*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday, 16 January 2014

တိမ် နှင် ရာ စိတ် တို့ လိုက် တဲ့ အ ခါ { ကဗျာ }

တိမ် နှင် ရာ စိတ် တို့ လိုက် တဲ့ အ ခါ
.
တိမ်တစ်သိုက်ကိုအမှီလိုက်နေတဲ့
ငှက်ကလေးတွေရေ
မင်းတို့တောင်ပံကိုအားကျမိတယ်

မင်းတို့တောင်ပံလေးတွေဟာ
နေရောင်ခြည်ကိုခွင်းတယ်
လေပြေလေးတွေနဲ့လည်း
ထိပ်တိုက်ရင်ဆိုင်ရတယ်

တောင်ပံလေးတွေနွမ်းချိရော့ပေါ့

တိမ်တွေရဲ့အတွင်းသားမှာ
လောင်ကျွမ်းမှုတို့၏
အခိုးအငွေ့တွေရှိရဲ့

သူတို့တွေဟာ
သူ့အုပ်စုနဲ့သူရွေ့ကြ
ရံဖန်ရံခါ တိုးတိုက်ကြ
ကြည့်နေရင်းကပင် ပြေးနေသယောင်

သူတို့ဘယ်ကိုသွားနေတာလဲ
ဘာကြောင့်ပျောက်ကွယ်သွားခဲ့လဲ
ဘယ်သူနဲ့ဝေးရာကိုပုန်းကြတာလဲ

မိုးရေတဲ့.........
အေးစက်စက်နာကျင်မှုများလား
ငါယုံကြည်ရာပဲပြောပါရစေ
မင်းတို့လေးတွေရဲ့
ဘဝတစ်ခုလုံးအရည်ပျော်သွားတာလေ

တိမ်တွေဖြူဖြူမိုးရေကဖြူဖြူ
တိမ်ငယ်လေးတို့ရေ
မင်းတို့ဟာ
သွေးမဲ့သတ္တဝါတွေများလား

ဟုတ်ပါရဲ့  
မင်းတို့နောက်ကိုလိုက်သွားတဲ့
ငါ့စိတ်လေးကပြောနေပါတယ်

မင်းတို့ဖြူစင်ခြင်းတွေ
ပျောက်ကွယ်မသွားသင့်ဘူးတဲ့ လေ....

            လေသွေးညို
.

တိမ်တစ်သိုက်ကို အမှီလိုက်နေတဲ့
ငှက်ကလေးတွေရေ
မင်းတို့တောင်ပံကို အားကျမိတယ်
..........

မင်းတို့တောင်ပံလေးတွေဟာ

နေရောင်ခြည်ကို ခွင်းတယ်
လေပြေလေးတွေနဲ့လည်း
ထိပ်တိုက် ရင်ဆိုင်ရတယ်..............

တောင်ပံလေးတွေနွမ်းချိရော့ပေါ့..............


တိမ်တွေရဲ့အတွင်းသားမှာ

လောင်ကျွမ်းမှုတို့၏
အခိုးအငွေ့တွေရှိရဲ့............
 

သူတို့တွေဟာ

သူ့အုပ်စုနဲ့သူရွေ့ကြ
ရံဖန်ရံခါ တိုးတိုက်ကြ
ကြည့်နေရင်း ကပင် ပြေးနေသယောင်...........

သူတို့ဘယ်ကို သွားနေတာလဲ

ဘာကြောင့်ပျောက်ကွယ်သွားခဲ့လဲ
ဘယ်သူနဲ့ဝေးရာကိုပုန်းကြတာလဲ..............

မိုးရေတဲ့.........

အေးစက်စက် နာကျင်မှုများလား
ငါယုံကြည်ရာပဲပြောပါရစေ
မင်းတို့လေးတွေရဲ့
ဘဝတစ်ခုလုံး အရည်ပျော်သွားတာလေ..............

တိမ်တွေဖြူဖြူ မိုးရေကဖြူဖြူ

တိမ်ငယ်လေးတို့ရေ
မင်းတို့ဟာ
သွေးမဲ့သတ္တဝါတွေများလား...............

ဟုတ်ပါရဲ့

မင်းတို့နောက်ကိုလိုက်သွားတဲ့
ငါ့စိတ်လေးကပြောနေပါတယ်..............

မင်းတို့ဖြူစင်ခြင်းတွေ

ပျောက်ကွယ်မသွားသင့်ဘူးတဲ့ လေ................

လေသွေးညို



No comments:

Post a Comment