။ ``ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ´´ လို့ မဆိုလည်း ဘုရားက စိတ်မဆိုးဘူး။ ``သံဃံ သရဏံ ဂစ္ဆာမိ´´_`သံဃာရတနာကို ကိုးကွယ် ပါ၏´ လို့ ဆိုချင်ရင်လည်းဆို မဆိုရင်လည်း သံဃံတော် အရှင်မြတ်တို့က စိတ်မဆိုးဘူး။

ဟိုနတ်တွေက မရဘူး။ အုန်းသီးပုတ်တာနဲ့ ခေါင်းကိုက်မယ်။ မှတ်ထား။ အဲဒါကြည့်လုပ်။ ``ဇာတံ သရဏ တောဘယံ- ကိုးကွယ်ရာက ဘေးဖြစ်မှာ´´ ကို သတိထား။

မြန်မာပြည်မှာ လူဦးရေ သန်းပေါင်း ၆၀-လောက်ရှိတယ် ၁၀-သန်း လောက်ကနေ အုန်းသီးအလုံး ၁၀- သန်း လောက် နတ်တင်တယ်ဆိုလို့ရှိရင် အဲဒါကို ကျပ်- ၅၀၀ နဲ့မြှောက်ကြည့်။
တိုင်းပြည်ရဲ့ ပိုက်ဆံ ကုဋေပေါင်း ဘယ်လောက် ကုန်မလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်။ ဘုန်းကြီးတို့ ဗုဒ္ဓဝါဒသည် ဝိဘဇ္ဇဝါဒ။ ဝိဘဇ္ဇဝါဒဆိုတာ ဝေဖန်ရမယ် သုံးသပ်ရမယ် စဉ်းစားရမယ်။ ဘာသာတရားကို အကန်းယုံ အရမ်းယုံမဖြစ်ဖို့ သတိထားရမယ်။

မြန်မာပြည်ရဲ့ နတ်တင်ဖို့ အုန်းသီးဖိုးငွေတွေဟာ နည်းတာမဟုတ်ဘူး။ အဲဒီငွေတွေဟာ နတ်စားလို့ ကုန်သွားတာပဲလို့ ပြောလို့ရတယ် ဘာကျေးဇူးမှ မရှိဘူး။
အဲဒီငွေတွေကို စာသင်ကျောင်းဆောက်မယ် ဆေးရုံ ဆောက်မယ်ဆိုရင် ဘယ်လောက်ကောင်း လိုက်မလဲ။ ဒီလို အကျိုးရှိတဲ့ နေရာတွေမှာ အသုံးချတတ်ရမယ်။ အခုတော့ လူတွေက သဒ္ဓါတရားကတော့ ကောင်းကြပါတယ်။ ဒါပေမဲ့ တလွဲဆံပင်ကောင်း ဖြစ်နေကြတယ်။

ဒကာကြီးတွေ နေမကောင်းလို့ အိမ်ကအုန်းသီးကို လာစားတဲ့နတ်က ဒကာကြီးတို့ကို နေကောင်းပျောက်ဆေး ဘယ်တုန်းက ပေးဘူးသလဲ။ ဝမ်းကိုက်လို့ ဝမ်းကိုက်ပျောက်ဆေးကို ဘယ်နှစ်ခါလာပေးသလဲ။
သူတို့လည်း ဘာမှမတတ်နိုင်ဘူး သူ့အုန်းသီးတောင် သူ မသယ်နိုင်ဘူး။ သူတို့လည်း ထွက်ပြေးရတယ်။ အုန်းသီးလေးတောင် မီးထဲပါသွားသေးတယ်။ ဒီနတ်တွေကို အားကိုးရာ အဖြစ်နှင့် ကိုးကွယ်နေကြခြင်းကို စဉ်းစားကြဖို့ အချိန်တန်ပြီ။

(သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရ )

Credit to လှိုင်တိုး
နှလုံးသားအာဟာရ
Friday, November 15, 2013

သုံးဆယ်ခုနှစ်မင်းဆိုတဲ့ နတ်တွေကို သေချာကြည့်ဦး ကောင်းကောင်းသေတဲ့နတ် သိပ်မရှိဘူး။ လည်မျို ဒုတ်တို အနှပ်ခံရလို့ သေတဲ့အကောင် မီးဖုတ်ခံရလို့ သေတဲ့အကောင် စဉ်းစားကြည့်ပေါ့။ နတ်ပဲဖြစ်မလား သရဲပဲ ဖြစ်မလား အဲဒါ စဉ်းစားဖို့ ပြောတာပါ။


သူတို့ သေချင်တာနဲ့ သေပေါ့ဗျာ။ ဒါကို ကိုးကွယ်မဲ့ အစား ``ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ´´ လို့ ဆိုတာက အကောင်းဆုံး ပဲ။ ``ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ´´ လို့ မဆိုလည်း ဘုရားက စိတ်မဆိုးဘူး။ ``သံဃံ သရဏံ ဂစ္ဆာမိ´´_`သံဃာရတနာကို ကိုးကွယ် ပါ၏´ လို့ ဆိုချင်ရင်လည်းဆို မဆိုရင်လည်း သံဃံတော် အရှင်မြတ်တို့က စိတ်မဆိုးဘူး။




ဟိုနတ်တွေက မရဘူး။ အုန်းသီးပုတ်တာနဲ့ ခေါင်းကိုက်မယ်။ မှတ်ထား။ အဲဒါကြည့်လုပ်။ ``ဇာတံ သရဏ တောဘယံ- ကိုးကွယ်ရာက ဘေးဖြစ်မှာ´´ ကို သတိထား။

မြန်မာပြည်မှာ လူဦးရေ သန်းပေါင်း ၆၀-လောက်ရှိတယ် ၁၀-သန်း လောက်ကနေ အုန်းသီးအလုံး ၁၀- သန်း လောက် နတ်တင်တယ်ဆိုလို့ရှိရင် အဲဒါကို ကျပ်- ၅၀၀ နဲ့မြှောက်ကြည့်။
 

တိုင်းပြည်ရဲ့ ပိုက်ဆံ ကုဋေပေါင်း ဘယ်လောက် ကုန်မလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်။ ဘုန်းကြီးတို့ ဗုဒ္ဓဝါဒသည် ဝိဘဇ္ဇဝါဒ။ ဝိဘဇ္ဇဝါဒဆိုတာ ဝေဖန်ရမယ် သုံးသပ်ရမယ် စဉ်းစားရမယ်။ ဘာသာတရားကို အကန်းယုံ အရမ်းယုံမဖြစ်ဖို့ သတိထားရမယ်။

မြန်မာပြည်ရဲ့ နတ်တင်ဖို့ အုန်းသီးဖိုးငွေတွေဟာ နည်းတာမဟုတ်ဘူး။ အဲဒီငွေတွေဟာ နတ်စားလို့ ကုန်သွားတာပဲလို့ ပြောလို့ရတယ် ဘာကျေးဇူးမှ မရှိဘူး။ အဲဒီငွေတွေ ကို စာသင်ကျောင်းဆောက် မယ် ဆေးရုံ ဆောက်မယ်ဆိုရင် ဘယ်လောက်ကောင်း လိုက်မလဲ။ ဒီလို အကျိုးရှိတဲ့ နေရာတွေမှာ အသုံးချတတ်ရမယ်။ အခုတော့ လူတွေက သဒ္ဓါတရားကတော့ ကောင်းကြပါတယ်။ ဒါပေမဲ့ တလွဲ ဆံပင်ကောင်း ဖြစ်နေကြတယ်။

ဒကာကြီးတွေ နေမကောင်းလို့ အိမ်က အုန်းသီးကို လာစားတဲ့နတ်က ဒကာကြီး တို့ကို နေကောင်းပျောက်ဆေး ဘယ်တုန်းက ပေးဘူးသလဲ။ ဝမ်းကိုက်လို့ ဝမ်းကိုက်ပျောက်ဆေးကို ဘယ်နှစ်ခါလာပေးသလဲ။
 

သူတို့လည်း ဘာမှမတတ်နိုင်ဘူး သူ့အုန်းသီးတောင် သူ မသယ်နိုင်ဘူး။ သူတို့လည်း ထွက်ပြေးရတယ်။ အုန်းသီးလေးတောင် မီးထဲပါသွားသေးတယ်။ ဒီနတ်တွေကို အားကိုးရာ အဖြစ်နှင့် ကိုးကွယ်နေကြခြင်းကို စဉ်းစားကြဖို့ အချိန်တန်ပြီ။

(သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿ        ရ    )

Credit to လှိုင်တိုး
နှလုံးသားအာဟာရ

 

No comments:

Post a Comment