*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 13 June 2014

မြန်မာ စားသောက်ကုန်တွေမှာ မြန်မာလို အညွှန်းမပါရင် စိတ်မချရ



 မြန်မာနိုင်ငံ က ထုတ်လုပ်တဲ့ စားသောက်ကုန်တွေ နဲ့ ပြည်ပက သွင်းလာ တဲ့ စားသောက်ကုန်တွေ မှာ အညွှန်း ကို မြန်မာဘာသာ နဲ့ ဖော်ပြ မထားဘူး ဆိုရင် စိတ်မချရ တဲ့ စားသောက်ကုန်တွေ အဖြစ် သတ်မှတ် သွားမယ်လို့ မန္တလေးတိုင်း ကူးသန်းရောင်းဝယ်ရေး နဲ့ စားသုံးသူရေးရာ ဌာနရဲ့ တိုင်းဦးစီးမှူး ဦးတင့်ဆွေကြူး က ပြောပါတယ်။
 
ဇွန် ၁၂ ရက်နေ့ က မန္တလေးတိုင်း ကုန်သည် များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်း ခန်းမမှာ လုပ်တဲ့ စားသုံး သူ အကာ အကွယ်ပေးရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ မှာ သူက ခုလို ပြောလိုက် တာ ဖြစ်ပါတယ်။



ဒါပေမယ့် အဲဒီ မြန်မာဘာသာ နဲ့ အညွှန်းတွေ ကို ဖော်ပြ မထားတဲ့ စားသောက်ကုန်တွေ ကို အရေးယူ ဖို့ ဥပဒေ ပြဌာန်း ထားတာတော့ မရှိသေးဘူး လို့ သူက ရှင်းပြပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံထဲ ကို တရုတ် နဲ့ ထိုင်းနိုင်ငံ ထဲက စားသောက်ကုန်တွေ အများအပြား ၀င်ရောက်နေ ပြီး မြန်မာဘာသာ နဲ့ အညွှန်းတွေ ကို လုံးဝ ဖော်ပြ မထားပါဘူး။
 

အများစု ဟာ တရုတ် ဘာသာ၊ ထိုင်း ဘာသာတွေနဲ့ ပဲ ဖော်ပြ ထားပြီး အင်္ဂလိပ် ဘာသာနဲ့တောင် ဖော်ပြ မထား တာမို့ ပြည်သူတွေ နားလည်အောင် အညွှန်းဖော်ပြမှု ဆိုင်ရာ ဥပဒေ စည်းမျဉ်း ရှိသင့်တယ် လို့ သူက ပြောပါတယ်။



 ဒီဗွီဘီ
From...Latest Myanmar News



No comments:

Post a Comment