*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday, 24 June 2014

တက္ကစီ သမား တစ်ယောက် နဲ့ စကား စမြည်



 1309784-426846-taxi-driver

ကျွန်မရဲ့ကျန်းမာရေး အခြေအနေကြောင့် ကျောင်းသွား ရင် အသွား အပြန် နေ့စဉ် တက္ကစီနဲ့ သွားရတယ်။ ကျွန်မ ကျောင်းသွား ဖို့ တက္ကစီ ကို ကျွန်မနေတဲ့ မြို့နယ် ကနေ စီစဉ်ပေးပါတယ်။ အဲဒီ တက္ကစီ ခက တစ်နေ့ ကို အသွား ၁၀၀၀ ခရိုနာ၊ အပြန် ၁၀၀၀ ခရိုနာ ကျတယ်။ ကျွန်မနေတဲ့မြို့နယ် က တစ်လကို ခရိုနာ ၄၀,၀၀၀ တက္ကစီ ခ ကျွန်မ အတွက် ရှင်းပေး ရတယ်။ 

ကျွန်မ ပြောပြ ချင်တာ တက္ကစီ သမားတွေ အကြောင်းပါ။ တက္ကစီ မောင်းတဲ့သူ က အသက် ၅၅ အရွယ် နော်ဝေ အမျိုးသား ပါပဲ။ အဲဒီ တက္ကစီ သမားက မနက်ရှစ်နာရီ ဆို အိမ်ရှေ့မှာ ရောက်နေပြီ။ ကျွန်မ ကားနားရောက် တာနဲ့ ကား တံခါးဖွင့်ပေး ထားတယ်။ 


ကျွန်မ ကျောပိုးအိတ် ကို ယူပြီး ကားပေါ်မှာ နေရာ တကျထားပေးတယ်။ ကျောင်းဆင်းချိန် ၁၂ နာရီခွဲ ဆို ကျောင်းရှေ့ မှာရောက်နေပြီ။ နေ့တိုင်း ကျောင်းသွားကျောင်းပြန် သူနဲ့ စကားပြောရင်း ကျွန်မ အတွက်တော့ ဘာသာ စကားလည်း ပိုနား လည်လာတယ်။ 

တစ်ခါတလေ ကျောင်းမှာသင်ခဲ့တဲ့ စကားလုံးတချို့ နားမလည်တာရှိရင် အဲဒါ ဘာအဓိပ္ပာယ် လည်းဆိုတာ သူ့ကို ပြန်မေး ရတယ်။ သူ ကလည်း စိတ်ရှည်ရှည် နဲ့ ရှင်းပြတတ်ပါတယ်။
အစပိုင်း မှာ ဘာသာစကား ကလည်း မတတ်သေး၊ သူ စကားပြောတာ လည်း အရမ်းမြန်တော့ သူပြောတာ ကျွန်မ ဘာမှ နားမလည် ခဲ့ဘူး။ တစ်ခါ တလေ သူမေးချင် တာမေး “ဟုတ်ကဲ့” လို့ပဲ ပြန်ဖြေ တတ်တယ်။ အခု တော့ သူ ကျွန်မကို ရယ်စရာပြန်ပြော တတ်တယ်။ 

“နင် စပြီးကျောင်းသွားကာစ က ဆို ငါပြော သမျှ ဟုတ်ကဲ့ ပဲ ပြန်ဖြေ တယ်နော်။ အခုတော့ နင်က ပြန်ပြော တတ်နေပြီ” တဲ့။
သူ ကျွန်မ ကို တက္ကစီမောင်းပို့နေတာ ကျွန်မ သတိထားမိတယ်။ သူ့ အလုပ်သူ အရမ်းလေးစား တယ်။ သူတာ ၀န်ယူပြီး မောင်းပို့နေတဲ့ သူကိုလည်း လေးစားတယ်။ တစ်ရက်တော့ ကျွန်မ ကိုကျောင်းလာကြိုပြီး အပြန် လမ်းမှာ သူ့ အဖေမြို့ထဲ လာတယ်။ အဲဒါ အိမ်အပြန်သူ့အဖေကို ၀င်ခေါ်ပြီး တင်ချင်တယ်တဲ့။ တင်လို့ ရမလား တဲ့ ကျွန်မ ကိုမေးတယ်။ 

သူ့ အိမ်က ကျွန်မကျောင်းသွား ကျောင်းပြန် သွားတဲ့ ကားလမ်းဘေးမှာပဲ ရှိတယ်။ ကျွန် မ ကလည်း “ရပါ တယ် ကိစ္စမရှိပါဘူး၊ တင်ခဲ့ ပါလို့” ပြောတော့ သူတော်တော် ၀မ်းသာသွားပုံ ရတယ်။ သူ့အ ဖေဆီ ချက် ချင်း ဖုန်းဆက်ပြီးဈေး အပြင်မှာ ထွက်စောင့်နေဖို့ ပြောနေတယ်။ ကျွန်မ ကိုလည်းသူ့ ကို အဲလို ကူ ညီ တာကျေးဇူး တင်ပါတယ် ဆိုတဲ့အကြောင်းပြောသေးတယ်။ ကျွန်မ တော်တော် အံ့သြသွားမိတယ်။ 

တကယ်ဆို ကျွန်မက သူတို့ ဥပဒေတွေ၊ စည်းကမ်းတွေ နားလည်တာမှ မဟုတ်ဘဲ။ သူ့ အိမ်ကလည်း ကားလမ်းဘေး မှာ ပဲ သူ့အဖေ တင်ခေါ်ပြီး အိမ်နား မှာချထားပေးခဲ့ လို့ရတာပဲ။ ကျွန်မ ကိုတောင် ခွင့်တောင်းနေ စရာ မလိုဘူး။ ဒါပေမဲ့ သူ ကျွန်မဆီ ကို တလေး တစားနဲ့ ခွင့်တောင်းပြီး မှတင်ခေါ်တယ်။ 

သူ့သား ကို လမ်းကြုံ တင်ခေါ် ချင် တယ် ဆိုရင်လည်း အမြဲတမ်း ကျွန်မ ဆီမှာ ခွင့်တောင်းပြီး မှခေါ်တယ်။ ကျွန်မ က သူ့ကို ပြောတယ်။ “လမ်း လည်းကြုံနေတာပဲ။ ငါ့ အတွက် ဘာမှ အနှောင့်အယှက် မဖြစ်ဘူး။ ခွင့်တောင်းစရာ မလိုပါဘူး တင်ပါ လို့ ကျွန်မ ပြောတဲ့ အခါ “နင်က ငါ့ကားကို ငှားစီးလို့ နင့်ကို တာဝန် ယူပြီး မောင်းပို့ပေးနေရတာ။ နင်ငှားထား တဲ့ အချိန် အတွင်းမှာ ငါက နင့် အလုပ်သမား ပဲ။ 

ဒီအချိန် အတွင်းမှာ ငါလုပ်ချင်တာ လုပ်လို့ မရဘူး။ နင့်ကို ခွင့် တောင်းရမယ်။ နင့်မှာ စိတ်အနှောင့် အယှက်ဖြစ် သွားရင် ငါတို့ မှာ ပြသနာ ရှိတယ်တဲ့ ဗျာ။ နောက်ဆုံး ကော် ဖီဆိုင် မှာ ကော်ဖီ ၀င်ဝယ် တာတောင် “သူ ကော်ဖီ ခဏ၀င်ဝယ် လိုက်မယ်နော်။ ခဏနှစ်မိနစ်ပဲ လို့” ခွင့် တောင်းပြီး မှဆင်းဝယ် တယ်။ 

ကိုယ် လုပ်နေတဲ့ အလုပ်ပေါ်မှာ တန်ဖိုး ထားပြီး ဥပဒေနဲ့ စည်းကမ်း ကို လိုက် နာတတ်တဲ့ သူတို့ရဲ့ စိတ်ဓာတ် ကို တကယ်လေးစား မိတယ်။
အဲဒီလို မျိုး စိတ်ဓာတ် သူတစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်မ စီးဖူးတဲ့ တက္ကစီ သမားတိုင်း ပါပဲ။ ကျွန်မ က ဆေးရုံ ကို ခဏခဏ သွားနေရတော့ လည်း တက္ကစီ နဲ့ပဲသွားရတာ ဆိုတော့ တက္ကစီ သမား တော်တော် များ များနဲ့ ဆုံဖူးတယ်။ တစ်ခေါက်နဲ့ တစ် ခေါက်မောင်းတဲ့ သူတော့ မတူတာ များ ပါတယ်။

 ကျောင်းသွားတာ က တော့ သူ့ ကုမ္ပဏီနဲ့ စာချုပ် ထားတာ ဆိုတော့ ဒီလူ တစ် ယောက်တည်း ဖြစ်နေ တာပေါ့။   ဆေးရုံကို သွားရင်တော့ ကိုယ်နေတဲ့ မြို့နယ်ဆေးခန်း ကနေ ဆေးရုံ သွားဖို့အခက် အခဲရှိတဲ့ သူတွေ အတွက် တက္ကစီ စီစဉ်ပေးတယ်။
အဲဒီ အတွက် လူနာ မှာ free card ဆိုတာ ရှိနေရင် တက္ကစီခ ပိုက်ဆံပေးစရာ မလိုဘူး။ free card မရှိဘူး ဆို ရင်တော့ တက္ကစီ ခ ၁၃၀ ခရိုနာ ပေးရတယ်။ တက္ကစီခ ကတော့ သွားရ တဲ့ ဆေးရုံ အနီးအဝေး မှာမူ တည်ပြီး ၈၀၀၊ ၁၀၀၀ ခရိုနာ ရှိတတ် ပါတယ်။ လူနာက ၁၃၀ ပဲပေးရပြီး ကျန်တဲ့ ပိုက်ဆံ ကိုတော့ အစိုးရ က ပေးပေး ပါတယ်။ 

တချို့ တက္ကစီ သမားတွေ ကတော့ ကားမောင်းရင်း စကားပြောကြတယ်။ ဘယ်နိုင်ငံ ကလဲ မေးပြီး ကိုယ့်နိုင်ငံ ထဲ က သူတို့ သိချင်တာတွေ၊ နိုင်ငံ အခြေအနေတွေမေးတတ်ကြတယ်။ တချို့ တက္ကစီ သမားကျ တော့ လည်း ဘာစကားမှ မပြောကြဘူး။ အေးအေးဆေးဆေး ပဲ မောင်းတယ်။ အားလုံး တက္ကစီ သမားတွေ ကတော့ သူတို့ တာဝန် ယူပြီး မောင်းပို့ပေးတဲ့ လူနာကို အိမ်ရှေ့မှာ လာကြို တယ်။

 ဆေးရုံရောက်တဲ့ အခါ လည်း ဆေးရုံရောက်ပြီ ဆိုတာနဲ့ ကားပေါ် က ချထား ခဲ့တာ မဟုတ်ဘူး။ လူနာမှာ ဘာ အကူအညီ လိုအပ်လဲ။ လိုအပ်တာ ကို အကုန် ကူပြီး လူနာသွားမယ့်နေရာ ထိ ပို့ပေး ရတယ်။ အဲဒီ လို မလုပ်ပေး တဲ့ တက္ကစီသမား ဆို သူတို့ တက္ကစီ ကုမ္ပဏီ ကိုတိုင်လို့ ရပါတယ်။ ကိုယ်ဆေးရုံ ကို သွားမယ့် အချိန်၊ ကိုယ်နဲ့ အတူလိုက်မယ့် အဖော် လိုက်မယ့် သူတစ်ယောက် ဆို တစ်ယောက်ကြိုပြီး တက္ကစီ မှာတဲ့ အချိန်မှာ ပြောထား ရတယ်။ 

မပြော ထားရင် တက္ကစီ သမားတွေက လူ အပိုကို တင် မခေါ်ကြပါဘူး။ တချို့ ကားသမား တွေက တော့ ကြို မပြောထားလည်း တင်ခေါ်တတ် ပါတယ်။
တစ်ခါတော့ ကြုံလို့ တက္ကစီသမား တစ်ယောက်ကို မေးကြည့်တယ်။ “တက္ကစီကို ကြိုငှား ထားပြီးပြီပဲ။ ဒီလူ နာနဲ့ လူနာရှင် တစ်ယောက်လိုက်တာ တချို့ကကြိုမပြောထားရင် ဘာလို့ မတင်ကြတာလဲ” လို့ မေးကြည့် တော့။ “သူတို့မှာ ဥပဒေရှိတယ်။ 

တကယ်လို့ ဥပမာ လမ်းမှာ ကားအက်စီးဒင့် ပဲဖြစ်ဖြစ်၊ တစ်ခု ခုဖြစ်သွား ခဲ့ ရင် ကြိုမပြော ထားဘဲ လူ တစ်ယောက် အပို ပါလာတဲ့ အတွက် အဲဒီ လူ အတွက်ပါ နစ်နာကြေး လျော် ရမယ် ဆိုရင် သူတို့ တက္ကစီ ဌာန အနေ နဲ့ တာဝန် မယူချင်ဘူး။ တင်ခေါ်လာခဲ့ တဲ့ ကားသမား မှာလျော်ရတယ်။ အဲဒီ အခါ တက္ကစီ ရုံးနဲ့ ကားမောင်းတဲ့ သူကြားမှာပြဿနာ ရှိတယ်” လို့ ကားသမား တစ်ယောက်က ရှင်းပြဖူးတယ်။ 

ဒီလို သိရတော့ တင်မခေါ်တဲ့ သူကို အပြစ်မြင်လို့ မဖြစ်တော့ဘူး။ အစ ကတော့ အဲဒီ ကားသမား ကို တော် တော် စိတ်ဆိုးမိတာ အမှန်ပဲ။
တစ်ခါ ကျွန်မဆေးရုံ ကပြန်လာတော့ ကားသမား ကလမ်း မှားပြီး မောင်းတယ် ။ သူတို့ ကားတိုင်း မှာ GPS တွေ ပါတယ်။ လိပ်စာ ရိုက်ထည့် လိုက်တာနဲ့ သွားရမယ့်နေရာ ကို တစ်ခါ တည်း ညွှန်ပြ ထားပြီး သားပဲ။ သူတို့ ဌာန ကနေကားထွက် လာကတည်း က ကိုယ်ခေါ် ရမယ့် ခရီးသည် ရဲ့နာမည်၊ လိပ်စာ အပြည့် အစုံ ရထား ပြီးသား။ 

တက္ကစီသမား တစ်ယောက်က ကိုယ်မောင်း ပို့ရမယ့် သူကို လာခေါ်ရင် နာမည်နဲ့ ဘယ်နေရာကိုသွား မယ် ဆိုတာ ပြောပြမေးပြီးတော့မှခေါ်တယ်။
ဒါပေမဲ့ အဲဒီနေ့ ကတော့ ကားသမား က လိပ်စာ ရိုက်တာ ကျွန်မတို့ လမ်းနာမည် နဲ့ နံပါတ် GPS မှာ ရိုက် ထည့် တာ ကို အော်စလို နဲ့မှားပြီး ရိုက်ထည့် မိပုံရပါတယ်။ အော်စလိုမြို့ထဲ ရောက်သွားတယ်။ ကျွန်မလည်း ဒီလမ်း ကို တစ်ခါမှ မရောက်ဖူးဘူး လို့တော့တွေးမိတယ်။ 

ဒါပေမဲ့သူ တခြားလမ်း က မောင်းတယ်ပဲ ထင်လို့ ဘာမှ မပြောမိဘူး။ တစ်နေရာရောက်တော့ မှ ကား သမား က ဒီလမ်း ဟုတ်လား တဲ့ ကျွန်မ ကို မေးလာတယ်။ ငါတော့ ဒီလမ်း ကို တစ်ခါမှ မရောက်ဖူးဘူး။ နင် လိပ်စာရိုက်တာ မှားတယ် ထင်တယ်လို့ သူ့ကိုပြောတော့ လမ်းဘေး မှာ ခဏရပ်ပြီး လိပ်စာပြန်ရှာပြီး ရိုက်ထည့် ရင်း ကျွန်မကိုပြောတယ် “ဘာမှ မပူနဲ့နော်။ 

အခုလို လမ်းမှားပြီး မောင်းမိတာ  တောင်းပန်ပါတယ်။ ဘာမှ မစိုးရိမ်ပါနဲ့ ငါ တာဝန်ယူပြီး မောင်းပို့တဲ့ အချိန် ငါ့မှာ တာဝန်ရှိ ပါ တယ်။ အခုလို ဖြစ်သွားတာကို လည်း တောင်းပန် ပါတယ်”ဆြိုပီး တလေး တစား နဲ့ တောင်းပန်ပြီး ပြော တယ်။ ကျွန်မ စဉ်းစား မိတာ သူတို့ တွေဟာသူတို့ လုပ်တဲ့ အလုပ်နဲ့ သူတို့ တာဝန် ကို တကယ်လေးစား တန်ဖိုး ထားပြီး ဥပဒေနဲ့ စည်းကမ်းကို လည်း လေးစား လိုက်နာကြတယ်။

ဒါကတော့ သာမန် သူတို့ လူမျိုး တက္ကစီ သမားတစ်ယောက် ရဲ့ အပေါ်ယံ အခြေအနေလေးတွေ ကျမပြောပြ တာပါ။ ခရီးသွား ဟန်လွဲလောက်ပြောပြရင် ပဲ ဒီလို ဥပဒေနဲ့ စည်းကမ်း ကို လေးစား လိုက်နာ တဲ့ နိုင်ငံမျိုး မှာ အပြန် အလှန် မှီတင်းနေထိုင် ကြတဲ့ နော်ဝေ နိုင်ငံသားတွေ ရဲ့ဘ၀ဟာ ဘယ်လောက် လွတ်လပ် လြုံခုံမူ ရှိ ကြမလဲ ဆိုတာ အကဲခတ် လို့ ရနိုင်ကြမှာပါ။ ။


From...Mizzima

No comments:

Post a Comment