Valentine's Day ရောက်လာတော့မယ် ဆိုတော့ ကျွန်တော် စိတ်ကူး တစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . . ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေး တဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . . ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေး တဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။
ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ ဖတ်မိသလောက်
ပြောပြ ချင်ပါတယ်... သိပြီးသား ကိုကိုမမ များကလဲ သိထားတာလေးတွေရှိရင်
ဝေဖန်ခဲ့ပါဦးလို့..။
ချစ်သူများနေ့ပေါ်ပေါက်လာပုံ
အေဒီ (၃)ရာစု
လောက်မှာ အုပ်ချုပ် ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ
စစ်အင်အားတွေ စုဆောင်း၊ နယ်မြေသစ်တွေ တိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။
သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမ အင်ပါယာ အောက် ရောက်အောင်
စွမ်းဆောင်နိုင်ခဲ့တယ်..။
Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ
ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေ ဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။
စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေ မျိုးတွေ နဲ့ပဲ
နေချင်ကြတယ်..။
ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုမှာတော့ ရောမ စစ်သည်တွေ
အသေအပျောက်များခဲ့တယ်.. စစ်သား သစ်တွေ လိုလာတယ်..။ စစ်သည်အင် အားကို လည်း
ပိုမိုတောင့်တင်း ခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေ ကလဲ
စစ်ထဲကို မဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ်
ယောကျာ်းတွေဟာ မိသားစု သံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ
အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာ ပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။
ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ
အိမ်ထောင်မပြုရ လို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး
အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။ ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်း တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က Saint Valentine လို့ ခေါ် ပြီး လက်ထပ်ပွဲတွေ မှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာ တင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေ ကို
သိုးသိုးသိပ်သိပ် စီစဉ် ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့်
အခန်းကျဉ်းလေး ထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ်
မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။
တစ်ည မှာတော့
့သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက် ဖမ်းဆီးကြတယ်..။
မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်း ခံရပြီး
သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ်
သူထောင်ထဲမှာ ရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲ ကို လာတွေ့ကြတယ်
ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့
သူ လုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်း အချစ်ကို ယုံကြကြောင်း
အားပေးထောက်ခံကြ တယ်.. ။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီး သမီးလဲပါတာပေါ့..။
ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ
အများကြီးပြော တယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့
ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေး မှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from your
Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင်
ထို အမျိုးသမီးတွက်ရေးထား ခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့် "" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။
American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံး မှာ တစ်နှစ်ကို
သန်းတစ်ထောင်သော Valentines တွေ ပို့ကြတယ်..။ Christmas လက်ဆောင်ပြီး ရင်တော့
ဒုတိယ အများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေ က ဝယ်ကြတာ ၈၄
ရာခိုင်နှုန်းလောက်ပါတဲ့...။
(Submit from forward mail. Thanks to writer)
မောင်လေပြေအောင်
(Submit from forward mail. Thanks to writer)
မောင်လေပြေအောင်
No comments:
Post a Comment