*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 4 July 2014

ဆာဗာ ယာယီ ပိတ်



    
 
မြန်မာနိုင်ငံ မှာ ဇူလိုင်လ ၃ ရက်နေ့ က ဖေ့စ်ဘုတ် သုံးစွဲ လို့ မရ ပဲ ယာယီ ပိတ်ထား ခဲ့ပါတယ်။ ဒါပေမယ့်ည ၁၂ နာရီကျော်လောက် မှာ ဖေ့စ်ဘုတ် ကို ပြန်လည် အသုံးပြု လို့ ရတယ်လို့ သိရပါတယ်။

အခုလို ဖေ့စ်ဘုတ် ယာယီပိတ်သိမ်းမှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်ပါတယ်။ ဘာကြောင့် ဖေ့စ်ဘုတ်ကို ပိတ်တယ် ဆိုတာ မသိ ရသေးပေမယ့် မန္တလေး အဓိကရုဏ်းဖြစ်ပွား တာနဲ့ တိုက်ဆိုင်နေပါတယ်။
 

 
တချို့ ဖေ့စ်ဘုတ် သုံးသူတွေဟာ ဖေ့စ်ဘုတ် စာမျက်နှာတွေ ကနေ မှားယွင်း တဲ့ လှုံ့ဆော်မှုတွေ လုပ်ဆောင် နေ တာလည်း တွေ့နေရ ပါတယ်။
 
ထိုင်း နိုင်ငံမှာ လည်း စစ်တပ် က အာဏာ သိမ်းယူပြီးနောက် ဖေ့စ်ဘုတ် ကို ယာယီ ပိတ်သိမ်းခဲ့ ဖူးပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံ မှာတော့ ဖေ့စ်ဘုတ် ကို လုံးဝ သုံးခွင့် မပြုပါဘူး။ 

ဒါပေမယ့် ရန်ကုန် ရှိ တရုတ် သံရုံး ကတော့ ဖေ့စ်ဘုတ် စာမျက်နှာ ရှိပြီး သတင်း ထုတ်ပြန်မှုတွေ လည်း လုပ်ပါတယ်။
 

အိမ့်သံစဉ် ~

From...Search Myanmar

No comments:

Post a Comment