*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 19 July 2014

ခင်ပွန်းကို အမှုဆင်ရန် အတွက် အိုဘားမား ကို အဆိပ်ခတ်ရန် ကြိုးစား သည့် အမျိုးသမီး ထောင်ဒဏ် (၁၈)နှစ် ချမှတ် ခံရ



ခင်ပွန်း(ဟောင်း) ကို အမှုဆင်ရန် အတွက် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား ကို အဆိပ်ခတ် ရန် ကြိုးပမ်း ခဲ့သည့် အမျိုးသမီး သရုပ်ဆောင် တစ်ဦးကို တက္ကဆက်စ် တရားရုံး တစ်ခုက ထောင်ဒဏ် (၁၈)နှစ် ချ မှတ် လိုက်ကြောင်း သိရသည်။


Walking Dead ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ များ အပါအဝင် ဇာတ်ကား အချို့တွင် မထင်မရှား ဇာတ်ဝင် ခန်း အချို့ မှ ပါဝင်သရုပ်ဆောင်ဖူး သည့် ရှန်နွန်ဂက်စ် ရစ်ချတ်ဆန် ကို ဓာတု လက်နက် ထုတ်လုပ်မှု၊ ပိုင်ဆိုင် မှု စွဲချက်များ အတွက် အပြစ်ရှိကြောင်း ခရိုင်တရားသူကြီး မိုက်ကယ်ရှနေးဒါးက ဆုံးဖြတ် ကာ နှစ် ရှည်ထောင်ဒဏ် အပြင် နစ်နာကြေး အဖြစ် ၃၆၇၂၂၂ ဒေါ်လာ သီးခြားပေးဆောင် န် အမိန့် ချမှတ်ခဲ့သည်။


အသက် (၃၆)နှစ် ရှိ ရှန်နွန် သည် စီရင်ချက် မချမှတ်မီ တွင် တရားသူကြီး ကို တောင်းပန် စကား ဆိုခဲ့ပြီး “ဘယ်သူ့ ကိုမှ နာကျင် ထိခိုက်စေ ဖို့ ကျွန်မ မရည်ရွယ်ခဲ့ ပါဘူး။ ကျွန်မ က လူဆိုး တစ်ယောက်လည်း မဟုတ်ဘူး။ ကျွန်မနိုင်ငံ ကို ချစ်သလို သမ္မတ ကိုလည်း လေးစားပါတယ်”ဟု ပြောကြားခဲ့သည်။ 


သူမ သည် ပဲစေ့ မှ ထုတ်လုပ် သည့် Ricin ခေါ် အဆိပ် တစ်မျိုး သုတ်လိမ်းထား သည့် စာများ ကို ခင်ပွန်းဖြစ် သူ နေသန်ရစ်ချတ်ဆန် ၏ အမည်ဖြင့် အိုဘားမား၊ နယူးယော့ခ် မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွမ်းဘာ့ဂ်နှင့် သေနတ်ကိုင်ဆောင် မှု လျှော့ချရေး တက်ကြွလှုပ်ရှား သူ မာ့ခ်ဂလေ့ဇ် တို့ထံ ပေးပို့ ခဲ့သည်။

ပြီးခဲ့သည့်နှစ်၊ ဇွန်လ က ရဲများ က ဖမ်းဆီးခဲ့သည်။ ရှန်နွန် အဖမ်း ခံရချိန်တွင် ခင်ပွန်းဖြစ် သူ နေသန် ကလည်း သူမ ကို ကွာရှင်းရန် တရားရုံး တွင် လျှောက်ထားခဲ့သည်။ ရှန်နွန် သည် အဆိပ်ပြုလုပ် ရန် လိုအပ် သည့် ပဲစေ့နှင့် အချို့သော ပစ္စည်းများ ကို ခင်ပွန်းသည် ၏ အမည်ဖြင့် ပြုလုပ်ထားသည့် Email အသစ်၊ PayPal Account အသစ် တို့ဖြင့် Online မှ တစ်ဆင့် မှာယူခဲ့သည်။ 


Ricin သည် ရှူရှိုက် မိပါက အသက်ရှူ ကျပ်စေပြီး အသက်ရှူ လမ်းကြောင်း ကို ထိခိုက်စေသည့် ဇီဝ အဆိပ် တစ်မျိုး ဖြစ်သည်။ သေစေနိုင်သည် အထိ အာနိသင် ရှိသော အဆိုပါ အဆိပ် အတွက် သီးသန့်ဖြေဆေး ထုတ်လုပ်နိုင်ခြင်း မရှိသေးချေ။

(၂၀၁၃) ခုနှစ်၊ မေလ(၂၀)ရက်နေ့ က ရှန်နွန် သည် ခင်ပွန်းဖြစ်သူ အလုပ် သို့ သွားရောက် သည့် အချိန် ထိ စောင့်ဆိုင်းပြီးနောက် အိုဘားမား၊ ဘလွမ်းဘာ့ဂ်နှင့် ဂလေ့ဇ်တို့ ထံ လိပ်မူသော စာ(၃)စောင် ကို ပေး ပို့ခဲ့သည်။ ရန်စလှုံ့ဆော် သည့် အသုံး အနှုန်းများ ပါရှိသော အဆိုပါ စာများကို  နေသန်၏ အမည်ဖြင့် ပေးပို့ ခဲ့ခြင်း ဖြစ်ပြီး သူမကို အာဏာပိုင် များက ဖမ်းဆီးချိန် တွင် ရှန်နွန်က ခင်ပွန်းသည် အား အမှုဆင်ရန် အားထုတ်ခဲ့ခြင်းဟု ဝန်ခံခဲ့ရသည်။ 


ရှန်နွန် သည် စာများပေးပို့ပြီး (၁၀) ရက် အကြာတွင် အဆိုပါ ကိစ္စသည် နေသန် ၏ လုပ်ကြံ ဖန်တီးမှုအဖြစ် ရဲများ ထံ သွားရောက် တိုင်ကြား ခဲ့ရာမှ ဆက်စပ် စစ်ဆေးမှုများကြောင့် အမှုမှန် ပေါ်လာခြင်း ဖြစ်သည်။

ထိုဖြစ်ရပ် တစ်ခုလုံး တွင် နေသန် အနေဖြင့် တစ်စုံ တစ်ရာ သိရှိ ပါဝင် ခဲ့ခြင်း မရှိကြောင်းလည်း သိရ သည် ။ ရှန်နွန်တွင် သားသမီး (၆)ဦးရှိသည်။
 

Ref: Channelnewsasia
7Day Daily
From...Myanmar Online News

No comments:

Post a Comment