*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 16 January 2014

အမျိုးသမီးတွေ အရက် မူးရင် ဘယ်လိုဖြစ်သွား တတ်လဲ



Myawady News's photo.


 

ပါတီတွေ ကနေရာတိုင်း မှာ ရှိနေသလို အမျိုးသားရော အမျိုးသမီးတွေပါ တက်ရောက်ကြပါတယ်။ ဒီတော့ သောက်လေ့ရှိတဲ့ အမျိုးသမီးတွေကို တခြားနေရာတွေမှာရော ပါတီတွေမှာပါ အများ အပြား တွေ့ ရတတ်ပါတယ်။

အမျိုးသမီးတွေ အရက်မူးရင် တစ်ဦးနဲ့တစ်ဦး တုံ့ပြန်ပုံချင်းမတူပါဘူး။ ဒီတော့ လေဒီ မူးလေးတွေ ရဲ့ ဖြစ် တတ် ပုံလေးတွေ လေ့လာကြည့်ရအောင်။

(၁) Fighter မမ

လူသတ်သမား ဆန်ဆန် အပြုံးက သူမနှုတ်ခမ်းဖျားမှာ တွဲခိုနေပြီး သူမကိုယ်သူမ ဖိုက်တာ တစ်ဦးလို့ ထင်နေ ပါပြီ။ သူမကောင်လေးကို လာမြူနေတယ်လို့ မသင်္ကာဖွယ်ရှိတဲ့ ကောင်မလေးတွေကို မျက်တောင် တချက်မခတ် လိုက်လံရှာဖွေနေမှာ ဖြစ်ပြီး တွေ့ပြီဆိုလို့ကတော့ ဘယ်သူမှ ဆွဲချိန်တောင် မရလိုက်ဘူး။ သူမလို လူမျိုးကတော့ တေးဂီတတွေ အပျော်တွေကို ရပ်အောင် လုပ်ပစ်တတ်သူပါ။


Myawady News's photo.  
(၂) ဘာမှ မသိတော့အောင် သောက်သူ

နှစ်ခွက်လောက် သောက်ပြီး အဆက်မပြတ် အန်တတ်သူပါ။ ဒါပေမယ့် ရပ်သွားသလားဆိုတော့ မရပ်ပါဘူး။ ပိုအန်လေ ပိုသောက်လေပါပဲ။ သူတို့ရဲ့ လိပ်စာကို အင်္ကျံနောက်ကျော (ဒါမှမဟုတ်) ပိုက်ဆံအိတ်မှာ ကပ် ထားရတဲ့ သူတွေဆိုတာ ဒီလိုလူမျိုးပါပဲ။

(၃) သူမကိုယ် သူမ သောက်ထားတယ်လို့ ဘယ်တော့မှ ၀န်မခံတတ်သူ

“မင်း သောက်နေတာ ဘယ်လောက်ကြာပြီလဲ” လို့ သွားမေးလိုက်တယ် ဆိုပါတော့။ “သောက်တယ်။ ကျွန်မ သောက်တယ်လို့ ဘယ်သူပြောလဲ။ ကျွန်မ မသောက်ပါဘူး။ ရှင်သာ သောက်တတ်တဲ့သူ” ဆိုပြီး ဗြောင်ကို ငြင်းတတ်ပါသေးတယ်။ “မယုံရင်ကြည့်ပါလား” ဆိုပြီး လမ်းထလျှောက်တဲ့အချိန်မှာတော့ ဒုတိယ ခြေလှမ်းအရောက်မှာ လဲကျသွားပါတော့တယ်။

(၄) စကားအကျယ်ကြီးပြောသူ

သူမသောက်ထားတယ်။ ပြီးတော့ ဒါကို တစ်လောက လုံးကိုလည်း သိစေချင်တယ် ဆိုတဲ့ သူမျိုးပေါ့။ သူမ ပါးစပ်ကို alarm ပေးထားသလိုမျိုး “God! I’m so drunk” ဆိုတာကို ဆယ်မိနစ် တစ်ကြိမ် လောက် ကလည်း ထထအော်တတ် ပါသေးတယ်။ သူမ ပါးစပ် ဟလိုက်တဲ့ အကြိမ်တိုင်း သူမ ပါးစပ်ထဲ ခြေအိတ် ထိုးသွင်း ထားပေးချင်စိတ် ပေါက်လာ မိတယ် ဆိုတဲ့သူမျိုးပေါ့။

(၅) စမတ်ဖုန်းသမား


အယ်လ်ကိုဟောက သူမရဲ့လက်တွေကို ပိုမြန်အောင်လုပ်လိုက်သလား မသိပါဘူး။ ကောလိပ်ကျောင်းက ရည်းစားဟောင်းပါ မကျန် သူမရဲ့ ဖုန်းနံပါတ်စာရင်း ထဲမှာ ရှိသမျှ လူတွေ အကုန်လုံးကို ဖုန်းလိုက်ဆက်ပြီး မရမက အတင်းခေါ်တတ်သူမျိုးပါ။

(၆) အတွေးအခေါ်သမား

အရက်ဟာ သူမကို ကောင်းကင်ဘုံရဲ့တံခါးကို ဖွင့်လှစ်ပေးလိုက်သလား မသိပါဘူး။ ရုတ်ရက်ဆိုသလိုပဲ ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ လျှို့ဝှက်နက်နဲမှုတွေကို သူမ နားလည် သလိုမျိုး ဖြစ်သွားပါတော့တယ်။ အဲဒီမှာ သူမရဲ့ ဖီလိုဆော်ဖီတွေ ကို အမျှင်မပြတ် စပြီးပြောတော့တာပါပဲ။

(၇) ရှုပ်ပွေလိုသူ

မူးပြီဆိုတာနဲ့ ကပွဲကြမ်းပြင်ပေါ်ရောက်သွားပြီး ဘယ်သူနဲ့မဆို တွဲကတော့တာပါပဲ။ ကနေ ရရင်ပြီးရော ဘယ်သူ လာလာ ဒေါင်းတယ်ဆိုတဲ့ လေဒီလေးတွေပေါ့။

ဒီတော့ သင့်အနေနဲ့ သူမ သောက်တတ်တဲ့ အကျင့်လေးကို သိထားပြီးပြီဆိုရင် ကြိုတင် ကာကွယ်မှုတွေ လုပ်ထားဖို့တော့ လိုပြီနော်။

http://myawadynews.blogspot.com/2014/01/blog-post_6036.html
From... Myawady News


No comments:

Post a Comment