*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 19 November 2013

တန်ဆောင်မုန်းလပြည့် မဲဇလီဖူး တက်ခူးသူနှစ်ဦး ဓာတ်လိုက်သေဆုံး

တန်ဆောင်မုန်းလပြည့် မဲဇလီဖူး တက်ခူးသူနှစ်ဦး ဓာတ်လိုက်သေဆုံး 









ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်နှင့် လှိုင်သာယာ မြို့နယ်တွင် မဲဇလီပင်ပေါ်သို့ မဲဇလီဖူး တက်ခူး သည့် အမျိုးသားနှစ်ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က (တန်ဆောင်မုန်း လပြည့်နေ့) ဓာတ်လိုက် သေဆုံး ခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက် သာကေတမြို့နယ် ၄ တောင်ရပ်ကွက်၊ ယမုံနာလမ်းမပေါ် ရှုခင်းသာ ပန်းခြံရှေ့အနီးရှိ မဲဇလီပင်ပေါ်တွင် မဲဇလီ အဖူးများကို ခူးဆွတ်နေသည့် အသက် ၃၂ နှစ်အရွယ် ဦးမျိုးမင်းသိန်းသည် ဗို့အား ၆ သောင်း ၆ ထောင်ရှိသည့် မဟာဓာတ်အားလိုင်း၏ ဆွဲယူခြင်း ခံရပြီး ယင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း (၄) တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းက The Voice သို့ ပြောကြားသည်။


သေဆုံးသူတွင် ဓာတ်လိုက်ခံရသည့် ပြင်ပဒဏ်ရာများ မတွေ့ရှိဘဲ သစ်ပင်ပေါ်တွင် တွဲလျောင်းကျ သေဆုံး လျက် ရှိကြောင်း၊ အဆိုပါ နေရာအနီးတွင် သေဆုံးသူ၏ တူတော်စပ်သူ အသက် ၁၈ နှစ်အရွယ် ကိုချစ်ကိုကို မှာ သစ်ပင်အောက်တွင် ရှိနေသော်လည်း မည်သို့မည်ပုံ ဖြစ်ပွားခဲ့သည်ကို မသိရှိခဲ့ဘဲ သစ်ပင် ခွကြား သို့ ပြန် လည် ပြုတ်ကျသည့် အချိန်မှသာ သိရှိခဲ့ခြင်း ဖြစ်သည်ဟု ကိုချစ်ကိုကို၏ ပြောကြားချက်ကို ကိုးကား၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ထပ်မံပြောကြားသည်။

အဆိုပါ မဟာဓာတ်အားလိုင်းမှာ သာကေတ ဓာတ်အားပေး စက်ရုံမှ သီတာ ဓာတ်အားခွဲ စက်ရုံသို့ ပို့လွှတ် ထားခြင်း ဖြစ်ပြီး ဗို့အား ပြင်းထန်ကာ ၎င်းဓာတ်အားလိုင်း (အဖိုလိုင်း) နှင့် ကိုးပေ အကွာအဝေး အတွင်း သို့ ရောက်ရှိပါက ဓာတ်ကြိုးထံသို့ အလိုလျောက် ဆွဲငင်တတ်ကြောင်း၊ ယခု ဖြစ်စဉ်တွင်လည်း သစ်ပင်မှ တစ်ဆင့် မြေကြီးထံမှ (Earth) (ဓာတ်အားအမလိုင်း) မိနေစဉ် ဓာတ်အားလိုင်းက ဆွဲငင်သွားခြင်း လည်း ဖြစ်နိုင်ကြောင်း သာကေတ လျှပ်စစ်ဓာတ်အားပေးရုံးမှ လျှပ်စစ်ရုံး ဝန်ထမ်းလုပ်သက် အနှစ် ၃၀ ရှိသူ အမျိုးသားတစ်ဦးက သုံးသပ် ပြောကြားသည်။

 “ဓာတ်အားလိုင်းပေါ် ရေစိုနေတဲ့ စွန်ကြိုးတင်နေလို့ စွန်ကြိုးကို သွားကိုင် မိရင်တောင် မြေကြီးနဲ့ အပ်မိပြီး ဓာတ်ကြိုးက လှမ်းဆွဲသွားတာ။ အဲဒီအချိန် ဝိုင်းဆွဲရင် ဆွဲတဲ့လူပါ ပါသွားမှာ” ဟု ၎င်းကရှင်းပြသည်။

အလားတူ နိုဝင်ဘာလ ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ ရေခဲတောင် ရေခဲစက်ရုံမှ ဝန်ထမ်းဖြစ်သူ အသက် ၁၈ နှစ်အရွယ် ကိုအောင်သူထွန်းသည် ၎င်းစက်ရုံ အနီး ဦးအောင်သူလမ်းနှင့် ဦးမိုးလမ်းထောင့်ရှိ မဲဇလီပင်ပေါ်သို့ မဲဇလီဖူး တက်ခူးစဉ် အနီးရှိ စက္ကူစက်ရုံသို့ သွယ် တန်းထားသည့် ဗို့အား တစ်သောင်းတစ်ထောင်ရှိ ဓာတ်ကြိုးကို ကိုင်မိပြီး ဝဲဘက်လက်မ ညိုမည်းဒဏ်ရာ၊ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ များဖြင့် အဆိုပါ မဲဇလီ သစ်ပင်ခွကြား တွင်ပင် သေဆုံးခဲ့ကြောင်း လှိုင်သာယာ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 


 The Voice Journal
From...၇ိုး၇ာလေး



No comments:

Post a Comment