*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday, 29 December 2013

ကမ္ဘာကျော်သွားတဲ့ ဓာတ်ပုံတစ်ပုံရဲ့  နောက်ကွယ်ဇာတ်လမ်း

ကမ္ဘာကျော်သွားတဲ့ ဓာတ်ပုံတစ်ပုံရဲ့  နောက်ကွယ်ဇာတ်လမ်း

အောင်ခမ်း ( ရိုးရာလေး ) 

ပုံညာဘက်ခြမ်းမှာ မြင်တွေ့နေရတဲ့ ကလေးမ ပုံကို အချို့ လည်းသိသူများ သိကြမှာ ဖြစ်ပါတယ်။ ဒုတိယ မိုနာလီဇာ ပန်းချီကားအဖြစ်တောင် တစ်ကမ္ဘာ လုံး ပြောစမတ်ပြုသွားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ယင်း ဓာတ်ပုံကို Afghan Girl လို့သာ ရိုးရိုးရှင်းရှင်းပေးထားပါတယ်။

သူမရဲ့  မျက်လုံးမှာ အဓိပ္ပါယ်များစွာ ပါဝင်နေပါတယ်။ ကြောက်ရွံ့ မှု၊ ဒေါသ၊ ဝမ်းနည်း ပူဆွေးမှု အပြင် ပုံတစ်ပုံတည်းနဲ့တင် တစ်ကမ္ဘာလုံးမှာ ဖြစ် ပွားနေ တဲ့ စစ်ပွဲတွေရဲ့  ဆိုးကျိုးကို ထင်ဟက်ပေါ်လွင်စေခဲ့ ပါတယ်။ 

၁၉၈၄ ခုနှစ်က ဖြစ်ပါတယ်။ ဆီုဗီယက်နဲ့ အာဖဂန်တို့ စစ်ဖြစ်ပွားနေ ချိန် ဖြစ်ပြီး ဆီဗီယက် တိုက်လေယာဉ်များ ဗုံးဝင်ကြဲတော့ Sharbat Gula ရဲ့  မိဘ ၂ ပါးစလုံးဟာ ဗုံးဒဏ်ကြောင့် သေဆုံး ကုန် ပါတယ်။ ကျန်ရှိတဲ့ သူမ ဆွေမျိုးတွေနဲ့ ပါကစ္စတန်နယ်ဘက်က ဒုက္ခသည် စခန်းတစ်ခု ကို ရောက်ရှိခဲ့ပြီး စိုးရိမ်ထိတ်လန့်စွာပဲ အသက်ရှင်နေထိုင် ရပါတယ်။ အမေရိကန် ဓာတ်ပုံ ဂျာနယ်လစ် တစ်ဦး ဖြစ်တဲ့ Steve McCurry ဟာ ဒုက္ခသည်စခန်းကို မနက်စောစော ရောက်ရှိပြီး အသက် ၁၂ နှစ်သာ ရှိသေး တဲ့ Sharbat Gula ကို ဓာတ်ပုံရိုက်ခွင့် တောင်းပါတယ်။ Nikon FM2 ကင်မရာ ကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး Nikkor 105mm F2.5 Lens ကို တပ်ဆင်ထားပါသေးတယ်။ 

၁၉၈၅ ခုနှစ် ဇွန်လ အရောက်မှာတော့ National Geographic မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ကာဗာ အဖြစ် အတင်ခံ ရပြီး ကမ္ဘာကျော် ဓာတ်ပုံတစ်ပုံ ဖြစ် လာခဲ့ပါတယ်။ အာဖဂန်စစ်ပွဲကိုတင်မကပဲ တစ်ကမ္ဘာလုံးမှာ စစ်ဘေးဒုက္ခခံစား နေရတဲ့ လူထု တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ပုံတစ်ပုံ ဖြစ်ခဲ့ရပြီး ဒုတိယ မိုနာလီဇာ ပန်းချီကား အဖြစ်တောင် ပြောစမတ်ပြုခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်ရောက်တော့ ဓာတ်ပုံထဲက ကလေးမဟာ အာဖဂန်ကို ပြန်သွားခဲ့ ပါတယ်။ အိမ်ထောင်ကျပြီး ကလေး ၃ ဦးရပါတယ်။ သူမကို တစ်ကမ္ဘာလုံး လိုက်ရှာ ပေမယ့် မတွေ့ပါဘူး။ ၁၇ နှစ်ကြာမှ အာဖဂန်မှာ ပြန် လည် တွေ့ရှိ ခဲ့ပြီး သူမ ကို ယခင်က ရိုက်ကူးပေးခဲ့တဲ့ Post အတိုင်း နောက်တစ်ပုံ (ညာပုံ) ကို ရိုက်ကူးပေးခဲ့ ပါတယ်။ 

သူမ နာမည်ကိုလည်း ၁၇ နှစ်ကြာပြီးမှ သိကြတာပါ။ ဒါကြောင့်မို့ ဓာတ်ပုံကို Afghan Girl လို့သာ ရိုးရိုး ရှင်းရှင်း အမည်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါ တယ်။ 
.
Ref: wiki

http://www.yoyarlay.com/international-news/usa/39459-afgan-girl-s-story

.

ပုံညာ ဘက်ခြမ်းမှာ မြင်တွေ့နေရတဲ့ ကလေးမ ပုံကို အချို့ လည်းသိသူများ သိကြမှာ ဖြစ်ပါတယ်။ ဒုတိယ မိုနာလီဇာ ပန်းချီကား အဖြစ်တောင် တစ်ကမ္ဘာ လုံး ပြောစမတ်ပြုသွားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ယင်း ဓာတ်ပုံ ကို Afghan Girl လို့သာ ရိုးရိုး ရှင်းရှင်းပေးထားပါတယ်။


သူမရဲ့  မျက်လုံးမှာ အဓိပ္ပါယ်များစွာ ပါဝင်နေပါတယ်။ ကြောက်ရွံ့ မှု၊ ဒေါသ၊ ဝမ်းနည်း ပူဆွေးမှု အပြင် ပုံတစ် ပုံတည်းနဲ့တင် တစ်ကမ္ဘာလုံးမှာ ဖြစ် ပွားနေ တဲ့ စစ်ပွဲတွေရဲ့  ဆိုးကျိုးကို ထင်ဟပ် ပေါ်လွင်စေခဲ့ ပါတယ်။ 
 

၁၉၈၄ ခုနှစ်က ဖြစ်ပါတယ်။ ဆီုဗီယက်နဲ့ အာဖဂန်တို့ စစ်ဖြစ်ပွားနေ ချိန် ဖြစ်ပြီး ဆီုဗီယက် တိုက်လေယာဉ် များ ဗုံးဝင်ကြဲတော့ Sharbat Gula ရဲ့  မိဘ ၂ ပါးစလုံးဟာ ဗုံးဒဏ်ကြောင့် သေဆုံး ကုန် ပါတယ်။ ကျန်ရှိတဲ့ သူမ ဆွေမျိုးတွေနဲ့ ပါကစ္စတန် နယ်ဘက်က ဒုက္ခသည် စခန်းတစ်ခု ကို ရောက်ရှိခဲ့ပြီး စိုးရိမ်ထိတ်လန့်စွာပဲ အသက်ရှင်နေထိုင် ရပါတယ်။ အမေရိကန် ဓာတ်ပုံ ဂျာနယ်လစ် တစ်ဦး ဖြစ်တဲ့ Steve McCurry ဟာ ဒုက္ခ သည်စခန်းကို မနက်စောစော ရောက်ရှိပြီး အသက် ၁၂ နှစ်သာ ရှိသေး တဲ့ Sharbat Gula ကို ဓာတ်ပုံရိုက် ခွင့် တောင်းပါတယ်။ Nikon FM2 ကင်မရာ ကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး Nikkor 105mm F2.5 Lens ကို တပ်ဆင်ထားပါသေးတယ်။


၁၉၈၅ ခုနှစ် ဇွန်လ အရောက်မှာတော့ National Geographic မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ကာဗာ အဖြစ် အတင်ခံ ရပြီး ကမ္ဘာကျော် ဓာတ်ပုံတစ်ပုံ ဖြစ် လာခဲ့ပါတယ်။ အာဖဂန်စစ်ပွဲ ကိုတင်မကပဲ တစ်ကမ္ဘာလုံးမှာ စစ်ဘေး ဒုက္ခခံစား နေရတဲ့ လူထု တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ပုံတစ်ပုံ ဖြစ်ခဲ့ရပြီး ဒုတိယ မိုနာလီဇာ ပန်းချီကား အဖြစ်တောင် ပြောစမတ်ပြုခဲ့ပါတယ်။
 
 ၁၉၉၂ ခုနှစ်ရောက်တော့ ဓာတ်ပုံထဲက ကလေးမဟာ အာဖဂန်ကို ပြန်သွားခဲ့ ပါတယ်။ အိမ်ထောင်ကျပြီး ကလေး ၃ ဦးရပါတယ်။ သူမကို တစ်ကမ္ဘာလုံး လိုက်ရှာ ပေမယ့် မတွေ့ပါဘူး။ ၁၇ နှစ်ကြာမှ အာဖဂန်မှာ ပြန် လည် တွေ့ရှိ ခဲ့ပြီး သူမ ကို ယခင်က ရိုက်ကူးပေးခဲ့တဲ့ Post အတိုင်း နောက်တစ်ပုံ (ညာပုံ) ကို ရိုက်ကူးပေးခဲ့ ပါတယ်။

သူမ နာမည်ကိုလည်း ၁၇ နှစ်ကြာပြီးမှ သိကြတာပါ။ ဒါကြောင့်မို့ ဓာတ်ပုံကို Afghan Girl လို့သာ ရိုးရိုး ရှင်းရှင်း အမည်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါ တယ်။


Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/international-news/usa/39459-afgan-girl-s-story


No comments:

Post a Comment