*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 30 June 2014

ကမ္ဘာပေါ် တွင် သြဇာ လွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး များ

မြ၀တီ's photo.


ကမ္ဘာပေါ် တွင် သြဇာ လွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး ဦးရေ ၁ဝဝ စာရင်း ကို Forbes မဂ္ဂဇင်း ကြီးက ထုတ်ပြန် လိုက်ပါတယ်။ အဲဒီ အထဲက ထိပ်တန်း အမျိုးသမီး (၅)ဦး ကို ထုတ်နုတ် တင်ပြ လိုက်ရပါတယ် .

အင်ဂျယ် လာမာကယ်
ထိပ်ဆုံးနေရာ မှာ ရှိနေတာ ကတော့ ဂျာမနီ ဝန်ကြီးချုပ် အင်ဂျယ် လာမာကယ် ပဲ ဖြစ်ပါတယ်။ သူမ ဟာ ဂျာမနီ လူမျိုး သုတေသန သိပ္ပံပညာရှင်ဟောင်း တစ်ဦးဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် ဇူလိုင် ၁၇ ရက်မှာ မွေး ဖွား ခဲ့တာမို့ အသက် ၅၉ နှစ်ရှိပါပြီ။

 မွေးရာ ဇာတိ ကတော့ ဂျာမနီနိုင်ငံ ဟမ်းဘတ် မြို့ပါ။ ဂျာမနီ ဝန်ကြီးချုပ် အဖြစ် ၂ဝဝ၅ ခုနှစ်မှာ စတင် တာဝန် ထမ်းဆောင်ပြီး ဂျာမနီနိုင်ငံ ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် လည်း ဖြစ်ပါတယ်။


 မြ၀တီ's photo.မြ၀တီ's photo.

ဂျဲနက် လူစီယဲလင်
ဂျဲနက် လူစီယဲလင် ကတော့ အမေရိကန် အမျိုးသမီး စီးပွားရေး ပညာရှင် တစ်ဦး ပဲ ဖြစ်ပါတယ်။ အမေရိကန် ဗဟိုဘဏ် ရဲ့ အုပ်ချုပ်ရေးမှူး များ အဖွဲ့ ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ ပါတယ်။ လက်ရှိ မှာ အသက် ၆၇ နှစ် ရှိပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ကလင်း အရပ် မှာ မွေးဖွား ခဲ့ပါတယ်။ 

ဒီမိုကရက်တစ် ပါတီဝင် တစ်ဦး ဖြစ်ပြီး ယေးလ် တက္ကသိုလ်မှ ဒေါက်တာ ဘွဲ့ ရရှိခဲ့ပြီး ဘရောင်း တက္ကသိုလ် နဲ့ ပန်းဘရွတ် ကောလိပ် တို့မှာ တက်ရောက် ပညာ သင်ကြားခဲ့ပါတယ်။ ''၁၉၉ဝ ပြည့်လွန်နှစ် များက မက်ခရို စီးပွားရေး သင်ခန်းစာ များ'' ဆိုတဲ့ စာအုပ် ကို ရေးသားပြုစု ခဲ့ ပါတယ်။

ဒယ်မာရူးဆက်
ဘရာဇီး သမ္မတ တာဝန် ထမ်းဆောင်လျက် ရှိ တဲ့ ဒယ်မာရူးဆက် ကိုလည်း ကမ္ဘာ့သြဇာ လွှမ်းမိုး မှု အရှိဆုံး အမျိုးသမီး တစ်ဦး အဖြစ် ရွေးချယ် ခဲ့ပါတယ်။ သူမ သည် ဘရာဇီး နိုင်ငံ ရဲ့ ၃၆ ဦးမြောက် သမ္မတဖြစ်ပြီး ပထမ ဆုံး အမျိုးသမီး သမ္မတ လည်း ဖြစ်ပါတယ်။ 

၂ဝဝ၅ ခုနှစ် ကနေ ၂ဝ၁ဝ ပြည့်နှစ် အထိ သမ္မတဟောင်း လူလာဒါဆေးလ်ဗား ရဲ့ ဦးစီး အရာရှိချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက် မှာ မွေးဖွား ခဲ့ပြီး အသက် ၆၆ နှစ် ရှိပြီ ဖြစ် ပါတယ်။

မယ်လင်ဒါဂိတ်စ်
အမေရိကန် ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး သန်းကြွယ် သူဌေး ဘီလ်ဂိတ်စ် ရဲ့ ဇနီး လည်း ဖြစ် ပါတယ်။

ပညာရေး၊ ကျန်းမာရေး နဲ့ လူဦးရေ ဆိုင်ရာ လုပ်ငန်းတွေ ကို ဆောင်ရွက်နေ တဲ့ Bill & Melinda Gates Foundation ကို ဘီလ်ဂိတ်စ် နဲ့ အတူ ပူးတွဲ တည်ထောင် ဆောင်ရွက်လျက် ရှိပါတယ်။ 

သူမ ဟာ လူမှုရေး လုပ်ငန်းတွေ ကို တိုးမြှင့် လုပ်ဆောင်နေပြီး လူသားချင်း စာနာ ထောက်ထား တဲ့ ကိစ္စရပ်တွေ အတွက် ငွေကြေး များစွာ ရက်ရက်ရောရော လှူဒါန်း သူ တစ်ဦး လည်း ဖြစ်ပါတယ်။
Duke University ကျောင်းဆင်း တစ်ဦး လည်း ဖြစ်ပါတယ်။

ခရစ္စတင်း လေဂါ့ဒ်
နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ရဲ့ IMF ရဲ့ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ အသက် ၅၈ နှစ် ရှိပြီး ပြင်သစ်နိုင်ငံ သူ တစ်ဦး  လည်း ဖြစ်ပါတယ်။ ရှေ့နေတစ်ဦးလည်း ဖြစ်တဲ့ ခရစ္စတင်း ဟာ IMF မှာ ၂ဝ၁၁ ခုနှစ် ဇူလိုင် ၅ ရက် က စပြီး တာဝန် ထမ်းဆောင် နေတာ ဖြစ်ပါတယ်။

ယခင် က ပြင်သစ် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး၊ ကူးသန်း ရောင်းဝယ်ရေး နဲ့ စက်မှု ဝန်ကြီး၊ ဘဏ္ဍာရေး ဝန်ကြီး တာဝန်တွေ ကိုလည်း ထမ်းဆောင်ခဲ့ ဖူး ပါတယ်။ ။

ကျော်ဇင်ထွဋ်

From...Myawady


No comments:

Post a Comment