*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 16 January 2014

လမင်းကြီး နှင့် ပတ်သက်သော အချက် များ


Myawady News's photo.

 

လ ၏ မျက်နှာပြင် တစ်ဖက်ထဲ ကသာ ကမ္ဘာကို မျက်နှာမူထားသည်။ ထိုမျက်နှာပြင်ကို နေမှ အလင်း ကျရောက်သော အခါတွင် အလင်းပြန် သဖြင့် ကျနော်တို့မြင်နေရခြင်းဖြစ်သည်။


ဒီရေ အတက်အကျတို့သည် လ ၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်သည်။ (ထိုအကြောင်းကို ပိုမိုသိရှိလိုပါ က အောက်ပါ လင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်.. http://www.motaa.info/2014/01/blog-post.html)

လသည် ကမ္ဘာမှ ၂၃၈ ၉၀၀ မိုင် (၃၈၄၄၀၀ ကီလိုမီတာ) ကွာဝေးသည်။


Myawady News's photo.

လ သည် ကမ္ဘာမှ တစ်နှစ်လျှင် ၃.၈ စင်တီမီတာခန့် ဝေးကွာနေသည်။ နောင်နှစ်ပေါင်း ၅၀ ဘီလီယံကြာလျှင် လသည် ကမ္ဘာကို ၄၇ ရက်မှ တစ်ကြိမ် လည်ပတ်တော့မည်ဖြစ်သည်။ ယခုအချိန်တွင်မူ ကမ္ဘာကို တစ်ပတ် ပတ်ရန် ၂၇.၃ ရက်ကြာပါသည်။

လပေါ်တွင် ကျနော် တို့နေထိုင်ပါက အလေးချိန်ပေါ့ပါးနေမည်။ အကြောင်းမှာ လ ဆွဲအားသည် ကမ္ဘာ ၏ ခြောက်ပုံ တစ်ပုံသာ ရှိသောကြောင့်ဖြစ်သည်။

လပေါ်တွင် ယနေ့အချိန် အထိ လူ ၁၂ ယောက် လမ်းလျှောက်ဖူးသည်။ ၁၂ ယောက်လုံးမှာ အမေရိကန် လူမျိုးများဖြစ်ကြသည်။ လပေါ်သို့ ပထမဦးဆုံး ခြေချခဲ့သူမှာ နေးလ် အမ်းစရောင်း (Neil Armstrong) ဖြစ် သည်။ ၁၉၆၉ ခုနှစ်က ဖြစ်သည်။
 (လပေါ်သို့ စေလွှတ်ခဲ့သော အပိုလို အာကာသယာဉ်များအကြောင်းကို ဒီ link မှာ ဖတ်နိုင်ပါတယ်။ https://www.facebook.com/photo.php?fbid=186923964832323&set=a.173733489484704.1073741828.140882912769762&type=1&theater)

 
 Myawady News's photo.
လပေါ်တွင် လေထုမရှိပါ။ ထို့ကြောင့် လ မျက်နှာပြင်တွင် နေမှ ရောင်ခြည်များ၊ solar winds များ သက်ရောက် မှုကြောင့် အပူချိန် ပြောင်းလဲမှု အလွန်များသည်။ လေမရှိသောကြောင့် လပေါ်တွင် အသံလည်း ကြားနိုင်မည်မဟုတ်ပေ... လ၏ကောင်းကင်သည် အမြဲတစေ အမည်းရောင် ဖြစ်နေပါသည်။

လပေါ်တွင် ငလျှင်လှုပ် တတ်သည်။ ကမ္ဘာ၏ ဆွဲအား သက်ရောက် မှုကြောင့်ဖြစ်သည်။ လ မျက်နှာပြင် ၏ အောက်ဖက် ကီလိုမီတာ အနည်းငယ်ကို ဗဟိုပြုပြီး ငလျှင်လှုပ်တတ်သည်။ လတွင် ကမ္ဘာကဲ့သို့ အတွင်း ပိုင်းဖွဲစည်းမှုရှိ သည်ဟု သိပံ္ပပညာရှင်များက လက်ခံထားသည်။

လသည် နေအဖွဲ့အစည်းတွင် ပဉ္စမမြောက် အကြီးဆုံး ဂြိုဟ်ရံ လဖြစ်သည်။ အချင်း ၃၄၇၅ ကီလိုမီတာ ရှိသည်။ တချိန်တုန်း က လသည် ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် လ နှင့် ကမ္ဘာသည် သက်တမ်း အတူတူလောက် ရှိသည်။

ကျနော်တို့ လူသားများ လပေါ်သို့ ၂၀၁၉ ခုနှစ်တွင် နောက်တစ်ခေါက် ခြေချကြမည်။ အမြဲတမ်း အာကာသ စခန်းတစ်ခု တည်ဆောက်ထားမည်။

ဒါကတော့ လ နဲ့ ပတ်သက်တဲ့ အချက်အလက်များဘဲ ဖြစ်ပါတယ်။

အာကာသနှင့် စကြ၀ဠာ
 From...Myawady News



No comments:

Post a Comment