*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 12 February 2014

ဘော်ဒါဆောင် မှာ ခြောက်တဲ့ သရဲမ (ဖြစ်ရပ်မှန်)



 














မ Chitya Thu ဇာတ်လမ်း စုစည်းမှု့ ထဲမှာ တင်ဆက်ပေးထားတဲ့ ကိုယ်တွေ့ဇာတ်လမ်းလေးပါ ခင်ဗျာ...။

2011-2012....ပညာသင်နှစ်ကဘော်ဒါ မှာပေါ့ ..ဘော်ဒါ စဖွင့်ချင်းနေ့ ဆိုတော့ လာ တက်ကြတဲ့ကျောင်းသား/ကျောင်းသူတွေအကုန်လုံး နေရာမရဖြစ်နေတာပေါ့...နာလည်ပါတယ်လေ...
.ဘော်ဒါ ထဲ စ၀င်ဝင်ခြင်းပဲ သတင်းတွေကြားရတာပေါ့ ..စာသင်ဆောင်ရဲ့ခေါင်းရင်းက ဆီးပင်ကြီးမှာ မိန်းမ သရဲရှိတယ်ပေါ့...ညညဆိုရင် အပင်ပေါ်ကနေဇောက်ထိုး ဆင်းဆင်း လာတယ်ဆိုပြီးတော့
သတင်းတွေကြား ရတာပဲလေ....



မိန်းကလေးနဲ့ယောက်ျားလေး အဆောင် သပ်သပ်စီ ခွဲထားတယ်..မခွဲ လို့လည်းမရ ဘူးလေ.... အဆောင် မှာ ညအိပ်စောင့်တဲ့ အဆောင်စောင့် ဆရာ/ဆရာမ တစ်ဦးစီရှိတယ်.....အဲ့လိုနဲ့ ကိုယ်စီ ကိုယ်စီ အဆောင်ထဲဝင်ရောပေါ့...ရောက်ရောက်ချင်း ဆိုတော့ မိန်းကလေး အဆောင်ဘက်မှာ လူတွေ တအားရူပ်ပြီး နေရာချလို့ မရတော့တာနဲ့ ဒီအတိုင်းဖြစ်သလိုနေရာယူပြီး အိပ်လိုက်ကြတယ်...
 ဖြစ်ချင်တော့ အိပ်ရတာက ထောင့်ဆုံး အစွန်ဆုံးဖြစ်နေတယ် မျက်နှာချင်းဆိုင်မှာတော့ ဆရာမ ခြင်ထောင် ရှိတယ်...ဆရာမက ညဘက်တော်တော်နဲ့ မအိပ်ဘူးလေ... ၀တ္ထုဖတ်နေလို့ ပါ...အဆောင် က မီးတွေပိတ်လိုက်တယ်..
 
ဆရာမရဲ့ခြင်ထောင်ထဲ မှာတော့ မီးအိမ်လေး ကလင်းလို့ပေါ့....တစ်ခုပြောရအုန်းမယ် သရဲခြောက်တဲ့ ဆီးပင်ရှိတဲ့ စာသင်ဆောင်က ဖြစ်ချင်တော့ မိန်းကလေးအဆောင် ၀န်းထဲမှာဖြစ်နေ တယ်....ဒီလိုနဲ့ အိပ်တော့ အရမ်း အိပ်ချင်လို့ ဘုရားမရှိခိုးလိုက်မိဘူး.... အဲ့ဒါကြောင့်ခြောက် ခံရတာနေမှာ....
အိပ်တော့..ညသန်းခေါင်လောက်ပေါ့ ၂ နာရီလောက်တော့ရှိပြီ ထင်တယ်တရေးနိုးတယ်..ဆရာမ ကတော့ မအိပ်သေးဘူး...အဲ့ဒါနဲ့ဆရာမခြင်ထောင်ဘက်ကိုလှည့်ကြည့်လိုက်တော့ သူ့ခြင်ထောင်နား မှာ အရိပ်တစ်ခုကိုတွေ့တယ်... လူပုံဏ္ဍာန်ပဲ..အိပ်ချင် မူးတူးနဲ့သေချာကြည့်လိုက်တော့ ...အားယားးးး.. .ကျောတောင် ချမ်းတယ်....ဆံပင်ဖားလျားနဲ့ မိန်းကလေး တစ်ယောက် ဆရာမခြင်ထောင်နားမှာ ရပ်နေတယ်....
လန့်သွားတာက အရင်..စိတ်ထဲကတော့ ကျောင်းသူတစ်ယောက်ယောက်ဆရာမနားမှာ ရပ်နေတယ် ပဲထင်ပြီး...ဘေးဘီဝဲယာကိုအကဲခတ်ကြည့်လိုက်တော့အကုန်အိပ်နေကြတယ်....ကိုယ်တစ်ယောက် ပဲမြင်နေရတယ်ပေါ့...ဆရာမကိုအော်ခေါ်ချင်ပေမယ့် ဘာလို့မှန်းလဲမသိဘူး အသံမထွက်ဘူုး... 
အဲ့ဒါနဲ့ကြောက်ကြောက်နဲ့ ဆက်ကြည့်နေတော့ အဲ့ဒီ သရဲမက အစက ကျောခိုင်းထားရာ ကနေ တဖြည်းဖြည်း ဒီဘက်လှည့်လာတယ်...တကယ်ကြောက်လွန်းလို့ သတိလစ် မတက်ဘဲ... ဒီဘက် လှည့်တော့ မျက်နှာကိုမမြင် လိုက်ရလို့တော်သေးတယ် မြင်လိုက်ရလို့ကတော့ အသက်ပါထွက်ပြီပဲ... 
အဲ့ဒီမှာ မပြီးသေးဘူး...လှည့်ကြည့်ရုံနဲ့ အားမရသေးဘူး ဒီဘက်လျှောက်လာတယ် တဖြည်းဖြည်း.. .သေပါပြီအမေရယ်လို့ စိတ်ထဲမှာအော်နေမိတယ်... ဒါပေမယ့် လက်တွေ့က အသံမထွက်ဘူး... အနားရောက်ခါနီးတော့ မျက်စိစုံမှိတ်ပြီးတော့ ဘုရား ဘုရား လို့ စိတ်ထဲကနေ တနေလိုက်တယ်... မျက်စိလည်းပြန်ဖွင့် လိုက်တော့ ဖြတ်ကနဲအပြင်ကိုပြေးထွက် သွားတာတွေ့လိုက်တယ်... မရှိတော့ဘူး    
အဲဒီ့တော့မှ အသံကုန်ဟစ်ပြီး... ဆရာမကိုလှမ်းခေါ်လိုက်တယ်...လူလည်းဇောချွေးတွေပျံနေတာ အင်္ကျီတွေလည်း ရွှဲနေတာပဲ...ဆရာမရော တခြားလူတွေရောနိုးလာပြီး အနားရောက်လာတော့မှ စိတ်သက်သာရာရသွားတော့တယ်...
အဲ့ဒီညမှာ...သရဲမကောင်းမူနဲ့ ဆရာမခြင်ထောင်ထဲသွားအိပ်လိုက်ရတယ်လေ....အဲ့ဒါကတော့ ဘော်ဒါ စ စရောက်ချင်း မိတ်ဆက်ခံလိုက်ရတာပဲ....

.နောက်ကျောင်းနှစ်လည်လောက်လည်းရောက်ရော...ပထမနှစ်ဝက် စာမေးပွဲတွေဖြေခါနီးပေါ့..
နေ့မအိပ် ညမအိပ်
စာကျက်တာ အိပ်ငိုက်တာပေါ့လေ...မှတ်မှတ်ရရ..စာမေးပွဲဖြေဖို့ ၂ရက် အလိုကျတော့ သူငယ်ချင်းတစ်ယောက်နဲ့ပေါ့... စာမရသေးလို့..မြန်မာစာကို ညလုံးပေါက် ကျက်ကျမယ် ဆိုပြီးတော့ စာသင်ဆောင်ထဲမှာ..စာကျက်နေကျတယ်..
အစကတော့၁၀နာရီလောက် အထိကိုယ်လိုသူလိုစာကျက်တဲ့လူတွေရှိနေသေးတယ်...နှစ်ယောက် သား ငိုက်လိုက် ကျက်လိုက်လုပ်နေရင်းနဲ့ သတိထားမိချိန်လည်းရောက်ရော ၁၂ခွဲနေပြီ.. ဘယ်သူမှလည်း မရှိတော့ဘူး ငါတို့နှစ်ယောက်တည်း..သတ္တိခဲနှစ်ယောက်လည်း မကျက်တော့ဘူး အဆောင်ထဲ ၀င်အိပ်တော့မယ်လို့ ကြံယုံရှိသေး အဲ့ဒီမှာစတာပဲ...
အဆောင်ခေါင်းရင်းက (ဆီးပင်ကြီးရှိရာဘက်ကနေ)..အသံတွေကြားနေရတယ်.. .သေချာ နားထောင် ကြည့်တော့...ဘုရား ဘုရား..ခြေသံတွေဖြစ်နေတယ်... ဟိုဘက် ဒီဘက်လျှောက်နေတဲ့ အသံတွေပေါ့.. .နှစ်ယောက်သား မျက်လုံးပြူးပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေမိတယ်... စာအုပ်တွေ သိမ်းပြီးတော့ အိပ်ဆောင်ထဲကို တစ်ချိုးထဲပြေးမယ်လို့ အကြံပြုလိုက်ကြတယ်.... ဒါနဲ့ပဲလက်တွေ့ အကောင်အထည်ဖော်ပြီး စာသင်ဆောင်ကနေအထွက်... 
အားယားးးးးး...အိပ်ဆောင်ရှေ့မှာ မတ်မတ်ကြီး ကျောခိုင်းပြီးတော့ မတ်တပ်ရပ်နေတယ်... ငါကတော့ ထားပါတော့ ပထမတစ်ခါကလည်း အခြောက်ခံပြီးသားဆိုတော့ ကြောက်တော့ကြောက်တာပေါ့ ဒါပေမယ့် ခံနိုင်ရည်ရှိပါတယ်... ငါ့သယ်ရင်း ကတော့ ဒါပထမဆုံးတွေ့တာလေ နဂိုတည်းက သူကခပ်ကြောက်ကြောက်ရယ်....သူ့ကိုကြည့်လိုက်တော့ မျက်လုံးကြီးပြူးပြီး မျက်ရည်တွေ စီးကျနေတယ်
 ကြောင်အအဖြစ်နေတယ် ငါ့လက်ကိုလည်းဆုပ်ထားတာတအားပဲ... အဲ့လိုနှစ်ယောက် တည်းကိုယ်စီ ကိုယ်စီကြောက်နေတုန်း သရဲမက ပထမတစ်ခါတုန်းကလိုပဲ တဖြည်းဖြည်းလှည့်လာပြန်တယ်.. ဒီတစ်ခါလှည့်ရင်တော့ သူ့မျက်နှာကိုတွေ့ရမှာအသေအချာပဲ ဘာလို့လဲ ဆိုတော့ အိပ်ဆောင်ရှေ့မှာ မီးဖွင့်ထားတယ်လေ.. .အော်လို့လည်း မ၇ဘူး ..ဒီတော့ထုံးစံ အတိုင်းပဲ မျက်စိမှိတ် ဘုရားတပြီးတော့ အသားကုန်အော်လိုက်တော့...
အဆောင်ထဲ ကဆ၇ာမတွေရော ကျောင်းသူတွေရော ထွက်လာတယ်...အဲ့အချိန် ငါ့သယ်ရင်းက သတိလစ်နေပြီ...ငါလည်းလစ် ခါနီးနေပါပြီ.... ဘာပြောကောင်းမလဲ..ငါလည်း ထိုင်ငိုနေတော့တာပဲ.... အဲ့တော့မှ ဆရာ/ဆရာမတွေက မဖြစ်တော့ဘူးဆိုပြီး တိုင်ပင်ကြပြီး ဘော်ဒါမှာ ဘုန်းကြီးတွေနဲ့ တရားနာတော့မှပဲ နောက်ပိုင်းမှာ အခြောက်မခံကြရတော့ဘူး....(ကဲ...ဒီလောက်ပါပဲ.. အရေးအသားညံ့ရင်လည်း ခွင့်လွှတ်ကြပါ)

ယခု လို ဇာတ်လမ်းရေးသား တင်ဆက်ပေးသော မ Chitya Thu ကိုကျွန်တော်တို့ Admin များမှ အထူး ကျေးဇူးတင်ရှိပါသည်..။
  မောင်မိုးတိမ်
www.mmdailystar.com

 From ...Myanmar Daily Star

 

No comments:

Post a Comment