*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday, 12 June 2014

ကွန်ပျူတာ ရဲ့ အင်တာနက် ကို USB နဲ့ ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း


လိုအပ်ချက်တွေ ကတော့......

1.PC ( Personal Computer ) မှာ အင်တာနက် ချိတ်ထား ရပါမယ်..


2. မိမိ အသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသား ဖြစ်ရပါမယ်..

3. မိမိ ဖုန်းနဲ့ ချိတ်ဆက် မယ့် USB ကြိုးဟာ ကောင်းမွန် မှန်ကန်နေရမှာ ဖြစ်ပါတယ်..


လုပ်နည်း....
1. မိမိ ဖုန်းမှာ USB Debugging ကို On ထား ရမှာ ဖြစ်ပါတယ်... သာမန် အားဖြင့် Settings>> Application >>Development>>USB Debugging မှာ အမှန်ခြစ် ရပါတယ်.. Android 4.2 နှင့် အထက် သမားတွေ ကတော့ ဒီမှာ ဖတ်ကြည့်ပါ...

2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီး ရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက် လိုက်ပါ...

3. အောက်မှာ ပေးထား တဲ့ လင့် တစ်ခုခု ကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခု က ဒေါင်းရင် ရပါပြီ...
Dev-Host    => http://adf.ly/NZwTH
Solidfiles    => http://adf.ly/NZwb4
Mediafire    => http://adf.ly/NZwfc

4. ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...

5. ပေါ်လာတဲ့ ဘောက် မှာ Select Device ဆိုတဲ့ အကွက် ကို နှိပ်ပြီး ကိုယ့်ဖုန်း အမျိုး အစား ကို ရွေးပေးပါ... မတွေ့သေး ရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိ လို့ပါ) ကိုယ့် ဖုန်းကို သိပြီ ဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေ ပါလိမ့်မယ်..

6. ခဏ ကြာ ရင်တော့ မိမိရဲ့ ဖုန်းမှာ SuperUser Request တောင်း တာကို မြင်ရ ပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကို နှိပ်ပေးလိုက်ပါ..

7. အားလုံးပြီး သွားရင်တော့ ဖုန်း ကနေ ကွန်ပျူတာ ရဲ့ Internet ကို ယူသုံး လို့ ရပါပြီ ခင်ဗျာ...
တစ်ချို့ အခက် အခဲ တွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေ ပါတယ်. ဒါလုပ်ပြီး သွားရင် တော့ ကိုယ့် ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့် နိုင်ပါသေးတယ်... 

အဆင်ပြေကြ ပါစေခင်ဗျာ..
မောင်ပေါက်

From...Myawady




No comments:

Post a Comment