*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 10 January 2014

ဒီလ ၂၁ ရက်နေ့ မှာ စတင်မည့် မလေးရှား အော်ပရာစီ I-Card အကြောင်း

Zahid said the cost of deporting the arrested illegal immigrants to their countries of origin would be borne by the immigrants themselves, their employers or the missions of these countries. — Picture by Siow Feng Saw 


Putra Jaya ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi ကဒီနေ့ ထုတ် ပြန်လိုက်တဲ့ သတင်းလေးဖြစ်ပါတယ်၊ မလေးရှားမှာ တရားမဝင်လုပ်ကိုင်နေကြသော နိုင်ငံခြားသား အလုပ်သမားများကို ဖန်းဆီးရန်အတွက် ဒီလ ၂၁ တစ်ရက်နေ့ မှာစတင်မှာ ဖြစ်ကြောင်းကို TV3 ညရှစ်နာရီသတင်းမှာ ထဲ့သွင်းကြေငြာ သွား သလို တရုတ် သီတင်း
စာတွေမှာ လဲ ဒီနေ့ ၉ ရက်နေ့ရက်စွဲနဲ့ ရေးသားထားပါတယ်။ 

ဒီ စီမံချက်မှာ Immigration Department, Royal Malaysia Police နဲ့ People’s Volunteer Corps တို့ ပါဝင် မှာဖြစ်ကြောင်းထဲ့သွင်း ပြောကြားသွားပါတယ်၊ ဒီစီမံချက်ကို တရားမဝင် နိုင်ငံခြားသားများအတွက် အထူးအရေးကြီးတဲ့ I-Card ထုတ်ပေးရေး နဲ့ ပတ်သက်တဲ့ လွှတ် တော် အစည်းဝေးပြိးမဲ့ Jan 20 နောက်နေ့ မှာ စတင်မှာဖြစ်ပါ တယ်။ 


ဖမ်းမိတဲ့ တရားမဝင် အလုပ်သမားများကို မိမိနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးမှာဖြစ်ပြီး ဒီအတွက် ကုန်ကျ စရိတ်ကို အဖမ်းခံထိသူ ကသော်၎င်း၊ အလုပ်ရှင်မှသော်၎င်း သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံများ၏ ကော်မရှင် အဖွဲများမှ ကုန်ကျခံ ရမှာဖြစ်ကြောင်း ထဲသွင်းပြောကြားထားပါတယ်။ ဒီကုန်ကျစား၇ိတ်တွေအတွက် သူတို့နိုင်ငံရဲ့ ပြည်သူပိုင်ငွေတွေထဲ က သုံးစွဲမှာမဟုတ်ကြောင်းလဲ ပြောကြားသွားပါတယ်။ 

ဝန်ကြီးက ဆက်လက်ပြောကြားရာမှာ လက်ဗွေနှိပ်ပြိး ပါမစ်လျှောက်ထား သူများသည် သက်တန်းကုန် ဆုံးပြိး မိမိနိုင်ငံကိုပြန် သွားပြိးနောက် အခြားသော အမည် သစ်ဖြင့် ပြန်လည် ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ကြောင်းလည်း ထဲ့သွင်းပြောကြားသွားပါတယ်။ သူပြော သွားသည့်အထဲတွင် 6p လက်ဗွေသမားများ ကို ပါမစ်သက်တမ်း ဆက်တိုးပေးမှာ မဟုတ်တဲ့အပြင် Jan 20 ရက်နေ့ဟာ နောက်ဆုံး လို့ ဆိုပါတယ် ဒီလို သက်တမ်းကုန် သွားသူများကို ၁၀ ရက် အတွင်းအလုပ်ရှင် ကတာဝန်ယူပြီးပြန်ပို့ပေးရမယ် လို့ ဆိုပါတယ်။ 

သူတို့ ဘက်ကဒီ အတွက်အချိန်ကိုလုံလုံလောက်လောက်ပေးထားခဲ့တာဖြစ် လို့  Immigration ရုံး မှာလျှောက်ထားခြင်းများပြွတ်သိပ်နေတာကြောင့်နောက် ဆုံးရက်အထိစောင့်မှာ မဟုတ်ကြောင်းကိုထဲ့ သွင်းပြောကြားထားပါတယ်။ ဒီသီတင်းဆိုး နဲ့ အတူတွဲထွက် လာတဲ့ သတင်းကောင်းကတော့ မလေးရှား မှာ ရှိနေတဲ့နိုင်ငံခြားသား အလုပ်သမားများကို I-card ထုပ်ပေးရေးဘဲဖြစ်ပါတယ်။ ဒီသတင်းရဲ့မူလ ဝက်ဆိုကို http://www.themalaymailonline.com ချိပ်ပေးထားပါတယ် ဒီအပြင် I-Card သတင်းကိုလည်း တင်ပြပေးသွားမှာဖြစ်ပါတယ် အောက်ပါ Video ဟာ I-Card အကြောင်းသတင်းထူးဖြစ်ပါတယ်။



I-Card နဲ့ပါတ်သက်ပြိး သိလိုသူများအတွက် သတင်းကိုအောက်မှာ ဖေါ်ပြပေးထားပါတယ်


Zahid (second from left) at the launching of the I-Kad for foreign workers on Thursday.

 
I-Card ကို လက်ရှိတရားဝင် အလုပ်သမား ၂.၃ သန်းအတွက် လုပ်ပေးမှာဖြစ်တယ်လို့ ပြောပေမဲ့ 6P အစီ အစဉ်နှင့်ရှောက်ထားသော သူများပါဝင်ပုံမရပါဘူး။ ဒီ ကဒ်ကို အဆင့်မြင့် နည်း ပညာနှင့်လုပ် ထားမှာ ဖြစ်ပါ တယ်။
 
I-Card တစ်ခုကို RM 110 နှုံးဖြစ် အလုပ်ရှင်ကသော်၎င်း အလုပ်သမားမှသော်၎င်း လျှောက်ထားနိုင်ပြီး နိုင်ငံတော် ငွေကိုသုံးမှာမဟုတ်ကြောင်းပြောပါတယ်။
 
I-Card ကိုင်ဆောင်ထားသူ မဟုတ်သော မည်သည့် နိုင်ငံခြားသား အလုပ်သမားကိုမှ ညှိနှိုင်းမှုတွေ အပေး အယူလုပ်ခြင်းတွေ လုပ်မှ မဟုတ်ဖူးလို့ ဆိုပါတယ်။
 
I-Card နှင့် ပတ်သက်သော ဥပဒေကို ပြီးခဲ့နှစ် နိုဝင်ဘာလ ၁၅ ထဲက Percetakan Nasional Malaysia Berhad (PNMB) က အသုံးပြုရန်တင်ပြခဲ့တာဖြစ်ပါတယ်။
 
Ahmad Zahid ကပြောကြားရာမှာ I-Card ကို အတုလုပ် အသုံးပြုခြင်းကိုရှောင်ရှားရန် နှင့် နိုင်ငံခြားသား အလုပ်သမားသည် တရားဝင်မဝင်ကို စစ်ဆေးနိုင်သည့် အချက် ၁၀ ချက်ထဲ့သွင်းထားပါတယ်။
 

From... http://thesupernaturalmyanmar.blogspot.com

No comments:

Post a Comment