*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 19 July 2014

အာဇာနည်နေ့ အထူး ဆောင်းပါး

July 1

အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံခဲ့ရသော အတွင်းဝန် ရုံးဟောင်း အား တွေ့ရစဉ်။
အာဇာနည် များ ၏ မမေ့အပ်သော သမိုင်းဝင် အမှတ်တရ နေရာ များ

(၆၇) နှစ် ကြာမြင့် ခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသား တို့မေ့ ပျောက်၍ မရ နိုင်သည့် ဗိုလ်ချုပ်အောင်ဆန်း နှင့် နိုင်ငံ့ခေါင်းဆောင် များ လုပ်ကြံ ခံခဲ့ ရသော ဇူလိုင် ၁၉ရက် သို့ ရော က် ရှိတော့ မည်ဖြစ်သည်။


၁၉၄ရ ခုနှစ်၊ ဇူလိုင် ၁၉ရက်၊ နံနက် ၁ဝနာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ အ တွင်းဝန်များ ရုံး၌ အစည်း အဝေးပြုလုပ်နေ စဉ် အတွင်း ဗိုလ်ချုပ် အောင်ဆန်း နှင့် အစိုးရ ဝန်ကြီး များအား သမိုင်းဝင် နိုင်ငံတော် လုပ်ကြံ မှုကြီးဖြစ်ပွား ခဲ့သည်။  

နိုင်ငံတကာ တွင် အာဇာနည်ခေါင်းဆောင် များ၏ အမှတ်တရ ပုံရိပ်များ ကို ပြတိုက် အဖြစ် ခင်းကျင်းပြ သခြင်းများ ရှိသကဲ့ သို့ မြန်မာနိုင်ငံ တွင် လည်း တိုင်းပြည် ၏ အစားထိုး မရသည့် ခေါင်းဆောင် ဖြစ် သော ဗိုလ်ချုပ်အောင်ဆန်း ၏ နေအိမ်ကို ပြတိုက်အဖြစ် ပြုလုပ်ခဲ့သည်။ 

ဗိုလ်ချုပ်အောင်ဆန်း ၏ နေအိမ် ကို ပြတိုက် အဖြစ် ပြုလုပ် ခဲ့သော်လည်း အခြား သမိုင်း ဝင် နေရာ များဖြစ် သည့် ဂျူဗလီဟော၊ ဝန်ကြီး များရုံး၊ အာဇာနည် ဗိမာန်၊ ဆိုရန်တိုဗီလာ အ ဆောက်အအုံ စသည်တို့ အနက် အချို့မှာ ပျောက်ကွယ်၍ အချို့မှာ ယနေ့ တိုင်ရှိနေဆဲ ဖြစ်သည်။ 

အာဇာနည် များ၏ သမိုင်းဝင် အ မှတ် တရ အဆောက် အအုံများ ၊ နေရာမှာ မြန် မာနိုင်ငံ အတွင်းများစွာ ရှိခဲ့ သည်။ ၎င်းတို့ အ နက်ထင်ရှားသော အဆောက်အအုံ များ၊ တစ် နည်း အားဖြင့် အမှတ်တမဲ့သာ ရှိ ခဲ့သော အမှတ် တရဖြစ် ဖွယ် အဆောက် အအုံများ၊ နေရာများ အကြောင်း ကို နှောင်းလူ တို့ သိရှိ မှတ်သားနိုင် စိမ့်သောငှာ ရှာဖွေ စုဆောင်းရေးသား လိုက် ရပါသည်။
ဂျူဗလီဟော သို့မဟုတ် ပျောက်ကွယ် သွားသည့် သမိုင်းဝင်နေရာ
ဂျူဗလီဟော (Jubilee Hall) ကို ရွှေတိဂုံ ဘုရားလမ်း ၌ ဝိတိုရိယ ဘုရင်မကြီး ၏ နန်း သက်(၆၀)နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ရည်မှန်းပြီး မဟာ ဝန်ရှင်တော်မင်းကြီး အလက် ဇန္ဒား မက်ကင်ဇီ ဦးစီး၍ ၁၈၉၅ ခုနှစ်၊ ဇန်န ဝါရီလ မှ စတင်တည်ဆောက်ခဲ့ ကာ ၁၈၉ရ ခုနှစ်တွင် တည်ဆောက်ပြီးစီး ခဲ့ပြီး တစ်ခေတ် တစ်ချိန် အခါက ရန်ကုန်မြို့ ၏ အထင်ကရ အဆောက် အအုံကြီး ဖြစ်ခဲ့ သည်။

အင်္ဂလိပ် ကိုလိုနီ အစိုးရ လက်ထက် ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ရက်၌ ရန်ကုန်တက္ကသိုလ် ၏ ပထမဆုံး အကြိမ် ဘွဲ့နှင်း သဘင် အခမ်းအ နား ကိုလည်း ဂျူဗလီဟော တွင် ကျင်းပခဲ့ ကြောင်း သိရသည်။ ယင်း အချိန်က အရှေ့ တိုင်း စာပေပါမောက္ခ ဦးဖေမောင်တင်နှင့် ဒီး ဒုတ်ဦးဘချို တို့ ပါဝင်ဖျော်ဖြေသော မြို့မ ကျောင်းတည်ဆောက်ရန် ရန်ပုံငွေရှာဖွေ သည့် ပွဲကိုလည်း ဂျူဗလီ ဟောတွင် ကျင်းပခဲ့ ပြီး မြို့မကျောင်း ကို တည်ဆောက်နိုင်ခဲ့ ကာ မြို့မကျောင်းမှာ ယနေ့တိုင် တည်ရှိနေသည် ကိုတွေ့ရသည်။ ထို့အပြင် ရန်ကုန်မြို့၏ သ မိုင်းဝင်နေရာတစ်ခုဖြစ်သည့် ရန်ကုန် တက္က သိုလ်ဓမ္မာရုံတည်ဆောက်ရန် အစည်း အဝေး ပွဲများပြုလုပ် ခဲ့ပြီး ရန်ပုံငွေ ရှာဖွေရေး ပွဲလမ်း သဘင်များ ကျင်းပခဲ့သည်။

ယင်း ကဲ့သို့ရန်ပုံ ငွေများ ရှာဖွေနိုင်ခဲ့ခြင်းကြောင့် ရန်ကုန် တက္ကသိုလ် တွင် ပထမဆုံး ဗုဒ္ဓဘာသာဝင် များ ဝတ်ပြု အလှူ ဒါနပြုလုပ်နိုင်သည့် ဓမ္မာရုံ ကို တည် ဆောက်နို င်ခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် တွေ့မြင် နေရ ဆဲဖြစ်သည်။

ဂျူဗလီဟော တွင် ပွဲလမ်း သဘင်များ ကျင်းပခဲ့ပုံကို ''အဲဒီ အချိန်တုန်း က ရန်ကုန် တက္ကသိုလ်မှာ ခရစ်ယာန် ဘာသာဝင်တွေ ဝတ်ပြု ဆုတောင်းဖို့ ဂျပ်ဆင် ရှိပေမယ့် ဗုဒ္ဓ ဘာသာဝင်တွေ ဝတ်ပြု အလှူ ဒါနပြုလုပ်နိုင်ဖို့ အတွက် ဓမ္မာရုံ မရှိသေးလို့ ဓမ္မာရုံ တစ် ခုတည် ဆောက်နိုင်ဖို့ အစည်းအဝေးတွေ လုပ်ပြီး ရန်ပုံငွေ ရှာဖွေရေးဖျော်ဖြေပွဲတွေ လုပ်ခဲ့ပါတယ်။


 ရေသည်ပြဇာတ်၊ မင်းကုသဇာတ်၊ သုဝဏ္ဏ သာမဇာတ်တွေ အပါအဝင် အခြား အစီအ စဉ်တွေ ကို ဂျပ်ဆင်ကောလိပ်၊ ဆရာဖြစ်သင် ကောလိပ် က ကျောင်းသားတွေ ကပြ ခဲ့ကြ တာ လိုအပ် တဲ့ရန်ပုံငွေတွေ ရခဲ့ကြ ပါတယ်'' ဟု ယင်း အချိန်က ဂျပ်ဆင်ကောလိပ်ကျောင်း သား တစ်ဦးဖြစ်သည့် အသက်၉၁နှစ် အရွယ် အဘဦးလူလှ က ဆိုသည်။
ဂျူဗလီဟော (Jubilee Hall) ဟူသည့် အ မည်ကို အာဇာနည်ခေါင်းဆောင်ကြီးများ ၏ ဈာပန အခမ်းအနား ကျင်းပသည့်နေရာ ဟု ကြားဖူးကြ မည်ဖြစ်သော် လည်း တည်နေရာ ကို မေးမြန်းလျှင် ယနေ့ခေတ် လူငယ် များအ နေဖြင့်ပြော ဆိုနိုင်ခြင်း မရှိ သလောက်ဖြစ်နေ သည်။ 


၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက် တွင် ဂျူဗလီဟော ကိုဖျက် ၍ တပ်မတော်စစ် သမိုင်းပြတိုက် အဖြစ် တည်ဆောက် ခဲ့သော ကြောင့် တွေ့မြင်နိုင်ခြင်း မရှိတော့သည့် သမိုင်း ဝင်နေရာ တစ်ခုဖြစ်နေသည် ကို ဝမ်းနည်းဖွယ် ရာတွေ့မြင်ရသည်။
အမေ့ပျောက်ခံ ဆိုရန်တိုဗီလာ
ဆိုရန်တိုဗီလာ ဆိုသည်မှာ အမှတ် ၃၆၀၊ ပြည်လမ်း၊ ရန်ကုန်မြို့၊ ဟံသာဝတီ အဝိုင်းအ နီးရှိ စာပေဗိ မာန်ခေါ် ဘာသာပြန် စာပေ အ သင်း၏ ပုံနှိပ် လုပ်ငန်းမျာြး ပုလုပ်ခဲ့သော အ ဆောက် အအုံဖြစ် သည်။ ဆိုရန်တီဗီလာ အ ဆောက်အအုံ ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီး၍ နိုင်ငံပြန်လည် ထူထောင် ရေး အတွက် ညှိနှိုင်း ဆွေးနွေးပွဲ များ ကျင်းပခဲ့သည့်နေရာ ဟု ပြည်သူ အများ သိရှိသူ မရှိ သလောက်ပင် နည်းပါးသည်။

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီး ၍ အစိုးရ အဖွဲ့ဝင်များ၊ လူထုခေါင်းဆောင် များ ဖြင့် စစ်ကြောင့်ပြာပုံ အတိဖြစ်နေသော မြန် မာနိုင်ငံ ပြန်လည် ထူထောင်ရေး အစည်းအဝေး ကြီးကို ၁၉၄ရ ခုနှစ်၊ ဇွန် ၆ရက် ၌ ဆိုရန်တိုဗီ လာ အဆောက်အအုံ တွင် ကျင်းပခဲ့ကြသည်။ 


ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံကို နှစ် နှစ်တာကာလအတွင်း စီးပွားရေးအခြေအနေ တိုးတက်ကောင်း မွန်ရန်အတွက် မြှင့် တင်ရ မည့်နည်းလမ်းများကို ဆွေးနွေး၍ စီမံကိန်း များချမှတ်ခဲ့သည်။
ယင်း စီမံကိန်း များမှာ 


(၁)မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေ ကို တိတိကျကျ သိရှိရန် စာရင်းအင်း အချက်အလက် များ တိုင်ပင်ရန်၊ 

(၂) ထို အချက်အလက် များကို မှီ၍ စီးပွားရေး စီမံကိန်း များရေး ဆွဲရန်၊ 

 (၃) စီမံကိန်း များတွင် သုံးစွဲမည့် ဘဏ္ဍာငွေများ ရှာဖွေရန်၊ 

(၄)စီမံ ကိန်းဖြစ်မြောက်စေရန် နည်းလမ်းများရှာဖွေ ရန်နှင့် (၅)ထိုသို့သောစီမံကိန်းများကို စုပေါင်း စစ်ဆေး ညှိနှိုင်း၍ အတည်ပြု ဆုံးဖြတ်နိုင်ရေး အတွက် ဆိုင်ရာအဖွဲ့များ ဖွဲ့စည်းကြရန် တို့ ဖြစ်သည်။ ဆိုရန်တိုဗီလာအဆောက်အအုံ တွင် ကျင်းပ၍ ချမှတ်နိုင်ခဲ့သည့် စီမံကိန်း ဖြစ်သောကြောင့် ဆိုရန်တို ဗီလာစီမံကိန်းဟု ခေါ်ဆိုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံရခြင်းမှာ ဆိုရန်တိုဗီလာ စီမံကိန်းနှ ပတ်သက်နိုင်ကြောင်း ကို ''ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံရ တာက ဒီ စီမံကိန်းတွေ ရေးဆွဲတာ လည်း ပါတယ်လို့ ဒီမှာ ရှိ တဲ့ စာတမ်း တချို့ မှာ ပါတာတွေ့ရပါ တယ်။


 မြန်မာနိုင်ငံ နဲ့ စီးပွားဖက်ဖြစ်ခဲ့ ဖူးတဲ့ ဗြိတိသျှ အရင်းရှင် တစ်စုက သီပေါဘုရင်လက် ထက် ကတည်းက လျှို့ဝှက် အဖွဲ့တစ်ခု ဖွဲ့ခဲ့ပြီး အထက် ဗမာပြည် ကို သိမ်းပိုက်ဖို့အထိ စစ် ဗိုလ်ချုပ်တွေကို တိုက်တွန်းခဲ့ ပါ တယ်။ 

ဗိုလ်ချုပ် ကလည်း စီးပွားရေး လုပ်ငန်းကြီးတွေ ကို နိုင်ငံပိုင်ပြုလုပ်မယ် ဆိုတဲ့ စီမံကိန်းတွေ ရေး ဆွဲခဲ့ တာ ကြောင့် ဒီလျှို့ ဝှက် အဖွဲ့ကြီးရဲ့ရန်သူ ဖြစ်လာပြီး ဒီ အဖွဲ့ကပဲ ဗိုလ်ချုပ် ကို လုပ်ကြံနိုင် ဖို့ စီစဉ်ခဲ့ တယ် ဆိုပြီး စာတမ်းမှာပါတာကို ဖတ်ရပါတယ်''ဟု အင်္ဂလန်နိုင်ငံတွင် နိုင်ငံ ရေးသိပ္ပံပညာ ရပ် ဖြင့် ဒီပလိုမာ သင်တန်းတက် နေသည့် ဦးမင်းမင်းလတ် က သူ ဖတ်ဖူးသည့် နိုင်ငံခြား ပညာရှ င်တစ်ယောက် ရေးသား သည့် စာတမ်း တစ်ခုကို မှီငြမ်း၍ ပြောပြသည်။
ယနေ့ အချိန်တွင် ဆိုရန်တိုဗီလာ စီမံကိန်း ကို ပြည်သူ အချို့မသိရှိကြသကဲ့သို့ အဆောက် အအုံမှာလည်း အစိုးရ က ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုကို လုပ်ကိုင်ခွင့်ပေးထားသည့် အတွက် ပြည်သူ များ လေ့လာခွင့် မရဘဲအမေ့ ပျောက်ခံနေရသည့် သမိုင်း ဝင်နေရာတစ်ခု ဖြစ်နေတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် သည် ရန် ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၃)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက် လမ်းတွင်တည် ရှိသည်။ ပြတိုက် တွင် ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ အသုံးပြု ခဲ့ သော အသုံး အ ဆောင်ပစ္စည်းများနှင့် စာအုပ် စာတမ်း များ ပြသထားသည်။

ဗိုလ်ချုပ်အောင်ဆန်း သည် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်၊ သားသမီး များဖြစ်ကြသော အောင်ဆန်းဦး ၊ အောင်ဆန်းလင်း ၊ အောင် ဆန်း စုကြည်တို့နှင့်အတူ ယင်းနေအိမ်တွင် နေထိုင်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း ကွယ် လွန်ပြီးနောက်တွင် လည်း ဒေါ်ခင်ကြည်နှင့် သားသမီးများသည် အဆိုပါနေ အိမ်တွင် ဆက်လက်နေထိုင် ခဲ့ကြသည်။ သားလတ်ဖြစ် သူ အောင်ဆန်းလင်း ခြံဝင်း အတွင်းရှိ ရေ ကန်ငယ် တွင် ရေနစ်သေဆုံး သည့် ၁၉၅၃ ခုနှစ် စ၍ ဒေါ်အောင်ဆန်းစုကြည် လက် ရှိနေထိုင်လျက် ရှိသည့် တက္ကသိုလ်ရိပ်သာ လမ်းနေအိမ် သို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ အစိုးရ က ၁၉၄၈ ခုနှစ်တွင် ဗိုလ် ချုပ်အောင်ဆန်း ၏နေအိမ် ကို သုံးသောင်း ကျပ်ဖြင့် ဝယ်ယူ ခဲ့ပြီး ပြတိုက် ဖွင့်ရန်ပြင်ဆင် ခဲ့ကာ ၁၉၆၂ ခုနှစ်တွင် စတင် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်သည်။ ပြတိုက် တွင် ဗိုလ်ချုပ်အောင်ဆန်း ၏ တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်း များ၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဂျာဝါ ဟာလာ နေရူး ပေးခဲ့သည့် ကုတ်အကျီနှင့် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သည့် အင်္ဂလန် နိုင်ငံ ထုတ် အနက်ရောင် ဝူစလေကားတို့ကို ပြသထား သည်။ 


 ဗိုလ်ချုပ်မိသားစုဓာတ်ပုံများ၊ ပန်းချီ ကားများ ကို ပြသ ထားသည့်အပြင် ဗိုလ်ချုပ် အောင်ဆန်း ဖတ်ရှုလေ့ လာ ခဲ့သည့် အသုံး ချ မက္ကင်းနစ်နှင့် လေကြောင်း ကာကွယ်ရေး၊ နိုင်ငံရေးဘောဂဗေဒ အပါအဝင် စာအုပ် ပေါင်း ၂၄ဝခန့် ကို ခင်းကျင်းပြသ ထားသည်။
''ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကို သွား ပြီး လေ့လာကြည့်တဲ့ အခါ မှာ ရိုးရိုးအေးအေး နဲ့နေခဲ့ တဲ့ အတွက်ကြောင့် ပြသ စရာ ပစ္စည်း တွေနည်းပါးနေတာတွေ့ ရပါတယ်။ ဗိုလ်ချုပ် ပြတိုက် လိုပဲ နိုင်ငံ တစ်နိုင်ငံ ရဲ့ လွတ်မြောက် ရေး၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာ အတွက် ကြိုးစားတိုက် ပွဲဝင် ခဲ့ကြတဲ့သူတွေ ကို နောက်မျိုးဆက် လူ ငယ်တွေ လေ့လာနိုင်အောင် ပြတိုက်တွေ လုပ်တာမျိုး အပြင် လမ်း၊ တံတား နာ မည်တွေ အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုမှတ်တမ်း တင်တာ မျိုးတွေ ပြုလုပ်ပေးစေချင် ပါတယ်''ဟု ဗိုလ် ချုပ်အောင်ဆန်းပြ တိုက် ကို လေ့လာဖူးသည့် ဒဂုံ တက္ကသိုလ်ကျောင်း သား တစ်ဦးဖြစ်သည့် ကိုသန်းထွန်း နိုင်က ပြောသည်။

အာဇာနည် များလုပ်ကြံ ခံခဲ့ရသည့် အတွင်းဝန်ရုံးဟောင်း

အတွင်းဝန် ရုံးဟောင်း (သို့) ဝန်ကြီးများရုံး သည် မြန်မာနိုင်ငံ ရှိ ဝိတိုရိယခေတ် ဗိသုကာ လက်ရာများ အနက် ထုထည် အကြီးမားဆုံး အဆောက် အအုံဖြစ်ပြီး ရန်ကုန်မြို့၊ သိမ်ဖြူ လမ်းတွင် တည်ရှိသည်။ ယင်းရုံး ရှိ အခန်း များ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ လုပ်ကြံ ခံရသည့် သမိုင်း ဝင် အခန်း တစ်ခုလည်း ပါရှိသည်။

လက်ရှိ အစိုးရ လက်ထက် တွင် ရန်ကုန် မြို့ရှိ ကိုလိုနီ လက်ထက် က အဆောက် အအုံ များကို စီးပွားရေး လုပ်ငန်းရှင် များအား နှစ် ရှည် ငှားရမ်းခွင့် များပေးရာတွင် ဗိုလ်ချုပ် အောင်ဆန်း အပါ အဝင် နိုင်ငံ့ခေါင်းဆောင် များ လုပ်ကြံ ခံခဲ့ရသော သမိုင်းဝင်နေရာ တစ် ခုဖြစ်သည့် အတွင်းဝန်များ ရုံးလည်း ပါဝင် ခဲ့ ရာ ပြည်သူ အများမှ ဝေဖန်ခြင်းကို ခံခဲ့ရသည်။

July 2
ဝန်ကြီးများရုံး အဆောက် အအုံ အား အနု ပညာ အဖွဲ့တစ်ဖွဲ့သို့ နှစ် ၃၀ လုပ်ကို ခွင့် ပြုရန် ယာယီရွေး ချယ် ထားပြီး အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံခဲ့ရသည့် အခန်း အတွင်း တွင် ဖယောင်း ရုပ် များဖြင့် ပြု လုပ်ပြ သခြင်း၊ ပါလီမန် လွှတ်တော်ခန်းမ အားမွမ်းမံ ထိန်းသိမ်းခြင်း၊ တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှု ပစ္စည်းများ၊ ဂျပ်ခုတ် လုပ်ငန်း များ၊ ရက်ကန်းစင် များနှင့် ရိုးရာ စား သောက် ကုန်ပစ္စည်းများ ပြုလုပ်ပုံ အဆင့်ဆင့် ကို ပြသ ရောင်းချခြင်း၊ မြန်မာ့ ယဉ်ကျေးမှု တူရိယာ ပစ္စည်း များစွာ ကို ကျွမ်းကျင် ပညာရှင် များဖြင့် အလုပ်ရုံလုပ်ပြီးပြသခြင်း၊ အနုပညာ သင်တန်း များဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

''နောက်မျိုးဆက်တွေ ကို အမျိုးသား ရေး ဝါဒတွေ လက်ဆင့်ကမ်းပေးတာ မှာသမိုင်း ဘာသာရပ်မှာ မပါလို မဖြစ်ပါဘူး။ အခု အတွင်း ဝန်ရုံးဟောင်း ကိုပြုပြင်နေတယ် ဆိုတာ ကြား ရတော့ သမိုင်း တွေ ကို မပျောက် ပျက်အောင် ထိန်းသိမ်း တာမျိုးဖြစ်သင့်ပြီး ပြီးမြောက်သွား တဲ့ အခါမှာလဲ နိုင်ငံခြားက လာမယ့် ဇိမ်ခံမယ့် သူတွေ၊ အပျင်းပြေ ဗဟုသုတရရုံ လာကြည့်တဲ့ သူတွေ ထက် ကိုယ့်နိုင်ငံ သား လူငယ်တွေကြည့် ရှုပြီး အမျိုးသားရေး စိတ်ဓာတ်တွေ နိုးကြား လာအောင် လုပ်ဖို့လိုပါတယ်''ဟု ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးကပြောသည်။

အာဇာနည် ဗိမာန်
ဇူလိုင် ၁၉ရက် လုပ်ကြံ မှုကြောင့် ကျဆုံး ခဲ့သော အာဇာနည်ခေါင်းဆောင် ကိုးဦး အ နက် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေး တို့ကို ၎င်း တို့ ကိုးကွယ်သည့် ဘာသာ ထုံးစံအရ ချက် ချင်း သင်္ဂြိုဟ်ခဲ့ပြီး ကျန် ရှိ သောခေါင်းဆောင် များ ၏ ရုပ်ကလာပ် ကို ပြည်သူ အများကြည့်ရှု နိုင်ရန် ရွှေတိဂုံဘုရားလမ်း ရှိ ဂျူဗလီဟော ခန်းမ (ယခင် တပ်မတော်စစ် သမိုင်းပြတိုက်) တွင်ထားရှိခဲ့သည်။

အာဇာနည် ဗိမာန်တည်ဆောက်ရေး အ တွက် အာဇာနည် ဗိမာန် အက်ဥပဒေ ကို သတ္တမ မြောက် တိုင်းပြည်ပြု လွှတ်တော်(ပါလီမန်) အ စည်းအဝေး ကျင်းပစဉ် ၁၉၄၉ခုနှစ်၊ ဖေဖော် ဝါရီ ၄ရ က် တွင် တင်သွင်းခဲ့ပြီး ယင်းနှစ်တွင် ပင် အတည်ပြုခဲ့သည်။


July 3
အာဇာနည် ဗိမာန် ကို ရွှေတိဂုံ ဘုရားမြောက်ဘက်၊ သွေးဆေး ကန် အနီးရှိ အာဇာနည် ကုန်းပေါ်တွင် တည် ဆောက်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်း ဆောင်ကြီးများ ၏ ရုပ်ကလာပ် များကို အာဇာနည်ကုန်း တည်ရှိရာ အာဇာ နည် ဗိမာန်သို့ ပို့ဆောင်ကာ ဂူသွင်းသဂြိုဟ် ခဲ့သည်။ အရင် သင်္ဂြိုဟ်သော ဦးရာဇတ်နှင့် ရဲဘော်ကို ထွေးတို့ ၏ သွေးစွန်း နေသောအကျီ နှင့် ဦးထုပ် တို့ကိုလည်း အာဇာနည်ဗိမာန် တွင် ထည့်သွင်း ခဲ့ကြောင်း သိရသည်။ ဦးရာဇတ် နှင့် ရဲဘော်ကိုထွေးတို့ ၏ အုတ်ဂူ များကို တာ မွေ မွတ်စလင် သုသာန်တွင် ယနေ့တိုင် တွေ့ မြင်နိုင်သေး သည်။

၁၉၈၂ ခုနှစ်၊ ဩဂုတ်လ တွင်နိုင်ငံတော် အစိုးရ မှ အာဇာနည် ဗိမာန်အား ခမ်းနား စွာ ပြန်လည် တည်ဆောက် ရန် တစ်နိုင်ငံလုံး ရှိပညာ ရှင်များ၊ အဖွဲ့အစည်းများ ကို ဒီဇိုင်းများ တင် သွင်းစေခဲ့ သည်။ ဒီဇိုင်းများ ထဲမှ ရန်ကုန်စက် မှုတက္ကသိုလ် အဖွဲ့မှ တင်သွင်းသော ဒီဇိုင်း ကို ရွေးချယ်ခဲ့ပြီး ဒီဇိုင်း အချော သတ် ကို ၁၉၈၃ ခုနှစ်၊ စက်တင်ဘာလ တွင် နိုင်ငံတော် အစိုးရ အား ပေးအပ်နိုင်ခဲ့ သည်။ ၁၉၈၃ ခုနှစ်တွင် အာဇာနည် ဗိမာန်သို့ ကိုရီးယား သမ္မတ လာရောက် ဂါရဝပြုချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့၍ ဒီဇိုင်းပြန်လည်ရေးဆွဲ ခဲ့ရပြီး ၁၉၈၅ ခုနှစ်တွင် ပြန်လည်တည် ဆောက်ပြီး စီးခဲ့သည်။

စစ်အစိုးရ လက်ထက်တွင် အာဇာနည်ကုန်း သို့ ပြည်သူ အများ ဝင်ရောက်ခြင်းကို ခွင့်ပြု ခြင်း မရှိခဲ့ဘဲ ဒီမိုကရေစီခေတ် အကူးအပြောင်း ကာလဖြစ်သည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ အာ ဇာနည်နေ့ ၌ ပြည်သူ အများ ဝင်ရောက် ဂါရဝ ပြုခွင့်ရ ခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ခုနှစ်တွင် ကျင်းပသော အာဇာနည်နေ့ အခမ်း အနား တွင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကိုယ်တိုင် တက်ရောက်ဂါရဝ ပြုခဲ့သည်။

အမျိုးသားရေး တာဝန်တစ်ရပ်
အမျိုးသားရေး စိတ်ဓာတ် သည် သမိုင်း ဘာသာရပ်ပေါ်တွင် အခြေခံ ရမည်ဖြစ်သည်။ သမိုင်းကို သင်ရာတွင် စာအုပ်၊ စာတမ်းချည်း သက်သက်ဖြင့် မလုံလောက်။ သမိုင်းဝင်နေ ရာများနှင့် သမိုင်းဝင် အဆောက် အအုံများ ကို လက်ဆုပ် လက်ကိုင်ပြစရာ များ များရှိဖို့ လိုသည်။ သမိုင်းဝင်နေရာ များကို အမျိုးသားလွတ်မြောက် ရေးလှုပ်ရှားမှု ဆိုင်ရာ သမိုင်းပြတိုက်နှင့် သမိုင်း ဝင်မှတ် တမ်းမှတ် ရာများ သိုမှီး ရာ ပိဋကတ် တိုက်အနေဖြင့် ခံ့ညားစွာ သုံးစွဲသင့်ပါသည်။

July 4
နည်းပညာပိုင်းဆိုင်ရာ များ ဖွံ့ဖြိုးတိုး တက်လာမှု များကြောင့် ယနေ့ခေတ် လူငယ် အများစု သည် သတင်း အင်ဖော်မေးရှင်း များ၊ နည်းပညာများ တွင်သာ ခေတ်နှင့် အညီလိုက် လျောညီထွေနိုင်ရန် ကြိုးစား လျက်ရှိ ရာ အ တိတ် သမိုင်းဖြစ်ရပ်များ အပေါ်တွင် စိတ်ဝင် စားမှုနည်း လာကြသည်။

နိုင်ငံတစ်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရန် မှာ လူငယ်များသည် အဓိက နေရာတွင် ရှိနေသည်။ လူငယ်များ အနေဖြင့် ယခင်နိုင်ငံ့ခေါင်းဆောင်များ ၏ တိုင်းပြည် ချစ်စိတ်ဖြင့် စွန့်လွှတ် အနစ်နာ ခံခဲ့သည် များ ကို လေ့လာခွင့်၊ သိရှိခွင့်များ ပိုမိုရရှိလိုအပ် သည်။ 
 
အနာဂတ် တွင် မြန်မာနိုင်ငံ သားများ၊ မိမိနိုင်ငံ၏ အကျိုးကို လိုလားသော လူငယ်များ အတွက် မျိုးချစ် စိတ်ဓာတ် များ၊ ဇာတိ သွေး၊ ဇာတိမာန် များနိုးကြား လာနိုင်ရန် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု ဆိုင်ရာ အာဇာ နည်များ ၏ မမေ့အပ်သော သမိုင်းဝင် အမှတ် တရနေရာများ ကို ထာဝစဉ် ထိန်းသိမ်း စောင့် ရှောက် သင့် ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။
ငယ်ထွေး (ကလေး)
dailydemocracytoday
 From...Myanmar Online News
 
 

No comments:

Post a Comment