*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 11 February 2014

ကားလောက ဈေးကွက် အကျဘက်ကို ဦးတည်

Date: 11/02/2014
ရန်ကုန်မှာ ကားရောင်း စင်တာတွေ များပြီး လူတိုင်ကား တင်သွင်းခွင့် ရှိတဲ့အတွက် ကားလော က ဈေးကွက် ၀ယ်လိုအား မရှိသလောက် ဖြစ်ပြီး အကျဘက်ကို ဦးတည်နေတယ်လို့ ကားဝယ်ရောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။


ကားရောင်းစင်တာ အသစ်တွေ များလာပြီး သွင်းအားကောင်းနေတဲ့ အတွက် ကားဈေးတွေ အကျ ဘက်ကို ဦးတည်နေတယ် လို့ မင်းရဲကျော်စွာ ကားပွဲစားတန်းက ၀ယ်ရောင်း တဦးဖြစ်တဲ့ ဦးအောင်သန်းဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ကလဲ အင်ဂျင်ပါဝါ ၁၀၀၀ စီစီအောက် မော်တော်ယာဉ်တွေကို မြန်မာ အိန္ဒိယနယ် စပ်ဖြစ်တဲ့ ကလေး–တမူး နယ်စပ် စခန်းတွေကနေ တရားဝင် တင်သွင်းခွင့်ပေးမယ် လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ကုန်သည်တွေနဲ့တွေ့ဆုံစဉ် မှာ ပြောဆို ခဲ့ ပါတယ်။

ကားရောင်း စင်တာမှ ဒေါက်တာ စိုးထွန်းကတော့ အကုန်လုံးက ကားသွင်းနေတဲ့ အတွက် ရေရှည် ၀န်ဆောင်မှုပေးနိုင်တဲ့ ကားရောင်း စင်တာကြီးတွေသာ နောက်ပိုင်းမှာ အရောင်းအ၀ယ် ဖြစ်ဖို့ ရှိတယ် လို့ ပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန က မော်တော်ယာဉ် တင်သွင်းမှုနဲ့ ပတ်သက် ပြီး နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထား သူတိုင်း ကားတင်သွင်းခွင့် ရှိသလို ပို့ကုန်သွင်းကုန် ကုမ္ပဏီတွေ ၊ နိုင်ငံခြားရေး ၀န်ထမ်းတွေ၊ သင်္ဘောသားတွေ၊ ပြည်ပမှာ သွားရောက် လုပ်ကိုင်နေတဲ့ သူတွေနဲ့ ဟိုတယ်ခရီး လုပ်ငန်းရှင်တွေကိုလည်း မော်တော်ယာဉ် တင်သွင်းခွင့် ပေးထားပါတယ်။

ဒီနှစ်ထဲမှာ ကားရောင်းစင်တာ အသစ်တွေ ထပ်တိုးဖွင့်လှစ်ဖို့ ရှိပြီး ရန်ကုန်မြို့ အတွင်း မော်တော်ယာဉ် တင်သွင်းမှု က အစီးရေ ၂ သိန်း နီးပါး ရှိနေပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန စာရင်းများအရ သိရပါတယ်။

မျိုးဇော်လင်း (ဒီဗွီဘီ)
From...Search Myanmar
 

No comments:

Post a Comment