*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 21 December 2013

လိင်အင်္ဂါ(၂)မျိုးပါသူ ကလေးငယ်မွေးဖွား


ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက် နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္(၂) မျိုးပါဝင်သူ ကလေးငယ်လေးတစ်ဦးကို (၁၄.၁၂.၂၀၁၃)ရက်နေ့ မနက် (၄း၃၀)မိနစ် အချိန်ခန့် တွင်ကံကြီး ကုန်း/အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း ၏ဇနီး မစန်းစန်းမော်(ခ)ပူစူးမ မှအဆိုပါ (ယောက်င်္ကျားလေး လိင်အဂါင်္ နှင့် မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူကလေးငယ်လေး ကိုမွေးဖွားခဲ့သည်။
 

အဆိုပါ ထူးဆန်း စွာမွေးဖွားမှုနှင့်ပတ်သတ်ပြီး ပြည်သတင်း မှ ကျွန်တော်ပြည်သတင်းလူငယ် မိဘများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ မိခင်ဖြစ်သူ မစန်းစန်းမော်(ခ) မပူစူးမ မှ ပြည် သတင်းသို့ ယခုလိုပြန် လည်ဖြေ ကြားခဲ့ပါသည်။

ကလေးကို ၁၄.ရက်နေ့ မနက် ၄နာရီ ၃၀.မှာမွေးခဲ့တာပါ မမွေးခင်ကဘာမှ ထူးခြားမှု့မရှိခဲ့ပါဘူး၊ လိုချင်တာကတော့ မိန်းကလေးပဲလိုချင်ပါ တယ်။ ဒါပေမဲ့ကံစီမံရာပါပဲ၊ ဒီကလေးကို မမွေးခင်ကတော့ ဆုတွေတောင်းတိုင်း မိန်းကလေးပဲဖြစ်ပါစေ ဆိုတဲ့ဆုတွေကိုတော့ အရမ်းတောင်းမိပါတယ်။

ကလေးက (၇.ပေါင်နဲ့ ၈.အောင်စ)ရှိပါတယ် ကလေးရောလူကြီးပါ ကျန်းမာရေးကောင်းပါတယ် ....ဟုကလေး၏ မိခင်မှ ပြည်သတင်းသို့ ပြောကြားသွားသည်။

အဆိုပါကလေးကို မွေးဖွားခဲ့ရာမှာ ကျေးလက်သားဖွားအရံဆရာမ (၂)ဦးနဲ့ မွေးဖွားခဲ့တာဖြစ်ပြီး ကလေး၏ မိခင်နဲ့ဖခင်တို့မှာ လက်ရှိလယ်/ယာလုပ်ငန်း နှင့် အခြားကြံပင်စိုက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေ ရကြောင်း အဆို ပါ ကံကြီးကုန်းကျေးရွာ။ ကိုင်းချောင်းကျေးရွာ။ ၀ိုင်းချောင်း ကျေးရွာ။ ဇီးဖြူကွင်းကျေးရွာ စုစုပေါင်း (၄) ရွာတစ်အုပ်စုဖြစ်ပြီး အဆိုပါ ကလေးမွေးဖွားရာ မှာ ကံကြီးကုန်းအုပ်စု ကံကြီးကုန်းကျေးရွာ မှ လာ ရောက်ကြည့်ရူ သူ အဘွားအိုတစ်ဦးဖြစ်သူ ဒေါ်မသိန်း မှ ယခုလိုပြည်သတင်း သို့ပြောကြား သွားခဲ့သည်...

ဒီလိုမွေးတာ အခုအချိန်အထိ မကြုံဘူးသေးဘူး အဘွားကလေး တစ်ကျိတ်လောက်မွေးလာတာ ဒါမျိုးတွေကြားတောင် မကြားမိဘူး ထူးဆန်းတယ် ဒီလိုဟာမျိုး နှစ်ခုပါလာတာ ဒါပထမဦးဆုံးပါပဲ........ဟု ၄င်းမှပြည်သတင်း သို့ပြောကြားသွားခဲ့သည်။

အဆိုပါ ထူဆန်းစွာ လိင်အင်္ဂါ(၂) ခုပါရှိသည့် ကလေးငယ်မွေးဖွားမှုနှင့် ပတ်သတ်ပြီး ၀က်ထီးကန်တိုက် နယ်ဆေး ရုံ အုပ်ကြီးဒေါက်တာ နေ၀င်းလှိုင် အားပြည်သတင်းမှ မေးမြန်းခဲ့ရာ ယခုလိုပြန် လည်ဖြေကြား ခဲ့ပါသည်။

အဲဒီကလေးမွေးတာက လွန်ခဲ့တဲ့(၄)ရက်လောက်ကပါ ဆေးရုံကြီးကိုလာဖို့ ဖိတ်ခေါ်ထားပါတယ် ယနေ့ အချိန်အထိတော့ လာရောက်ခြင်း မရှိသေးပါဘူး ကလေးမွေးဖွားမှု့ကို ဆေးပညာ အရပြောရရင် ကိုယ်ဝန်ဆောင် မိခင်က ကိုယ်ဝန်စဆောင်ချိန်ကစပြီး ဗိုက်အပ်ရပါတယ်။

နားလည်တတ်ကျွမ်း တဲ့ကျေးလက် ကျန်းမာရေးကဆရာ/မတွေကို အဲဒိလိုဗိုက်အပ်မှ ကိုယ်ဝန်ဆောင် မိခင်အတွက် လိုအပ်တာတွေကို စီစဉ်ပေးနိုင်မှုကပိုမိုထိရောက်မှာပါ ကိုယ်ဝန်စဆောင်ချိန် (၃)လမပြည့်ခင် မှာ ကိုယ်ဝန်ဆောင်မိခင်က မြန်မာဆေးတို့ အင်္ဂလိပ်ဆေးတို့ မှားယွင်းစွာသုံးစွဲ မိတာတွေကြောင့် လည်းဖြစ်နိုင် ပါတယ်။ တချို့သောဆေးတွေ ဆိုရင် နူတ်ခမ်းကွဲ။ အာခေါင်ကွဲ။ ကိုယ်လက် အင်္ဂါမစုံတာတွေ လည်း ဖြစ်တတ်ပါတယ်၊ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။

ခုချိန်ထိတော့ ဘာမှမပြောချင်သေးပါဘူး၊ .........ဟုပြောကြားသွားပါသည်။ အဆိုပါ ထူးဆန်း စွာမွေးဖွား မှု့နှင့် ပက်သတ်ပြီး ဆက်သွယ်မေးမြန်း လှုဒါန်းချင်တယ်ဆိုရင်တော့ ကံကြီးကုန်း အုပ်စုကျေးရွာ အုပ်ချုပ်ရေးမှုး ဦးသိန်း ငွေ(၀၉၂၅၀၁၁၃၈၆၆) ကိုဆက်သွယ်မေးမြန်းလှုဒါန်းနိုင် ပါကြောင်း ပြည်သတင်းမှ သတင်းရယူခဲ့ပါသည်။

  ပြည်သတင်းFrom:....www.mmdailystar.com  

No comments:

Post a Comment