*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 10 January 2014

အရောင်းအ၀ယ်အေးနေသည့် ကားဈေးကွက် ပြန်သွက်လာ

နှစ်လခန့် အရောင်းအ၀ယ်အေးစက်နေသည့် မော်တော်ကား အရောင်းအ၀ယ်ဈေးကွက် သည် ဇန်န၀ါရီ ဒုတိယပတ်မှ စတင်ကာ ပုံမှန်အရောင်းအ၀ယ်ပြန်ဖြစ်လာသည်ဟု ကားဝယ်ရောင်းသမားများက မဇ္ဈိမ သို့ ပြောကြားသည်။


အကောက်ခွန် ဦးစီးဌာနမှ သတ်မှတ်သော CIF နှုန်းထားများ ကျဆင်းမည်ဟု သတင်းထွက်ပေါ်သဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ၀န်းကျင်မှစတင်ကာ အရောင်းအ၀ယ် အေးစက်ခဲ့သည်။


ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဦးမင်းဦးက “ CIF နှုန်းထားသစ် ထွက်မယ်လို့ အသံထွက်တဲ့ အချိန်ကထက် စာရင် ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီကားတွေက အရောင်းအ၀ယ်ပြန်ဖြစ်လာတယ်။ ဈေးကွက် ထဲမှာ ဒီကားတွေက အဓိကအရောင်းအ၀ယ်ဖြစ်နေတာကလဲ သိန်း၁၀၀(ကျပ်) ၀န်းကျင်ဖြစ်တဲ့ ဒီကားတွေပဲလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် အင်ဂျင်ပါဝါ ၁၃၀၀ စီစီနှင့် ၁၅၀၀စီစီ ရှိ ဈေးကွက် အတွင်း၌ အရောင်း အ၀ယ် အသွက်ဆုံးဖြစ်သည့် ကားများ၏ အခွန်ဆောင်ရမည့် ရာဖြတ်ဈေးနှုန်း( CIF)များကို အသစ် ထုတ်ပြန်ခဲ့ ရာတွင် အဆိုပါကားဈေးများ သိသာစွာကျဆင်းမည်ဟု ခန့်မှန်း ခဲ့ကျသော်လည်း ယခုအခါတွင် ပမာဏ အများအပြားကျဆင်းခြင်းမရှိဘဲ ယခင် ဈေးတန်းအောက် ကျပ်ငါးသိန်းခန့်အကွာ ဖြင့် အရောင်း အ၀ယ်ဖြစ်နေသည်ဟု ၀ယ် ရောင်းများက ပြောကြားသည်။

ဦးမင်းဦးက ဆက်လက်ပြီး “အခုရှိတဲ့ ကားတွေကိုရောင်းပြီး ဂျပန်မှာ ကားလေလံ ပြန်ဆွဲဖို့ က ဈေး သိပ် မြင့်နေတော့ မဆွဲနိုင်ကြဘူး။ အဲတော့ အခုလက်ရှိ ကားတွေက ဈေးမကျဘဲနဲ့ ဈေးမာနေတယ်”” ဟု မဇ္ဈိမ သို့ ပြောသည်။

မြန်မာနိုင်ငံတွင် ကား CIF ဈေးနှုန်း ကျဆင်းမှုကြောင့် အခွန်ပေးဆောင်ရမှု လျော့ကျ မည်ဖြစ်၍ ၀ယ်လို အားများလာရာ ယင်း၏ အကျိုးဆက် အဖြစ် ဂျပန်နိုင်ငံ၌ လေလံတင်သော ကားဈေးနှုန်းများ သည်လိုက် ပါမြင့် တက်လာသဖြင့် ပြည်တွင်းဈေး အများအပြား မကျခြင်းဖြစ်သည်ဟု ကားရောင်းဝယ်ရေးကျွမ်းကျင် သူများက ပြောသည်။

ပြည်တွင်း ကားဈေးကွက်၏ အနိမ့်ဆုံး ဈေးတန်းကားများဖြစ်သည့် အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ကားများသည် ယခင်နှစ်လခန့်က ကျပ် ၁၁၅ သိန်း ၀န်းကျင်ဖြစ်ရာမှ ယခုအခါ ကျပ်သိန်း ၁၁၀ ၀န်းကျင်ခန့်ဖြင့် အရောင်း အ၀ယ်ဖြစ်လျက်ရှိသည်ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားလုပ်ငန်းရှင်များ က ပြောသည်။

 Written by  သီဟကိုကို
From...Search Myanmar

No comments:

Post a Comment