လျှားစောင်း လက်ပတ် အနွယ် ၀င် နားဂါးမောက် သီး ပင်ဟာ တောင် အမေရိက တိုက်နဲ့ မက္ကစီကို ဒေသ တို့မှာ စတင် တွေ့ရှိ ခဲ့ကြပြီး ယခု အခါ မှာတော့ အာရှနိုင်ငံ များ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့မှာ စီးပွားဖြစ် မြောက်မြား စွာ စိုက်ပျိုး လာကြပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ မှာတော့ နဂါးမောက်သီး ဟာ ခေတ်စား လာတာ မကြာသေးဘူး လို့ ဆိုရပါ မယ် .. ယခင် ကတော့ နိုင်ငံခြား ကနေသာ တင်သွင်း လာတာ ဖြစ်ပြီး ခုနောက်ပိုင်းမှာ မှ ပြည်တွင်း မှာ အထူး သဖြင့် ရှမ်းပြည်နယ် ဘက်တွေ မှာ စိုက်ပျိုး လာကြတာ တွေ့ရှိ ရပြီး ရန်ကုန် မှာတော့ မြေပဒေသာ ကျွန်း ထဲမှာ အပင် တစ်ချို့ တွေ့ခဲ့ရပါတယ်..
အရသာ အနေ နဲ့ ထူးထူးခြားခြား ကောင်းလှတယ် မဆိုနိုင်ပေမဲ့ ကျန်းမာရေး အတွက်
ကောင်းမွန် တာမို့ ထင်ရှား လာတဲ့ အသီး လည်း ဖြစ်ပါတယ်.. အရည်ရွှမ်းပြီး
အနည်းငယ် ချိုတဲ့ အရသာ ရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြား စွာ
ပါဝင်ပြီး နဂါးမောက်သီး အမှည့် အခွံ ဟာ အများ အားဖြင့် နီရဲ တဲ့ အရောင် အဆင်း
ရှိပြီး အ၀ါရောင် လည်း ရှိတတ်ပါတယ်.. အတွင်းသား မှာ အဖြူရောင်နဲ့ အနီရောင်
နှစ်မျိုး ရှိပါတယ်။
နဂါးမောက်သီး ဟာ သွေးတွင်း ရှိ သကြားဓာတ် ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချို သမား အတွက် အလွန် သင့်တော် တဲ့ အသီးဖြစ်ပါတယ်..
ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်း ကို လျော့ချ ပေးနိုင်သောကြောင့် ကင်ဆာ ကို ကာကွယ်ပေးခြင်း ၊ ကိုလက် စထရော ကို လျှော့ ချပေးနိုင်ခြင်း ၊ အသားအရေ ကို ချောမွတ် စိုပြေစေခြင်း၊ အစာ စားချင် စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်း ကို အားပေးခြင်း၊
အဆီ များကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ် အားနှင့် မျက်လုံး အားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာ ပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီး ဖြစ်ပါတယ်.. နလံထ လူမမာ များ အတွက် အထူး သင့်လျော်သော အသီး ဖြစ်ပါတယ်..
From...Myawady

No comments:
Post a Comment