*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 19 November 2013

နှလုံးတိုက်ခိုက် ခံရမှုကို လျော့ချနိုင်သည့် နေထိုင်မှု ပုံစံ

နှလုံးတိုက်ခိုက် ခံရမှုကို လျော့ချနိုင်သည့် နေထိုင်မှု ပုံစံ 













 နှလုံးရောဂါကို ကာကွယ်ဖို့ အတွက် လိုအပ်တဲ့ ဘဝနေထိုင်မှု ပုံစံ ခုနစ်ချက်ဟာ ကင် ဆာရော ဂါ ဖြစ်နိုင်ခြေ ကိုပါ လျှော့ချနိုင် တယ်လို့ အမေရိကန်နှလုံးရောဂါဌာနမှ ထုတ်လုပ်တဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အဲဒီခုနစ် ချက်ဟာ-

(၁) တက်တက်ကြွကြွ နေထိုင်ခြင်း
တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅ဝ ခန့် လေ့ကျင့်ခန်းပြုလုပ် ရပါမယ်။ ဥပမာအားဖြင့် နာရီဝက် လမ်းမြန်မြန်လျှောက် တာကို တစ်ပတ် ငါးကြိမ် ပြုလုပ်ပေးပါ။


(၂) ကျန်း မာေ၇းနှင့် ညီညွတ် သော ကယို အ လေး ချိန်ရှိခြင်း ခန္ဓာကိုယ်အရပ် အမောင်းနဲ့ အလေးချိန် အချိုးအဆ(BMI)ဟာ ၂၅ ထက် ပိုမမြင့်မားရပါ။

{၃)ကျန်းမာရေးနှင့် ညီညွတ်သော အစာ စားခြင်း ပြည့်ဝဆီနဲ့ ထပ်ပြန်ကြော်ဆီ၊ ကိုလက်စထ ရော၊ ဆိုဒီယမ် (ဆား)နဲ့ သကြားစားသုံးမှုကို လျှော့ စားပြီး ကောက်နှံတစ်ခုလုံး ပါဝင်တဲ့အစာ၊ အမျှင်၊ အဆီမပါတဲ့ အသား ၊ ရောင်စုံဟင်းသီးဟင်းရွက် တွေကို များများ စားသုံးပါ။

(၄) သွေးတွင်း ကိုလက်စထရော အဆင့်ကို ထိန်း ချုပ်ထားနိုင်ခြင်း ကိုလက်စထရောစုစုပေါင်းအဆင့်ဟာ ၂ဝဝ mg/dl ထက် နည်းရပါမယ်။ ကောင်းတဲ့ ကိုလက် စထရော (HDL)နဲ့ မကောင်းတဲ့ ကိုလက်စထရော (LDL) အဆင့် ညီညွတ်မျှတမှုရှိရပါမယ်။ (ဥပမာ HDL 40 mg/dl ထက်နည်းရင် နှလုံးအတွက် မကောင်း ပါ)

(၅) သွေးဖိအားကို ထိန်းချုပ် ထားနိုင်ခြင်း အပေါ်သွေးဖိအား ၁၂ဝ mmHg ထက်နည်း ပြီး အောက်သွေး ဖိအား ၈ဝ mmHg ထက် နည်းရ ပါမယ်။

(၆) သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ထား နိုင်ခြင်း ည ၁ဝ နာရီနောက်ပိုင်း အစာမစားဘဲ မနက် စောစောမှာ သွေး တွင်း သကြားဓာတ်ကို စစ်ထားတဲ့ အဖြေဟာ ၁ဝဝ ထက် နည်းရပါမယ်။

(၇) ဆေးလိပ်မသောက်ခြင်း ဆေးလိပ်သောက်တာကြောင့် အဆုတ် ကင်ဆာဖြစ်နိုင်ခြေ မြင့်မား သလို နှလုံးသွေးကြော ရောဂါနဲ့  လေဖြတ်နိုင်ခြင်းကို မြင့်မားနိုင်တယ်။

ဒေါက်တာခင်မိုးမိုး
 Good Health 

From...Yoyarlay

No comments:

Post a Comment