*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 13 December 2013

အသွင် အမျိုးမျိုးနှင့် တရုတ်နို့မှုန့် များ အသက်အန္တရာယ် ရှိ ဟုဆို

 
ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပြည်တွင်း မုန့်ဈေးကွက် တွင် တရုတ် နယ်စပ် က အသွင် အမျိုးမျိုးနှင့် ထုတ်လုပ် ထားသော အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) လက်မှတ် မရှိသည့် ကလေးကြိုက် တရုတ်နို့မှုန့် များ ကျယ်ပြန့်  စွာ ရောင်းချနေခြင်း သည် ကလေးသူငယ် များ အသက်အန္တရာယ် အတွက် စိုးရိမ်ဖွယ် ရှိ လာနိုင်ကြောင်း တောင်တွင်းကြီးမြို့ မုန့်တိုက် ပွဲ ဦးဆောင် လှုပ်ရှားသူ ဒေါက်တာကျော်ဆွေ က The Voice သို့ ပြောကြားသည်။



ယင်းဈေးသက်သာသော နို့မှုန့် ထုပ် များ ကို ကျောင်းမုန့်ဈေးတန်းနှင့် ရပ်ကွက် မုန့်ဆိုင် တို့တွင် အရိုးခေါင်း ပုံပါ မုန့် အခွံနှင့် နို့မှုန့် ကို စီးကရက် ပုံစံ ပိုက်ဖြင့် စုပ်ယူ စားသောက် ရသော အမှုန့်များ ၊ ဆေးပြား သဏ္ဌာန် နို့ခဲ များနှင့် ရောင်စုံ သကြားလုံး များ ပုံစံ မျိုးစုံနှင့် ရောင်းချနေကြောင်း ရန်ကုန် မြို့တွင်း က ရောင်း ချ သူများနှင့် ဝယ်ယူသူများ ထံမှ သိရသည်။



ကလေးကြိုက် အရောင် မျိုးစုံ အသွင် သဏ္ဌာန်မျိုးစုံနှင့် ထုတ်လုပ် ထားသော တရုတ်နို့မှုန့် ထုတ် များတွင် သကြား ထက် အချိုနှစ်ဆပြင်းသော ဓာတ် များ ထည့်သွင်း ထားပြီး စားသုံး မိပါက ပါးစပ် အတွင်း ပျဉ်းတွဲ တွဲ အချို အရသာကို ကြာရှည် စွာ ခံစားရနိုင်ကြောင်း ဒေါက်တာကျော်ဆွေ က ပြောဆိုသည်။
 

“အဆိုးဆုံး က ဒီမုန့် ကို ကလေးတွေ စားတဲ့ နည်းလမ်းပါ။ မုန့်ထုပ် မှာ စီးကရက် ပုံစံ စက္ကူချောင်း တစ်ချောင်း ပါတယ်။ စက္ကူချောင်း ကနေ အဲ့ဒီ အမှုန့်တွေ သိပ်ထည့်ပြီး ဆေးလိပ်သောက်တဲ့ ပုံစံ နဲ့ မုန့်ကို စုပ်ပြီး စားရ တာပါ” ဟု ၎င်း ရှင်းလင်း ပြောဆိုသည်။

ဈေးကွက် အတွင်း ရောင်းချနေသော ကလေးကြိုက် တရုတ်နို့မှုန့် ထုပ် များ၏ ငွေ အရင်း အနှီးသည် တစ်ထုပ် လျှင် ၃၀ မှ ၄၀ ကျပ် ခန့်သာ ရှိပြီး စားသုံးသူများ ကို ၁၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း၊ အဆိုပါ မုန့် မျိုးစုံကို ကလေးသူငယ် များ အပြင် ဆယ်ကျော်သက် အရွယ် များလည်း စားသုံးကြကြောင်း ရန်ကုန်မြို့ မုန့်မျိုးစုံ လက်လီ၊ လက္ကား ရောင်းချသူများ ထံမှ သိရသည်။

ယင်း အစားအစာ များကို စားသုံးမှု များ လာပါက ဆီးနှင့် ဆက်နွှယ်သော ပြဿ       နာများ ကြုံတွေ့နိုင်ပြီး ဖျား နာခြင်း၊ ကျောက်ကပ် ထိခိုက်ပြီး ဆီး မသွားနိုင်ဘဲ သေဆုံးခြင်းတို့ အထိ ဖြစ်နိုင်ကြောင်း ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန ပါမောက္ခ ဒေါက်တာမောင်ကျော် က ပြောကြားသည်။

မကြာသေးမီ က တရုတ်နိုင်ငံ ထုတ် နို့မှုန့် များတွင် မယ်လမင်း ပါဝင်နှုန်း မြင့်မားသောကြောင့် နို့မှုန့် ထုတ်လုပ် ရောင်းချသော ကုမ္ပဏီ များကို ပိတ်ပင်ပြီး သေဒဏ် ချမှတ်မှုများ ထိ ပြုလုပ်ခဲ့သည်။

လက်ရှိ ပြည်တွင်း တွင် ရောင်းချနေသော ဈေးနှုန်းနည်း တရုတ် စာတန်းပါ နို့မှုန့် ထုပ်များတွင် FDA လက်မှတ် မပါသည့် အတွက် စားသုံးသူများ သတိပြု ရှောင်ရှား သင့်ကြောင်း၊ ပါဝင် ပစ္စည်းနှင့် နား မလည် သော ဘာသာ စကားများနှင့် ရေးသား ထားသော အသင့်စား မုန့် များကို ဝယ်သူ မစား သင့်ကြောင်း ကျန်းမာရေး အသိုင်း အဝိုင်းက အကြံပြုထားသည်။

ပြည်တွင်း သို့ ဝင်ရောက်နေသော အန္တရာယ် ရှိ ဓာတုဆိုးဆေးပါ အစားအစာ များသည် ထိုင်း-မြန်မာ နယ်စပ်၊ တရုတ်-မြန်မာ နယ်စပ် များမှ တရားမဝင် ဝင်ရောက်လျက် ရှိသည်။

The Voice Weekly

From...Thit Htoo Lwin - News 

 


No comments:

Post a Comment