*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 20 July 2014

ဂဠုန် ဦးစော ၏ နောက်ဆုံး သံဝေဂ စကား


 
“ဂဠုန်ဦးစော၏ နောက်ဆုံးသံဝေဂစကား”
••••••••••••••••••••••••••••••••••••••••••••••••••
“ကျုပ်ဟာ တစ်သက်လုံးဗုဒ္ဓဘာသာလို့ ပြောခဲ့တာပဲ။ 
တကယ်တော့မည်ကာမတ္တ “ဗုဒ္ဓဘာသာ”မျှသာ ဖြစ်ခဲ့တာကို 
ခုလို တရားစာပေလေ့လာမိမှ ပိုပြီးသတိရတယ်။ 
ကျုပ်ဟာလောကမှာရှိတဲ့ မကောင်းမှုမှန်မျှ 
မလုပ်ခဲ့ဖူးတာလည်း မရှိဘူး။ 
ကျုပ်ဟာ လောကရဲ့ ခံစားရမယ့် အကောင်းဆုံးတွေကိုလည်း 
မခံစားဖူးတာ မရှိဘူး။ ဒါပေမဲ့ ခုတွေ့ရတဲ့ တရားတော်ရဲ့ 
အဆီအနှစ်တွေကို ကျုပ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”
ဟု ဖွင့်ဟ၀န်ခံလျက် -

“ကျုပ်မှာ အာဏာရှိတဲ့အချိန်တုန်းကလည်း ဘာသာရေးကို 
အလေးအနက်မပြုမိဘူး။ ဘာသာရေးဟာ ကျုပ်အတွက် 
ဟန်ပြအဆောင်အယောင်တစ်ခုလောက်သာ ရှိခဲ့တယ်။ 
ကျုပ်ဆန္ဒမှာရှိတာက ကျုပ်အာဏာတည်မြဲရေး၊ 
ကြီးပွားရေးနဲ့ တိုင်းပြည်ကို ကျုပ်ကြိုက်တဲ့ ပုံစံသွင်းချင်တာပဲ 
ကျုပ်မှာအဓိကဖြစ်ခဲ့တယ်။ အဲဒီအချိန်ကသာ ခုတွေ့ရတဲ့ 
တရားတော်တွေကို တွေ့ရလျှင် ခုလိုလည်း ဖြစ်မယ်
မထင်မိဘူးဟု ဖွင့်အံခဲ့သည်။

ဤမျှသာမက ဦးစောတွင် ကြီးမားသော အစွဲအလမ်းကြီးတစ်ခုကြောင့် 
သူ့တွင် စိတ်အထိခိုက်ဆုံး ဖြစ်ခဲ့ရသေးသည်။

“အဲဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီးဘ၀နဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ်။ 
အဲဒီအချိန်က ရွှေဘိုနယ်မှာ အတော်ထင်ရှား ကျော်ကြားနေတဲ့ 
အလောင်းဘုရား ဦးအောင်ဇေယျကိုးကွယ်ခဲ့တဲ့ 
သင်္ကန်းနက်ဘုရား မတ်ရပ်ဆင်းတုတော်ဟာ အတော်တန်ခိုးကြီးတယ်၊
ဆုတောင်းပြည့်တယ်၊ လိုတရတယ်၊ ရန်ကိုအောင်နိုင်တယ်ဆိုတဲ့ 
သတင်းကြောင့် ဒီဘုရားကို မရအရ၊ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်”

(မှတ်ချက်) မသမာသောနည်းဖြင့် ယူခဲ့ခြင်းကို ဆိုလိုဟန်တူသည်။

ဒါပေမဲ့ ကိုးကွယ်လိုလို့ ကြည်ညိုသဒ္ဓါနဲ့ ပင့်ခဲ့တာမဟုတ်ဘူး။
ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာပဲ။ 
ဒီတော့ သာမန်မျှသာ ကိုးကွယ်မူ အဆင့်တွင်မဟုတ်ဘဲ 
ကျုပ်ရဲ့ အဆောင်သဘောမျိုးပဲ ထားခဲ့မိတယ်။ 
ဒါဟာ ကျုပ်ရဲ့မဟာအမှားကြီးပါပဲ။ 
နောက်မှသိရတာက အဲဒီဆင်းတုတော်ကြီးဟာ 
တန်ခိုးကြီးသလောက် အလွန်ခိုက်တယ် 
ဆိုတာသိရတော့ နောက်ကျသွားပြီ။

“ဒီတော့ ကျုပ်ဟာ အင်္ဂလိပ်အကျဉ်းသမားဖြစ်လိုက်၊ 
သေနတ်ချောင်းပစ်ခံရလိုက်နဲ့ နောက်ဆုံး ခုချိန်ထိ ဖြစ်ခဲ့ရတာပဲ။ 
နောက်ကျုပ် ဒီရောက်မှ အဲဒီဆင်းတုတော်ကြီးကို ရွှေတိဂုံစေတီတော် 
စနေထောင့်မှာ ကျောင်းဆောင်တစ်ခုနဲ့ လှူဒါန်းလိုက်ရတယ်”
ဟု ၀မ်းနည်းစွာပြောခဲ့သည်။ 
၎င်းဘုရားအား ဦးစောကို သရဏဂုံတင်စဉ်မှ 
ရေစက်ချသွားခဲ့သည်။

“ဘုရားက မခိုက်ပါ၊ မရိုက်ပါ”
••••••••••••••••••••••••••••••••••••••••
(မှတ်ချက်) ဤနေရာ၌ ဗုဒ္ဓဘာသာအများစု၏ မှားယွင်းနေသော 
အယူအဆတစ်ခုကို ဖြေရှင်းပေးလိုပေသည်။ 
ဗုဒ္ဓဘာသာအများစုသည် ဘုရားရုပ်ပွားများ၊ 
စေတီများက ခိုက်သည်ဟု ယူဆတတ်ကြသည်။ 
အမှန်က ခိုက်ဟူသည် မကောင်းကျိုးများ 
ကျရောက်ခြင်းကို ဆိုလိုပေ၏။ ထိုမကောင်းကျိုးများကို 
သက်ရှိထင်ရှား ဘုရားကလည်း မလုပ်သလို၊ 
သက်မဲ့ရုပ်ပွားဆင်းတုတောင်များကလည်း မလုပ်ပေ။

သို့ဆိုလျှင် မည်သူက လုပ်သနည်း - 
ထိုဘုရားရှင်နှင့် ရုပ်ပွားတော်တို့အပေါ် မရိုမသေပြုလုပ်သော 
“အကုသိုလ်ကံ စေတနာ”က ပြုလုပ်ပေးခြင်းဖြစ်သည်။ 
အရှင်ဒေ၀ဒတ်ကို မြေမျိုအောင် ဘုရားရှင်က 
သူ၏ စေတနာဆိုးခေါ် အကုသိုလ်က လုပ်ခြင်းဖြစ်သည်။

ယခုဖြစ်ရပ်တွင်လည်း ဦးစောကို ဒုက္ခရောက်အောင်လုပ်သည်မှာ 
“သင်္ကန်းနက်ရုပ်ပွား”မဟုတ်။ ထိုရုပ်ပွားတော်ကို လောကီ၊
အာဏာပါဝါကိစ္စတွင် အဆောင်အဖြစ် မရိုမသေအသုံးချခဲ့သော 
စေတနာဆိုး အကုသိုလ်ကြောင့်သာ ဖြစ်သည်။ 
လောဘ၊ ဒေါသကင်းစင်ပြီးဖြစ်သော ဘုရားရှင်သည် 
မည်သည့် သတ္တ၀ါ၏ဆိုးကျိုးကို မျှော်လင့်လေမည်နည်း - 

တစ်ဆက်တည်း သိသင့်သည်မှာ -
••••••••••••••••••••••••••••••••••••••••
“မကောင်းကျိုးကို ဘုရားရှင်နှင့် ရုပ်ပွားများက 
ပေးသည်မဟုတ်သလို ၊ကောင်းကျိုးကိုလည်း 
ပေးသည်မဟုတ်ပေ။ မိမိကိုကောင်းကျိုးပေးသည်မှာ 
ထိုဘုရားရှင်နှင့် ရုပ်ပွားများ၊သံဃာတော်များအပေါ်တွင် 
ထားသော စေတနာသာဖြစ်သည်။”

မဟာမြတ်မုနိကို ရှိခိုးပူဇော်ခြင်းနှင့် မိမိအိမ်မှ သုံးလက်မ
ရုပ်ပွားလေးကို ရှိခိုးပူဇော်ခြင်းနှစ်မျိုးတွင် မည်သည့်ပူဇော်မူက ကောင်းကျိုးကိုပေးသနည်းဟု မေးခဲ့ငြားအံ့။ 
အဖြေကား ရုပ်ပွားကိုကြည့်ပြီး ဆုံးဖြတ်၍မရ။ 
စေတနာကိုကြည့်ပြီး ဆုံးဖြတ်ရမည်ဟု ဖြစ်၏။ 
မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း - 

●ရှိခိုးပူဇော်ချိန်တွင် စေတနာတစ်ကျပ်သားခန့်သာပါလျှင် 
ကောင်းကျိုးတစ်ကျပ်သားခန့် သာရသည်။ 
●စေတနာတစ်ပိဿာခန့်ပါလျှင် ကောင်းကျိုးတစ်ပိဿာခန့်ရသည်။ 
ဤသုံးသပ်ချက်ကိုကြည့်၍ မည့်သည့်ရုပ်ပွားစေတီကို 
ရှိခိုးပူဇော်သည်ဖြစ်စေ သဒ္ဓါ၊ စေတနာအပြည့်ဖြင့် 
ရှိခိုးပူဇော်သင့်၏။

နာမည်ကြီး ရုပ်ပွားတော်တွေနောက်လိုက်ရင်း ၊
အလိမ်အညာခံရသူများကို တွေ့ရသောကြောင့် ယခုလို ရှင်းလင်းရေးသားရခြင်းဖြစ်သည်။

●ထောင်ကိုကြောက်စရာမလို၊
ဒုစရိုက်မူများကိုသာကြောက်ရမည်။ 
●အပါယ်လေးပါးကို ကြောက်စရာမလို၊ 
အကုသိုလ်ကံများကိုသာကြောက်ရမည်။ 
●ရုပ်ပွားစေတီများကို ကြောက်စရာမလို၊ 
ထိုရုပ်ပွားစေတီများကို မရိုမသေပြုလုပ်သော 
စေတနာဆိုးကိုသာ ကြောက်ရမည်။ 
●ရုပ်ပွားစေတီကခိုက်ခြင်းမဟုတ်၊ 
စိတ်ဆိုး စေတနာဆိုးကသာ ခိုက်ခြင်းဖြစ်သည်။ 

-【ဆရာတော် အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ)】 

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

Via..Tin Maung

“ကျုပ်ဟာ တစ်သက်လုံး ဗုဒ္ဓဘာသာ လို့ ပြောခဲ့ တာပဲ။ တကယ်တော့ မည်ကာ မတ္တ “ဗုဒ္ဓဘာသာ”မျှ သာ ဖြစ်ခဲ့ တာကို ခုလို တရား စာပေလေ့လာ မိမှ ပိုပြီး သတိရတယ်။
 

ကျုပ်ဟာလောကမှာ ရှိတဲ့ မကောင်းမှု မှန်မျှ မလုပ် ခဲ့ဖူးတာ လည်း မရှိဘူး။ ကျုပ်ဟာ လောက ရဲ့ ခံစားရ မယ့် အကောင်းဆုံးတွေ ကိုလည်း မခံစား ဖူးတာ မရှိဘူး။ ဒါပေမဲ့ ခုတွေ့ရ တဲ့ တရားတော်ရဲ့ အဆီ အနှစ်တွေ ကို ကျုပ် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”ဟု ဖွင့်ဟ ၀န်ခံလျက် -

“ကျုပ် မှာ အာဏာ ရှိတဲ့အချိန် တုန်းကလည်း ဘာသာရေးကို အလေးအနက် မပြုမိဘူး။ ဘာသာရေး ဟာ ကျုပ်အတွက် ဟန်ပြ အဆောင် အယောင် တစ်ခုလောက်သာ ရှိခဲ့တယ်။
 


ကျုပ်ဆန္ဒမှာ ရှိတာက ကျုပ် အာဏာတည်မြဲရေး၊ ကြီးပွားရေး နဲ့ တိုင်းပြည် ကို ကျုပ် ကြိုက်တဲ့ ပုံစံ သွင်းချင်တာပဲ ကျုပ်မှာ အဓိကဖြစ်ခဲ့တယ်။ အဲဒီ အချိန်ကသာ ခုတွေ့ရတဲ့ တရားတော်တွေ ကို တွေ့ရလျှင် ခုလိုလည်း ဖြစ်မယ်မထင် မိဘူးဟု ဖွင့်အံခဲ့သည်။

ဤမျှ သာ မက ဦးစောတွင် ကြီးမားသော အစွဲ အလမ်းကြီး တစ်ခုကြောင့် သူ့တွင် စိတ် အထိခိုက်ဆုံး ဖြစ်ခဲ့ ရသေးသည်။

“အဲဒီ တုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီး ဘ၀နဲ့ ရွှေဘိုနယ် ကို ရောက်ခဲ့တယ်။
အဲဒီ အချိန်က ရွှေဘိုနယ် မှာ အတော် ထင်ရှား ကျော်ကြားနေတဲ့ အလောင်းဘုရား ဦးအောင်ဇေယျ ကိုးကွယ်ခဲ့တဲ့ သင်္ကန်းနက် ဘုရား မတ်ရပ် ဆင်းတုတော် ဟာ အတော် တန်ခိုးကြီးတယ်၊
ဆုတောင်းပြည့်တယ်၊ လိုတရတယ်၊ ရန်ကိုအောင်နိုင်တယ် ဆိုတဲ့ သတင်းကြောင့် ဒီဘုရား ကို မရ အရ၊ ရတဲ့နည်း နဲ့ ကျုပ်ယူခဲ့ မိတယ်”

(မှတ်ချက်) မသမာသော နည်းဖြင့် ယူခဲ့ခြင်း ကို ဆိုလိုဟန် တူသည်။

ဒါပေမဲ့ ကိုးကွယ်လို လို့ ကြည်ညို သဒ္ဓါနဲ့ ပင့်ခဲ့တာ မဟုတ်ဘူး။ကျုပ် အကျိုး အတွက် ကြည့်ပြီး ယူခဲ့တာပဲ။
ဒီတော့ သာမန် မျှသာ ကိုးကွယ်မူ အဆင့်တွင် မဟုတ်ဘဲ ကျုပ်ရဲ့ အဆောင်သဘောမျိုး ပဲ ထားခဲ့ မိတယ်။
ဒါဟာ ကျုပ်ရဲ့ မဟာ အမှားကြီးပါပဲ။
 

 နောက်မှ သိရတာက အဲဒီ ဆင်းတုတော်ကြီးဟာ တန်ခိုးကြီး သလောက် အလွန် ခိုက်တယ်
ဆိုတာ သိရတော့ နောက်ကျ သွားပြီ။


“ဒီတော့ ကျုပ်ဟာ အင်္ဂလိပ် အကျဉ်းသမားဖြစ်လိုက်၊ သေနတ်ချောင်းပစ် ခံရလိုက် နဲ့ နောက်ဆုံး ခုချိန်ထိ ဖြစ်ခဲ့ ရတာပဲ။  နောက်ကျုပ် ဒီရောက် မှ အဲဒီ ဆင်းတုတော်ကြီး ကို ရွှေတိဂုံစေတီတော်
စနေထောင့် မှာ ကျောင်းဆောင် တစ်ခုနဲ့ လှူဒါန်း လိုက်ရတယ်”ဟု ၀မ်းနည်းစွာပြောခဲ့သည်။
  ၎င်းဘုရား အား ဦးစော ကို သရဏဂုံ တင်စဉ်မှ  ရေစက်ချ သွားခဲ့သည်။


“ဘုရားက မခိုက်ပါ၊ မရိုက်ပါ”
••••••••••••••••••••••••
(မှတ်ချက်) ဤနေရာ ၌ ဗုဒ္ဓဘာသာ အများစု၏ မှားယွင်းနေသော
အယူအဆ တစ်ခုကို ဖြေရှင်းပေး လိုပေသည်။

ဗုဒ္ဓဘာသာ အများစုသည် ဘုရားရုပ်ပွား များ၊  စေတီများက ခိုက်သည် ဟု ယူဆ တတ်ကြသည်။
အမှန်က ခိုက်ဟူသည် မကောင်းကျိုး များ ကျရောက်ခြင်း ကို ဆိုလိုပေ၏။ 


ထိုမကောင်းကျိုး များကို  သက်ရှိထင်ရှား ဘုရား ကလည်း မလုပ်သလို၊ သက်မဲ့ ရုပ်ပွားဆင်းတုတော် များကလည်း မလုပ်ပေ။
သို့ ဆိုလျှင် မည်သူ က လုပ်သနည်း -
ထို ဘုရားရှင်နှင့် ရုပ်ပွားတော်တို့ အပေါ် မရို မသေပြုလုပ်သော
“အကုသိုလ်ကံ စေတနာ”က ပြုလုပ်ပေးခြင်းဖြစ်သည်။
 

အရှင်ဒေ၀ဒတ်  မြေမျိုအောင် သူ၏ စေတနာ ဆိုးခေါ် အကုသိုလ် က လုပ်ခြင်းဖြစ်သည်။
ယခုဖြစ်ရပ်တွင် လည်း ဦးစော ကို ဒုက္ခရောက်အောင် လုပ်သည်မှာ “သင်္ကန်းနက် ရုပ်ပွား”မဟုတ်။ ထိုရုပ်ပွားတော် ကို လောကီ၊အာဏာပါဝါ ကိစ္စတွင် အဆောင် အဖြစ် မရိုမသေ အသုံးချခဲ့သော
ေ စေတနာဆိုး အကုသိုလ်ကြောင့်သာ ဖြစ်သည်။  လောဘ၊ ဒေါသ ကင်းစင်ပြီးဖြစ်သော ဘုရားရှင်သည်
မည်သည့် သတ္တ၀ါ၏ ဆိုးကျိုးကို မျှော်လင့်လေ မည်နည်း -


တစ်ဆက်တည်း သိသင့်သည်မှာ -
••••••••••••••••••••••••••••••
“မကောင်းကျိုး ကို ဘုရားရှင်နှင့် ရုပ်ပွား များက   ပေးသည် မဟုတ်သလို ၊ကောင်းကျိုး ကိုလည်း
ေ ပေးသည် မဟုတ်ပေ။ မိမိ ကိုကောင်းကျိုးပေး သည်မှာ ထိုဘုရား ရှင်နှင့် ရုပ်ပွားများ၊ သံဃာတော်များ အပေါ်တွင် ထားသော စေတနာ သာဖြစ်သည်။”


မဟာမြတ်မုနိ ကို ရှိခိုး ပူဇော်ခြင်းနှင့် မိမိအိမ် မှ သုံးလက်မ ရုပ်ပွားလေး ကို ရှိခိုး ပူဇော်ခြင်းနှစ်မျိုးတွင် မည်သည့် ပူဇော်မူက ကောင်းကျိုး ကိုပေးသနည်း ဟု မေးခဲ့ငြားအံ့။
 

အဖြေကား ရုပ်ပွား ကိုကြည့်ပြီး ဆုံးဖြတ် ၍မရ။ စေတနာ ကိုကြည့်ပြီး ဆုံးဖြတ်ရမည် ဟု ဖြစ်၏။
မည်ကဲ့သို့ ဆုံးဖြတ် မည်နည်း -


●ရှိခိုး ပူဇော်ချိန် တွင် စေတနာ တစ်ကျပ်သားခန့် သာပါလျှင်ေ ကောင်းကျိုး တစ်ကျပ်သား ခန့် သာ ရသည်။
 

●စေတနာ တစ်ပိသာခန့် ပါလျှင် ကောင်းကျိုး တစ်ပိဿာခန့် ရသည်။ ဤ သုံးသပ်ချက် ကိုကြည့် ၍ မည့်သည့် ရုပ်ပွားစေတီ ကို ရှိခိုး ပူဇော်သည်ဖြစ်စေ သဒ္ဓါ၊ စေတနာ အပြည့်ဖြင့် ရှိခိုး ပူဇော်သင့်၏။

နာမည်ကြီး ရုပ်ပွားတော်တွေနောက် လိုက်ရင်း ၊ အလိမ် အညာ ခံရသူများကို တွေ့ရသောကြောင့် ယခုလို ရှင်းလင်းရေးသား ရခြင်းဖြစ်သည်။

●ထောင် ကိုကြောက်စရာ မလို၊ ဒုစရိုက်မူများ ကိုသာကြောက်ရမည်။
 

●အပါယ်လေးပါး ကို ကြောက်စရာ မလို၊ အကုသိုလ် ကံများ ကိုသာကြောက်ရမည်။
 

●ရုပ်ပွားစေတီများ ကို ကြောက်စရာ မလို၊  ထိုရုပ်ပွားစေတီများ ကို မရို မသေပြုလုပ်သော
ေ စေတနာဆိုး ကိုသာ ကြောက်ရမည်။
 

●ရုပ်ပွားစေတီ ကခိုက်ခြင်း မဟုတ်၊ စိတ်ဆိုး စေတနာဆိုး ကသာ ခိုက်ခြင်းဖြစ်သည်။


-【ဆရာတော် အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ)】
Dhamma Dãna Source ► www.facebook.com/youngbuddhistassociation.mm
Via..Tin Maung


No comments:

Post a Comment