*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 5 January 2014

ဂန္ဓာရ မှ နတ်ရွာ မိုး

မောင်(စွယ်စုံကျမ်း)'s photo.

ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းရာဖြစ်သည့် မဇ္ဈိမဒေသ (ယခုအိန္ဒိယ)နိုင်ငံသည် ၁၂-ရာစုနောက်ပိုင်း မူဆလင်စသော ဘာသာခြား တို့၏ လက်နက်ဖြင့်တမျိုး၊ ကာမဖြင့်တဖုံ၊ အာဏာဖြင့်တနည်း ၀ါးမျို ဖျက်ဆီးမှုကြောင့် ဗုဒ္ဓသာသနာတော်မြတ်ဟာ ကွယ်ပျောက်ခဲ့ရပါတယ်။

သို့သော် ယခုအချိန် ၌မူ အိန္ဒိယမြေတွင် ဗုဒ္ဓသာသနာတော် တကျော့ပြန်စည်ပင်လာခဲ့ချေ၏။ မိမိ ယခုရောက် ရှိနေသော အိန္ဒိယနိုင်ငံ၏ အလယ်ဗဟို တည့်တည့် နာဂပူ Nagpur မြို့နယ်တစ်ဝိုက်တွင် ဗုဒ္ဓသာသနာတော် နေရောင်လရောင်ပမာ ထွန်းလင်းပြောင်
လျှက်ရှိပေ၏။

မောင်(စွယ်စုံကျမ်း)'s photo.
 
 
ဖော်ပြပါဓါတ်ပုံတွင် နာဂပူမြို့အတွင်းရှိ သာရိပုတ္တ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်တွင် ကျင်းပသည့် ဘုရားပွဲတော် တွင် စတုဒိသာ ကျွေးမွေးလှုဒါန်းသည့် မြင်ကွင်းများပင်ဖြစ်၏။ နာဂပူမြို့တော်သည် ဗုဒ္ဓဘာသာမြို့တော်ဖြစ် သည့်အားလျှော်စွာ ဒကာ/မအပေါင်းတို့သည် ဘုရားပွဲတွင် တရားနာခြင်း၊ဝေယျာဝစ္စပြုလုပ်ခြင်း များပြု လုပ်လျှက် ထမင်းစားချိန်တွင် ဘုန်းတော်ကြီးကျောင်းဘေးတွင်ရှိသည့် စတုဒိသာမဏ္ဍပ်တွင် ထိုကဲ့ သို့ ပျော်ရွှင် စွာ စားသောက်သုံးဆောင်လျှက်ရှိ၏။

မောင်(စွယ်စုံကျမ်း)'s photo.
 
 
မိမိတို့လည်း စာသင်ရင်း သာသနာပြုဆိုသော မူအတိုင်း ယခုနာဂပူမြို့တော်တွင် ပဋ္ဌာန်းဒေသနာတော်ရွတ် ဖတ်ပူဇော်လျှက် ဗုဒ္ဓဒေသနာတော်မြတ်တို့ အား ဟောပြလျှက်ရှိ၏။
နာဂပူမြို့ခံဒကာ/မတို့လည်း မိမိတို့မြန်မာရဟန်တော်များအား ဖူးမြင်ရသဖြင့် များစွာ ကြည်နူးလျှက် ရှိကြောင်းလျှောက်ထားကြကာ မြန်မာရဟန်းတော်များ သူတို့မြို့တွင် ယခုကဲ့သို့ ကြွချီသာသနာပြု လာကြသည်မှာ ဂန္ဓာ အခြောက်တောဝယ် နတ်မင်း များမှ မိုးရွာချသဖြင့် အေးချမ်းသကဲ့ ခံစားရပါကြောင်း အားရ၀မ်းသာ လျှောက်ထားကြလေ၏။

------------------------------
ဘုရားပွဲ၊တရားပွဲ နှင့် ပဋ္ဌာန်းတရားနားကြားမှု မှတ်တမ်းများအား ဆက်လက်တင်ပေး၍ ပီတိမျှပေး ကုသိုလ်ဝေပါမည်..........။

ဓမ္မ၀ီရ အရှင်တေဇနိယ

Credit-Dhammavira Ashin
From....FB


No comments:

Post a Comment