*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 31 January 2014

" နာမည်ကျော် မိုက်ခရိုဆော့ဖ် မြန်မာ့ ပညာရေး ကဏ္ဍတွင်လေးနှစ် စီမံကိန်းဖြင့် ကူညီမည် "





ဝန်ကြီးဌာန တို့နှင့် အသေးစိတ
်ညှိ နှိုင်းမှုများ ပြီးဆုံးပါက မိုက်ခရိုဆော့ဖ် အနေဖြင့် ပညာရေးကဏ္ဍ တွင် လေးနှစ် စီမံကိန်းနှင့် ကူညီဆောင်ရွက်သွားမည် ဟု မိုက်ခရိုဆော့ဖ်မြန်မာပြည်ရုံးခွဲ Knowledge Centricity မှ သိရသည်။
 

အဆိုပါစီမံကိန်းအတွက် ပညာ ရေးဝန်ကြီးဌာန အပါအဝင်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့နှင့် စေ့ စပ် ဆွေးနွေးမှု များ ပြုလုပ်နေပြီး သဘောတူ လက်မှတ်ရေးထိုးနိုင် ရန် အတွက်ဝန်ကြီး ဌာနများ၏ တုံ့ပြန် မှုကို စောင့်ဆိုင်းနေ ရ ခြင်းဖြစ်သည်ဟု အထက်ပါရုံးခွဲ၏ ဒုတိ ယဥက္ကဋ္ဌက ပြောသည်။



လက်ရှိ တွင် မိုက်ခရိုဆော့ဖ်အနေ ဖြင့် စီမံကိန်းအတွင်း လုပ်ဆောင်မည့် ပရောဂျက်များအား တင်ပြ  ထားပြီး ယခု နှစ် ဆန်း ပိုင်းတွင် သဘောတူလက်မှတ် ရေးထိုးနိုင် ရန် မျှော်လင့်ထားသည်ဟု သိရသည်။

မိုက်ခရိုဆော့ဖ် ၏ပြည်တွင်း ပညာ ရေးကဏ္ဍအတွက် ဆောင်ရွက်မည့် လေးနှစ်တာစီမံကိန်း၌ အဓိက အနေဖြင့် နှစ် ပိုင်းခွဲ ဆောင်ရွက်သွားမည်ဖြစ်ကာ ဆရာ၊ ဆရာမ များကို အိုင်တီနည်း ပညာနှင့် ပတ်သက် သည့် သင်တန်း များ လေ့ကျင့် သင်ကြားပေးရန်လည်း ရည် ရွယ်ထားကြောင်း သိရသည်။

”ဆရာ၊ ဆရာမတွေ က သိတယ်ဆို ပေမယ့် တချို့အရာတွေက ခေတ်မမီ တော့ဘူး”ဟု မိုက်ခရိုဆော့ဖ် ရုံးခွဲ ဒုတိယဥက္ကဋ္ဌက နည်းပညာနှင့် ပတ် သက်၍ ပြောသည်။

ထို့အပြင် အိုင်တီ နည်းပညာများ ပါဝင်မည့် ညွှန်းတမ်းများ ကို ပါ ပြောင်းလဲရေး ဆွဲစေမည့် အချက်များ စီမံကိန်း အတွင်းပါဝင်မည်ဖြစ်ရာ ၄င်း မှာ အခြေခံပညာနှင့် အဆင့်မြင့် ပညာ နှစ်မျိုးစလုံး အတွက် ဆောင် ရွက် သွား မည်ဟု သိရသည်။

သုတလင်း

From...Popular Myanmar News Journal

No comments:

Post a Comment