*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 21 June 2014

ဂျပန် အသင်းရှုံးပေမယ့်

 YoYarLay's photo.


ဥရောပ ဘောလုံးလောက မှာ ပရိသတ်တွေ သောင်းကျန်း လို့ တစ်သင်းပြီး တစ်သင်း အိမ်ကွင်း ပွဲကြည့် စင် ပိတ်ပင်ခံရ လိုက်၊ ဒဏ်ရိုက် ခံရလိုက်ဖြစ်နေတဲ့ အချိန် ဂျပန် ပရိသတ်တွေရဲ့ လုပ်ရပ်က မီဒီယာ စာမျက်နှာတွေ ထက် ချီးကျူးခံရတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ 


ဘယ်အသင်း ပရိသတ် မဆို အသင်း ရှုံးရင် ဒေါသ ထွက်တတ်ပြီး ဒေါသ အလျှောက် ပြုမူကြ တာတွေ ရှိပါတယ်။

ဒါပေမဲ့ ဂျပန် ပရိသတ်တွေ ကတော့ အိုင်ဗရီကို့စ် ကို ရှုံးနိမ့် ခဲ့တဲ့ပွဲစဉ် အပြီး သူတို့ အသင်းကို အပြစ် မတင် သလို ဒေါသ တကြီး ပေါက်ကွဲကြတာ မျိုးလည်း မရှိခဲ့ပါဘူး။ ပါမန်ဘူချို ကွင်းက သူတို့ရဲ့ အမှိုက်လေးတွေ ကို လိုက်သိမ်းပြီး စည်းကမ်းကြီး တဲ့ လူမျိုး ဆိုတာကို ပြသလိုက်ပါတယ်။

 ဂျပန်နိုင်ငံ မှာတင် မကဘဲ ဘယ်နေရာရောက်ရောက် စည်းကမ်းသေ၀ပ် တဲ့ လူမျိုး ဆိုတာ ကို ပြသနိုင် ခဲ့တာဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ သူတို့ရခဲ့တဲ့ အမြတ်အစွန်းပါပဲ။

@z (ရိုးရာလေး)
YoYarLay's photo.


No comments:

Post a Comment