*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 27 July 2014

တောင် ကိုဖြို ပြီး လမ်းဖောက် ခဲ့တဲ့ အံ့ဖွယ် လူသား


 တောင်ကိုဖြိုပြီး လမ်းဖောက်ခဲ့တဲ့ အံ့ဖွယ်လူသား

Dashrath Majhi လို့ ခေါ်ဝေါ်တဲ့ အိန္ဒိယနိုင်ငံမှ အမျိုးသားဟာ တောင်ကိုဖြိုပြီး လမ်းဖောက်ခဲ့ပါတယ်။တောင်ကို ဖြိုရတဲ့ အကြောင်းကတော့ သူတို့နေထိုင်ရာ ရွာဟာ ၎င်းတောင်ကြီးကြောင့် ဆက်သွယ်ရေး အလွန် မကောင်းပါဘူး။ နာမကျန်းဖြစ်တဲ့ အခါ ရွာသူရွာသားများ ဆေးရုံသို့ လွယ်ကူစွာ မသွားနိုင်ပါဘူး။ 

ဒီထက် ဆိုဝါးတာက သူ၏ ဇနီးသည်ဟာ ရောဂါတစ်ခု ခံစားရပြီး ဆေးရုံနှင့် ဝေးကွာသည့် အတွက် အချိန်မှီ မကုသနိုင်ခြင်းကြောင့် သေဆုံး သွားခဲ့ ရပါတယ်လို့ Dashrath Majhi သူက ပြောပါတယ်။

ဒီအတွက်ကြောင့် သူဟာ တောင်ကိုဖြိုပြီး လမ်းဖောက်လိုက်ပါတယ်။ ၁၉၆၀ မှ ၁၉၈၂ 
ခုနှစ် ၂၂ နှစ် ကြာမြင်ခဲ့ပြီး နေ့ည မပြတ်ကြိုးစား ခဲ့ရကြောင့် ၎င်းက ဆိုပါတယ်။ ယခင်က ၇၀ ကီလိုမီတာ ဝေးကွာပြီး ယခု အခါမှာတော့ ၁ ကီလိုမီတာသာ သွားရတော့ကြောင်း သိရပါတယ်။ ဒါ့အပြင် သွားလာရေး လွယ်ကူပြီး ဆေးရုံသို့ လွယ်ကူစွာ သွားလာနိုင်ကြောင်း သိရပါတယ်။

Dashrath Majhi ဟာ ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှ သေဆုံးသွား ခဲ့သော်လည်း ယခုထိ သူ၏ နာမည် ကတော့ အသက်ရှင် ကျန်ရစ် နေကြောင်း သိရပါတယ်။ ဒါကြောင့် အများကောင်း ကျိုးကို တတ်နိုင် သလောက် သယ်ပိုး သွားခဲ့တဲ့ Dashrath Majhi အကြောင်းကို ဗဟုသုတ အနေဖြင့်ရေးသားပေး လိုက်ရပါတယ်။ 

Ref - theunknownbutnothidden
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Dashrath Majhi လို့ ခေါ်ဝေါ်တဲ့ အိန္ဒိယနိုင်ငံ မှ အမျိုးသား ဟာ တောင် ကိုဖြိုပြီး လမ်းဖောက် ခဲ့ပါ တယ်။တောင် ကို ဖြိုရ တဲ့ အကြောင်း ကတော့ သူတို့နေထိုင် ရာ ရွာဟာ ၎င်းတောင်ကြီးကြောင့် ဆက်သွယ်ရေး အလွန် မကောင်း ပါဘူး။ နာမကျန်းဖြစ် တဲ့ အခါ ရွာသူရွာသား များ ဆေးရုံ သို့ လွယ်ကူစွာ မသွားနိုင်ပါဘူး။

ဒီထက် ဆိုဝါး တာက သူ ၏ ဇနီးသည် ဟာ ရောဂါ တစ်ခု ခံစားရပြီး ဆေးရုံနှင့် ဝေးကွာ သည့် အတွက် အချိန် မှီ မကုသနိုင်ခြင်းကြောင့် သေဆုံး သွားခဲ့ ရပါတယ် လို့ Dashrath Majhi သူက ပြောပါတယ်။


ဒီ အတွက်ကြောင့် သူဟာ တောင်ကိုဖြို ပြီး လမ်းဖောက် လိုက်ပါတယ်။ ၁၉၆၀ မှ ၁၉၈၂ ခုနှစ် ၂၂  နှစ် ကြာမြင့် ခဲ့ပြီး နေ့ည မပြတ်ကြိုးစား ခဲ့ရကြောင့် ၎င်းက ဆိုပါတယ်။ ယခင် က ၇၀ ကီလိုမီတာ ဝေးကွာပြီး ယခု အခါ မှာတော့ ၁ ကီလိုမီတာ သာ သွားရတော့ကြောင်း သိရပါတယ်။ 

ဒါ့အပြင် သွားလာရေး လွယ်ကူပြီး ဆေးရုံ သို့ လွယ်ကူ စွာ သွားလာနိုင်ကြောင်း သိရပါတယ်။
Dashrath Majhi ဟာ ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ မှ သေဆုံးသွား ခဲ့သော်လည်း ယခု ထိ သူ၏ နာမည် ကတော့ အသက်ရှင် ကျန်ရစ် နေကြောင်း သိရပါတယ်။

 ဒါကြောင့် အများကောင်း ကျိုး ကို တတ်နိုင် သလောက် သယ်ပိုး သွားခဲ့တဲ့ Dashrath Majhi အကြောင်း ကို ဗဟုသုတ အနေဖြင့်ရေးသားပေး လိုက်ရပါတယ်။

Ref - theunknownbutnothidden
 

ကျော်လင်းနိုင် (ရိုးရာလေး)

No comments:

Post a Comment