*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 9 July 2014

မိုးရာသီ နဲ့ ဒူးရင်းသီး ( စားခြင်း အကျိုးကျေးဇူး )

YoYarLay's photo.

အနံ့ ပြင်း တဲ့ အထဲ မှာ သူက ထိပ်ဆုံး ကပါ လို့ မကြိုက်သူ အများ ရဲ့ နှာခေါင်း ရူပ် တာတွေ ခံနေရတဲ့ စားကောင်းတဲ့  အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလ ရာသီ ချိန် ဖြစ်တာနဲ့ အညီ ပေါပေါနဲ့ စားနိင် လာတဲ့ နှစ်သက် သူများ အတွက် ဒူးရင်းသီး ပါ။ 

အင်္ဂလိပ် နာမည်မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒ နာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရ ပါတယ်။ ဒူးရင်းသီး မျိုး ၃၀လောက် အမျိုးစား ကွဲများ ရှိပြီး ထို အထဲ မှာမှ အမျိုး အစား (၉) မျိုးလောက် သာ စားကောင်းပါတယ်။  

နိင်ငံတကာ ဈေးကွက်တွေ မှာတော့ Durio zibethinus ဆို တဲ့ ဒူးရင်း တစ်မျိုး သာ ရရှိပြီး ကျန်တဲ့ အမျိုး အစားတွေ ကိုတော့ ဒေသ တွင်းမှာ သာရောင်းချလျက် ရှိပါတယ်။


 YoYarLay's photo.

ဒူးရင်းသီး ဟာ အပူပိုင်း သစ်သီးတွေ ဖြစ်တဲ့ ဌက်ပျောသီး၊ ထောပတ်သီး တို့ လိုပဲ အာဟာရ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ မှာ ကြွယ်ဝ တယ်။ ဒူးရင်းသီး တစ်လုံး ကို ၆၀၂ ဂရမ်လောက် ရှိပြီး ကယ်လိုရီက ၈၈၅ နှုန်း ရှိပါတယ်။ 

ထိုအထဲ မှာမှ အသားဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တွေ အပြင် ဗီတာမင် စီ အများဆုံး နဲ့ ဗီတာမင် B6 တို့ အများဆုံး ပါဝင်ပါတယ်။ ထိုဓာတ်တွေ ဟာ ခန္ဓာကိုယ် ရဲ့ ခုခံမူ အားကို မြင့်တင် ပေးပြီး ရောဂါတွေကို ကာကွယ်ပေးနိင်ပါတယ်။ 

အသီးဟာ နူးညံ့ လှပြီး အစားခြေ လွယ်အောင် ကူညီပေးတဲ့ Fructose ကဲ့သို့ သကြားဓာတ်တွေ ပါဝင်တဲ့ အတွက် အစားခြေ မူကို လွယ်ကူစေပြီး ခွန်အား ကို ဖြည့်တင်းပေးတဲ့နေရာ မှာ လွယ်လွယ် ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနိင် ပါတယ်။

ပိန်တဲ့ သူများ ကိုလည်း ၀စေနိင်တဲ့ အာဟာရတွေ ပါဝင်ပြီး ပြည့်ဝ လွယ်တဲ့ မကောင်းတဲ့ ကိုယ်လက် စထောတွေ မပါဝင် တဲ့ အတွက် စားသင့်တဲ့ အသီး တစ်သီး ဖြစ်ပါတယ်။


Ref: nutrition-and-you
အောင်ဟိန်း (ရိုးရာလေး)


No comments:

Post a Comment