အနှစ်နှစ်ဆယ်ကျော် ကြာမြင့် လာသည့် တိုင် ထိုအခြင်း အရာတို့ ကို ပြန်တွေးလိုက်တိုင်း ဦးဟင်းပန်း ကိုယ့်ကိုယ် ကိုယ် ခွင့်မလွှတ်နိုင်သေး။ မိမိ၏ မကျွမ်း ကျင်သောဆေး ပ ညာကြောင့် ကြွေလွင့် ခဲ့ရသည့် ဝိညာဉ် များကို ရည်စူးပြီးကောင်းမှု ကုသိုလ်ပြု အမျှဝေခြင်း တို့ကို အခွင့်သာတိုင်း သူလုပ်ခဲ့သည်။
”စေတနာကစေတနာ ပဲ၊ အမှားက အမှား ပဲ ကိုယ်ကယ်ပေးနိုင် ခဲ့တဲ့ လူတွေ အတွက် ဝမ်းသာ ရသလို ကိုယ့် အမှား ကြောင့် ဖိတ်စင် ခဲ့ရတာတွေကို အခုထိ မေ့မရသေးဘူး”ဟု သူကပြောသည်။
ဧရာဝတီတိုင်း ငပုေ တာမြို့နယ် အတွင်းရှိ ရွာပေါင်း ၂ဝ နီးပါး ကို တစ်ဦးတည်း တာဝန်ယူ ထားရသော တစ်ဦး တည်းသော ကျန်းမာရေး လုပ်သား၏ လက်တို လက်တောင်း အဖြစ် နှစ်ပေါင်း များစွာ အလုပ်လုပ် ခဲ့ပြီးနောက် တွင်တော့ သက်လတ်ပိုင်း အရွယ် ဦးဟင်းပန်း ကိုရပ်ရွာ က ဆေးဆရာ အဖြစ် အသိအမှတ်ပြု အားထား လာခဲ့သည်။
”အမှန်တော့ ဆေးကု စားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့လိုပဲ လိုအပ်ချက် အရအခြေ အနေအရ ကိုယ်ကိုယ်တိုင် ကိုကလည်း ဝါသနာ ပါတာက နေ တဖြည်းဖြည်း လုပ်ဖြစ်သွားတာပဲ”ဟု ဖိုးကြာအိုင် ရွာသား အသက် ၆၂ နှစ် အရွယ် ဦးဟင်းပန်း ကပြောသည်။
သို့ရာတွင် သူသည် ဆေးပညာ ကို စနစ်တကျ သင်ကြား ခံခဲ့ရ သူမဟုတ်။ မြင်ပါ များတော့ ယဉ်ဆိုသလို အခြေအနေ သာ ဖြစ်ရာ အမှားအယွင်း တို့က မလွဲမရှောင်သာ ရှိခဲ့သည်။ သို့သော် သူ မှ ဆေးမကုပေး လျှင်လည်း မဖြစ်။ တစ်ဦး တည်းေ သာကျန်းမာရေး လုပ်သားက လှေခရီး ၃ နာရီ အကွာ ရေကျော်ကြီး ရွာတွင်သာ ရှိသည်။
ထို့ကြောင့် သူ့ရွာ အနီးအနားကျေး ရွာများ ကို သူကသာ တာဝန်ယူ ထားရ သည့် အခြေအနေ။ အသည်း အသန် ဖြစ်လာ မှ ရေကျော်ကြီး ကို သွားခိုင်း ရ သည်။ သေရေး ရှင်ရေး ဆိုလျှင် အနီးဆုံး ဆေးရုံ က လည်း ငပုတော မြို့ပေါ်တွင် သာရှိရာ အကြွေအလွင့် တို့က ဖြစ်သင့် သည်ထက် ပိုခဲ့သည်ဟု သူက ဆို သည်။
ယခင် အစိုး ရများ လက် ထက် က ရပ်ရွာ ၏ ကျန်းမာရေး သည် အရပ်ဆေး ဆရာများ အပေါ်တွင်သာ မှီခိုနေခဲ့ ရ သည်။ ထို အရပ်သား ဆေးဆရာ များ သည် အမှန် ဆိုရလျှင် ဆေးပညာ ကို ဟုတ်တိပတ်တိ သင်ယူခဲ့ကြရသူများ မဟုတ်။ နီးစပ်ရာ ဆေးပေးဆေးထိုး တို့ ကို အတုမြင် အပ်သင် များသာ ဖြစ်ရာ ခပ်ရှင်းရှင်းပြောရ လျှင် အပ်ပုန်း သို့မ ဟုတ် ရမ်းကု များသာ ဖြစ်သည်။
ယခု အစိုးရ လက်ထက် တွင်လည်း ကျေးလက်ဒေသ အများစု ရှိ လူအများ သည် ကျန်းမာရေး အတွက် အဆိုပါ အပ်ပုန်းခေါ်ခေါ် ရမ်းကုခေါ်ခေါ် အရပ် ဆေးဆရာများ အပေါ် မှီခိုနေရဆဲ ဖြစ် သည်ကို အထင် အရှားတွေ့နေရသည်။
မြန်မာနိုင်ငံ ၌ကျေးလက်ဒေသများ တွင်နေထိုင်ကြသူများ မှာ ခုနစ်ဆယ် ရာခိုင် နှုန်းကျော်ရှိပြီး သုံးဆယ် ရာခိုင်နှုန်း သာ မြို့ပေါ်၌ နေထိုင် ကြခြင်းဖြစ်သည်။ သို့ သော်လည်း အဆိုပါ သုံးဆယ်ရာခိုင်နှုန်း တွင် မြို့နှင့် ဆက်စပ်နေသည့် ဒလ၊ ရွှေ ပြည်သာနှင့် လှိုင်သာယာ တို့ကဲ့သို့ နေ ရာမျိုး ဆိုပါက မြို့တစ်ခု အဖြစ်ပြော ၍ မရဘဲ ယင်းဒေသရှိ ကျန်းမာရေး စောင့် ရှောက်မှုမှာ လည်း အတော်ပင် နိမ့် ကျ နေသေးကြောင်း ကျေးလက်ဒေသ များ တွင် အရန် သား ဖွားသင်တန်းများ လိုက်လံ ပေးနေသည့် သင်တန်း ပို့ချသူ အငြိမ်းစား ဆရာဝန် ဒေါက်တာ မီမီကို က ပြောသည်။
”ခုနစ်ဆယ် ရာခိုင်နှုန်း ကတော မှာ နေတယ်လို့ပြောပေမယ့် ကျန်တဲ့သုံး ဆယ် ရာခိုင်နှုန်းထဲ မှာ လည်း တော လိုနေရာတွေ ပါနေတာပေါ့။ အဲဒီတော့ အားလုံးပေါင်း ရှစ် ဆယ့် ငါး ရာခိုင်နှုန်း က ကျေး လက်ဒေသတွေမှာ နေတယ် လို့ပြောလို့ရတယ်”ဟုဒေါက်တာမီမီကို က ပြောသည်။
အဆိုပါ ကျေးလက်နေပြည်သူများ အနေဖြင့် နိုင် ငံတော် အစိုးရ က တရားဝင် ခန့်အပ်ပေးထားသော ကျန်းမာရေးမှူး များနှင့် သားဖွား ဆရာမများပေါ်တွင် ၎င်းတို့ ကျန်းမာရေး ကိစ္စ အဝဝ၏ အ ကြောင်း အကျိုး အကောင်း အဆိုးကို ပုံ အပ် ထားကြရသည်။
သို့သော်လည်း မြန်မာနိုင်ငံ ရှိ ခြောက်သောင်း ငါးထောင် ပတ်ဝန်းကျင် အရေအတွက် ရှိသည့် ကျေးရွာများ
အတွက် ကျေးရွာ တစ်ရွာလျှင် သားဖွား ဆရာမ တစ်ဦး ခန့်ထားရန် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ရည်မှန်းချက် များ ထားရှိခဲ့သော် လည်း ယခုအချိန် အထိ ယင်းသို့ ခန့်အပ်ထားနို င်မှု မရှိသေးပေ။
ထိုအခါတွင် ကျန်းမာရေး အတွက် လက် လှမ်း မမီနိုင်သည့်ကျေးရွာဒေသ များတွင် အရေးပေါ်ကျန်းမာရေး အခြေ အနေကြုံလာရသည့် အခါ ဆေးထိုး တတ်ရုံ မတောက် တခေါက် သင်ထားသော ပညာလေးဖြင့် ကု စားနေကြသည့် အပ်ပုန်း ရမ်းကုတို့ လက်ထဲ ကို ကျေးလက်ပြည်သူ တို့၏အသက် ကိုထိုးအပ် လိုက်ရတော့ သည်။
”မြို့ပေါ်မှာတောင် မှ အထူးကု ဆရာဝန်ကြီးတွေ ဆေးထိုး မှားလို့ဆိုပြီး အော်ဟစ်နေကြ တာ ပြောနေကြ တာ ရှိ ပေမယ့် ကျေးလက်ဒေသ မှာကျတော့ မပြောရဲ ဘူးလေ။ ဒီလိုမျိုး ဇာတ်လမ်းပြီးသွားတာ မျိုးတွေ မရေ မတွက်နိုင်အောင် ရှိလိမ့်မယ် ထင်ပါတယ်”ဟု ဒေါက်တာ မီမီကိုက ပြောသည်။
မြန်မာနိုင်ငံ တွင် ဆမအရေ အတွက် အရ ကြည့် ပါ က ဆရာဝန် သုံးသောင်း ခုနစ်ထောင်ကျော် ရှိသော် လည်း အစိုးရ ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များတွင် ဝင်ရောက် လုပ်ကိုင်သူမှာ တစ်သောင်းကျော် ခန့်ရှိပြီး ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တွင် လုပ်ကိုင်နေသူ မှာ နှစ်သောင်းနီး ပါး ရှိကြောင်း သိရသည်။
အဆိုပါ ဆမလက်မှတ်ရ သုံးသောင်း ခုနစ်ထောင် အနက် နိုင်ငံခြား တွင် အလုပ်လုပ်နေသူ၊ သေဆုံး သွားသူ များနှင့် ဆရာဝန် အလုပ်မလုပ်ကိုင် တော့သူ စသည့် အကြောင်း အမျိုးမျိုးဖြင့် ပြည်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တွင် လုပ်ကိုင်နိုင်မှု မရှိသော ဆရာဝန် များလည်း ပါဝင် သည်။
ကျန်းမာရေး ဝန်ကြီးဌာန အနေ ဖြင့်ကျေး လက်ဒေ သ များ အတွက် တိုက် နယ်ဆေးရုံ များတွင် ကျေး လက် ဆရာဝန် များကို ခန့်အပ်ပေးသော်လည်း များ သောအားဖြင့် တကယ်တမ်း လုပ်ဆောင်နိုင် မှု အား နည်းကြောင်း ဒေါက် တာ မီမီကို က သုံးသပ်သည်။
”ကျန်းမာရေး ဝန်ကြီးဌာန တိုက် နယ်ဆရာဝန်တွေ ခန့်ထားပေးပေမယ့် မပြည့် မစုံနဲ့ မို့ မလုပ်နိုင်တာတွေ များတယ်။ များသော အားဖြင့် ကျေးလက် တိုက်နယ် ဆရာဝန် အဖြစ် ခန့်လိုက်ရင် ထွက်ပြေး သွားကြတာ များတယ်” ဟု ၎င်းက ပြောသည်။
ယင်းကြောင့်ကျေးလက်ဒေသ များ တွင် ဆရာဝန် များ ပို့ပေးနိုင်ရန် အတွက် ၂ဝ၁၃ ခုနှစ်မှ စ၍ ဝေး လံခေါင်ဖျား သောဒေသများ မှ ဆေးကျောင်း တက်ချင် သူများ အတွက် ဆေးကျောင်း ဝင်ခွင့်အ မှတ်ကို လျှော့ပေါ့ခေါ်ယူပေးခဲ့သည်။
”ကျေးလက် ဆရာဝန် မလုပ်ချင် တာမဟုတ်ဘူး။ တောင်အာဖရိက တို့၊ မလေးရှားတို့ ကလည်း ကျေး လက် ဆရာ ဝန်တွေခေါ်တယ်။ အဲဒီ မှာ သွားလုပ်ကြတယ်။ သူ တို့ ဆီက ကျေးလက်ဒေါက်တာတွေ ဆိုရင် တောမှာ သွားလုပ်တာပဲ။ ဒါပေမဲ့ လစာ ထိုက်ထိုက် တန်တန်ရကြတယ်”ဟု ၎င်းက ဆိုသည်။
ယင်းသို့ကျေးလက် ဆရာဝန် အ ဖြစ် လုပ် ကိုင်မည့်သူ ရှားပါးခြင်း၊ သား ဖွား ဆရာမများ အရေအတွက် မလုံ လောက်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနှင့် အသိပညာ ချို့တဲ့ခြင်းတို့က ကျေးလက် ဒေသများတွင် အပ် ပုန်း များကြီး စိုးနေ ခြင်းကို မီးလောင်ရာ လေပင့် လုပ်နေသ လိုပင် ဖြစ်သည်။
ကျေးလက် ဆရာဝန်များ ခန့်အပ် လိုက် ထွက်ပြေးလိုက်နှင့် ပင် မြန်မာ နိုင်ငံတွင် သုံး ပုံနှစ် ပုံကျော် ရှိသည့် ကျေး လက်နေ လူတန်းစားများ အတွက် ကျန်း မာရေးစောင့်ရှောက်မှု မှာ လွန်စွာ လစ် ဟာနေကြောင်း အငြိမ်းစားညွှ န်ကြားရေးမှူး တစ်ဦးက ပြောသည်။
အပ်ပုန်း ဆိုသည်မှာ ဆေးရုံ တွင် လုပ်ကိုင်နေသော အလုပ်သမား များ ထဲမှ အနည်းငယ် ပါးနပ် သူများ ၊ ဆေးရုံ များ၊ ဆေးခန်းများ တွင် လက်တို လက် တောင်းလုပ် ရင်း အ နည်းငယ် နားလည် လာသည့်အ ခါ မွေးရပ်ပြန် ၍ဆေးကုစား ကြသူများ အပြင် စပ်ဆေး တွဲရောင်းချ သူ များ၊ အချို့သော အရန်သားဖွား ဆရာမ များနှင့် ဆမ မရှိပါဘဲ အကြောင်း အမျိုး မျိုးဖြင့် အနည်းငယ် ရရှိထားသော ဗဟု သုတဖြင့် အပ်ကိုင် ကုသနေသူများကို အပ်ပုန်းဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ထို့ကြောင့် လက်ရှိ တည်ဆဲ ဥပဒေ အရ ဆမရ ဆရာ ဝန်များသာ အပ်ကိုင် ကုသခွင့် ရှိပြီးသူနာပြုများ၊ စစ်စတာများ ပင်လျှင်ဆရာဝန် ၏ကြီးကြပ်မှု အောက်ရှိ ဆေးရုံ များတွင်သာ ဆေးထိုးခွင့် ရှိပြီး ပြင်ပမည်
သည့်နေရာတွင် မှ အပ် ကိုင်ခွင့် မရှိပေ။
”ထဘီနီပြာတောင် ထိုးခွင့် မရှိဘူး။ ဆမ ရှိမှ လူနာဆေးကုပိုင်ခွင့် ရှိတာဆိုတော့ အဲတော့ ဒီဆရာဝန် ကိုကျေး လက်ရောက်အောင် လုပ်မှဖြစ်မှာပေါ့။ အရန် သားဖွား ဆရာမတွေ သူနာပြုတွေ ကလေး မွေးပေး တယ်ပေါ့။ ဒါပေမဲ့ သူတို့ မှာ ကလေးမွေးတဲ့ အခါ သားအိမ် ကျုံ့ဆေး ကိုထိုးပါ ဆိုတဲ့ တရားဝင်ပြောထား တာ မရှိသေးဘူး”ဟု ဒေါက်တာ မီမီကို က ပြောသည်။
ယင်းသို့ အပ်ပုန်း များ ကြီးစိုးနေ ခြင်း ကို ဝန်ကြီးဌာနများ အနေဖြင့် သိပင် သိသော်ငြား လည်း တကယ် တမ်း အရေး ယူဆောင်ရွက်ရန် အတွက် ခက်ခဲနေဦး မည်ဖြစ်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူး က သုံးသပ်သည်။
အပ်ပုန်း များကို ဥပဒေနည်းလမ်း အရ ဖြေရှင်းလို့ ရသော်လည်း ၎င်းတို့ ကို ဖြေရှင်း ပါက ၎င်းတို့နေရာ၌ မည် သူများ ကို ထားမလဲ ဆိုသည် မှာ မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။ ယင်းကြောင့် အပ်ပုန်းများကို စုစည်းပြီး အသိ ပညာပေးခြင်း များ ဆောင်ရွက်ပြီး လွဲနေသော လမ်းကြောင်း ကို တည့်ပေးပါက တစ်မျိုး တစ်ဖုံပြောင်းလဲ သွားနိုင်ကြောင်းလည်း ဒေါက်တာမီမီကို က ပြောသည်။
”ဒီလောက်တောင် လုပ်ချင်နေကြ တာ သူတို့ကို သင့်တော်တဲ့ သင်တန်းတစ် ခုပေးပြီး သင့်တော်တဲ့နေရာ တစ်ခုမှာ ထားဖို့ ကျတော့ အရန်သားဖွား သူနာပြု တွေလည်း သူ တို့လည်း အပ်ကိုင်ပြီး ကိုယ့်ဘာသာ ကုသပေးနေရင် အပ်ပုန်းထဲ ပါတာပဲ။ ဒါပေမဲ့ သူတို့လည်း ရွာမှာ သူတို့ ကိုပဲ အားကိုးနေရတာ”ဟု ၎င်းက ပြော သည်။
ယင်း ကိစ္စနှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ် မှ ကျောင်းသားဆေးခန်း ဟု လူသိ များသော မယ်တော်ဆေးခန်း ပဲ့ကိုင်ရှင် ဒေါက်တာ စင်သီယာမောင် က အလွန် သတိထား ကိုင် တွယ်ရ မည့် ကိစ္စ ဟု ဆိုသော်လည်း သေချာ စနစ်တကျ စိစစ်ခွင့်ပြု ပါက ထိရောက် အကျိုးရှိမည့် အနေ အထားဖြစ်ကြောင်း ဆိုထား ခဲ့ဖူးသည်။
”ကျွန်မတို့ ဆီမှာ သင်တန်း တက်ထားတယ်။ သူ့ရွာ သူပြန်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်။ ဒါပေမဲ့ အဲ့ဒါ ကလည်း အပ်ပုန်း ပဲပေါ့။ သူတို့ ကို အစိုးရ က မွမ်းမံ သင်တန်းပေး၊ စာမေးပွဲ ပြန်စစ်၊ အရည် အချင်း ပြည့် မီရင် တရားဝင် ကျန်းမာရေး လုပ်သားအဖြစ် အသိအမှတ်ပြုလိုက်ရင် အစိုးရ လည်း ဝန်ပေါ့ မယ်။
ရပ်ရွာ အ တွက်ရော သူတို့ အတွက်ပါ အဆင်ပြေမယ်လေ”ဟု ဒေါက်တာ စင်သီယာမောင် က ပေါ်ပြူ လာနယူးစ် သို့ မှတ်ချက်ပြုထား ဖူးသည်။ အရပ်ဆေးဆရာ များကို တရားဝင် ခေါင်းစဉ် တစ်ခုဖြင့် ဆေးကု သခွင့်ပေး မည် ဆိုပါက ယင်းသည် အလွန်ပင် အငြင်းပွား ရမည့် ကိစ္စဖြစ်ပါသည်။
သစ် မရခင် စပ်ကြား ဝါးနှင့်ပေါင်းကွပ် ရမည် ဆိုပါ ကလည်း ထိုဝါးသည် ပိုး မထိုးထား သော တောင့်တင်း ခိုင်မာ သည့် ဝါးသာ ဖြစ်သင့် သည်။ သို့မဟုတ်လျှင် မူ ”ကျွန် တော် မှားခဲ့သလိုမျိုး အဲ့ဒါကြောင့် မသေ သင့် ဘဲသေခဲ့ ရတဲ့သူတွေ ထပ် မရှိစေချင်တော့ဘူး”ဟု ဦးဟင်းပန်းက သက်ပြင်း တစ်ချက် လေးလေး ပင်ပင် ချရင်း ဆိုပါသည်။
မြတ်စုငြိမ်း
From...Latest Myanmar News
No comments:
Post a Comment