*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 13 December 2013

မိန်းမောတွေဝေ မင်တက် မိသွားစေတဲ့ ဆီးဂိမ်း ဖွင့်ပွဲ


▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
█ ★အမျိုးသားဆုံမှတ်-27th SEA Games ★ █
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[12-12-13]
 

ဒီကနေ့ ဒေသတွင်းမီဒီယာတွေ၊ နိုင်ငံတကာက မြန်မာ့အရေးစိတ်ဝင်စားကြတဲ့ မီဒီယာတွေရဲ့ Front Page တွေမှာ နေပြည်တော်ဆီးဂိမ်းဖွင့်ပွဲသတင်းကို ဓါတ်ပုံတွေနဲ့ တခမ်းတနား ရေးသား ဖော်ပြထားကြ တာ တွေ့ရပါတယ်။ တစ်ချို့ သတင်းအာဘော်တွေမှာ ရေးသားဖော်ပြထားတာတွေက စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။
 

 တစ်ချိန်က အထီးကျန် သင်းကွဲနိုင်ငံ ကလေးဆီက ကမ္ဘာကို ထုတ်ပြလိုက်တဲ့ Message က မြန်မာတွေ လုပ်နိုင်တယ် ဆိုပါသတဲ့။ တစ်ချို့ဆိုရင် ဒီလောက်ထင်မထားဘူး ဆိုပြီး ပြောင်ပဲ ရေးသားထားတာ တွေ့ရှိရပါ တယ်။ ဘာပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံကို အပြုသဘောမြင်ကြသည် ဖြစ်စေ၊ အဆိုးမြင်ကြသည် ဖြစ်စေ တလေး တစား ဖြစ်သွားကြရတာတော့ မငြင်းနိုင်ပါဘူး။


● တစ်ချို့က ဘာကို အသားပေးပြီး ရေးထားသလဲ ဆိုတော့ ဖွင့်ပွဲအခမ်းအနားမှာ ပြသသွားတဲ့ မြန်မာ့ရိုးရာ တူရိယာတွေနဲ့ တေးသွားသံစဉ်တွေကို စိတ်ဝင်တစား ရေးသားပြီး မြန်မာနိုင်ငံရဲ့ နောက်ခံ သမိုင်းကြောင်းတွေ ကိုပါ တို့ထိသွားခဲ့ပါတယ်။

● အာဆီယံနိုင်ငံတစ်ချို့က မီဒီယာတွေမှာဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တံခါးဖွင့်မှု၊ စီးပွားရေး ထွန်းသစ် မှုတွေ နဲ့ ဒီဆီးဂိမ်းဖွင့်ပွဲကို နှိုင်းယှဉ်ရေးသားထားတာ ကိုလည်း တွေ့ရှိရပါတယ်။

● အာဆီယံနိုင်ငံ တစ်နိုင်ငံက မီဒီယာတွေမှာဆိုရင် မိန်းမောတွေဝေ မင်တက်မိသွားစေတဲ့ ဆီးဂိမ်းဖွင့်ပွဲ ဆိုပြီး ဂုဏ်ပြုချီးကျူးရေးသားထားတာ တွေ့ရှိရပါတယ်။

● အနောက်နိုင်ငံက မီဒီယာတစ်ချို့မှာဆိုရင် တရုတ်နည်းပညာ အသုံးပြုမှုနဲ့ပတ်သက်ပြီး လန်ဒန်အိုလံပစ် လည်း တရုတ်နည်းပညာ သုံးခဲ့ရတာပဲ၊ ကမ္ဘာမှာ တရုတ်နည်းပညာနဲ့ ကင်းနိုင်တာ ဘယ်မှာ ရှိလို့လဲ ဆိုပြီး ရေးသားထားတာလည်း တွေ့ရပါတယ်။

● မှန်ပါတယ်။ မြန်မာဆိုတာ အနှိမ်ခံ၊ အပယ်ခံ၊ အထီးကျန် နိုင်ငံငယ်လေး တစ်နိုင်ငံပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မငြိမ်းနိုင်တဲ့ ပဋိပက္ခတွေ၊ ဆင်းရဲနွမ်းပါးမှုတွေနဲ့ ပြည့်လွှမ်းနေတဲ့ နိုင်ငံငယ်ကလေးပါ။

● ဒီနိုင်ငံငယ်လေးက ဆီးဂိမ်းတာဝန်ယူ ကျင်းပမယ် ဆိုတော့ ဟုတ်မှဟုတ်ပါ့မလား၊ လုပ်မှလုပ်နိုင်ပါရဲ့လား ဆိုတဲ့ သံသယမျက်ဝန်းတွေ၊ မျက်မှောင်ကျုံ့ပြီး ကြည့်တာမျိုးတွေ၊ အထင်သေးအမြင်သေး အကြည့်တွေ ရှိခဲ့ကြတာဟာလည်း ရင်နာစရာပါ။

● တရုတ်နိုင်ငံဟာ ကမ္ဘာ့အဆင့်ကို တက်လှမ်းလိုက်ပြီ ဆိုတာကို ဘေကျင်းအိုလံပစ်နဲ့ သက်စေပြခဲ့ပါ တယ်။ တောင်အာဖရိကဟာ ကမ္ဘာ့အဆင့် အခမ်းအနားတွေ အသင့်ဖြစ်နေပါပြီ ဆိုတာကို ကမ္ဘာ့ဖလား နဲ့ ပြသခဲ့ပါတယ်။ အိမ်နီးချင်းမိတ်ဆွေ လာအိုနိုင်ငံသည်ပင်လျှင် ဆီးဂိမ်းကို အိမ်ရှင်အဖြစ် လုပ်ပြခဲ့ပြီးပါပြီ။

● ကျွန်တော်တို့ မြန်မာနိုင်ငံ ဆီးဂိမ်းအိမ်ရှင်နဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်း(၄၀)ကျော်ခဲ့ပါပြီ။ ဒီဆီးဂိမ်း ဖွင့်ပွဲကို ကြည့်လိုက်ရတဲ့ သူတိုင်း အပြုသဘော ရှုမြင်ကြသည်ဖြစ်စေ၊ ချီးကျူးဂုဏ်ယူကြသည် ဖြစ်စေ အားလုံးရဲ့ ရင်ထဲမှာ တူညီတဲ့ ခံစားချက်တစ်ခုစီတော့ သေချာပေါက် ရှိနေပါတယ်။ "မြန်မာ" ဆိုတဲ့ ဇာတိပုည ဂုဏ်မာန ပဲ ဖြစ်ပါတယ်။ မတူ ကွဲပြားမှုတွေ ဘယ်လိုပဲ ရှိရှိ တူညီတဲ့ ဆုံမှတ်တစ်ခုကတော့ အားလုံးရဲ့ ရင်ထဲ၊ နှလုံးသား ထဲမှာ ရှိနေကြပါတယ်။

● ရက်ရှည်လများ အပင်ပန်းခံ လေ့ကျင့်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားလေးတွေ၊ ဗော်လံတီယာ လူငယ်လေးတွေ၊ ဆီးဂိမ်းဖွင့်ပွဲကို အနယ်နယ်အရပ်ရပ်က ကြည့်ရှုခဲ့ကြရတဲ့ မျိုးဆက်သစ်တွေ အားလုံးရဲ့ ရင်ထဲမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ၊ ဘယ်လို စိန်ခေါ်မှုတွေပဲ တွေ့ရ တွေ့ရ "ငါတို့ လုပ်နိုင်တယ်" ဆိုတဲ့ ခံယူချက်၊ အမျိုးသားရေးစိတ်ဓါတ်ကလေး ခိုဝင်ကိန်းအောင်းသွားပြီ ဆိုရင်ပဲ ကျေနပ်စရာပဲ။

● ဒီစိတ်ဓါတ်၊ ဒီခံယူချက်နဲ့ ဒီနိုင်ငံရဲ့ အနာဂတ်ကို သူတို့ တည်ဆောက်သွားနိုင်မှာပါ။ သူတို့ခေတ် သူတို့ အခါ မှာ ဒီကနေ့ထက် အဆများစွာ သာလွန်တဲ့ အဆင့်အတန်းတွေကို ဖန်တီးသွားနိုင်မယ်ဆိုတာကို အသေ အချာ ယုံကြည်မိပါတယ်။

● ဆီးဂိမ်းအောင်မြင်ရေး အဖက်ဖက်မှ ကျရာ အခန်းကဏ္ဍက ပံ့ပိုးကူညီခဲ့ကြသူ အားလုံးကို အထူးပဲ ဂုဏ်ယူ ချီးကျူးမိပါတယ်။

ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။

 Black Angle

ဆီးဂိမ်းအတွက် ဘယ်လိုလေ့ကျင့်ခဲ့ကြသလဲ



 
"သမီးတို့ က ကိုယ်ပိုင် အချိန်မှာ မနားဘဲ .... ဘာလို့  ညကြီးမှာ ထပ် လေ့ကျင့်ကြတာလဲ" "သမီးတို့ မညီရင် ... သမီးတို့ နိုင်ငံကို အထင်သေး သွားကြမှာပေါ့"
==============================
 
နေပြည်တော် နေပူပူမှာ .... အချိန်မဟုတ် ရွာချတဲ့ မိုးစက်တွေကြား .... အသားတွေ မည်းနေအောင် လေ့ ကျင့် ခဲ့ကြတဲ့ .... ဆယ်ကျော်သက် သားငယ် သမီးငယ်တွေ .... ညနေ ၆ နာရီ တန်းဖြုတ်ပြီးလို့ ..... ရေချိုး ထမင်းစား ပြီးတာတောင် မနားနိုင်ပဲ ..... ကိုယ့် အစီအစဉ်နဲ့ ကိုယ် သူငယ်ချင်းတွေ စုပြီး ..... တည်းခိုရေး စခန်းကွင်းထဲမှာ လေ့ကျင့်ခဲ့ကြတဲ့ .... သမီးငယ်လေးတွေကို မေးခဲ့တဲ့ မေးခွန်း နဲ့ သူတို့ အဖြေပါ ..... ကျနော့် တစ်သက်လုံး .... ဘယ်တော့မှ မေ့လို့ ရမှာမဟုတ်တော့တဲ့ စကား .....။
 
(Credit to - လင်းအောင်)

Ko Kyi Win




မနေ့က ဖွင့်ပွဲ အခမ်းအနားအတွက် တာဝန်ထမ်းဆောင်၇င်း အရမ်းကို ပင်ပန်းနေပုံပေါက်တဲ့ ယာဉ်ထိန်း ရဲမေတစ်ဦး.....။ SEA Game တွင် စေတနာ လုပ်အားပေးနေသော အနုပညာရှင်နှစ်ဦး ကိုဝေဠုကျော် နှင့် ကိုအောင်ခိုင်

No comments:

Post a Comment