*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 5 January 2014

အထက်မြန်မာပြည် သံဃာ့ညီလာခံ ကျင်းပမည်

အထက်မြန်မာပြည် သံဃာ့ညီလာခံ ကျင်းပမည်
###########################

မန္တလေးမြို့ပေါ်ရှိ ရဟန်းရှင်လူများဖြင့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့က အထက်မြန်မာပြည် သံဃာအပါး ငါးထောင် ပါဝင်မည့် သံဃာ့ ညီလာခံကြီးကို ဇန်နဝါရီလ ၁၅ ရက်နေ့ (ပြာသိုလပြည့်နေ့) တွင် မန္တလေးမြို့ရှိ အတုမရှိ ကျောင်းတော်ကြီးတွင် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပေါ်ပေါက်ရန် ဦးဆောင်သည့် ဆရာတော အရှင်ဝီရသူက မိန့်ကြားသည်။

အဆိုပါ သံဃာ့ညီလာခံကို မန္တလေးတိုင်းဒေသကြီးအတွင်း အထက်မြန်မာပြည် မြို့ကြီးများမှ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ထိန်းသိမ်းရန် စိတ်ပါ ဝင်စားသည့် သံဃာတော် အပါးငါးထောင်ကို ပင့်ဖိတ်ပြီး မန္တလေးမြို့တော်တွင် အမျိုးဘာသာ၊ သာသနာရုံးခန်း ဖွင့်လှစ်ခြင်း၊ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပါအဝင် ထင်ရှားသည့် အင်းစိန် ရွာမကျောင်းတိုက် ဆရာတော်နှင့် သီတဂူ ဆရာတော်ကြီးတို့၏ သြဝါဒ ခံယူခြင်း၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းခြင်းကို သတင်းမီဒီယာများမှ သတင်းဖြန့်ဝေခြင်း၊ ဘာသာလူမျိုး မတူသည့် ပုဂ္ဂိုလ်များ ကြောင့် ဒုက္ခရောက်သူများကို ဥပဒေနှင့် ငွေကြေးဆိုင်ရာ အကူအညီပေးမည့် အစီအစဉ်များကို တက်ရောက်လာသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ချပြသွားမည် ဖြစ်ကြောင်း ဆရာတော်က ရှင်းပြသည်။

ယင်းအတုမရှိ ကျောင်းတော်ကြီးတွင် သံဃာ့ညီလာခံ ကျင်းပနိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သာသနာရေး ဦးစီးဌာန၊ ယဉ်ကျေးမှု ဦးစီးဌာနတို့သို့ ခွင့်ပြုချက် တောင်းခံထားကြောင်း ဆရာတော်က ထပ်လောင်း မိန့်ကြားသည်။
“သီတဂူဆရာတော်ကြီးနဲ့ အင်းစိန်ရွာမ ကျောင်းတိုက် ဆရာတော်ကြီးတို့က ပေးတဲ့ရက်ကို လုပ်ရတာပါ” ဟု အရှင်ဝီရသူက မိန့်ဆိုသည်။

မန္တလေး အတုမရှိကျောင်းတွင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အသင်းက ကျင်းပပြုလုပ်မည့် အစည်းအဝေး အစီအစဉ်များသည် သံဃ မဟာနာယကများ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများနှင့် မဆန့်ကျင်ရန် ယင်းအဖွဲ့ကိုလည်း ခေါ်ပြောထားပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သံဃမဟာ နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ မိန့်ကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပသည့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို အတုမရှိ ကျောင်းတော်ကြီး၌ ကျင်းပခွင့်ရရန် မိုးတား ဆရာတော်နှင့် မြတောင် ဆရာတော်တို့က ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံချက်များ ရှိခဲ့သဖြင့် ယင်းသံဃာ့ ညီလာခံကို အတုမရှိ ကျောင်းကြီးတွင် ကျင်းပခွင့် ရနိုင်ကြောင်း မြို့ခံ သံဃာတော်များက ပြောကြားသည်။
“ဝန်ကြီးချုပ်ဆီ ခွင့်ပြုချက်တောင်းစာ ကျွန်တော်တို့ ဌာနကို မိတ္တူ ရောက်လာတယ်။ အဲ့ဒီမိတ္တူကို ရှေးဟောင်း ရုံးချုပ်ကို ပေးပို့ထားပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသန ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ဆိုသည်။

အထက်မြန်မာပြည် သံဃာအပါး ၅၀၀၀ ကို စုစည်းပြီး သံဃာ့ညီလာခံ ကျင်းပမည့် အတုမရှိ ကျောင်းသည် မန္တလေးတောင်ခြေတွင် တည်ရှိပြီး မင်းတုန်းမင်းကြီး လက်ထက်တွင် တည်ဆောက်ခဲ့ကာ နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)၊ နအဖ (နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) နှင့် လက်ရှိ အရပ်သား အစိုးရလက်ထက်တွင် ဘာသာရေး အခမ်းအနားများ ကျင်းပခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ သံဃာများကို ယင်းအတုမရှိ ကျောင်းတွင် အစိုးရအဖွဲ့က တောင်းပန်ခဲ့ဖူးကြောင်း မှတ်တမ်းများအရ သိရသည်။

________________________________

The Voice Weekly  ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်.
♠ ဗဟုသုတ ဟင်းပေါင်းအိုးကြီး ♠


မန္တလေးမြို့ပေါ်ရှိ ရဟန်းရှင်လူများဖြင့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ထားသည့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့က အထက်မြန်မာပြည် သံဃာအပါး ငါးထောင် ပါဝင်မည့် သံဃာ့ ညီလာခံကြီးကို ဇန်နဝါရီလ ၁၅ ရက်နေ့ (ပြာသိုလပြည့်နေ့) တွင် မန္တလေးမြို့ရှိ အတု မရှိ ကျောင်းတော်ကြီးတွင် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ပေါ်ပေါက်ရန် ဦးဆောင်သည့် ဆရာတော အရှင်ဝီရသူက မိ
န့်ကြားသည်။


အဆိုပါ သံဃာ့ ညီလာခံကို မန္တလေးတိုင်းဒေသကြီး အတွင်း အထက်မြန်မာပြည် မြို့ကြီးများမှ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ထိန်းသိမ်းရန် စိတ်ပါ ဝင်စားသည့် သံဃာတော် အပါးငါးထောင်ကို ပင့်ဖိတ်ပြီး မန္တလေးမြို့တော်တွင် အမျိုးဘာသာ၊ သာသနာရုံးခန်း ဖွင့်လှစ်ခြင်း၊ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပါအဝင် ထင်ရှားသည့် အင်းစိန် ရွာမကျောင်းတိုက် ဆရာတော်နှင့် သီတဂူ ဆရာတော်ကြီးတို့၏ သြဝါဒ ခံယူခြင်း၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းခြင်းကို သတင်းမီဒီယာများမှ သတင်းဖြန့်ဝေခြင်း၊ ဘာသာ လူမျိုး မတူသည့် ပုဂ္ဂိုလ်များ ကြောင့် ဒုက္ခရောက်သူများကို ဥပဒေနှင့် ငွေကြေးဆိုင်ရာ အကူအညီပေးမည့် အစီအစဉ်များကို တက်ရောက်လာသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ချပြသွားမည် ဖြစ်ကြောင်း ဆရာတော်က ရှင်းပြသည်။

ယင်းအတုမရှိ ကျောင်းတော်ကြီးတွင် သံဃာ့ညီလာခံ ကျင်းပနိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သာသ နာရေး ဦးစီးဌာန၊ ယဉ်ကျေးမှု ဦးစီးဌာနတို့သို့ ခွင့်ပြုချက် တောင်းခံထားကြောင်း ဆရာတော်က ထပ်လောင်း မိန့်ကြားသည်။
 
“သီတဂူ ဆရာတော်ကြီးနဲ့ အင်းစိန်ရွာမ ကျောင်းတိုက် ဆရာတော်ကြီးတို့က ပေးတဲ့ရက်ကို လုပ်ရတာပါ” ဟု အရှင်ဝီရသူက မိန့်ဆိုသည်။

မန္တလေး အတုမရှိကျောင်း တွင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အသင်းက ကျင်းပပြု လုပ် မည့် အစည်းအဝေး အစီအစဉ်များသည် သံဃ မဟာနာယကများ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများနှင့် မဆန့်ကျင်ရန် ယင်းအဖွဲ့ကိုလည်း ခေါ်ပြောထားပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သံဃမဟာ နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ မိန့်ကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပသည့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို အတုမရှိ ကျောင်းတော်ကြီး၌ ကျင်းပခွင့်ရရန် မိုးတား ဆရာတော်နှင့် မြတောင် ဆရာတော်တို့က ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံချက်များ ရှိခဲ့သဖြင့် ယင်းသံဃာ့ ညီလာခံကို အတုမရှိ ကျောင်းကြီးတွင် ကျင်းပခွင့် ရနိုင်ကြောင်း မြို့ခံ သံဃာတော် များ က ပြောကြားသည်။
 
“ဝန်ကြီးချုပ်ဆီ ခွင့်ပြုချက်တောင်းစာ ကျွန်တော်တို့ ဌာနကို မိတ္တူ ရောက်လာတယ်။ အဲ့ဒီမိတ္တူ ကို ရှေးဟောင်း ရုံး ချုပ်ကို ပေးပို့ထားပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသန ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ဆိုသည်။

အထက်မြန်မာပြည် သံဃာအပါး ၅၀၀၀ ကို စုစည်းပြီး သံဃာ့ညီလာခံ ကျင်းပမည့် အတုမရှိ ကျောင်းသည် မန္တလေးတောင်ခြေတွင် တည်ရှိပြီး မင်းတုန်းမင်းကြီး လက်ထက်တွင် တည်ဆောက်ခဲ့ကာ နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)၊ နအဖ (နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) နှင့် လက်ရှိ အရပ်သား အစိုးရလက်ထက်တွင် ဘာသာရေး အခမ်းအနားများ ကျင်းပခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ သံဃာများကို ယင်းအတုမရှိ ကျောင်းတွင် အစိုးရ အဖွဲ့က တောင်းပန် ခဲ့ဖူးကြောင်း မှတ်တမ်းများအရ သိရသည်။

________________________________

The Voice Weekly ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်.
From...ဗဟုသုတ ဟင်းပေါင်းအိုးကြီး
 

No comments:

Post a Comment