*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday, 6 July 2014

ကြက်ဟင်းခါးသီး နှင့် ကျန်းမာရေး

ကြက်ဟင်းခါးသီးနှင့် ကျန်းမာရေး

ကြက်ဟင်း ခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီး သုံးခုကို ကာကွယ် ကုသရာမှာ အထောက် အကူ ပြုပါတယ်.

၁။ ဆီးချို သွေးချိုရောဂါ

၂။ HIV ရောဂါ

၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်.

ဆီးချို၊ သွေးချို ရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ် တွေဟာ သွေးထဲမှာ ရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. Glucose တွေဟာ သွေးထဲကို အများကြီး ရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီး ကိုစားရင် များစွာ အကျိုးရှိပါတယ်. .

ကြက်ဟင်း ခါးသီးကို ဆေးဖက် ၀င်အောင် စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင် ရမှာ ဖြစ်ပါတယ်. .

ဆီးချို ရောဂါ ဝေဒနာရှင် တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.

HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိက အသုံးပြု နိုင်ပါတယ် ကြက်ဟင်း ခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ် များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ် ပိုးပွားများ မှုကိုပါ ဟန့်တား နိုင်စွမ်းရှိပါတယ်.

ကြက်ဟင်း ခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝ မစားသင့် ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန် ပျက်ကျ တတ်ပါတယ်. . .

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအား စနစ်ရှိပါတယ်. အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေ ရှိပါတယ်. ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေ လျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်.

ဒေါက်တာခင်မောင်လွင်

ကြက်ဟင်း ခါးသီး ဟာ အဓိက အားဖြင့် ရောဂါကြီး သုံးခု ကို ကာကွယ် ကုသ ရာမှာ အထောက် အကူ ပြု ပါတယ်.

၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအား စနစ်နှင့် ပက်သက်သော ရောဂါ များ (Immunological Diseases) များ ကို ကုသ ရာမှာ ထိရောက် တဲ့ အစား အစာ တစ်ခု ဖြစ်ပါတယ်.

ဆီးချို၊ သွေးချို ရောဂါ အတွက် ကြက်ဟင်းခါးသီး မှာ ပါတဲ့ အခါး ဓာတ်နဲ့ အဖန် ဓာတ် တွေ ဟာ သွေးထဲ မှာ ရှိ တဲ့ Glucose သကြားဓာတ် ကို ကျစေနိုင်တဲ့ သတ္တိ ရှိ ပါတယ်. Glucose တွေ ဟာ သွေးထဲကို အများကြီး ရောက် မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေ အတွက် အကျိုးရှိပါတယ်. 


ဒါကြောင့် ဆီးချို ၊သွေးချို သမားတွေ ဟာ ကြက်ဟင်းခါး သီး ကို စားရင် များစွာ အကျိုး ရှိပါတယ်. .
ကြက်ဟင်း ခါးသီး ကို ဆေးဖက် ၀င်အောင် စားရင် အစိမ်း အတိုင်း ပါးပါး လှီးပြီး တို့စရာ လို လုပ်စား မှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏ တဖြုတ် အစိမ်းကြော် ကြော် သလိုမျိုး လုပ်မှ အာနိသင် ရမှာ ဖြစ်ပါတယ်. .

ဆီးချို ရောဂါ ဝေဒနာရှင် တွေက စားမယ် ဆိုရင်တော့ တစ်နေ့ ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံး ရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.

HIV လူနာ များကို Traditional Medicine အနေ နဲ့ ကုသ တဲ့ အခါ မှာ ကြက်ဟင်းခါးသီး ကို အဓိက အသုံးပြု နိုင်ပါတယ် ကြက်ဟင်း ခါးသီး ထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ် များ ကို မ၀င်နိုင်အောင် ဟန့်တားနိုင် တဲ့ အပြင် ကူးစက်ပြီးသား ဆဲလ်တွေမှာ ရှိတဲ့ ဗိုင်းရပ်စ် ပိုးမွှား များ ကိုပါ ဟန့်တား နိုင်စွမ်း ရှိပါတယ်.

ကြက်ဟင်း ခါးသီး ကို စားတဲ့ အခါ မှာ အကြောတွေ တက်စေတယ်. . ကြက်ဟင်းခါးသီး ရဲ့ အစေ့နဲ့ အစေ့ ညာတိုင်တွေ ကို ဖယ်ပြီး အသား ချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာ မျိုး မဖြစ်နိုင်ပါ. . 

ကိုယ်ဝန်ဆောင်တွေ ကတော့ကြက်ဟင်းခါးသီး ကို လုံးဝ မစားသင့် ပါဘူး နည်းနည်း စားရင် ပြသာနာ မရှိပေမယ့် များများ စားရင် ကိုယ်ဝန် ပျက်ကျ တတ်ပါတယ်. . .

လူတိုင်း ရဲ့ ခန္ဓာကိုယ် မှာ Immune System လို့ခေါ်တဲ့ ခုခံအား စနစ် ရှိပါတယ်. အပြင်ကနေ ခန္ဓာကိုယ် ကို ဒုက္ခပေး တဲ့ ပစ္စည်းတွေ ရှိပါတယ်. ခုခံအား နဲ့ ပတ်သက်တဲ့ ရောဂါတွေ လျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီး ကို စားသုံး သင့်ပါတယ်.


ဒေါက်တာခင်မောင်လွင်

From...Myawady
 

No comments:

Post a Comment