
ဆံပင်တွေ
နက်မှောင်ဖို့ ၊ သန်စွမ်းဖို့ ၊ ထူထဲ ပြီးတောက်ပနေစေဖို့အတွက်
လျှို့ဝှက်ချက်ဆို တာ ဈေးကြီး တဲ့ ခေါင်းလျှော်ရည်တွေ နဲ့ နာမည်ကြီး
ဗြူးတီး ဆလွန်းတွေရဲ့ ကုသပေးမှုတွေ မဟုတ်ပါ ဘူး။ လျှို့ဝှက်ချက်က သင့်ရဲ့
အစားအသောက် ပုံစံပါပဲ။ ကျန်းမာရေးကို အထောက် အကူပြုတဲ့ အမျိုးမျိုးသော
အစားအစာတွေကသာ ဆံကေသာအတွက် ကုစားမှုအစစ်အမှန်ပါ။
(၁) Iron and Zinc

Iron နဲ့Zinc တို့ကသင့်ဦးခေါင်း အရေပြားမှာရှိတဲ့
မွှေးညှင်းပေါက်လေးတွေကို ကြီးထွားစေ ပါတယ်။ ဒါအတွက်ကတော့အနီရောင်ရဲရဲအသားတွေကိုစားပေးပါ။အသားတွေကအဟာရဓါတ်လည်း ပြည့်ဝတဲ့ အတွက် တစ်ပါတ်ကို
နှစ်ကြိမ်လောက်တော့ စားပေးသင့်ပါတယ်။
(၂) Vitamin D

လေ့လာတွေ့ရှိချက် အများကြီး အပြီးမှာ ဗီတာမင်ဒီဟာ သင့်ရဲ့ဆံပင်ကို
သန်စွမ်းစေပါတယ် တဲ့။ ဒါပေမယ့် ဗီတာမင်ဒီဆိုတာ လှည့်ကွက်များတဲ့ ဓါတ်ပါ။
သဘာဝ အစားအစာတွေမှာ အနည်းငယ် သာ ပါဝင်တတ်ပြီး နေရောင်ခြည် ထဲမှာ
မိနစ်အနည်းငယ်လောက် ထိုင်ရုံနဲ့လည်း ရတတ်ပါတယ်။ ဒါပေမယ့်
ကျန်းမာရေး ပညာရှင်တွေကတော့ UV ray တွေရှိတာကြောင့် ဒီနည်းလမ်းကို
ကန့် ကွက် ပါတယ်။ ဒီတော့ အကောင်းဆုံးက ဗီတာမင်ဒီ ပါဝင်တဲ့ အားဆေးတွေ
သောက်သုံးဖို့ပါပဲ။
(၃) Protein

ပရိုတိန်းဆိုတဲ့ အသားဓါတ် ကတော့ ဘ၀တစ်ခု တည်ဆောက်ရာမှာ
အုတ်ချပ်တွေလို အရေးပါ တဲ့ အရာပါပဲ။ ဆဲလ်တွေကြီးထွားဖို့ အားပေးနိုင်ပြီး
ဆဲအသစ်တွေ ပြန်လည်မွေးဖွားပေးပါတယ်။ ဆံပင်ရဲ့ ခံနိုင်အားကိုလည်း
ပြန်လည်တည်ဆောက်ပေးပါတယ်။ အမျိုးသမီးတွေအနေနဲ့ အနည်းဆုံး တစ်ရက် ကို ၄၆
ဂရမ်လောက် စားပေးသင့်ပါတယ်။ ကြက်သား (၃)အောင်စ စားသုံးရင် ၂၃
ဂရမ်ရနိုင် ပါတယ်။
(၄) Omega-3 Fatty Acids

အဆီဓါတ်များတဲ့ငါး(ဥပမာ-ဆယ်လ်မွန်)လို ငါးမျိုးကို
တစ်ပါတ်နှစ်ကြိမ် စားပေးခြင်းက ဆံပင်ကို ရေ ဓါတ် ပြည့်ဝစေပါတယ် ။ ပိုးသားလို
နူးညံ့ဖို့အတွက်တော့ အိုမီဂါ-၃ အက်ဆစ်ဓါတ်တွေက သော့ ချက်ဖြစ်ပြီး
နှလုံးကိုလည်း အထောက် အကူပေးပါတယ်။
(၅) Biotin

ကြက်ဥတွေဟာ ဗီတာမင် ဘီ ဓါတ်ကြွယ်ဝပြီး ဆံကေသာ
သန်စွမ်းဖို့အတွက်တော့ မရှိမဖြစ်လိုအပ်ပါ တယ်။ ပြီးတော့ ပရိုတိန်း ၊
ကလိုရင်း နဲ့ ဗီတာမင် ဒီ စတာတွေရဲ့ အရင်းအမြစ်ဆိုလည်း မမှားပါဘူး။
ဒီအစားအစာတွေကို သင့်ရဲ့နေ့စဉ် အစားအသောက်စာရင်းမှာ အလှည့်ကျ
ထည့်သွင်းပေးသွားမယ် ဆိုရင်တော့ ဘယ်ခေါင်းလျှော်ရည် ၊ ဘယ်ဗြူးတီးဆလွန်းမှ
မလိုတော့ပါဘူး။ သင့်ဆံပင်တွေ သန်စွမ်း မယ့် အခွင့်အရေးက သင့်လက်တကမ်းမှာပါ။
Trend Myanmar.
Myanmar Online News
No comments:
Post a Comment