*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 13 June 2014

အဖြစ် များသော ကျန်းမာရေးပြဿနာ များနှင့် ဖြေရှင်း နည်းများ



00314


သမ်းခြင်း
————
သင့် ခန္ဓာကိုယ် ဟာ အောက်ဆီဂျင် နည်းလာတဲ့ အခါ သင့် ပါးစပ်ကို ကျယ်ကျယ် ဖွင့်စေပြီး လေတွေကို ပိုများများ စုပ်ယူဖို့ ကြိုးစားပါတယ်။ ဒါကို သမ်းတယ်လို့ သိထားကြပါတယ်။ သမ်းတာဟာ သင့်ရဲ့ သွေး ထဲမှာ ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် နဲ့ အောက်ဆီဂျင်တွေ ရဲ့ ပမာဏ ကို ထိန်းညှိပေးတဲ့ နည်းလမ်း တစ်ခု ပါ။ ကံမကောင်း စွာပဲ လူကြား ထဲမှာ သမ်းချင်တဲ့ အခါ ထိန်းချုပ်အောင့်အည်း လို့ မရပါဘူး။

ယားယံခြင်း
————–
အရေပြား ဟာ ပတ်ဝန်းကျင် နဲ့ ဆက်စပ်ပြီးဖြစ်တဲ့ ခြောက်သွေ့ မှုကြောင့် မကြာခဏ ယားယံနိုင်ပါတယ်။ ဆပ်ပြာ နဲ့ ရေသုံးပြီး အလွန် အကျွံ ဆေးကြောခြင်း ကလည်း အရေပြား က သဘာဝ အဆီတွေကို ဖယ်ရှား ပစ်တဲ့ အတွက် အစိုဓာတ် ခန်းခြောက်လာကာ ယားယံစေပါတယ်။ 



အရေပြားခြောက်သွေ့မှုကြောင့် ယားယံခြင်း ကို ထိန်းချုပ်ဖို့ အတွက် မျက်နှာ နဲ့ ခန္ဓာကိုယ် မှာ လိုးရှင်း လိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဆပ်ပြာတွေ နဲ့ ကိုယ်တိုက် ဆပ်ပြာရည် ဝယ်တဲ့ အခါ အစိုဓာတ် ထိန်းပေး တယ် (Moisturizing) စာတန်း ပါတာကို ရွေးဝယ်ပါ။ 

ဒါပေမယ့် သင့်မှာ ယားယံနေတဲ့ အကွက်တွေ ရှိနေသေး ရင်တော့ ဓာတုပစ္စည်း၊ အပင်၊ အစားအစာ၊ တိရစ္ဆာန် ဒါမှ မဟုတ် ဆေးဝါးတွေကို ဓာတ် မတည့် တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ယားယံတာ က မပျောက်နိုင်ရင်တော့ ဆရာဝန် နဲ့ ပြပါ။

မျက်စိ ဆန့်ငင် ဆန့်ငင် လှုပ်ခြင်း
———————————
မျက်စိ ကို ထိန်းချုပ်လို့ မရဘဲ ဆန့်ငင် ဆန့်ငင် လှုပ်နေ တာ အာရုံကြော ဆိုင်ရာ ပြဿနာ တစ်ခုခု ရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါ တစ်ရံ မထူးဆန်းတဲ့ အကြောင်းတွေကြောင့် လည်း ဖြစ်နိုင် ပါတယ်။ 


မျက်စိ ဆန့်ငင် ဆန့်ငင် လှုပ်ခြင်း ရဲ့ အဖြစ် များတဲ့ အကြောင်းတွေ ထဲမှာ စိတ်ဖိစီး မှု၊ အိပ်ရေးပျက်ခြင်း၊ အကြာကြီး ငေးစိုက်ကြည့်ခြင်း ဒါမှ မဟုတ် မျက်စိညောင်းညာခြင်းတွေ ပါဝင် ပါတယ်။ ဒါကြောင့် အရင်ဆုံး စိတ်ဖိစီး မှုလျှော့တာ၊ ကဖင်းလျှော့သောက် တာနဲ့ အိပ်ရေး ဝအောင် အိပ်တာတွေ အရင်လုပ်ကြည့်ပါ။ မပျောက် ရင်တော့ ဆရာဝန် နဲ့ ပြပါ။

ကြို့ထိုးခြင်း
————–
သင်ဟာ မကြာ ခဏကြို့ထိုး တတ်ရင် အစာ စားတဲ့ အခါနဲ့ အရည်သောက်တဲ့ အခါ ဖြည်းဖြည်းချင်း သာ စားသောက်ပါ။ အလွန်မြန်မြန် စားသောက်ခြင်း ဟာ အစာအိမ် ကို ဖောင်းကားစေပြီး ရင်ဝမ်းခြားကြွက် သား ကို လှုံ့ဆော်တဲ့ အတွက် အဲဒီကြွက်သား ကျုံပြီး ကြို့ထိုး တတ်ပါတယ်။ 


ဒါ့အပြင် ကြို့ထိုး တာဟာ စိတ်ပိုင်း ဆိုင်ရာအခြေ အနေ၊ ဒါမှ မဟုတ် အပူချိန် ရုတ်တရက် ပြောင်းလဲ မှုကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ဒီလို အခါတွေမှာ သင်ရဲ့ အာရုံကြောတွေမှာ ရှုပ်ထွေးမှားယွင်း မှု ဖြစ်တဲ့ အတွက် ကြို့ထိုး လာတာဖြစ်ပြီး ရုတ်တရက် လန့်သွားတဲ့ အခါ အာရုံကြောတွေ ကို နာနာ လှုပ်ပြီး ပြန် ချိန်ပေး သလိုဖြစ်တဲ့ အတွက် ကြို့ထိုး ပျောက်သွား တတ်ပါတယ်။

ကြက်သီးမွေးညင်း ထခြင်း
—————————-
သင်ဟာ အေးတဲ့ အခါ ဒါမှမဟုတ် ကြောက်လန့်တဲ့ အခါ ကြက်သီးမွေးညင်း ထ တာဟာ ခန္ဓာကိုယ် ရဲ့ ခုခံ ကာကွယ်တဲ့ စနစ် တစ်ခုဖြစ်ပါတယ်။ အရေပြား နဲ့ မွေးညင်း အိတ်ကို ဆက်ထား တဲ့ ကြွက် သားသေး သေးလေး တွေ ကျုံပြီး အရေပြားပေါ် က အမွေး အဆုံးကို ထောင်စေတဲ့ အခါ ကြက်သီးမွေး ညင်း ထလာတာပါ။ 


ကမ္ဘာဦး လူသားတွေ ကတော့ အခုခေတ် လူတွေထက် အမွေးတွေ ထောင်သွားတဲ့ အခါ လေကို ဖမ်းယူပြီး ခန္ဓာကိုယ် ကို နွေးထွေးစေပါတယ်။ ဒါမှ မဟုတ်ရင်လည်း သားရဲ တိရစ္ဆာန်တွေ ရန်မူတဲ့ အခါ အမွေးတွေထောင် သွားခြင်းကြောင့် တိရစ္ဆာန်တွေ ကို ကြောက်လန့်အောင် ခြိမ်းခြောက်နိုင်ပါတယ်။

နှာချေခြင်း
——————–
သင့် ခန္ဓာကိုယ် ဟာ အနှောင့် အယှက်ဖြစ်စေတဲ့ အရာတွေကို နှာခေါင်းတွင်း မှ ဖယ်ရှား ဖို့ကြိုးစားတဲ့ အခါ နှာချေတာဖြစ်ပါတယ်။ သင့် မှာ ဓာတ် မတည့်မှု ပြဿနာ ရှိရင် ပန်းဝတ်မှုန်တွေ နဲ့ တိရစ္ဆာန် အညစ် အကြေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ သင်ဟာ အအေးမိရောဂါဖြစ်နေ ရင်တော့ သင့် ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ် ပိုးတွေကို ဖမ်းယူ ဖို့ ချွဲသလိပ်တွေ ကို ပိုထုတ်ပေးပြီး နှာချေခြင်းနည်း နဲ့ ခန္ဓာကိုယ် အပြင် ကို ထုတ်ပစ် ပါတယ်။ 


အအေးမိပျောက်ဆေး နဲ့ ဓာတ် မတည့်ပျောက်ဆေးတွေ က နှာချေ တာကိုဖြစ်စေတဲ့ ချွဲသလိပ် ထုတ်လုပ် မှုကို လျော့နည်းစေတာ ဒါမှ မဟုတ် ဓာတ်မတည့်ဖြစ်စေတဲ့ ပစ္စည်း ကို သင့် ခန္ဓာကိုယ်က တုံ့ပြန်မှုကို ဖိနှိပ်တာပါ။

ချောင်းဆိုးခြင်း
———————
ချောင်းဆိုးခြင်း ဟာ ခန္ဓာကိုယ် ထဲက မကောင်းတဲ့ အရာတွေကို ထုတ်ပစ် တဲ့ နောက်ထပ် စနစ်တစ်ခုပါ။ သင်ရဲ့ အသက်ရှူ လမ်းကြောင်းတစ်လျှောက် မှာ အထူးဆဲလ်တွေ ရှိပါတယ်။ ဒီ ဆဲလ်တွေက အနှောင့် အယှက်ပေးမယ့် အရာတွေ ကို သိရှိပြီး အားနဲ့ ဖယ်ထုတ်ပစ် တာပါ။ အအေးမိခြင်း၊ နှာခေါင်းတွင်း လိုဏ်ခေါင်း မှာ ပိုးဝင်ခြင်း နဲ့ နမိုးနီးယားရောဂါတွေ ဟာ သင့်ခန္ဓာကိုယ်ရဲ့ ချွဲသလိပ် ထုတ်လုပ် မှုကို ပိုများစေပြီး ချောင်းဆိုးစေပါတယ်။ 


 ဆေးလိပ်သောက်ခြင်း နဲ့ ပန်းနာ ရင်ကျပ် ရောဂါတွေ ကလည်း ဆဲလ်တွေကို အနှောင့် အယှက်ဖြစ်စေနိုင် ပါတယ်။ နာတာရှည် ချောင်းဆိုးနေတဲ့ ပြဿနာ ကို လျော့နည်းစေဖို့ အတွက်တော့ လေ့ကျင့်ခန်း မှန်မှန်
လုပ်ပြီး ကောင်းမွန် တဲ့ ကိုယ်ဟန် အနေအထား ဟာ အသက်ရှူ လမ်းကြောင်းကို ပွင့်နေအောင် ထိန်း သိမ်းပေးပါတယ်။

ကြွက်တက်ခြင်း
———————-
ရုတ်တရက်ကြွက်သား နာကျင်ပြီး ကြွက်တက် တာဟာ ရေဓာတ် ခန်းခြောက်တာ ဒါမှ မဟုတ် ပြင်းထန်တဲ့ အားကစား လုပ်ပြီး ခန္ဓာကိုယ် ထဲမှာ ဓာတ်ဆားတွေ မညီမျှတာ အပါအဝင် အကြောင်းအချက် များ စွာကြောင့် ဖြစ်နိုင်ပါတယ်။ ကြာရှည်ပြေးပြီး ဒါမှ မဟုတ် လေ့ကျင့်ခန်း လုပ်ပြီး နောက်မှာ အားကစား သမားတွေ သောက်ရတဲ့ အချိုရည် (Sports Drink) သောက်တာဟာ သင့်ခန္ဓာကိုယ် စနစ်တွေ ကို ချောမွေ့ လွယ်ကူစေပါတယ်။ နာကျင်မှု သက်သာဖို့ အတွက်တော့ လမ်းလျှောက်ပေးပါ။


ချမ်းတုန်ခြင်း
———————
ချမ်းတုန်ခြင်း ဟာ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ခါနေခြင်းပါ ။ သင့်ခန္ဓာကိုယ် အပူချိန် အလွန် အမင်း ကျဆင်းသွားတဲ့ အခါ ခန္ဓာကိုယ် ဟာ တုန်လာပြီး အပူကို ဖြစ်စေတာပါ။ ဒီလို ချမ်းတုန်တာကို ကုသ ဖို့ တစ်ခုတည်းသော နည်းလမ်း ကတော့ သင့်ခန္ဓာကိုယ် အပူချိန်ကို ၉၈ ဒဿမ ၆ ဒီဂရီ ဖာရင်ဟိုက် ပြန်ရောက်အောင် လုပ်ဖို့ပါ။


နားအူခြင်း
—————–
အလယ် နားမှာ အရည် ရှိနေခြင်း ဒါမှ မဟုတ် ပိုးဝင်ခြင်းကြောင့် နားအူနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီး အဖြစ် များတဲ့ အကြောင်း ကတော့ သင်ရဲ့ အကြား အာရုံကြော အဆုံးကို ထိခိုက်မှုကြောင့်ဖြစ်ပြီး အများအားဖြင့် အလွန် ကျယ်လောင်တဲ့ ဆူညံ သံကြောင့် ဖြစ်ပါတယ်။ အမြဲတမ်း နားလေး သွားတာမျိုး မဖြစ်အောင် စင်မြင့် ဂီတ ဖျော်ဖြေ ပွဲတွေနဲ့ ဘောလုံးပွဲတွေ ကို သွားတဲ့ အခါ နားဆို့ တပ်ထားပါ။


အစာအိမ် ထဲမှာ အသံမြည်ခြင်း
————————
အစာ၊ ရေနဲ့ ဓာတ်ငွေ့တွေ ဟာ သင်ရဲ့ အစာခြေ လမ်းကြောင်း တစ်လျှောက် ဖြတ်သွားတဲ့ အခါ အစာ အိမ်ကြွက်သားတွေ နဲ့ အူကြွက်သားတွေ က ကျုံ့ပြီး အသံထွက် စေနိုင်ပါတယ်။ လူတိုင်း ရဲ့ အစာ အိမ် က အစာခြေနေစဉ် မှာ အသံထွက် ပါတယ်။ ဒါပေမယ့် အလွန်ကျယ်လောင် တဲ့ အသံ ထွက်နေ ရင်တော့ သံလွင်ဆီ လက်ဖက်စားဇွန်း တစ်ဇွန်း ဒါမှ မဟုတ် Herbal Tea တစ်ခွက် ကို သောက်ပေး ရင် သက်သာနိုင် ပါတယ်။


ခြေ၊ လက် ကျဉ်ခြင်း
———————–
ခြေ၊ လက် အစိတ်အပိုင်း တစ်ခုခုပေါ် မှာ ကြာရှည် ဖိထားတဲ့ အခါ ကျဉ်တတ် ပါတယ်။ သင်ဟာ ခြေထောက် ကို ဖိပြီး အကြာကြီး ထိုင်တဲ့ အခါ ဒါမှမဟုတ် လက်ကို ဖိပြီး အကြာကြီး အိပ်မိတဲ့ အခါ အဲဒီနေရာ မှာကျရောက်တဲ့ ဖိအား က သင်ရဲ့အာရုံကြောတွေ ကို ညှစ်ထားပြီး ဦးနှောက် ကို ပေါက်တတ် ကရ သတင်းတွေ ပို့ပေးပါတယ်။ 


ဦးနှောက်က ဘာလုပ်ရမယ် ဆိုတာ ပြောဖို့ ခက်ခဲသွားတဲ့ အတွက် ဒီရောထွေးနေတဲ့ သတင်းတွေက အဲဒီနေရာ မှာ ခံစားမှု ပျောက်သွားစေ ပါတယ်။ ခြေလက်ကျဉ် တာကို ကာကွယ် ဖို့ အတွက်တော့ အာရုံကြောတွေ ကို ဖိမိ တဲ့အနေအထား မှာထိုင်တာ ဒါမှ မဟုတ် အိပ်တာ ကို ရှောင်ကြဉ်ဖို့ပါ။

ကြယ်မြင်ခြင်း
——————-
သင်ဟာ အိပ်နေရာ ကနေ အလွန်မြန်မြန် မတ်တတ် ရပ်လိုက်တဲ့ အခါ သင့်ခေါင်း  အထိုး ခံလိုက်ရသလို ဒါမှ မဟုတ် ခေါင်းတစ်ခြမ်း ကိုက်ရောဂါက ဒုက္ခပေး သလိုမျိုး ခံစားရပြီး မျက်စိ ထဲမှာ ကြယ်တွေမြင် သွား ရနိုင်ပါတယ်။ ဒါဟာ သင့် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီး ဆီကို သွေးတွေ အရှိန်အဟုန်နဲ့ တိုးထွက် သွားတာကြောင့်ပါ။


 ယေဘုယျ အားဖြင့် ဒီလို မျက်စိထဲ အလင်းပွင့်တွေမြင်ရ တာဟာ စက္ကန့် အနည်းငယ်သာ ကြာပါတယ်။ သင်ဟာ အချိန် ခဏထက် ပိုပြီး ကြယ်တွေမြင်နေရ ရင်တော့ သင်ရဲ့မျက်စိ အာရုံခံလွှာ မှာ စုတ်ပြဲနေတာ ဒါမှ မဟုတ် သွေးခဲလေးသေးလေး ရှိနေတာ ဖြစ်နိုင်တဲ့ အတွက် ဆရာဝန် ဆီ ချက်ချင်းသွားပါ။

Thuta Kabar
From...Search Myanmar

No comments:

Post a Comment