*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 11 June 2014

ကလေးငယ် များ ဦးနှောက် ဥာဏ်ရည် ဖွံ့ဖြိုးရန် သံဓာတ် အာဟာရ အဓိက လိုအပ်



မွေးကင်းစ မှ စ၍ ငါးနှစ် မပြည့်မီ ကလေးငယ် များသည် သံဓာတ် အာဟာရ ချို့တဲ့ မှုကြောင့် ဦးနှောက် ဥာဏ်ရည် ဖွံ့ဖြိုး မှု နည်းပါးခြင်း ကို ခံစားရမည် ဖြစ်ရာအထူး ဂရုပြုစေ လိုကြောင်း ကလေးငယ် ကျန်းမာရေး ဆိုင်ရာ ဆေးပညာရှင် တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။

ကမ္ဘာပေါ် တွင် လူဦးရေ သန်းပေါင်း ၇ဝဝဝ ကျော် ရှိရာ မြန်မာနိုင်ငံ အပါအဝင် လူဦးရေ သန်း ၂ဝဝဝ ခန့် သည် သံဓာတ် အာဟာရ ချို့တဲ့သည့် ဝေဒနာ ကို ခံစားရ ၍ ဦးနှောက် ဥာဏ်ရည် ဖွံ့ဖြိုးမှု နည်းပါး ကာ ဆွံ့အ နား မကြားခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ပိုလီယိုဖြစ်ခြင်းနှင့် အခြား သံဓာတ် ချို့တဲ့ သည့် ရောဂါ အမျိုး မျိုး ကို ခံစား နေရသည်။ 


၎င်းတို့ ထဲတွင် ကလေးငယ် များ အများဆုံး ပါဝင်နေသည်။ ဖြစ်ပွားသည့် နိုင်ငံ များမှာ တောင် အမေရိက၊ အာဖရိကနှင့် အာရှနိုင်ငံ များ၌ အများဆုံး ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။



ယင်းနှင့် ပတ်သက်၍  UNICEF နှင့် ပူးပေါင်း ကာ SPRINKLES သံဓာတ် ဖြည့်စွက် အာဟာရမှုန့် ထုတ်ဝေ သည့် အံ့မခန်း အာဟာရ အဖွဲ့ မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝဏ္ဏအောင် က ''နိုင်ငံတကာ မှာ ကလေး ငယ် များရဲ့ ဥာဏ်ရည် ဖွံ့ဖြိုးမှု နည်းပါးအောင် ပြုလုပ် တဲ့ အဖွဲ့အစည်း တစ်ခု ဒါမှ မဟုတ် တစ်ဦး တစ်ယောက် မည်သူ မဆို ရန်သူလို့ သတ်မှတ် ပါတယ် ။


 မွေးကင်းစ ကလေးငယ် တစ်ဦးကို အသက်ကြီး လာချိန် တွင် အလုပ် ကြမ်း များ လုပ်ကိုင်ပြီး ဘဝကို ကြမ်းတမ်း စွာ ရပ်တည်စေချင် လျှင် သံဓာတ် အာဟာရ ကို မွေးကင်းစ မှ စ၍ ဖြတ်တောက် လိုက်ရုံဖြင့် ပြီးပြည့်စုံ ပါတယ်'' ဟု ပြောကြားခဲ့သည်။

ဒါ့ အပြင် မိခင် ဝမ်းတွင်း မှာ ရှိနေစဉ် ရှစ်လမှ မွေးဖွားချိန် အထိ ကလေးဟာ မိခင် ရဲ့ အစားအသောက်မှ ရရှိတဲ့ သံဓာတ် ကို စုပ်ယူကာ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှု ကို အစပျိုးချိန် ဖြစ်ပါတယ်။ ဒါကြောင့် မိခင် ရဲ့ အစား အသောက် အနေအထိုင် တိုက်ရိုက် ပတ်သက်ပါတယ်။ 


ဦးနှောက် ဖွံ့ဖြိုးမှု ဟာ ကလေးရဲ့ ဝန်းကျင်၊ ဗီဇ၊ ပြုပြင်ပြောင်းလဲ မှု အစားအစာ အာဟာရ၊ ပညာဆည်း ပူးနိုင်မှု ပတ်ဝန်းကျင် တို့ အပေါ်မှာ အခြေခံ ပါတယ်၊ အဓိက အခြေခံ က ဦးနှောက် ဖွံ့ဖြိုးမှုဖြစ်တဲ့ အတွက် သံဓာတ် အာဟာရ ရရှိဖို့ အဓိက လိုအပ်ပါတယ်'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိ သူ တစ်ဦးက ''ကလေးငယ်တွေ ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုမှာ ရာခိုင်နှုန်း အနေနဲ့ မွေးစ ကနေ ခုနစ်လ အရွယ် အထိ ၃ဝ ရာခိုင်နှုန်း၊ သုံးနှစ် အရွယ်မှာ ၅ဝ ရာခိုင်နှုန်း၊ ငါးနှစ် ပြည့်ခါနီး အချိန် တွင် ၉ဝ ရာခိုင်နှုန်း အထိ ရှိပြီး အဲဒီ ကနေ လူကြီး အရွယ် နီးပါး ခန့် ဖွံ့ဖြိုး လာပါ တယ် ။


 အဲ့ဒီ အချိန်မှာ သူတို့ ရဲ့ ဦးနှောက်ထဲ မှာ ကလာပ်စည်း လို့ ခေါ်တဲ့ အတွေး အခေါ်ဆိုင်ရာ ဖွံ့ဖြိုးမှု အခန်း ငယ်လေး တွေ သန်းပေါင်း တစ်သိန်းခန့် ရှိပါတယ်။ ဒါတွေဟာ သစ်ပင်၊ သစ်ကိုင်းတွေ လို ဖြာထွက် ယှက်နွယ်နေပြီး တစ်ခုနဲ့ တစ်ခု ချိတ်ဆက် နေပါတယ်။ လူတစ်ဦး နဲ့ တစ်ဦး ချိတ်ဆက် ပုံခြင်း မတူပါဘူး။ ချိတ်ဆက်မှု များရင် ဥာဏ်ပိုကောင်းပြီး ချိန်ဆက်မှု နည်းရင် ဦးနှောက်ဖွံ့ဖြိုး မှု နည်းပါးကာ ဥာဏ်ထုံ တဲ့ လူတစ်ယောက် အဖြစ် တစ်ဘဝလုံး ရပ်တည် သွားရမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

''ဒီ ကလာပ်စည်းတွေ ချိတ်ဆက်ဖို့ အတွက် အဓိက လိုအပ် တာကတော့ သံဓာတ် လို့ခေါ်တဲ့ သတ္တု အာဟာရ ဓာတ်တွေ ဖြစ်ပါတယ်။ ဒါတွေ မရရှိရင် လုံးဝ မချိတ်ဆက်ပါဘူး။ ဒါကြောင့် မိခင် ဝမ်းအတွင်း ရှစ်လ အရွယ်မှ စ၍ မွေးစကနေ ငါးနှစ် အတွင်း သံဓာတ် အာဟာရ ကို လုံလောက်စွာ ရရှိအောင် ကျွေးမွေး ရမှာ ဖြစ်ပါတယ်၊ အဲဒီ အချိန်မှာ ကော်ဖီတွေ၊ လက်ဖက်ရည်တွေ နဲ့ သကြားဓာတ် ပါတဲ့ အစား အစာတွေ မကျွေးသင့်ပါဘူး။


 အဓိက သံဓာတ် အားကောင်းဖို့ အသည်း များများ စားသုံးခြင်း၊ နီရဲသော အသား များ၊ စိမ်းစိုသော သစ်သီး ဝလံ များနှင့် ကြက်ရိုး၊ ဘဲရိုးများ ရှိ ရိုးတွင်းခြင်ဆီ များက သံဓာတ် သတ္တုများ များစွာ ရရှိစေတဲ့ အပြင် UNICEF ကထုတ်တဲ့ SPRINKLES သံဓာတ် အာဟာရမှုန့် ကို ထမင်းထဲ ထည့်ပြီး ရောမွှေ ကျွေးခြင်းဖြင့် လည်း သံဓာတ် အာဟာရ ပြည့်ဝစေမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ယင်းတို့ကြောင့် ကလေးငယ် များ၏ ဦးနှောက် ဥာဏ်ရည် ဖွံ့ဖြိုးမှုနှင့် ကြီးထွားမှု ဖွံ့ဖြိုးလာစေရန် အတွက် မိခင် ဝမ်း အတွင်းမှ အစ ကတည်းက ငါးနှစ် အတွင်း သံဓာတ် အာဟာရ ကို အပြည့်အဝ ကျွေးမွေးနိုင်စေ ရန် ကိုယ်ဝန်ဆောင်သည် မှ စ၍ နီးစပ်ရာ ကျန်းမာရေး ဆေးပေးခန်း များနှင့် မြို့နယ် ကျန်းမာရေး ဦးစီး ဌာနများ၌ အနီးကပ် ဆွေးနွေးပြီး သံဓာတ်ပြည့်ဝ စွာ ရရှိရေးကို အထူး ဂရုပြုသင့်ကြောင်း ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ တိုက်တွန်း ပြောကြားချက် အရ သိရသည်။ ။

မောင်မျိုး (ဧရာဝတီ)

From...မြ၀တီ


No comments:

Post a Comment