လေ့လာမှု အသစ် တစ်ခု အရ သွေးဆုံးပြီးသူ အမျိုးသမီး များတွင် အချိုရည် များသောက်သုံးခြင်း က သားအိမ် ကင်ဆာ ပိုဖြစ်နိုင်ကြောင်း သတိပေးခဲ့ သည်။
ယင်းလေ့လာမှု အား University of Minnesota မှ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၂၃၀၃၉ဦး ၏ ပြီးခဲ့သော ၁၂လ အတွင်း စားခဲ့သည့် အစားအစာ ၁၂၇ မျိုးအား စစ်တမ်းကောက်ယူ ၍ ရလဒ် များအား အသုံးပြု ၍ ယင်း အချက်ကို ဖော်ပြ ခဲ့ခြင်းဖြစ်သည်။
ရလဒ်များ အရ သွေးဆုံးပြီးချိန် ၌ ယင်း အချက်ကို ဖော်ပြ ခဲ့ခြင်းဖြစ်သည်။ ရလဒ်များ အရ သွေးဆုံးပြီး ချိန်၌ အချို လွန်ကဲသည့် ဖျော်ရည် များသောက်သုံးခြင်း က အီစထရိုဂျင်ပေါ် မူတည်၍ ဖြစ်ပွား သည့် အမျိုး အစား(၁) သားအိမ် ကင်ဆာ (Oestrogen -dependent type I endometrial cancer) ၇၈% ပိုမိုဖြစ်ပွားကြောင်း တွေ့ရသည်။
ဆက်လက် ၍ လေ့လာ ချက်များအရ အ၀ လွန်သည့် အမျိုးသမီး များတွင်လည်း အင်ဆူလင်နှင့် အီစထရိုဂျင် ပမာဏ သာမန်သူများ ထက် ပိုများနေတတ်ပြီး ယင်း အချက်များ ကလည်း အထက် တွင်ဖော်ပြ ခဲ့သည့် သားအိမ် ကင်ဆာ ပိုဖြစ်နိုင်ကြောင်း တွေ့ရသည်။
အ၀င်း
ref:Netdoctor.co.uk
health Update Journal
From...LY's HealthCare Collection
No comments:
Post a Comment