*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 19 June 2014

အမေ ဆိုတဲ့ အမေ


အမေဆိုတဲ့အမေ 










 
ဘူတာ အတွင်းသို့  ၀င်လာသော သာရဝေါ ရထားကို မအေးတင် မမှိတ် မသုံ စိုက်ကြည့်နေ ပါသည် ။ ရထား ရပ်ပြီး ခရီးသည်များ ဆင်းသွား သည် နှင့် အထူးတန်း တွဲ ပေါ်သို့ တက် လိုက်ပြီး ရင်ခွင်ထဲတွင် အိပ်ပျော်နေသော သမီးလေးကို အားရပါးရ နမ်းကာ ထိုင်ခုံအောက်သို့ ထိုးသွင်း လိုက်ပြီး တွဲပေါ်မှဆင်း လိုက်ပါသည် ။

ရွာလမ်းထိပ် သစ်ပင်အောက် မှ ရန်ကုန် ဖက်သို့ ထွက်ခွါ လာသည့် သာရဝေါ ရထားကို မအေးတင် ကြည့် နေသည် ။ အထူးတန်း တွဲဖြတ် သွားချိန် အောက်ပါ အ တိုင်းပြောလိုက် ပါသည် ။ 

။။ မေ့မေ့ ကို ခွင့်လွှတ်ပါ သမီးလေးရယ် မေမေ တို့ နဲ့ နေရင် သမီးလေး ဆင်းဆင်း ရဲရဲ ငတ်ငတ်ပြတ်ပြတ် နဲ့  နေရမှာ စိုးလို့ အခုလို လုပ်လိုက် ရတာပါ ။ သမီးလေး သူတော်ကောင်း လူချမ်းသာတွေ နဲ့ တွေ့ ပါစေ လို့ မေမေ ဆုတောင်းပေး လိုက်ပါ တယ် သမီးရယ် ။။


" အေးတင် နင် ဒီနေ့ ကလေးခေါ် မလာဘူးလား " " သမီးရှိတော့ဘူး အကို "
" ဘယ်ရောက်သွား လို့ မရှိတာလဲ "
" သမီးလေး ကို ရန်ကုန် မှာနေတဲ့ လူချမ်းသာ ကတွေ့ ပြီး ချစ်စရာလေး မို့  သူတို့  မွေးစားပါရစေပြောလို့  ကျွန်မပေးလိုက်ပြီ အကို "
" ဟယ် ကျီးကန်းမရယ် နင်ကလည်း ငါတို့ ကိုပေးဆိုတော့ မပေးဘူး " အကို့  မိန်းမ မသက်က အခုလို မကျေ မနပ်နှင့် ၀င်ပြောပါသည် ။
" မဟုတ် ပါဘူး မမသက် တို့ လည်း ဒီလောက်ပြေလည်တာမှ မဟုတ်တာ " " နင် တစ်ကယ်ပေးလိုက်တာ မှ ဟုတ်ရဲ့ လား အေးတင် "
" ဟုတ်ပါတယ် ဆို အကို ကလည်း ကျွန်မက လိမ်ရမှာလား " တစ်ရွာလုံး ကျွန်မကို အသားမဲ သဖြင့် ကျီးကန်းမ ဟု ခေါ်ကြသော်လည်း အကိုက တော့ နာမည်ပဲခေါ်သည် ။ ကျွန်မ အကို့ အပါးမှ လှည့် အထွက် ။ 

။။ နင့်ယောင်္ကျား ထွန်းလူ ကို ဘယ်လိုပြန်ပြောမလဲ ။။
။။ သူက အရက်က လွဲပြီးဘာမှ စိတ်ဝင်စားတဲ့သူမှ မဟုတ်တာ အကိုလည်း သိရဲ့သားနဲ့ ။ အကိုက ခေါင်းတစ်ညိတ်ညိတ်နှင့်မို့  ကျွန်မလှည့်ထွက်လာခဲ့ပါသည် ။ မျက်စိထဲတွင် သမီးလေး မျက်နှာ ကို မြင်ယောင်ရင်း မျက်ရည်များကျလာသည် ။
သမီးလေး မျက်နှာမြင်သောနေ့ ကိုပြန်အမှတ်ရ မိသည် ။ အရပ် လက်သည်ဒေါ်လေး စောက သမီး ကိုကြည့် ရင်း ပြောလိုက်သည် ။

 ။။ ကျီးကန်းမရယ် ကလေး အသားလေးက ဖြူဖွေးနေတာပဲ နင့်ကလေးဆိုတာ ငါ ကိုယ်တိုင်မွေး မပေးရင် ယုံနိုင်စရာတောင်မရှိဘူး ။။
။။ ဟုတ်ပါရဲ့ ငါ့တူမလေး ကဖြူဖွေးနေတာပဲ ဒီနေ့ ကစပြီး ဖြူဖွေး လို့ ပဲခေါ်တော့မယ် အကို့ မိန်းမ မမ သက်က တစ်ခါထဲ နာမည်ပါပေးလိုက်ပါသည် ။။ ထိုဖြစ်ရပ် များဖြစ်ပြီး နှစ်ပေါင်း (၂၀)အကြာ ရွာသူ ရွာသား များ ဧရာဝတီမြစ်ကမ်း ဘက်သို့ အပြေးအလွှားသွားနေကြသဖြင့် ဒေါ်အေးတင် အိမ်ခြေရင်းမှ မခင်ပုကို လှမ်းမေးလိုက်ပါသည် ။

။။ ဟဲ့ ခင်ပု ကမ်းနားမှာ ဘာတွေဖြစ်နေလို့ လဲ ။။
။။ ဒေါ်လေး ကျီးကန်းမ ကလည်း မြစ်ကမ်းပါးမှာ ရုပ်ရှင် အဖွဲ့ သားတွေရောက်နေ တယ် ။ အခု နာမည်ကြီးနေ တဲ့ ရုပ်ရှင် မင်းသမီး နှင်းဝတ်ရည် လည်းပါတယ် အဲ့ဒါ တစ်ရွာလုံး သွားကြည့်နေကြတာ ။။ ကျွန်မက ရုပ်ရှင်လည်း မကြည့် သဖြင့် မသိသလို ပဲနေ လိုက်ပါသည် ။သို့ သော် အကို့  မိန်းမ မမသက် ယူလာသော သတင်းကြောင့် ကျွန်မစိတ် လှုပ်ရှားသွား ပါသည် ။။

။။ ကျီးကန်းမ အဲ့ဒီ ရုပ်ရှင် မင်းသမီးက ရွာသားတွေ ကို လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က သာရဝေါ ရထား အထူး တန်းတွဲပေါ်ကို ကလေးတစ်ယောက် တင်ပေးလိုက် တဲ့ အမျိုးသမီး တစ်ယောက်ကို သိလား လို့  လိုက်မေးနေတယ် ။။
။။ ဟင် တကယ်လား ။။ ကျွန်မ အံ့သြသော အမူ အရာနှင့်ပြန်မေးလိုက်ပါသည် ။ ဒါကို ရိပ်မိသော မမသက်က ။

။။ ကျီးကန်းမ နင်သမီးလေး ကိုပေးလိုက်တာမှ ဟုတ်ရဲ့ လား ဘယ်သူမှ မသိအောင် တိတ်တိတ် ကလေးတင်ပေးလိုက်တာ လား မလိမ်နဲ့ ငါ့ကို မှန်မှန်ပြောစမ်း ။။ ကျွန်မဘာမှ မပြောနိုင်ပဲ မျက်ရည်များ ကျလာပါသည် ။ ခဏကြာမှ မျက်ရည် သုတ် ပြီး ပြောပြလိုက်ပါသည် ။
။။ ဟုတ်ပါတယ် မမသက်ရယ် ကျွန်မ အကိုနဲ့ မမသက်ကို လိမ်ပြောခဲ့တာပါ ။ သမီး လေးကိုကျွန်မ အထူးတန်း တွဲပေါ်မှာ ဘယ်သူမှ မသိအောင်တင်ထား ခဲ့တာပါ ။။

။။ အာ နင်တော်တော် ရက်စက် တဲ့ မိန်းမ ပဲဟာ ။ ဒါဆိုရင် အခုလိုက်မေးနေ တဲ့ မင်းသ မီးကို ငါသွားတွေ့  မယ် ။အကျိုး အကြောင်း သိရအောင် ။။
။။ မလုပ်ပါနဲ့ မမသက် ရယ်နေပါစေ ထားလိုက်ပါတော့ ။။

။။ မဟုတ်ပါဘူး နင်နဲ့ ပတ်သက်တာ ကို ငါဘာမှ မပြောပါဘူး ။ သူ ဘာကြောင့်ရှာနေ တာလဲဆိုတာ သိချင် လို့ ပါ ။။ သာရဝေါ ဘူတာရှိ စားသောက်ဆိုင် တစ်ခု၏သီးခြား အခန်းတစ်ခု အတွင်းတွင် ရုပ်ရှင် မင်းသမီး နှင်းဝတ်ရည် က မမသက် ကိုတွေ့ ဆုံပါသည် ။

။။ အန်တီ က အဲ့ဒီ ကလေးကို စွန့် ပြစ်ခဲ့တဲ့သူကို တကယ်သိလို့ လား ။။
။။ ဘာဖြစ်လို့  အဲ့ဒီ အမျိုးသမီးကို တွေ့ ချင်နေတာလဲ ဆိုတာ အရင်ပြောပြနိုင် မလား။။
။။ ဟုတ်ကဲ့ပြောပြနိုင် ပါတယ် လွန် ခဲ့တဲ့ နှစ်(၂၀)လောက် က ရထားပေါ် တင်ပေး တာခံ ခဲ့ရတဲ့ မိန်းကလေး က ကျွန်မပါ ။ ကျွန်မ ကို ကောက်ယူမွေး စားခဲ့ တဲ့  မိဘတွေ က လ၀န်းသော် တာ ရုပ်ရှင် ကုမ္မဏီ ပိုင်ရှင် တွေပါ ။။

 မမသက် က ပါးစပ် အဟောင်းသားနှင့် မင်းသမီး နှင်းဝတ်ရည် မျက်နှာလေးကို ငေး ကြည့်နေမိ ပါသည် ။ စိတ်ထဲမှ လည်း တွေးနေမိပါသည် ။
။။။ သြော် ငါ့ တူမလေး ဖြူဖွေးက နိုင်ငံကျော် ရုပ်ရှင်မင်းသမီးဖြစ်နေပါရောလား ။။။

။။ အန်တီ ကျွန်မကို တင်ပေးလိုက်တဲ့ အမျိုးသမီး ကိုသိလားဟင်။ သိရင်ပြောပြပါ ကျွန်မ အမေ အရင်းကို တစ်ကယ်တွေ့ ချင်လို့ ပါ။ ကျွန်မမွေးစားမိဘတွေ လည်း မရှိတော့ပါဘူး ။ သူတို့ မသေခင် ဒီအဖြစ် အပျက် ကို ကျွန်မမွေးစား အမေကပြော ပြခဲ့တာပါ ။ ကျွန်မ ကိုစွန့် ပြစ်ခဲ့လို့ အပြစ် မတင်ပါဘူး ။ အမေ့ကို ကျွန်မ တွေ့  ရင် အမေ့မျက်နှာ ကိုကြည့်ပြီး စကားတွေပြောမယ် ပြီးတော့ပြန်ပြီးပြုစု ချင်လို့ ပါ။
။။ အင်းဖြစ်နိုင် မလားတော့ မသိဘူး 

အဲ့ဒီ အမျိုးသမီး ရဲ့ အကိုတော့ ရှိတယ် သေသေ ခြာခြာပြန်မေးလိုက်ဦးမယ် ။။
။။ ဟုတ်လား အမေ့ ရဲ့ အကိုဆိုတော့ ကျွန်မ ရဲ့  ဦးလေးပေါ့ ။ မနက်ဖြန်ခေါ်ခဲ့ ပါလား အန်တီ ကျွန်မ ဦးလေးဆီ ကနေ အမေ့အကြောင်းတွေ သိချင်လို့ ပါ ။။
။။ အင်း သေသေချာချာ မေးခဲ့ပြီး သေချာရင်ခေါ်လာခဲ့မယ်လေ ။။
 
။။ ဟုတ်ကဲ့ အန်တီ သေသေချာချာ ခေါ်လာခဲ့ပါနော် ကျွန်မစောင့်နေမယ် ။ မနက် ဖြန်ဆိုရင် ရိုက် ကွင်းပြီးပြီ ကျွန်မ တို့ ပြန်ရတော့မှာ ။။
။။ ကောင်းပါပြီကွယ် စိတ်ချပါ ။။ အကိုနဲ့ မမသက် က ကျွန်မကိုပြောပါသည် ။
။။ အေးတင် ဘယ်လိုလည်း နင်သွားတွေ့ မလား ။ အခု မသက်ပြောပုံ အရဆိုရင် နင့်သမီးဆို တာသေချာ နေပြီ ။။

။။ အေးဟာ လိုက်တွေ့ လိုက်ပါ ကျီးကန်းမရယ် ။ ကောင်မလေး ကချောလိုက်တာ နင့်ကို အရမ်းတွေ့  ချင်နေတာ ။။ ကျွန်မခေါင်း ကိုဖြေးညှင်းစွာ ခါလိုက်ပြီး အကို့ ကိုကြည့်ကာပြော လိုက်ပါသည်။ ။။ အကိုပဲ သွားတွေ့ လိုက်ပါ သမီးကို ကျွန်မသေ သွားပြီလို့ ပြောပေးပါ အကို။

 မွေးကတည်းက တာဝန် မယူနိုင်လို့ စွန့် ပြစ် ခဲ့ပြီး ကောင်းစားတော့ မှ သမီးကို ဘယ်လို မျက်နှာမျိုးနဲ့  ကျွန်မ ရင်ဆိုင်ရ မလဲ အကို ။။
။။ မဟုတ်ဘူးလေ အခု ဟာက သူ ကိုယ်တိုင်တွေ့ ချင်လို့ လိုက်ရှာနေတာ သနား ပါတယ် အေးတင်ရယ် နင်လိုက်တွေ့ လိုက်ပါလား ။။

။။ မတွေ့ တော့ဘူး အကို ကျွန်မ တစ်ကယ် ဆုံးဖြတ် ထားလို့ ပါ သူ ဒီဘ၀မျိုး ရောက်အောင် ကျွန်မ စွန့်  စား ခဲ့တာလေ ။ အခု သမီးလေး ကျွန်မဖြစ်စေချင်တဲ့ ဘ၀မျိုး ဖြစ်သွားခဲ့ပြီ ကျွန်မကျေနပ်တယ် အကို ။ 

ဒီလို အသား မဲမဲ မိန်းမ တစ်ယောက်ဟာ နိင်ငံကျော် မင်းသမီး တစ်ယောက်ရဲ့ အမေဆိုတာ ဘယ်သူမှ မသိစေချင်တော့ ပါဘူး ကျွန်မ ကိုကြည့် ပြီး သားသမီး ကို စွန့် ပြစ်ခဲ့တဲ့ အမေ အသားမဲမဲ ရုပ်ဆိုး ဆိုး နဲ့ အမေ ဆိုတဲ့ စိတ်ခံစားချက် မျိုး သမီးကို မခံစားစေချင်တော့ဘူး အကို ။ ကျွန်မ ခံစားချက် ကို အကို နားလည် မှာပါ ။ အကိုပဲ သွားတွေ့ လိုက်ပါ ။။

။။ ဦးလေး က တစ်ကယ် ကျွန်မ ရဲ့ ဦးလေးပေါ့နော် ၀မ်းသာ လိုက်တာ ။ နှင်းဝတ်ရည် မျက်နှာချင်း ဆိုင် ထိုင်နေသော ကျွန်တော့် မျက်နှာ ကိုစေ့စေ့ကြည့်ပြီး ကျွန်တော့် လက်နှစ်ဖက် ကို လှမ်းဆုတ်ကာ အငမ်းမ ရမေးသည်။ မေမေရော အခု ဘယ်မှာလဲ ။ ဦးလေးနဲ့ တူရင်ေ မမေကလည်း ချောမှာပဲ ။ သမီးတွေ့ ချင်တယ် တယ်ဦးလေးရယ် ။။

 ကောင်မလေး ကိုကြည့်ကာ ကျွန်တော် စိတ်မကောင်း ဖြစ်ရသည်။ မိခင်မေတ္တာ ငတ် နေသော သမီး တစ်ယောက် ရဲ့ ခံစားမှု သူ့ မျက်နှာ တွင် အတိုင်းသား ပေါ်နေသည်။ ကျွန်တော် အားတင်းပြီး တစ်ခွန်း ချင်းပြော လိုက် ပါသည် ။
။။ သမီးမေမေ က ငယ်ငယ်လေး ကတည်း က ပန်းနာ ရင်ကျပ် ရောဂါဖြစ်နေတာ သမီး ကိုမွေးပြီး (၄)လ သမီး အရွယ်မှာ သမီး ကိုကောင်းစား စေချင် လို့ ဆိုပြီး အထူး တန်း ရထားတွဲပေါ်ကို ဘယ်သူမှ မသိအောင် တင်ပေးလိုက်တာ ။ ဦးလေး ကိုတောင် အကို မို့ လို့ ပြောပြခဲ့တာ ။

 တစ်ရွာလုံး ကိုတော့ ရန်ကုန် က သူဌေးတွေ မွေးစားချင် လို့ ပေးလိုက်တယ် ဆိုတာပဲပြောခဲ့တယ် ။ သူ ကွယ်လွန်သွား တာ (၄)နှစ်လောက် ရှိ သွားပြီ နေပူ မိုးရွာမရှောင် အလုပ်လုပ်ခဲ့တဲ့ ဒဏ်တွေနဲ့ အမြစ် တွယ်နေတဲ့ သူု့ရောဂါ က သူ့ ကို အနိုင်ယူသွားတာပဲ ။။

။။ ဖြစ်ရလေမေမေရယ် သမီးရှာတာနောက်ကျ သွားတာပဲ စိတ်မကောင်း လိုက်တာ ။။ ကျွန်တော့် စကားကြောင့် ကောင်မလေး မျက်ဝန်းမှ မျက်ရည်များ ကျလာသည် ။ ကျွန် တော်လည်း သူငိုတာ မကြည့်ရက် သဖြင့် မျက်နှာလွှဲနေလိုက်ပါသည် ။ ခဏ အကြာကောင်မလေး မျက်ရည် သုတ်ပြီး ကျွန်တော့် ကိုပိုက်ဆံ တစ်ထပ်ကြီး ထုတ် ပေးကာအောက်ပါ အတိုင်းပြောသည်။ ။။ 

ဒီပိုက်ဆံတွေ ဦးလေး ယူသွားပါ သမီးကန်တော့ တာပါ ။ မေ့မေ့ အတွက်လည်း ကောင်းမှု ကုသိုလ်တွေ လုပ်ပေးပါ ။ ဒါ သမီးနေတဲ့ ရန်ကုန်က အိမ်လိပ်စာ ကဒ်ပါ ။ ဦးလေးနဲ့ ဒေါ်လေး သမီးဆီကို လာခဲ့ပါ ။။ ကောင်မလေး ကလိပ်စာ ကဒ် တစ်ခု ကျွန်တော့် ကိုပေးပါသည် ။ တစ်ဆက်တည်း ။
။။ ကဲ ဦးလေး သမီး ဒီညနေ နောက်ဆုံး အခန်းရိုက်ပြီးရင် ရန်ကုန်ပြန်တော့မယ် ။ သူ့ စကား အဆုံးကျွန်တော်တို့  နှစ်ယောက် အိမ်ပြန်လာခဲ့ပါသည် ။ အိမ်ပေါက်ဝ တွင် ထိုင်စောင့်နေသော မအေးတင် ကို အကျိုး အကြောင်းပြောပြ လိုက်ပါသည် ။။

။။ ကျီးကန်းမ ဒီညနေ ရုပ်ရှင်ရိုက်ပြီးရင် ရန်ကုန်ပြန်တော့ မှာ နင်သွားတွေ့ ပါလား ။။
။။ ကောင်းပါ့ မလားမမသက် ရယ် ။။
။။ ဘာလို့  မကောင်းရမှာ လဲ ကိုယ်သမီးကို ကိုယ်သွားကြည့်တာ ဘယ်သူမှ သိတာ မှမဟုတ်ပဲ ကျီးကန်းမ ရယ် နင်သွားချင်ရင် ငါလိုက်ပို့ မယ် ။။ 

ကျီးကန်းမ က ပုဆိုး တစ်ထည်ကိုခေါင်းပေါင်း ကာ ရိုက်ကွင်း ရှိရာသို့ ထွက်ခဲ့ ပါသည်။ ကျီးကန်းမ ကောင်မလေး ကို စိုက်ကြည့်နေပါသည် ။ ကောင်မလေး ရိုက်နေသည့် အ ခန်းက ဧရာဝတီမြစ် အတွင်း လှေမှောက်ကာ အသက်ဆုံး သွားသော မိခင်အ လောင်း ကို ဖ က်ကာ ငိုကြွေးနေသည့်အခန်း ။။

။။ မေမေ ရယ် သမီးကို ထကြည့် ပါဦး ဒီလောကကြီး ထဲမှာ သမီး တစ်ယောက်ထဲ ထား ခဲ့တော့မှာ လား မေမေ မရှိရင် သမီးဘယ်သူ့ ကို အားကိုးနေရတော့မှာလဲ ။။ မျက်ရည် အရွှဲသားနှင့်မြစ်ကမ်း နဖူးတွင် မိခင် အလောင်းကို ဖက်ကာ ငိုကြွေးနေသော ကောင်မလေး ကိုကြည့်ကာ ကျီးကန်းမ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာသည် ရွာလမ်းဘက် သို့ ပြန်လှည့် ထွက်လာခဲ့သည် ။

 နှုတ်မှလည်း အောက်ပါ အတိုင်းရေ ရေရွတ်ပြောဆိုနေပါတော့သည် ။
။။ သမီး ဖက်ပြီးငိုနေတဲ့ အလောင်း ကို မေ့မေ့ အလောင်း အဖြစ် သတ်မှတ်ပြီး သမီး အားရ ပါးရ ငိုလိုက်ပါ သမီးရယ် ။ မေမေနဲ့  သမီးဟာ တစ်ကယ့် ကို ဝေးသွား ခဲ့ပါ ပြီ ။ 

သမီးလေး ဘ၀ အခုလို တင့်တင့် တယ်တယ်ဖြစ်နေတာ ကိုကြည့်ပြီး အမေကျေနပ် ပါတယ် သမီးရယ် ။ သားသမီး ကို တာဝန်ကျေအောင် ပြုစု ပျိုးထောင် နိုင်စွမ်း မရှိခဲ့တဲ့ အမေဟာ သမီးလေးပြုစု တာကို မခံ ယူရဲ ပါဘူး ။ အမေ ဆို တာ သားသမီးတွေပြည့်စုံ သွားတာကိုမြင်နေရရင် ပဲ ကျေနပ်နေကြ တဲ့ သူမျိုးတွေ ပါ သမီးရယ် ။ ကျေနပ်နေတဲ့ သူမျိုးတွေပါ ။ 

ကိုမောင်မောင်(ဆန်းသုတေသီ)
 From... ရိုးရာလေး

No comments:

Post a Comment