*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 18 June 2014

သီချင်းဆို သိပ်ရင် အိပ်တဲ့ ဆင်



ကလေးချော့တေး ဟာ ဆင်လို တိရိစ္တာန် ကိုတောင် အိပ်သွားစေတာ လက်တွေ့ဖြစ်ရပ် တစ်ခုပါ။ ထိုင်း နိုင်ငံ ချင်းမိုင် ခရိုင် မယ်တန် အရပ် မှာ ရှိတဲ့ Save Elephant Foundation ရဲ့ ဆင် စခန်း တခုမှာ ဆင်ကို ကလေးချော့ တေး သီဆိုပြီး အိပ်စေခဲ့တာ ကို မှတ်တမ်း ဗွီဒီယိုရိုက်ကူးပြီး ယူကျု ကို ဇွန်လ ၁၁ ရက် နေ့က တင်ခဲ့ရာ တပတ်အတွင်း View ပေါင်း ၁ သန်းနီးပါး ရှိနေပါပြီ။




“Tai Rom Malalee” လို့ အမည်ရတဲ့ ထိုင်း ကျေးလက် သီချင်း တပုဒ်ကို ဆင်ထိန်းသိမ်းရေး ဖောင်ဒေးရှင်း က မစ္စ Sangduen က ဆင်ကလေး Faa Mai ဆိုပြရင်း ဆင်ကလေး အိပ်ပျော်သွားတာ ဟောက် တောင်
ဟောက်နေ တာ တွေ့ရပါမယ်။




သူတို့ ဖောင်ဒေးရှင်းက ကျန်းမာရေး မကောင်းဖြစ်နေတဲ့ ဆင်တွေ ကို ဆေးကုသပေးတဲ့ နေရာပါ။
မစ္စ ဆန်ဒျူန်းက ပြော တာ မှာတော့ စခန်း ကို ရောက်လာပြီး ဆေးကုသ ခံရတဲ့ ဆင်တွေဟာ သူတို့ကို မမှန် မကန် ဆက်ဆံ ခံ ရလို့ စိတ်ပိုင်း ဆိုင်ရာ ပြဿနာ ဖြစ်နေတာ ရာခိုင်နှုန်း ၈ဝ လောက်ရှိတာကို နားလည် သဘောပေါက် လာခဲ့လို့ အင်တာဗျူး တခုမှာ ပြောထားတာ ကို ဘန်ကောက်ပို့စ် က ရေးထားပါ တယ်။


ဆင် ဆေးကုသ စခန်းကို ရောက်လာတဲ့ တချို့ ဆင်တွေဆို မျက်လုံးတောင် မရှိတာ မျိုးတွေ ရှိပါတယ် တဲ့။ စခန်းကို ရော က်လာတဲ့ ဆင်တွေဟာ သူတို့ အနားကို ချည်းကပ်လာသူတွေ ကို စိတ်မကြည် မသာဖြစ် လို့ ခဲနဲ့ပေါက်တာ၊ ရန်မူ တာ မျိုးတွေ ရှိတတ်ပြီး သူလည်း အစ က သီချင်းဆိုပြ ဖို့ ဆင်အနား ကပ်စဉ် တုန်းက အလားတူ တွေ့ကြုံခဲ့ ရတယ်လို့ပြောထားပါတယ်။

မစ္စ ဆန်ဒျူန်း က အခုမြင်ရတဲ့ ဆင်ကလေး ဆိုလည်း အစတုန်းက သီချင်း သွားဆိုပြဖို့ လုပ်တုန်း ခဲ နဲ့တောင် ပစ်ပေါက်ခဲ့ ပါ သေးသတဲ့။ နောက်တော့လည်း ဆင်ကလေး ဟာ သူ သီချင်းဆိုပြီး ချော့ သိပ် လိုက်တဲ့ အခါ ဗွီဒီယိုမှာ မြင်ရတဲ့ အတိုင်း အားရ ပါးရ အိပ်သွားပါတော့တယ်။
 
သူ ဆိုပြတဲ့ သီချင်း ကလည်း သူကလေးဘဝ က သူ့မိခင်က သူ့ကို ချော့သိပ်ခဲ့ စဉ်က အမြဲ သီဆိုပြခဲ့တဲ့ သီချင်းပါတဲ့။ ဆင် ဆိုတဲ့ တိရိစ္ဆာန်လည်း သူ့ကို ယုယ ပြီး ကြင်နာ စွာနဲ့ အသိအမှတ်ပြုတာကို လိုလားပြီး ဂီတ အနုပညာ ကိုလည်း ခံစားတတ်တယ် ဆိုတာ ဒီ ဖြစ်စဉ်က သက်သေပါဘဲ။





အိမ့်သံစဉ် ~
From...Search Myanmar

No comments:

Post a Comment