*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***
Tuesday 3 December 2013
WY ဆေးပြား သုံးစွဲသည်ဆိုခြင်းကိစ္စ ရုပ်ရှင်ဥက္ကဋ္ဌ လူမင်း စတင်ရှင်းပြီ
ရန်ကုန်၊ နိုဝင်ဘာ(၂)
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ သရုပ်ဆောင်လူမင်း အပါအ၀င် ရုပ်ရှင် လောကအတွင်းမူးယစ်ဆေး သုံးစွဲသူများ အဖြစ် WY ဆေးပြားသုံးစွဲသူ(၁၃)ဦးစာရင်းနှင့် အဆိုတော်လောက WY ဆေးပြားသုံးစွဲသူ(၃)ဦး စာရင်းတို့ ကို (၃ဝ-၄-၂ဝဝ၈)နေရက်စွဲပါ အစစ် ခံချက်အဖြစ်“ရန်ကုန်မူးယစ် အရှေ့အထူးအဖွဲ့ စစ်ဆေးချက်”ဆိုသည့် အမူမှတ်တမ်း တစ်စောင် အွန်လိုင်းတွင်ပျံ့ နှံလျှက်ရှိပါသည်။
အဆိုပါ အစစ်ခံချက်ပါအမည် စာရင်းတွင်၎င်း၏ အမည်ပါရှိသည့်အတွက် ပရိသတ်တွေထင် ယောင်ထင် မှား ဖြစ်မည်ကို စိုးရိမ်ခြင်းဟု ဆိုကာ အကယ်ဒမီလူမင်းက မူးယစ်ဆေးဝါးကို ယောင်လိုတောင်လက်တည့် မစမ်းခဲ့ဖူးပါဟူ၍ အွန်လိုင်းတွင်ရှင်းလင်း ဖြေကြားချက် တစ်စောင်ကို ယမန်နေ့ဒီဇင်ဘာ (၁)ရက်နေ့ ရက် စွဲဖြင့် ပြန်လည်ရှင်းလင်းပြောကြား ထားပါသည်။
(ဦး)လူမင်း၏ ရှင်းလင်းချက်မှာ“မူးယစ်ဆေးဝါး…… ယောင်လိုတောင် လက်တည့် မစမ်းခဲ့ဖူးပါ။ မိတ်ဆွေ အပေါင်းအသင်း ပတ်ဝန်းကျင်အားလုံး အသိပါ။ ကျွန်တော် ပရိသတ်တွေ ထင်ယောင်ထင်မှားဖြစ်နေ မှာစိုးလို့ ပါ။ ကျွန်တော် ကိုယ်တိုင် မူးယစ်ဆေးဝါးဆန့် ကျင် တိုက်ဖျက်ရေး အသင်း<MANA>ရဲ. သံတမန် တစ်ယောက်ပါ”ဟုပါရှိပါသည်။
Popular Myanmar News Journal
From...Search Myanmar
No comments:
Post a Comment