*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 20 December 2013

မြန်မာအမျိုးသမီး ဘောလုံးအသင်း တတိယနေရာနဲ့ ကျေနပ်လိုက်ရပြီ


မြန်မာအမျိုးသမီး ဘောလုံးအသင်း တတိယနေရာနဲ့ ကျေနပ်လိုက်ရပြီ

၂၀ ဒီဇင်ဘာ ၂၀၁၃

ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဒီဇင်ဘာ ၂၀ရက် မန္တလာသီရိကွင်းမှာ မြန်မာနဲ့ မလေးရှားအသင်းတို့ ကစားပြီး ပွဲချိန် ၂၄ မိနစ်မှာ မြန်မာအသင်း ကျောနံပါတ် (၉) ရီရီဦးက ပွဲဦးထွက်ဂိုးကို သွင်းယူခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ မြန်မာအသင်း ကျောနံပါတ် (၁၁) ခင်မိုးဝေက ခေါင်းတိုက်ပြီး သွင်းယူခဲ့ပေမယ့် ဂိုးမပေးခဲ့ပါဘူး။ ပွဲချိန် ၃၈မိနစ်မှာတော့ မြန်မာ ကျောနံပါတ် ၁၁ ခင်မိုးဝေကပဲ ဒုတိယဂိုးကို လွတ်လွတ်ကျွတ်ကျွတ် ထပ်မံသွင်းယူခဲ့ပါတယ်။ ဒုတိယ ဂိုးသွင်းယူပီး တစ်မိနစ်အကွာမှာပဲ ကျောနံပါတ် ၇ သန်းသန်းထွေးက အဝေးကန်ချက်နဲ့ တတိယဂိုးကို သွင်းယူပြီး မြန်မာအသင်းက ၃ဂိုး ဂိုးမရှိနဲ့ ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၃မိနစ်မှာ မြန်မာအသင်းက ၄ဂိုးမြောက်ကို သွင်းယူပေမယ့် ကိုရီးယားစည်းကျပ်ဒိုင်က လူကျွံဘော သတ်မှတ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၆၉ မိနစ်မှာ ကျောနံပါတ်(၉) ရီရီဦးက မြန်မာအသင်းအတွက် ၄ဂိုးမြောက်ကို သွင်းယူပါတယ်။ ဒါဟာ ရီရီဦးအနေနဲ့ ဒီပွဲမှာ ဒုတိယမြောက် သွင်းယူတဲ့ဂိုးပါ။

ဒုတိယပိုင်းမှာပဲ ပွဲချိန် ၈၇ မိနစ်မှာ ကျောနံပါတ် ၆ စန်းစန်းမော်က မြန်မာအသင်းအတွက် ပဉ္စမဂိုးကို အဝေးကန်ချက်နဲ့ပဲ အရယူခဲ့ပါတယ်။ ဒုတိယပိုင်းအချိန်အထိ မြန်မာအသင်းက တိုက်စစ်နဲ့ ကစားပြီး ဘောလုံးပိုင်ဆိုင်မှုကလည်း မြန်မာခြေမှာပဲ များခဲ့ပါတယ်။

ဒုတိယပိုင်း မပြီးဆုံးခင်လေး ပွဲချိန် ၉၁မိနစ်မှာပဲ မြန်မာအသင်းက နောက်ဆုံးအနေနဲ့ ၆ဂိုးမြောက်ကို မကြာခင်က လူစားလဲဝင်လာတဲ့ ကျောနံပါတ် ၂ မြင့်မြင့်အေးက သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိမ်ရှင်မြန်မာအမျိုးသမီးအသင်းက ပြိုင်ဘက် မလေးရှားအသင်းကို ခြောက်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ တတိယနေရာကို အရယူနိုင်ခဲ့ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ အမျိုးသမီးဘောလုံးအသင်းအနေနဲ့ ရွှေမှန်းခဲ့ပေမယ့်လည်း အခုချိန်မှာ ကြေးတံဆိပ်နဲ့ ကျေနပ်ဖြေသိပ်လိုက်ရပါပြီ။

ဓာတ်ပုံ - အိမ်ခိုင်မြဲ

DVB TV News
၂၀ ဒီဇင်ဘာ ၂၀၁၃

ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဒီဇင်ဘာ ၂၀ရက် မန္တလာသီရိကွင်းမှာ မြန်မာနဲ့ မလေးရှားအသင်းတို့ ကစားပြီး ပွဲချိန် ၂၄ မိနစ်မှာ မြန်မာအသင်း ကျောနံပါတ် (၉) ရီရီဦးက ပွဲဦးထွက်ဂိုးကို သွင်းယူခဲ့ပါတယ်။


ပွဲချိန် ၃၄ မိနစ်မှာ မြန်မာအသင်း ကျောနံပါတ် (၁၁) ခင်မိုးဝေက ခေါင်းတိုက်ပြီး သွင်းယူခဲ့ပေမယ့် ဂိုး မပေး ခဲ့ပါဘူး။ ပွဲချိန် ၃၈မိနစ်မှာတော့ မြန်မာ ကျောနံပါတ် ၁၁ ခင်မိုးဝေကပဲ ဒုတိယဂိုးကို လွတ်လွတ်ကျွတ်ကျွတ် ထပ်မံသွင်းယူခဲ့ပါတယ်။ ဒုတိယ ဂိုးသွင်းယူပီး တစ်မိနစ်အကွာမှာပဲ ကျောနံပါတ် ၇ သန်းသန်းထွေးက အဝေး ကန်ချက်နဲ့ တတိယဂိုးကို သွင်းယူပြီး မြန်မာအသင်းက ၃ဂိုး ဂိုးမရှိနဲ့ ပထမပိုင်းကို ဦးဆောင်ခဲ့ ပါတယ်။


ဒုတိယပိုင်း ပွဲချိန် ၅၃မိနစ်မှာ မြန်မာအသင်းက ၄ဂိုးမြောက်ကို သွင်းယူပေမယ့် ကိုရီးယားစည်းကျပ်ဒိုင်က လူကျွံဘော သတ်မှတ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၆၉ မိနစ်မှာ ကျောနံပါတ်(၉) ရီရီဦးက မြန်မာအသင်းအတွက် ၄ဂိုးမြောက်ကို သွင်းယူပါတယ်။ ဒါဟာ ရီရီဦးအနေနဲ့ ဒီပွဲမှာ ဒုတိယမြောက် သွင်းယူတဲ့ဂိုးပါ။

ဒုတိယပိုင်းမှာပဲ ပွဲချိန် ၈၇ မိနစ်မှာ ကျောနံပါတ် ၆ စန်းစန်းမော်က မြန်မာအသင်းအတွက် ပဉ္စမဂိုးကို အဝေး ကန် ချက်နဲ့ပဲ အရယူခဲ့ပါတယ်။ ဒုတိယပိုင်းအချိန်အထိ မြန်မာအသင်းက တိုက်စစ်နဲ့ ကစားပြီး ဘောလုံး ပိုင်ဆိုင်မှုကလည်း မြန်မာခြေမှာပဲ များခဲ့ပါတယ်။

ဒုတိယပိုင်း မပြီးဆုံးခင်လေး ပွဲချိန် ၉၁မိနစ်မှာပဲ မြန်မာအသင်းက နောက်ဆုံးအနေနဲ့ ၆ဂိုးမြောက်ကို မကြာ ခင်က လူစားလဲဝင်လာတဲ့ ကျောနံပါတ် ၂ မြင့်မြင့်အေးက သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိမ်ရှင်မြန်မာအမျိုးသမီးအသင်းက ပြိုင်ဘက် မလေးရှားအသင်းကို ခြောက်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ တတိယနေရာကို အရယူနိုင်ခဲ့ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ အမျိုး သမီးဘောလုံးအသင်းအနေနဲ့ ရွှေမှန်းခဲ့ပေမယ့်လည်းအခုချိန်မှာ ကြေးတံဆိပ်နဲ့ ကျေနပ်ဖြေသိမ့်လိုက်ရပါပြီ။

ဓာတ်ပုံ - အိမ်ခိုင်မြဲ

DVB TV News
 
 
 

No comments:

Post a Comment